အဘိုးအဘွားတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်၊ ပြည်သူတွေရဲ့ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို အောက်မေ့ပြီး တော်လှန်ရေးနေ့မှာ ဆရာကြီးမင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တို ကဗျာလေးကို စာဖတ်သူတွေအတွက် ပြန်ဝေငှလိုက် ပါတယ်။ ဆရာကြီးက ဒီကဗျာလေးကို ဘာ့ကြောင့်ရေးဖြစ်သလဲဆိုတာကို အခုလို ရေးထားပါတယ်။
ဒေါ်ကြည်ဦးဟာ ငယ်ငယ်ကတည်းက စာရေးဆရာဖြစ်ချင်ခဲ့သူပါ။ ကိုးနှစ်သာ ရှိသေးတဲ့ တတိယတန်း ကျောင်းသူ အရွယ်ကတည်းက ဒီဆူဇာဆေးတိုက်က ထုတ်တဲ့ သက်စောင့် မဂ္ဂဇင်းကို ၀တ္ထုတိုလေးပို့ဖူးပါတယ်။ စတုတ္ထတန်း ရောက်တော့ နေ့လယ်ထမင်းစားချိန်မှာ ကစားခွင့်မပေးဘဲ ခေါ်ပြီး နင်းနှိပ်ခိုင်းတဲ့ ဆရာကြီးကတော် အကြောင်း စနေနဂါးနီကို ပို့ဖူးပါတယ်။ နှစ်ပုဒ်လုံး မပါလာဘူးလို့ ဆရာမကြီးရေးတဲ့ လက်ရေးစာမူမှာ ဖတ်ဖူးပါတယ်။ ကလေး အရွယ်ကတည်းက မတရားတာကို ငုံ့မခံဘဲ အရေးတယူဆောင်ရွက်တတ်တဲ့ စိတ်ရှိတာကို ဒီအဖြစ်မှာ တွေ့နိုင်ပါတယ်။
“We have lent huge amounts of money to the United States. Of course we are concerned about the safety of our assets. To be honest, I am a little bit worried and I would like to… call on the United States to honour its word and remain a credible nation and ensure the safety of … Continue reading
ရယ်စေ မောစေ…. ငွေတာရီမဂ္ဂဇင်း ဒီဇင်ဘာ ၁၉၇၄ ခေတ်သမီးတွေကို လှောင်ထားတဲ့ ကာတွန်းလေးပါ။ ၁၉၅၅မှာ ဗကလေး ဆွဲထားတဲ့ ကာတွန်းလေး နဲ့ ယှဉ်ကြည့်ပါ။ ဂျပန်ခေတ်နဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ မီးဖိုချောင်ထဲကနေ၊ မိဘအရိပ်ကနေ ထွက်ပြီး အလုပ်ခွင်ဝင်တဲ့ ဗမာအမျိုးသမီးတွေ တစထက်တစများလာပါတယ်။ စားစရာနဲ့အ၀တ်အထည် ရှားပါးလွန်းလို့ ချုပ်ရိုးတွေမှာ သန်းကြီးမတွေ တက်တဲ့ အထိ အ၀တ်တထည်ကို မချွတ်တမ်း ၀တ်ကြရတဲ့ခေတ်မှာ အိမ်ထောင် ဦးစီး အဖေ တယောက်ထဲ ရှာတဲ့ပိုက်ဆံကို တအိမ်လုံး ၀ိုင်းစားလို့ မရတော့ပါဘူး။ အင်္ဂလိပ်အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ၀င်လုပ်နေတဲ့ စာရေးစာချီတွေ အစိုးရက ဆင်းမလားကို စစ်ပြေးတဲ့အခါ အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ အိမ်ပြင်ထွက်ပြီးအလုပ်လုပ် လာရပါတယ်။ ဂျပန်ခေတ်မှာ အတန်းစာတတ်တဲ့ မိန်းကလေးတချို့ … Continue reading
မတ်၁၃ကနေ၁၆ရက်အထိ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဘလော့ရပ်ပါ့မယ်။ (photo downloaded from: http://upload.wikimedia.org/wikipedia/commons/thumb/0/0a/Black_Ribbon.svg/222px-Black_Ribbon.svg.png)
ဝါးနဲ့ရက်ထားတဲ့ အခေါင်းတွေက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေအတွက် ဖက်ရှင်ဖြစ်လာပြီတဲ့။ မွေးစကနေ သေတဲ့အထိ green lifestyle ကျင့်သုံးချင်သူတွေ များလာတဲ့ သဘောလား။ တတ်နိုင်သူတွေ စိတ်ရူးပေါက်ပြီး ထွင်ကြတာလား။ ဒို့တွေရဲ့ နိုင်ငံမှာတော့ ဆင်းရဲသားတွေ အခေါင်းစပ်ဖို့ ငွေမရှိလို့ ဖျာနဲ့ပတ်ပြီး မြေချရတာ၊ သင်္ဂြိုလ် ရတာ ဟိုးအစောကြီးကတည်းက……. Wendy Richard’s wicker coffin. Photograph: Ian West/PA (downloaded from http://www.guardian.co.uk/environment/2009/mar/11/ethical-living-coffins) ဂါးဒီးယန်းက ဆောင်းပါးကို ဖတ်ချင်ရင်… http://www.guardian.co.uk/environment/ethicallivingblog/2009/mar/10/natural-burial-eco-coffins-death-green
ပထမဆုံးဗမာ့အမျိုးသမီးတပ်က အမျိုးသမီးစစ်သားတွေကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုပါတယ်။ ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ မတ်လ၈ရက် ရောက်တိုင်း နိုင်ငံ တကာမှာ ဒီနေ့ကိုကျင်းပရင်း အမျိုးသမီးတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာသလား။ ဆုတ်ယုတ်သွားသလား။ အမျိုး သမီးတွေရဲ့ အခြေခံအခွင့်အရေးတွေကိုရော အစိုးရနဲ့ အဖွဲ့အစည်းတွေက ကာ ကွယ်ရဲ့လား။ မြှင့်တင်ရဲ့လားဆိုတာ ဆွေးနွေး လေ့ရှိပါတယ်။
ကာတွန်းတွေက ပြောတဲ့ဗမာ့သမိုင်း နားနဲ့မနာ ဖ၀ါးနဲ့နာလို့ အစဉ်အလာအရ ကြိုပြောပါရစေ။ ပြည့်တန်ဆာတွေကို ၁၉၄၀အလွန်နှစ်တွေမှာ နတ်သမီးရယ်လို့လဲ ခေါ်နေပါပြီ။ ‘ပြည့်တန်ဆာ’ ဆိုတဲ့ အခေါ်အဝေါ်လောက်တော့ မခန့်ညားဘူးပေါ့။ ဒါပေမယ့် ဖာ၊ ပခြုပ်သည်၊ ဇိမ်မယ်ဆိုတဲ့ အသုံးအနှုန်းတွေထက်တော့ နားထောင်ရ အဆင် ပြေတာပေါ့။
ဇီဝဗေဒကျောင်းသားဘ၀အလွမ်းပြေ….. ဒီနေ့အောက်ကဆောင်းပါးလေးကို ဖတ်ပြီးကောလိပ်မှာတုန်းက ပုရွက်ဆိတ်တွေနဲ့ လက်တွေ့ လုပ်ခဲ့တာကို သတိရ မိတယ်။ တတိယနှစ်မှာ Animal behaviour ဆိုတဲ့ ဇီဝဗေဒဌာနက အတန်းကို ယူခဲ့တယ်။ အတန်းမှာလူကနည်းတော့ ဒုတိယ semester မှာ ဆရာမက ကျောင်းသား တယောက်ချင်းစီကို ကိုယ်ပိုင် ပရောဂျက် တခုစီရေးပြီးလုပ်ခိုင်းတယ်။
Recent Comments