ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေကဘာလဲ။ Nancy Hudson-Rodd http://blogs.independent.co.uk/2012/05/02/what-is-really-happening-in-burma-today/ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လတ်တလော ဘယ်လောက်ပဲ အပျော်ကျူးနေကျူးနေ တိုင်းပြည်ထဲ တကယ် ဖြစ်ပျက် နေတာတွေကတော့ အင်မတန်မှ စိတ်ပျက်စရာပါ။ အဲ့ဒိအတွက် အခုအချိန်မှာ မြန်မာပြည်အကြောင်းကို အပေါ်ကနေ ခြုံပြီး စီးကြည့်ရုံမက အသေးစိတ်တွေကိုပါ လေ့လာ ရေးသားဖို့ ပိုတောင် အရေးကြီးနေပါတယ်။ ပညာရှင်တွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုရေး အကူအညီပေးရေး အိပ်စပတ်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စွန်ဉီးတီထွင်သူတွေ စသဖြင့် စသဖြင့် ကျမကတော့ ဒီလူတွေကို အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေလို့ပဲ ခေါ်ချင်တယ်။ ဒီလူတွေရဲ့ အကူအညီနဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ မြေတွေကို သူတို့ဆီက လုယူပြီး ဖွံဖြိုးရေးလို၊ ဒီမိုကရေစီ အပြောင်းအလဲတို့လို … Continue reading
First Meditation မှာ Descartes က လောကမှာ တခြားအရာတွေ တကယ်မရှိရင်တောင်၊ ဒါမှမဟုတ် အာရုံတွေကတဆင့် သူသိနေတာတွေဟာ အစစ်အမှန်တွေ မဟုတ်ဖူး ဆိုရင်တောင် သူကတော့ ရှိနေတယ် ဆိုတဲ့အသိကတော့ ဘယ်လိုမှ သံသယမပွားနိုင်တဲ့ အသိလို့ဆိုတယ်။ ဒါကို (သူရှိနေတာကို) စဉ်းစားလိုက်တိုင်းမှာ သိရတယ် I’m thinking, therefore I am ဆိုပြီး သူ့အခေါ် first principle (ပထမဆုံးအသိလို့ပဲ ပြောရမလား) ကိုစတည်ဆောက်ခဲ့တယ်။ နောက်တခါ အဲဒိအသိကို လူ့ရဲ့ innate reason ကနေ သိနိုင်တယ်။ Scholastic syllogism အကူအညီမလိုဘူးလို့ ဆိုတယ်။
ဒေးကားရဲ့ ဖီလော်ဆော်ဖီ system တခုလုံးကို သူ့ရဲ့ သင်္ချာကို ယုံကြည်ကိုးစားမှုနဲ့ ပင့်ထောက် ထားတယ်လို့ အရင်အခန်းတွေမှာ အကြိမ်ကြိမ် ပြောသွားခဲ့တယ်။ ဂဏန်းသင်္ချာနဲ့ ဂျီသြမေတြီ နှစ်ခုရဲ့ မသေချာမှုတွေကနေ လွတ်ကင်းမှု (free from falsity and uncertainty) ပုံစံမျိုးကိုယူပြီး အသိ (scientia) ကိုတည်ဆောက်ရမယ်လို့ Descartes ဆိုတယ်။ ဒီတော့ Monsieur Descartes ရဲ့ အသိ scientia ကိုဖွင့်ဆိုပုံက ဘာလဲ။ All scientia is certain and evident cognition ကွလို့ Rule Twoမှာ အသိ scientia ရဲ့  အဓိပ္ပါယ်ကို သူကစဖွင့်တယ်။ ဒါဖြင့်ရင် အဲဒိ သေချာတဲ့၊ … Continue reading
ပြီးခဲ့တဲ့ အခန်းမှာ Descartes ရဲ့ ဖီလော်ဆော်ဖီက နံမယ်ကြီး စာပိုဒ်ကို တွေ့ခဲ့ရတယ်။ ဒီစာပိုဒ်တခုထဲနဲ့ Cartesian method ကို အပြည့်အ၀ appreciate လုပ်နိုင်မှာတော့ မဟုတ်ဖူး။ ဒါပေမယ့်လည်း အတိုင်းအတာ တခုထိတော့ မြင်နိုင်တယ်လို့ ထင်မိတယ်။ ဒီတော့ Cartesian Method ကို အကျယ်မရွှီးခင် ဒီစာပိုဒ်ကို နည်းနည်းလောက် ကလိကြည့်ရအောင်။ ပထမတချက် အနေနဲ့ Descartes က ခုလိုပြောတယ်။
ကော်ပါးနီးကပ်ပုံစံကို တဖြည်းဖြည်းနဲ့ လူလက်ခံလာမှုရဲ့  အကျိုးဆက်တခုကတော့ ဖီလော်ဆော်ဖီတခုဟာ နှစ်ထောင်ပေါင်းများစွာကြာ အခိုင်အမာတည်ရှိလာနေတာတောင် အဲဒိအချက်တခုထဲနဲ့တင် ဒီဖီလော်ဆော်ဖီဟာ ခိုင်လုံပြီလို့ စိတ်ချလို့ မရဘူးဆိုတဲ့ အသိပဲ ဖြစ်တယ်။ ဒီအသိဟာ Descartes တို့မျိုးဆက် ဖီလော်ဆော်ဖာတွေခေါင်းထဲ သံမှိုစွဲသလို စွဲသွားစေခဲ့ပုံရတယ်။ နောက်အကျိုးဆက်တခုကတော့ သင်္ချာဟာ အသိပညာရပ် အားလုံးမှာ (အထူးသဖြင့် အသိသစ်ကို ရှာတဲ့အခါမှာ) အတုယူထိုက်တဲ့ အတတ်ပညာဆိုတဲ့ ယုံကြည်မှု ဖြစ်တယ်။ Descartes ဟာ ဖီလော်ဆော်ဖီတင်မက သင်္ချာမှာလည်း အများကြီး အကျိုးပြုခဲ့တယ်။ အလယ်တန်း သင်္ချာမှာ တွေ့ရတဲ့ ပြင်ညီတခု၊ ဒါမှမဟုတ် သုံးဘက်တိုင်း ဟင်းလင်းပြင်တခုမှာ အစက်တခု၊ အမှုန်တခုရဲ့  တည်နေရာကို ကိုသြဒိနိတ်တွေသုံး သတ်မှတ်တဲ့နည်းကို Descartes ကို အစွဲပြုပြီး Cartesian … Continue reading
သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ တိုကျိုရောက်တော့ ဂျပန်က သူတို့ကို မေးခွန်းတွေ မေးတယ်။[1]ကွန်မြူနစ်လား၊ တရုတ်ပေါ်ဘယ်လို သဘောထားလဲစသဖြင့် မေးခွန်းတွေ မေးတယ်။ အဲဒိမှာ ဗမာ့လွတ်လပ်ရေးအတွက် ဘယ်သူ့ အကူအညီယူရယူရ ဆိုတဲ့ အဖြေကလွဲပြီး ကျန်တာတွေကို ဂျပန်က သိပ်စိတ်တိုင်းမကျဘူးလို့ ဗိုလ်ချုပ်ကိုယ်တိုင် ရေးတဲ့ ‘လွတ်လပ်ရေး ကြိုးပမ်းမှု’ ဆိုတဲ့ စာအုပ်မှာပြောထားတယ်။ သခင်အောင်ဆန်း တိုကျိုမှာ ရှိတုံးမှာ ‘the Blue Print for a Free Burma’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဗိုလ်ချုပ်က ဗမာ့ လွတ်လပ်ရေးအတွက် သူ့ရဲ့ ’လမ်းစဉ်’ ကို ရေးဆွဲတယ်ဆိုတယ်။[2]အောက်က footnote မှာရေးခဲ့သလို ဒီထဲက အချက်တွေဘယ်လောက် မှန်မှန် မမှန်မှန် တိုကျိုရောက်ပြီး လပိုင်းအကြာ ၁၉၄၁ ဖေဖော်ဝါရီလထဲမှာ ဗမာပြည် … Continue reading
ဒို့ဗမာအစည်းအရုံးဝင်တွေကို အစမှာ လူတွေက ‘သခင်ပေါက်စ ထောင်ခြောက်လ’ လို့ လှောင်ကြတယ်။ သမီးရှင်တွေကလည်း မီးဒုတ် မီးဒုတ် ရှို့ ရှို့ အော်ပြီး ပုလိပ်နဲ့ နေရာတကာ လိုက်ရန်ဖြစ်သူတွေနဲ့ ICS ဖြစ်မဲ့လူ၊ အရေးပိုင် ဖြစ်မယ့်လူဆို ဒုတိယလူကိုပဲ သားမက်တော်ချင်ကြမှာပဲ။ (again ခြွင်းချက်တွေ ရှိနိုင်ပါတယ်။) ဗမာပြည်မှာ နိုင်ငံရေးလုပ်တယ်ဆိုတာ တော်တော့်ကိုကျေးဇူးတင်မခံရတဲ့ အလုပ်ပဲ။ ဘယ်သူကမှလည်း ကိုယ့်ကို အတင်းလုပ်ခိုင်းတာမဟုတ်၊ ကိုယ့်ဟာကိုယ် မနေနိုင်လို့လုပ်ကြတယ်၊ ပြီးတော့ ထောင်ကျ တန်းကျနဲ့ ကိုယ့်မိသားစုပေါ်လည်း တာဝန်ကျေချင်မှ ကျေနိုင်မယ်။ သံတိုင်တွေနောက်မှာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အများကြီး ပေးဆပ်ပြီး ကိုယ်မျှော်မှန်းတာတွေလည်း ဖြစ်ချင်မှဖြစ်လာမယ်။ စီးပွားတွက် တွက်တတ်တဲ့သူအတွက်က နိုင်ငံရေးဟာ ရှောင်ချင်စရာပဲ။ ကိုယ်ရလာမဲ့ reward အကျိုးအမြတ်နဲ့ … Continue reading
မက်ခီယာဗယ်လီ အဓိကစိတ်ဝင်စားတဲ့ အကြောင်းအရာဟာ အစိုးရတရပ် ခိုင်မာတောင့်တင်းအောင် ဘာလုပ်ရမလဲဆိုတာ ဖြစ်တယ်လို့ အရင်အပိုင်းတွေမှာ တကြိမ်မကပြောသွားခဲ့တယ်။The Prince ထဲမှာ တိုင်းပြည်တပြည်မှာ အုပ်ချုပ်မင်းလုပ်မဲ့သူ တယောက်ကို အုပ်ချုပ်သူအနေနဲ့ ဘာတွေလုပ်သင့်လဲဆိုတာကို အကြံပေးထားသလို Discourses on Livy မှာလည်း ရေရှည်တည်တံ့မဲ့ အစိုးရတခု ဖွဲ့စည်းသင့်ပုံတွေကို သူ့အတွေ့အကြုံကို အခြေခံပြီး ရှင်းပြခဲ့တယ်။The Prince ကို republic မဟုတ်တဲ့ (အင်္ဂလိပ်လိုသုံးတဲ့ အသုံးအနှုန်းကတော့ principalities လို့သုံးတယ်) တိုင်းပြည်တွေအတွက် ရည်စူးပြီး နောက်တအုပ်ကတော့ Republic တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်တွေကို ရည်ရွယ်ရေးတာလို့ မက်ခီယာဗယ်လီက ဆိုတယ်။ နှစ်အုပ်စလုံးရဲ့ အဓိက theme ကတော့ ပြောခဲ့သလိုပဲ နိုင်ငံတနိုင်ငံ ဒါမှမဟုတ် တိုင်းပြည်တပြည် ရေရှည်တည်တံ့အောင် … Continue reading
(အမှန်က အောက်မှာ ရေးထားတာတွေဟာ မမိုးစက်ပွင့် ရေးခဲ့တာကို အကြောင်းပြန်တဲ့ အနေနဲ့ ရေးတာပဲ။ ပြန်ဖတ်ကြည့်ပြီး သတ်သတ် post တင်ရရင် မဆိုးဘူးလို့ စိတ်ထဲဖြစ်တာနဲ့ တင်လိုက်တယ်။) မက်ခီယာဗယ်လီရဲ့ အရေးအသားကို မမိုးစက်ပွင့် ဥပမာပေးသလိုပဲ ကျွန်တော်လည်း နားလည်တယ်။ သူဟာ ဒီနိုင်ငံရေး၊ စစ်ရေး ကိစ္စတွေကို ခံစားမှုလုံးဝမပါဘဲ ရေးနိုင်စွမ်းရှိပုံရတယ်။ ဥပမာ The Prince ရဲ့ အခန်းငါးကိုကြည့်ရင် ‘Concerning the ways to govern cities …. which live under their own laws before being annexed’ သူအကြံပေးထားပုံက… There are three course for those … Continue reading
ဆိုပါစို့၊ အဖွဲ့အစည်း တခုခုထဲမှာ နှစ်ပေါင်းများစွာကြာ အမှုထမ်းခဲ့ပြီး သမိုင်းလည်း ကျေတဲ့လူတယောက်က သူ့အတွေ့အကြုံတွေကို ဘာစိတ်ခံစားမှုမှ မပါဘဲ ပြန်ပြောပြမယ်ဆိုရင် နားမထောင်ချင်တဲ့လူ ဘယ်သူများရှိမလဲ။The Prince ကိုအနိမ့်ဆုံး အဲ့သလို အတွေ့အကြုံရှင်းလင်းတဲ့ စာအုပ်အဖြစ်ယူမယ်ဆိုလည်း မမှားဘူးထင်တယ်။ Medici အုပ်ချုပ်ရေးအဖွဲ့ထဲ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ မက်ခီယာဗယ်လီဟာ အစိုးရဆိုတာ government ဆိုတာ၊ state ဆိုတာ ဘာကိုခေါ်သလဲ၊ သူ့သဘာဝက ဘယ်လိုလဲဆိုတာ သူ့အတွေ့အကြုံကနေ ကောင်းကောင်းပြောပြနိုင်တယ်။
Recent Comments