ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေကဘာလဲ။ Nancy Hudson-Rodd http://blogs.independent.co.uk/2012/05/02/what-is-really-happening-in-burma-today/ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လတ်တလော ဘယ်လောက်ပဲ အပျော်ကျူးနေကျူးနေ တိုင်းပြည်ထဲ တကယ် ဖြစ်ပျက် နေတာတွေကတော့ အင်မတန်မှ စိတ်ပျက်စရာပါ။ အဲ့ဒိအတွက် အခုအချိန်မှာ မြန်မာပြည်အကြောင်းကို အပေါ်ကနေ ခြုံပြီး စီးကြည့်ရုံမက အသေးစိတ်တွေကိုပါ လေ့လာ ရေးသားဖို့ ပိုတောင် အရေးကြီးနေပါတယ်။ ပညာရှင်တွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုရေး အကူအညီပေးရေး အိပ်စပတ်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စွန်ဉီးတီထွင်သူတွေ စသဖြင့် စသဖြင့် ကျမကတော့ ဒီလူတွေကို အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေလို့ပဲ ခေါ်ချင်တယ်။ ဒီလူတွေရဲ့ အကူအညီနဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ မြေတွေကို သူတို့ဆီက လုယူပြီး ဖွံဖြိုးရေးလို၊ ဒီမိုကရေစီ အပြောင်းအလဲတို့လို … Continue reading
ပြီးခဲ့တဲ့နှစ်က အိမ်ပြန်တော့ အဖေလာကြိုတယ်။ အိမ်အပြန်လမ်းမှာ ဟိုရောက်ဒီရောက် စကားပြောကြရင်းနဲ့ မော်ဒယ်တယောက်အကြောင်း ရောက်သွားတယ်။ သူ့ ဝင်ငွေထက် အဆပေါင်းများစွာပိုပြီးသုံးစွဲနိုင်တဲ့ အကြောင်းပြောနေတုန်း အဖေကသူ့မှာစပွန်ဆာရှိတာကိုးဆိုပြီး မှတ်ချက်ချတယ်။ စပွန်ဆာရှိတယ်ဆိုတာ သူငှေးမယားငယ်အလုပ်ခံတာကို လူကြားကောင်းအောင် သုံးတဲ့ ခေတ်သစ် euphemism ဝင်္ကဝုတ္တိအလင်္ကာဖြစ်လာတယ်။ (ဒီထက်ပိုကောင်းတဲ့ ဘာသာပြန်ရှိရင် ပြောပြစေလိုပါတယ်) ခေတ်ရဲ့အနာအဆာတွေကို ဖုံးဖိဖို့ သုံးတဲ့ စကားတန်ဆာ ဖြစ်လာတယ်။ အင်္ဂလိပ်လိုတော့ sugar-coat the truth အမှန်တရားကို သကြားအုပ်တယ်ပေါ့။ မယားငယ်ခံတယ်၊ စီးပွားရေးသမားတွေ လူမှုရေးဖောက်ပြန်တယ် စတာတွေ မသုံးဘဲ sponsor ဆိုတဲ့ စကားလုံးလှလှလေးသုံးလိုက်တော့ ပြသနာရဲ့အနက်ဟာတိမ်သွားတယ်။ လက်ရှိလူနေမှုအဖွဲ့အစည်းရဲ့ အထူးသဖြင့် ရေပေါ်ဆီလူတန်းစားရဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်မှု၊ အနုပညာလောကမှာ ဝတ်နိုင်စားနိုင်မှုကို အရည်အသွေး၊ ‘ဇ’ တို့ စန်းတို့ ထက်ပိုပြီး … Continue reading
ကမ္ဘာ့စီးပွားရေး ပါဝါဟာ အနောက်ကနေ အရှေ့ ကို တရွေ့ ရွေ့ ပြောင်းနေတယ်ဆိုတာကို ဒီဘလော့မှာ အကြိမ်ပေါင်းများစွာ ရေးခဲ့ပီးပီ။ သမိုင်းကိုပြန်ကြည့်ရင် အရင်း capital ရှိတဲ့နေရာကို စီးပွားရေး၊ နိုင်ငံရေးပါဝါလည်း လိုက်ရွေ့ ရတာပဲ။ ဆယ့်ကိုးရာစုတုန်းက အရင်းဟာ ဥရောပမှာ အများဆုံးရှိတယ်။ အကျိုးဆက်အားဖြင့် ကမ္ဘာ့နိုင်ငံရေးရာတွေမှာ ဥရောပနိုင်ငံတွေက အထူးသဖြင့် အင်္ဂလန်က ပြောရေးဆိုပိုင်ခွင့် အရှိဆုံးပဲ။ အင်္ဂလန်ဟာ တချိန်မှာ ကမ္ဘာမှာ သံမဏိအများဆုံး ထုတ်တဲ့နိုင်ငံ၊ ချည်ထည်အများဆုံး ထုတ်တဲ့ နိုင်ငံ၊ အရင်းအများဆုံးတင်ပို့တဲ့ နိုင်ငံပဲ။ ဥရောပတိုက်သားတွေက တကမ္ဘာလုံးရဲ့ ကံကြမ္မာကို ပြဌာန်းတယ်။ ဗမာပြည်အပါအ၀င် ကမ္ဘာ့ ကိုလိုနီတွေရဲ့  ကနေ့ခေတ့် နယ်နမိတ်စည်းကို သူတို့ပဲ ပိုင်းခြားသတ်မှတ်ခဲ့ကြတာပဲ။
Recent Comments