အလည်သွားကြ၊ ထပ်ညွှန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ “…ဒါနဲ့ ကျွန်တော်တို့ လူငယ်ခြေကျ တသိုက်လည်း တို့မြန်မာတွေ သူများတွေလို နည်းပညာအသစ်တွေ၊ နယ်ပယ်သစ်တွေ မထွင်နိုင်ရင်တောင်မှ သူများ ထွင်ထားတာလေးတွေတော့ နားလည်သင့်ပါရဲ့ဆိုပြီး တောင်ခြစ်မြောက်ခြစ်လုပ်ဖို့ ပုံတောင်တောင်ကြားကို ရောက်လာကြတာပါပဲဗျာ။ … တောင်ကြားထဲမှာ စကားလုံးအသစ်တွေ စိတ်ကူးညဏ်အဆန်းတွေ စိုက်ပျိုးကြမယ်လေ …” မင်းအိမ်စံ http://www.pondaungvalley.com/
နှလုံးသားနဲ့ ရေးတဲ့စာ စိတ်ကူးထဲမှာ လုပ်နေတဲ့ အလုပ်တခုရှိပါတယ်။ နှစ်နဲ့ချီနေပါပြီ။ စိတ်ကူးကနေ လက်တွေ့  အကောင် အထည် ဖော်ဖို့ရာ မအားသေးတာကြောင့် မလုပ်ဖြစ်သေးပါဘူး။ ဒီနေ့ တော့ အားအား မအားအား စထားတာကောင်းတယ်ဆိုပြီး စလုပ်ဖြစ်ပါတယ်။ နှစ်သစ်ရောက်ခါနီးတိုင်း ကြုံရတဲ့ တုန်လှုပ်မှုလို့ ဆိုချင်ဆို။ အဲဒါကတော့ ကိုယ်ကျောင်းတကျောင်း ထောင်မယ်ဆိုရင် အတန်းလိုက် ဘာတွေသင်မလဲဆိုပြီး သင်ရိုးညွှန်းတမ်း ဆွဲတာပါ။ ခေါင်းတလုံးထဲလုပ်တာနဲ့ စာရင် ခေါင်းပေါင်းများစွာနဲ့ လုပ်ရင် ပိုပြီး အရာရောက်မှာမို့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်နဲ့ အကြောင်းအရာကို ရေးသားချင်ရင် zizawamhwe@gmail.com ကိုအီးမေးပို့ပြီး ကိုယ်လုပ်နိုင်မဲ့ အပိုင်းကို ပြောစေလိုပါတယ်။ ဆက်သွယ်သင့်တဲ့လူတွေကို ဆက်သွယ်နိုင်မဲ့ လိပ်စာကိုလည်း ပေးစေချင်ပါတယ်။
ကောလိပ်ပရ၀ုဏ်မှာ၊ ကျောင်းသားသမဂ္ဂမှာ စာစောင်တွေထုတ်ကြ၊ ဟောပြောပွဲတွေလုပ်ကြ၊ နိုင်ငံရေးခေါင်းဆောင်တွေဖိတ်ပြီး ကျပန်းစကားပြောပွဲတွေလုပ်ကြ စသဖြင့် ကျောင်းကနေပညာရေးသာမက ခေါင်းဆောင်မှုအရည်အသွေးတွေပါ သွေးပြီးသားဖြစ်ခဲ့ကြတယ်။ စိတ်ဓာတ်တူတဲ့လူငယ်တွေအတွက် ကျောင်းဟာနိုင်ငံရေးစင်မြင့်ပေါ်တက်ဖို့  စခန်းတထောက်ဝင်နားစရာဖြစ်ခဲ့တယ်။ နိုင်ငံရေးအတွေးအခေါ်တွေ ဆွေးနွေးဖလှယ်နိုင်ကြတဲ့ အပြင် တနိုင်ငံလုံးကတခြားကျောင်းတွေအတွက်လည်း အမျိုးသားလှူပ်ရှားမှုနဲ့ပတ်သက်တဲ့ခေါင်းဆောင်မှုတွေပေးခဲ့တယ်။ ကျောင်းဆိုတာဟာ အဲဒီလိုနေရာမျိုးဖြစ်ရမှာ မဟုတ်ပေဘူးလား။ ကျွန်မတို့ရဲ့ ကျောင်းအုပ်ကြီးပြောသလို အနိုင်ကျင့်ခံနေရသူတွေ၊ မတရားသဖြင့်ဖိနှိပ်ခံနေရသူတွေအတွက် ချန်ပီယံတွေမွေးထုတ်ပေးတဲ့နေရာလို့ ပြောလဲရပါတယ်။
Recent Comments