ဒီနေ့ လက်ပတ်နာရီရယ် အိုင်ပေါ့ရယ် ပျောက်နေတာရှာမယ်ဆိုပြီး ပစ္စည်းတွေ ဖွလိုက်တာ စာထုပ်ကြီးထွက်လာတယ်။ လွန်ခဲ့တဲ့ ၈နှစ်ခွဲလောက်က ကိုယ့်ထက်လေးနှစ်ငယ်တဲ့ မောင်လေးရေးလိုက်တဲ့စာ (သူ့ကိုခွင့်မတောင်းဘဲနဲ့) ဒီမှာ တင်လိုက်ပါတယ်။ ဆားချက်တယ်လို့ ထင်ချင်ထင်ပါလေ။ ( ) က ကိုယ်ဖြည့်တာ။ ကျန်တာက သူ့စကားအတိုင်း အော်ရီဂျင်နယ်ပါပဲ။ 15.11.01 How do you do? အခုဘာလုပ်နေလဲ။ ဟိုမှာ အခြေအနေကောင်းလား။ နင်တို့ဘက်မှာတော့ ငြိမ်မှာပါ။ (9/11 ပြီးခါစမို့) အခုဆောင်းရောက်ပြီပေါ့။ ချမ်းပြီ။ ကျန်းမာရေးကို ဂရုစိုက်။ ဒီမှာတော့ အရင် အတိုင်းပဲ။ အဆင်ပြေတယ်။ ငါလည်း 2nd MB တက်ရတော့မယ်။ 1st year စာတွေနဲ့ မလွတ်မိအောင် supply (ဆပ်ပလီဟုဖတ်ရန်) ထိခံလိုက်တယ်။ နောက်ပြီး … Continue reading
သူငယ်ချင်းတယောက် အီစတာကျောင်းပိတ်ရက်မှာ လာလည်ပါတယ်။ သူက ကျောင်းတုန်းကသိခဲ့တဲ့ မိတ်ဆွေတယောက်ရဲ့ မင်္ဂလာဆောင်ကြည့်ပြီးပြီလားတဲ့။ လူပေါင်း၄၇သန်းနီးပါးကြည့်ခဲ့တဲ့ မင်္ဂလာဆောင်ကို ဘလော့မိတ်ဆွေတွေ ကြည့်ရအောင် တင်လိုက်ပါတယ်။ ရှုစားကြည့်ပါအုန်း။ http://www.youtube.com/watch?v=4-94JhLEiN0
ဒီနေ့တိုင်းသတင်းစာမှာ ဗမာကြောင်တွေအကြောင်းပါတယ်လို့ ၀တုတ်က သူ့ရဲ့headquarters ကွန်ပျူတာရှေ့ကနေ သတင်းပို့ပါတယ်။ ရွှေရောင်မျက်လုံး၊ ပိုးသားလိုနူးညံ့တဲ့ ချောကလက်ရောင် ဒါမှမဟုတ် မိုးခိုးပြာရောင်အမွေးရှိတဲ့ ဗမာကြောင်တွေဗမာ့မြေပေါ်ကပျောက်သွားတာ နှစ်ပေါင်း၈၀လောက် ရှိနေပါပြီတဲ့။
အဲဒါဘာလဲ။ ဒါက ချဉ်ပေါင်ကြော်လို့ ခေါ်တယ်။ စားကြည့်မလား။ အေး။ နည်းနည်းလောက်။ ရော့။ ဖြည်းဖြည်းစား။ အားရပါးရမစားလိုက်နဲ့။ အား။ ဘာအနံ့ကြီးလဲမသိဘူး။ အဲဒါ ငပိလို့ခေါ်တယ်။ Weird. ငါသာဆိုရင် interesting လို့ပြောမှာ။ နင်တို့ cheese တွေကလဲ ငါတို့အတွက် အဲဒီအတိုင်းပဲ။ ဟုတ်တယ်နော်။ ငါအဲဒီလို တခါမှ မစဉ်းစားဖူးဘူး။ —————————————————
ဗမာပြည်ဒေသအသီးသီးက ကလေးတွေ ဘာပေါက်တတ်ကရကဗျာတွေ ဆိုခဲ့သလဲဆိုတာ သိချင်လို့ ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ ပေါင်းတည်၊ တနင်္သာရီစတဲ့ မြို့တွေက ဘလော်ဂါတွေကို တက်ဂ်ထားတာပါ။ ကဗျာတွေဆက်ထွက်လာအုံးမယ်လို့ ထင်ပါတယ်။ စာရေးသူတွေရော စာဖတ်သူတွေရော ၀င်ဆင်နွှဲကြတော့ ပျော်ပျော်ပါးပါးကြီးဖြစ်သွားတာပေါ့။ ရေးထားတာတွေကနေ ကဗျာတွေကို လေးမျိုးလေးစားတွေ့ပါတယ်။
ဗမာပြည်က ကလေးတွေ ဘယ်လိုပေါက်တတ်ကရကဗျာတွေဆိုပြီး ကြီးခဲ့သလဲဆိုတာ သိချင်လို့ ဒီတက်ဂ်လေးကို စပါတယ်။ တက်ဂ်ခံထိသူများ ရေးပေးကြပါ။ ဆက်ပြီးလဲ တက်ဂ်ပေးပါ။ ဘယ်သူ့ကို ဆက်တက်ဂ်လဲဆိုတာ အသိပေးပါ။ မှတ်တမ်းလေး လုပ်ထားချင်လို့ပါ။ ဘလော့ဖတ်သူများလဲ ကိုယ်ဆိုခဲ့တဲ့ ပေါက်တတ်ကရကဗျာတွေကို comments မှာ ရေးပေးခဲ့စေလိုပါတယ်။
ရန်ကုန်လေဆိပ်ကနေ သိကြားမင်းရုပ်သေးတရုပ်ကို နတ်တွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်း အတွက် ဝယ်ခဲ့ပါတယ်။ သူငယ်ချင်းကို ဘယ်တော့လာပေးရမလဲလို့ မေးတော့ နတ်ကို တရိုတသေ အခမ်းအနားနဲ့ ပေးအပ်ပွဲ လုပ်ကြတာပေါ့လို့ ဆိုလာပါတယ်။
ရန်ကုန်နောက်ဆက်တွဲကို ဆက်ရေးဖို့ အားယူနေတုန်း အဖေ့ကို လက်ဆောင်ပေးဖူးတဲ့ ကာတွန်းလေး တင်ပေးလိုက်ပါတယ်။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ၊ ကိုဝတုတ် ) ကာတွန်းဆရာက ငွေကြည်လို့ ထင်ပါတယ်။ ဘယ်က ဖြတ်ထားမှန်း မမှတ်ထားလိုက်မိလို့ credit မပေးနိုင်တာ ကာတွန်းဆရာခွင့်လွှတ်မယ် ထင်ပါတယ်။ စာဖတ်သူရဲ့ မှတ်ချက်- ကာတွန်းလေး ကြည့်ပြီး ပြုံးသွားတယ်။ ကာတွန်းဆရာက ရွှေမင်းသား ဖြစ်ပါတယ်။ ကျေးဇူး
Recent Comments