Filed under: Economics
ပြီးခဲ့တဲ့အပတ်ကာသပတေးနေ့ (အောက်တိုဘာ ၈ ရက်နေ့ )က ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၁၀၆၁ ကျော်ထိ စံချိန်တင် တက်သွားခဲ့တယ်။ ခုဒီစာရေးနေချိန်မှာရွှေလက်ငင်းပေါက်ဈေး (spot price) ဟာ ၁၀၅၀ အထက်မှာ အေးအေးဆေးဆေးရှိနေတယ်။
အမေရိကန်ဒေါ်လာပေါ် အယုံအကြည်ကင်းမဲ့တဲ့ ပြောဆိုသံတွေ ပိုကျယ်လောင်လာချိန်မှာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဒေါ်လာတန်ဖိုးတက်လာမှာ အသေအချာပဲ။ ဒါပေမဲ့ ဘာကြောင့် ကြာသပတေးနေ့ မှာ ဖတ်ကနဲ စံချိန်တင်တက်သွားသလဲဆိုတာ စိတ်ဝင်စားစရာပဲ။
နောက် လန်ဒန်ပြန်ရောက်မှ သိရတာက အင်္ဂါနေ့ မှာ ယူကေက အင်ဒီပင်းဒင့်သတင်းစာ မျက်နှာဖုံးမှာ Robert Fisk ရဲ့ Demise of dollars ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ပါလာတာတွေ့ ရတယ်။
Robert Fisk ဟာအရှေ့ အလယ်ပိုင်းမှာ နေနေတာ နှစ်သုံးလေးဆယ်လောက်ရှိပြီ။
နောက် မျက်နှာဖြူသတင်းထောက်တွေထဲမှာ ဘင်လာဒင်ကို ရှားရှားပါးပါး လူတွေ့  မေးမြန်းနိုင်ဖူးတဲ့ အထင်ကရ သတင်းထောက်ပဲ။ ဒါ့ကောင့်လဲ အရှေ့ အလယ်ပိုင်း
နဲ့ ပတ်သက်တဲ့ သူ့ ရဲ့ သုံးသပ်ချက်တွေဟာ စိတ်ဝင်စားစရာ ကောင်းတတ်တယ်။
သူ့ ဆောင်းပါးထဲမှာ ရေးထားတာတွေဟာ အမေရိကန်ဒေါ်လာနဲ့ မကင်းသူတွေအတွက် (တနည်းအားဖြင့် တကမ္ဘာလုံးအတွက်) ကြက်သီးထစရာကြီးပဲ။ သူကြားတာက အာရပ်နိုင်ငံခြောက်နိုင်ငံ တရုတ်၊ ရုသျှ၊ ပြင်သစ်နဲ့ ဘရာဇီးတို့ ဟာ၂၀၁၈ နောက်ဆုံးထားပြီး ရေနံကို ဒေါ်လာနဲ့ အရောင်းအ၀ယ် မလုပ်ဘဲ သူတို့ ဘာသာ အသစ်စီစဉ်မဲ့ ငွေကြေးစံနစ်တခုနဲ့ ပဲ အရောင်းအ၀ယ်လုပ်ဖို့  ကျိတ်စီစဉ်နေကြတယ်တဲ့။
အဲဒီငွေကြေးစံနစ်ထဲမှာ တရုတ်ယွမ်ငွေ၊ ရုသျှရူဘယ်၊ အာရပ်နိုင်ငံတွေရဲ့ ပိုက်ဆံနဲ့ ရွှေပါမယ်လို့ ဆိုတယ်။ ဒီသတင်းပါလာပြီး နောက်တရက်နှစ်ရက်အတွင်းမှာ ရွှေဈေးဟာ ပြောခဲ့သလိုထိုးတက်သွားတာပဲ။
ရွှေဈေး ထိုးတက်ရုံတင်မကဘူး။ စတာလင်မှအပ အဓိကငွေကြေးအတော်များများဟာ ဒေါ်လာနဲ့ ယှဉ်လိုက်ရင် အဲဒီအပတ်ထဲမှာ ထိုးတက်သွားတယ်။ အသိသာဆုံးက ကနေဒီယံနဲ့  အော်ဇီဒေါ်လာနှစ်ခုဆို ဒီနှစ်မကုန်ခင် ဒေါ်လာနဲ့ ဂဏန်းတန်ဖိုးချင်း သွားညီတော့မယ်လို့ တောင် မှန်းနေကြပြီ။
အဲ့ဒီအချိန်က ၀တုတ်တို့ လင်မယား ရောမရောက်နေတော့ မလှုပ်ရှားလိုက်ရဘူး။ ဒါပေမဲ့ ရောမရောက်တုံး သိခဲ့ရတဲ့ ရာဇ၀င်အပိုင်းအစလေးတခုဟာ ခုပြောချင်တဲ့ ဒေါ်လာ။ ရွှေနဲ့ ငွေကြေးအကြောင်းအရာတွေနဲ့ ဆက်စပ်နေတယ်။
ရောမခေတ် ဘီစီ၂၀၀ ၀န်းကျင်လောက်က ရောမတွေဟာ ရွှေ ဒါမှမဟုတ် ငွေနဲ့ လုပ်ထားတဲ့ အကြွေစလေးတွေကို ပိုက်ဆံအဖြစ်သုံးကြတယ်။ ပထမအစမှာတော့ သူတို့ရဲ့ ရွှေစ ငွေစတွေမှာ ရွှေအပြည့်ပါတယ်။ ဒီတော့ သူတို့ ပိုက်ဆံကို ရောမတင်မက အနီးတ၀ိုက်က ဒေသတွေမှာလည်း လက်ခံကြတယ်။ ဒါပေမဲ့ ရောမဘုရင်တွေဟာ အသုံးအစွဲစည်းကမ်းမရှိဘူး။
ပိုက်ဆံကို ရုပ်ထုကြီးတွေ၊ အဆောက်အဦကြီးတွေ တခမ်းတနားဆောက်တဲ့နေရာမှာသုံး
ပစ်ပုံရတယ်။ သိတဲ့အတိုင်းပဲ။ ရွှေတို့ ငွေတို့ ဆိုတာ လိုချင်သလောက် မြေကြီးထဲက တူးလို့မရဘူး။ သူ့ မှာ အကန့် အသတ်ရှိတယ်။
တနည်းအားဖြင့် ရွှေတို့ ငွေတို့ကို ပိုက်ဆံအဖြစ် သတ်မှတ်ထားတဲ့အခါ ရောမဘုရင်တွေရဲ့ သုံးစွဲနိုင်အားဟာ အကန့်  အသတ်ရှိတယ်။ သုံးချင်သလောက်မသုံးနိုင်ဘူး။ အဲဒီတော့ အကန့်အသတ်မရှိ သုံးချင်တဲ့ ရောမဘုရင်တွေက ရွှေဥာဏ်တော်စူးရှပြီး ပိုက်ဆံသွန်း တဲ့အခါ ရွှေတို့ ငွေတို့  အပြည့်မထည့်တော့ဘူး။
ပထမငွေသားအပြည့်ပါတဲ့ ပိုက်ဆံဟာ နောက် ၇၅%လောက်ပဲပါတယ်။ နောက် ၅၀% ပဲရှိတော့တယ်။ ဒီလိုနဲ့ ပိုက်ဆံမှာ ငွေစပါဝင်မှုနှုန်းကျလာလိုက်တာမှာ နောက်ဆုံးမတော့ ငွေပါဝင်မှုနှုန်းဟာ သုည ဒသမ သုညငါး ရာခိုင်နှုန်းပဲကျန်တော့တယ်။ ရောမဘုရင်တွေ အသုံးအဖြုန်းကြီးပုံများပြောပါတယ်။
အဲ့ဒီဘုရင်တွေထဲမှာ နီရိုးဟာအဆိုးဆုံးပဲလို့ သမိုင်းဆရာတွေက ဆိုကြတယ်။ ဒင်းလက်ထက်မှာ ရောမပိုက်ဆံဟာ တန်ဖိုးသိသိသာသာ ကျဆင်းသွားသတဲ့။
တကယ်တော့ အကန့် အသတ်ရှိတဲ့ သဘာဝ ရုပ်ဝထ္ထုပစ္စည်းတခုဖြစ်တဲ့ ရွှေ၊ ငွေ၊ ကြေး
နီစတာတွေနဲ့ အပေါင်မထားတဲ့ ငွေကြေးစံနစ်တိုင်းဟာ စိတ်ချလို့ မရဘူး၊ ကနေ့ ခေတ် ပိုက်ဆံအားလုံးဟာ အဲ့သလို အပေါင်မရှိတဲ့ ပိုက်ဆံတွေချည်းပဲ။ တချို့ ကလည်း ဖိယက် ပိုက်ဆံ (fiat money) လို့ ခေါ်ကြတယ်။
၂၀ ရာစုအစပိုင်းလောက်ထိက ပိုက်ဆံကို ရွှေပေါင်ထားသေးတယ်။ ဒါပေမဲ့ ဒုတိယကမာစစ်နောက်ပိုင်း တကမ္ဘာလုံး အပြတ်အသတ် အားအင်ချိနဲ့ နေချိန်မှာ အင်အားအဆမတန်ကြီးထွားလာခဲ့တဲ့ အမေရိကန်က တကမ္ဘာလုံးကို သူ့ ပိုက်ဆံကိုသုံးဖို့ အဆိုပြုတယ်။
သူ့ ပိုက်ဆံကို ရွှေနဲ့ အာမခံပေးမယ်လို့ ပြောတော့ တကမ္ဘာလုံးကလည်း ကောင်းပြီပေါ့။ ကိုယ်ကိုယ်တိုင်က စစ်ကြောင့်ဖြူခါကျနေချိန် ဆယ်စုနှစ် ရာစုနှစ်နဲ့ ချီပြီး သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ကိုလိုနီတွေကို နှစ်ပိုင်းအတွင်း လက်လွှတ်လိုက်ရတဲ့အချိန်၊ မီးအပြည့်မပေးနိုင်တဲ့အချိန်၊ အစားအသောက်ကို ရာရှင်နဲ့ စားနေရတဲ့အချိန်ဆိုတော့ စစ်အေးတိုက်ပွဲကာလ တလျှောက်လုံး သူ့ မဟာမိတ်ဖြစ်ခဲ့တဲ့ နိုင်ငံတွေအတွက်က ရွေးစရာမရှိဘူး။ ဒေါ်လာကိုပဲသုံးကြတာပေါ့။
နောက် အမေ ရိကန်ကလည်း မင်းတို့ ဒေါ်လာ ၂၀ ယူလာခဲ့။ ငါ့ရဲ့ ရွှေတိုက် (Fort Knox) ထဲကနေ ရွှေတအောင်စကို အချိန်မရွေးထုတ်ပေးမယ်လို့ အာမခံထားတာကိုး။ အစပိုင်းမှာတော့ ဒီပုံစံက ဟုတ်မလိုလိုဘဲ။
ဒါပေမဲ့ အမေရိကန်က စည်းကမ်းမရှိဘူး။ ရောမဘုရင်တွေလောက်တော့ ဆိုးချင်မှဆိုးမယ်။ ရောမဘုရင်တွေက ရုပ်ထုကြီးတွေ၊ အဆောက်အအုံ
ကြီးတွေ အပြိုင်ဆောက်တယ်။
အမေရိကန်ကတော့ ဗီယက်နမ်ကို စစ်သွားတိုက်တယ်။ အဲဒီမှာ ငွေသောက်သောက်လဲ ကုန်တယ်။ ဒီတော့ သူအာမခံထားတာကို ကျန်တဲ့သူတွေက လန့် လာတယ်။ အာမတော့ ခံထားတာပဲ။ ဒါပေမဲ့ သူအာမခံသလို တကဲ့လက်တွေ့ မှာရော သူပေးထားတဲ့ ကတိကိုထိန်းနိုင်ပါ့မလားဆိုတာ သံသယရှိပြီး ပူညံပူညံလုပ်လာကြတယ်။
အဲဒီိထဲမှာ ပြင်သစ်ဟာ အဆိုးဆုံးပဲ။ အဲ့တော့ သူတို့ လက်ထဲ ဒေါ်လာလေး နည်းနည်းစုမိလာရင် ဒေါ်လာမထားတော့ဘူး။ ရွှေပြေးဝယ်ကြတယ်။ ဒီလို
နဲ့ (Fort Knox) ရွှေတိုက်ထဲက ရွှေတွေ တတိတိနဲ့ ငပိကျီးချီသလို ထွက်လာလိုက်တာမှာ
ရွှေဈေးဟာ နဂိုအာမခံထားတဲ့ တအောင်စ ဒေါ်လာ ၂၀ ကနေ နှစ်ပိုင်းအတွင်းမှာ
ဒေါ်လာ ၈၀၀ ကျော်ထိတက်သွားတယ်။
ဒါတောင်မှ ၀ယ်မဲ့သူဆက်ရှိနေသေးတဲ့အတွက် နောက်ဆုံး နစ်ဆင်အစိုးရဟာ ရွှေအရောင်းအ၀ယ်ကို ခဏပိတ်ပစ်ရတဲ့အထိပဲ။ ခုလည်းဒေါ်လာပေါ်အယုံအကြည်မရှိတဲ့ ပြောဆိုသံတွေဟာ ပိုကျယ်လောင်လာပြီ။
ဘာ့ကြောင့်လဲဆိုတော့ အမေရိကန်ဟာ ပိုက်ဆံကိုစည်းကမ်းရှိရှိ မသုံးဘူး။ အမေရိကန်
ရဲ့ အကြွေးဟာ သန်းပေါင်းသန်းဂဏန်းချီရှိတယ်။
တလောက ကြားလိုက်ကြမယ်ထင်တယ်။ နယူးယောက်တိုင်းရင်ပြင်မှာ အမေရိကန် အကြွေးတွေကို ပြနေတဲ့စက်ကြီးမှာ သန်းပေါင်းသန်းဂဏန်းမြောက် သုညနေရာ
အတွက် နေရာမဆန့် တော့တဲ့ထိရောက်သွားတယ်ဆိုတာ ကားလိုက်မိတယ်။
ကိုယ့်ပိုက်ဆံကို ကမ္ဘာသုံးပိုက်ဆံဖြစ်စေချင်ရင် ပိုက်ဆံကို ရိုသေရတယ်။ စည်းကမ်းရှိရတယ်။ အမေရိကန်အစိုးရအဆက်ဆက် ပါးစပ်ကပြောနေတာကတော့ဟာ ဒေါ်လာတန်ဖိုးတက်ဖို့ လိုလားတယ်။ ဒါဟာ ကျနော်တို့ အတွက် အကျိုးရှိတာပဲလို့ ဆီမန်းမန်းသလို ပြောနေတာတွေဟာ အာလူးတွေပဲဆိုတာ တကမ္ဘာလုံးကသိလာကြပြီ။
ခုအမေရိကန် ဘဏ္ဍာရေးဝန်ကီးက သူတို့ ပိုက်ဆံကို အားကောင်းတာမျိုး လိုချင်တယ်လို့ 
ပြောလာတယ်။ သူပြောလဲ ပြောပြောပဲ။ ဒေါ်လာကတော့ ဒီအပတ်ထဲထိ ဆက်တိုက် တန်ဖိုး ကျလာခဲ့တယ်။
ဒါ့ကြောင့်ခု (Robert Fisk) ဖွင့်ချသလို ပြောခဲ့တဲ့နိုင်ငံတွေဟာ ဒေါ်လာကိုအစားထိုးဖို့ စဉ်းစားလာကပုံရတယ်။
စိတ်ဝင်စားဖို့ ကောင်းတာက ဒေါ်လာကို အစားထိုးချင်တဲ့နိုင်ငံတွေထဲမှာ အမေရိကန်ရဲ့ 
ပြိုင်ဘက်တွေအပြင် သူ့ မဟာမိတ်အဖြစ်မြင်ထားကြတဲ့ ပြင်သစ်တို့ နောက်အရှေ့ 
အလယ်ပိုင်းကနိုင်ငံတွေ ပါနေတာပဲ။
ဒီနိုင်ငံတွေအားလုံးဟာ ပြင်သစ်မှအပ ဒေါ်လာထုတ်ကြီးပိုက်ထားရတဲ့နိုင်ငံတွေ။ ဒီတော့ ဒေါ်လာတန်ဖိုးကျလာတာကို လန့်ကြတာသဘာဝကျတယ်။ နောက် တရုတ်ဟာ ဒီအရှေ့ အလယ်ပိုင်းက နိုင်ငံတွေကို ဘယ်တုံးကတည်းက ကျိတ်စည်းရုံးထားသလဲမသိဘူး။
ရေရှည်မှာ အမေရိကန်ပိုက်ဆံဟာ မြောင်းထဲရောက်တော့မယ်ဆိုတာ ဘာမှသံသယ
ဖြစ်စရာမရှိဘူး။ သမိုင်းကိုပြန်-ကည့်ရင် စည်းကမ်းမရှိတဲ့ အစိုးရတွေရဲ့ ပိုက်ဆံဟာ
ဘယ်ဘ၀ရောက်တယ်ဆိုတာ တွေ့ နိုင်တယ်။
ရောမခောတ်ထိပြန်ကြည့်စရာမလိုပါဘူး။ နီးနီးနားနားကြည့်မယ်ဆို အင်္ဂလိပ် ပေါင်စတာလင်ကိုကြည့်၊ ၂၀ ရာစုက ကမ္ဘာစစ်ကြီး တွေမဖြစ်ခင်ကဆိုရင် ပေါင်စတာလင်ဟာ ခုဒေါ်လာလို ကမ္ဘာသုံးပိုက်ဆံဘ၀မှာ ခဏစံဖူးတယ်။
ကောက်ပဲသီးနှံတွေ၊ ၀ါဂွမ်း စတာတွေကို ကမ္ဘာမှာ အရောင်းအ၀ယ်လုပ်တဲ့အခါမှာ ပေါင်စတာလင်နဲ့ ငွေချေကြတာပဲ။ ကမ္ဘာစစ်ကြီးတွေအပြီးမှာ အင်္ဂလိပ်ပိုက်ဆံဟာ တန်ဖိုးအပြတ်အသတ်ချပစ်လိုက်ရတယ်။
တချိန်ကဆို တပေါင်ဟာ အမေရိကန်ဒေါ်လာ ငါးဒေါ်လာအထက်မှာ ရှိခဲ့ဖူးတယ်။ စစ်ကြီးအပြီးဖြူခါကျခဲ့တဲ့ အင်္ဂလိပ်က ဓနသဟာယ အဖွဲ့ ဖွဲ့ ပြီး သူ့ ပိုက်ဆံကို ပြန်အသက်သွင်းဖို့ ကြိုးစားကြည့်တယ်။
ဒါပေမဲ့မရပါဘူး။ ခုစတာလင် ဘယ်ဘ၀ရောက်နေသလဲဆိုတာ အားလုံးတွေ့ နိုင်တာပဲ။
အမေရိကန်ရော အင်္ဂလိပ်ရော နှစ်နိုင်ငံစလုံးဟာ ပိုက်ဆံကို မျက်လှည့်ဆရာလို လေထဲ
ကနေ ဖန်တီးပြီးစခန်းသွားကြည့် နေတယ်။
ရေတိုမှာတော့ အလုပ်ဖြစ်သယောင်ရှိမှာပေါ့။ ဒါပေမဲ့ နှစ်နှစ်သုံးနှစ်အတွင်းမှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်စေချင်တယ်။ ကျနော် မိုက်တိမိုက်ကန်းနဲ့  ဟောကိန်းနည်းနည်းထုတ်ကြည့်မယ်။ ဟုတ်မဟုတ်ဆိုတာကိုတော့ စောင့်ကြည့်ပါ။
နောက်နှစ်အနည်းငယ်အတွင်းမှာ ကွန်ဆာဗေးတစ်အစိုးရလက်ထက်မှာ ယူကေဟာ ယူရိုငွေကြေးကို ပြောင်းသုံးရလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ တနေ့တခြား အဖိုးမတန်တော့တဲ့ စက္ကူအသွင် ပြောင်းလာနေတဲ့ အင်္ဂလိပ်ပိုက်ဆံကို ဘယ်သူ
ကမှ သုံးချင်မှာ မဟုတ်တော့ဘူး။
အင်္ဂလန်ဟာ စတာလင်နဲ့ ပိုက်ဆံချေးဖို့ သိပ်ခက်လာလိမ့်မယ်။ သူ့ ကိုချေးမဲ့သူတွေက အတိုးနှုန်းကြီးကြီး တိုးတောင်းလိမ့်မယ်။ စီးပွားပျက်နေတဲ့ ယူကေအစိုးရအတွက် ဘဏ်တိုးနှုန်းတွေ မြှင့်ဖို့ဆိုတာ အတော့်ကိုမလွယ်တဲ့ကိစ္စပဲ။
လုပ်မယ်လည်း သိပ်မထင်မိဘူး။ ဒီတော့ ပိုက်ဆံကို ယူရိုနဲ့ ချေးရလိမ့်မယ်။ ကိုယ်ပေးစ
ရာရှိတာ (liabilities) က ယူရို၊ ကိုယ့်ပိုင်ဆိုင်မှုက စတာလင်။ ကိုယ့်ပိုက်ဆံက ယူရိုထက်
တန်ဖိုး ကျသထက်ကျလာနေချိန်မှာ ကိုယ်ပေးစရာရှိတဲ့အကြွေးက ပိုပိုကြီးလာမယ်။
ဒီတော့ ယူရိုကိုဝင်တာ သူ့ အတွက်အဓိပ္ပာယ်အရှိဆုံးပဲ။ မဟုတ်ရင် ကျိန်းသေဒေ၀ါလီခံ
ရလိမ့်မယ်။ အဲဒီအခါမှာလည်း အင်္ဂလန်က ငွေကြေး။ အိမ်ဈေးတွေအားလုံးဟာ ရက်
ရက်စက်စက် တန်ဖိုးချခံရလိမ့်မယ်။
ဆယ်နှစ်အတွင်းမှာ သြစတြေးလျဟာ ဗြိတိသျှ ဘုရင်စံနစ်ကို တာ့တာပြပြီး ရီပတ်ဗလစ် ဖြစ်လာလိမ့်မယ်။ ခုကတည်းက သြစတြေးလျဟာ အာရှနဲ့ သိပ်နီးစပ်နေပြီ။ ဒီတော့ အင်္ဂလိပ်တွေ သြစတြေးလျကို ပင်စင်စားတွေ အဖြစ်နဲ့ အခြေချမှုသိပ်နည်း
သွားလိမ့်မယ်။
သိပ်မကြာခင်မှာဘဲ အိန္ဒိယဟာ ဓနသဟာထဲကနေ ထွက်လိမ့်မယ်။ ခုဆိုရင်ပဲ ဓနသဟာယအဖွဲ့ ဟာ ဘာအဓိပါယ်မှ မရှိတော့ဘူး။ ပြေးခုန်ပစ်ပွဲလုပ်ရုံ လောက်ပဲရှိတော့တယ်။
အာရှအစိုးရအတော်များများ ဟာ အာရှကို ဗဟိုပြုစဉ်းစားတဲ့ အစိုးရတွေချည်းဖြစ်လာ
လိမ့်မယ်၊ ခုဆိုရင်ပဲ ဂျပန်ဝန်ကြီးချုပ်သစ်ဟာ သူ့ အရင်လူတွေထက် ပိုပြီး (Asia centric)
ပိုဖြစ်တာ သတိထားမိလိမ့်မယ်၊ ဒါဟာ ခဏတဖြုတ်ဖြစ်တာမျိုးမဟုတ်ဘူး။ ရေရှည်ပုံစံ
ရဲ့ အစဖြစ်တယ်။
အမေရိကန်ရဲ့ သြဇာသက်ရောက်နိုင်မှုကို စီအင်အင်နဲ့ ဘီဘီစီ သတင်းတွေမှာ ဖော်ပြပုံမှ
အပ အပြင်မှာ သိသိသာသာကျသွားတာ မြင်ရလိမ့်မယ်။ ဒါကို သူလက်ခံမခံဆိုတာက
တော့ နောက်စဉ်းစားစရာ အကြောင်းတခုပေါ့။ သူ့ မှာက လက်နက်အင်အား မနှိုင်းယှဉ်နိုင်လောက်အောင် ရှိနေသေးတာကိုး။
(To read Robert Fisk’s article: http://www.independent.co.uk/news/business/news/the-demise-of-the-dollar-1798175.html)
10 Comments so far
Leave a comment
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>

ကိုဝတုတ်..ဖတ်လို့ကောင်း..ဗဟုသုတတွေ လဲရ..တွေးစရာလဲရ..
Comment by K 16/10/2009 @ 14:14( အိုဘားမားတော့..သနားပါဒယ်)း)
လူတိုင်းနားလည်တဲ့ စကားနဲ့ ရှင်းပြသွားတာ ကောင်းလိုက်တာ။ စိတ်မ၀င်စားတဲ့လူတောင် စိတ်ဝင်စားသွားတယ်။ လေးစားပါတယ်။
Comment by မိုးချိုသင်း 16/10/2009 @ 15:36အင်း အထက်မှာ ပြောသွားကြတယ် ဟုတ်တယ်။
Comment by Rita 17/10/2009 @ 16:32အတော်ကို စိတ်ဝင်စားမိပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။
နားလည်တယ် (လို့လည်း ထင်ပါတယ်။
နှစ်သက်မိလို့ စာထဲမှာ ထည့်လင့်ခ်ထားလိုက်ပါသေးတယ်။ ဒါမျိုးတွေ များများ ဆက်ရေးနိုင်ပါစေ။
Comment by pandora 17/10/2009 @ 17:48Nice one. Good on you. According to this, http://www.cnbc.com/id/33242464, US still sits on the biggest gold pile. France ranks 5th place. Cheers…
Comment by Andy 18/10/2009 @ 01:50အမေရိကန်မှာ ရွှေတန် ၉ဝဝဝ ဝန်းကျင်ရှိတယ်လို့ အမေရိကန်အစိုးရက ပြောတာပဲ။ ခက်တာက ဘယ်သူမှ audit လုပ်နိုင်တာ မဟုတ်ဘူး။ ဘာနဲ့ တူသလဲဆိုတော့ ဆော်ဒီအာရေဗျက သူ့မှာရေနံ reserve အများ ကြီးကျန်သေးတယ်လို့  ပြောသလိုမျိုးပဲ။ ဘယ်သူမှ ဝင်စစ်နိုင်တာလဲ မဟုတ်ဘူး။ နောက်တခုက ပြောခဲ့တဲ့ တန်ကိုးထောင်မှာ အမေရိကန်ပိုင်တဲ့ ရွှေက Fort Knox ထဲမှာရှိတဲ့ရွှေက တန်လေးထောင် ဝန်းကျင်ပဲရှိတယ်။ ကျန်တဲ့ တန်ငါးထောင်က New York Federal Reserve (New York Fed လို့ လည်း အတိုခေါ်ကြတယ်) မှာထားတာ။ အဲဒီ ရွှေတွေက အမေရိကန်နဲ့ မဆိုင်ဘူး။ နိုင်ငံခြားအစိုးရတွေ၊ ဗဟိုဘဏ် တွေနဲ့ တခြားအဖွဲ့ အစည်းတွေရဲ့ ရွှေတွေ။ တကယ်တမ်း ရွှေတွေကို အစစ်ဆေးခံနိုင်တာက IMF ပဲ။ ခု IMF က ဖွံ့ ဖြိုးဆဲ နိုင်ငံတွေကို ‘ကူညီဖို့ ’ဆိုပြီး ရွှေတွေကို ထုတ်ရောင်းမယ်လို့ လေသံပစ်နေတယ်။ အဲဒီအခါကျ ရင် ရွှေဈေးခဏတော့ ထိုးကျသွားနိုင်တယ်လို့ မှန်းနေကြတယ်။
Comment by zizawa 18/10/2009 @ 10:21အားရလိုက်တာ အားကျလိုက်တာဗျာ။ တော်ပါပေသည် ဆိုတဲ့စကား နှလုံးသားနဲ့ ဆိုပါရစေ။
Comment by မာရေးသျှင် (E-Journal) 18/10/2009 @ 03:47ကိုယ်နဲ့အဝေးကြီးက ကိစ္စတွေပေမယ့် တစ်ခါတည်းနားလည်အောင်ရှင်းအောင်ရေးထားတာ ဖတ်လို့ကောင်းလိုက်တာ ။ ကျေးဇူးတင်ပါတယ် ။
Comment by Thant 18/10/2009 @ 11:47kyae zue a htoo tin bar dal ko wat tote for sharing this information.
Comment by thargyi 21/10/2009 @ 08:04it is also depend on US bussiness activity.Cannot say USD will drop only coz of gold.People will buy gold coz of US money drop,but they will also make inverstment by selling out gold.So once a time it will be equilibrium state.
Comment by ko_kyi_kyaw 21/10/2009 @ 10:02