//
archives

Lifestyle

This category contains 5 posts

ဟိုရောက်ဒီရောက်နဲ့ တပတ်တာ

ဒီခေါင်းစဉ်နဲ့အရင်က စာတိုလေးတွေရေးခဲ့ဖူးတယ်။ ဒီနေ့တော့ ဘလော့ကို ဒီဇိုင်းပြန်ပြင်ရင်း အဟောင်းလေးတွေ ပြန်ဖတ်ကြည့်တော့ ဒီလိုမျိုးတွေရေးချင်စိတ်ပြန်ပေါက်လာတယ်။ ဒီတပတ်ထဲမှာ နွေဉီးရောက်ပြီမို့ ပန်းတွေပွင့်ကြပြီ။ နိုင်ငံခြားရောက်မှ ဖြစ်တဲ့ အယ်လာဂျီလဲ စပြီ။ နှာရည်တွေတောက်တောက်ကျပြီး မျက်စိတွေလဲ ယားလာပြီ။ ထူးဆန်းတာက အရင်ကစားလို့ရတဲ့ အသီးတွေစားလို့မရတော့ဘူး။ ပန်းသီးတို့ ချယ်ရီတို့စားရင် နားတွေယားပြီး တခါတလေ နှုတ်ခမ်းတွေဘာတွေထော်လာတတ်တယ်။ မြေပဲနဲ့မတည့်တဲ့ ကျောင်းသားတယောက် ဗမာပြည် ရောက်ပြီးတရက်နှစ်ရက်မှာပဲ ဆေးရုံရောက်သွားတာ သတိရမိသေးတယ်။ ဆန်နဲ့မတည့်တဲ့လူလဲ တွေ့ဖူးတယ်။ သူတို့ကို အရင်ကထူးဆန်းတယ်ထင်တာ။ ကိုယ်ပါအခု အဲဒီလိုမျိုးဖြစ်လာပြီ။ ဝတုတ်ကအားပေးရှာတယ်။ ဝဋ်နာကံနာတဲ့။


ဝတုတ်စာပြန်ရေးလို့ ဘလော့ကို သူ့ကိုလွှဲထားမလား ကြံမိပါတယ်။ သူက တပုဒ်နဲ့တပုဒ်ကြား လနဲ့ချီ အချိန်ယူရေးသမို့ မဖြစ်ချေဘူးဆိုပြီး ကလောင်ကောက်ကိုင်၊ အဲလေ ဝေါ့ကိုဖွင့် ဇော်ဂျီရှာပြီး ရေးရပြန်တယ်။

ဒီတပတ်ထဲမှာ–

အမဝမ်းကွဲတယောက်က နှစ်ပတ်လည်အမှတ်တရ သစ်ပင်စိုက်ပေးတယ်။ ကတ်တွေ ဝက်ဝံတွေပေးမယ့် အစား အဲဒီလို လုပ်ပေးနိုင်ဖို့ သစ်တောသစ်ပင်စောင့်ရှောက်သူတွေ၊ အဖွဲ့တွေက လုပ်ပေးနေတာ ကျေးဇူးတင်စရာပါ။

fwd များမှ ရုန်းထွက်ခြင်း

ဒီပို့စ်ကိုမရေးခင် ခဏလောက်စဉ်းစားပါတယ်။ ရေးသင့်ရဲ့လားဆိုတာ။   ကျွန်မကိုယ့်နာမည်နဲ့ အီးမေးတခု၁၉၉၉မှာ စရပါတယ်။ ကျောင်းကဖွင့်ပေးတာပါ။ အဲဒီကစပြီး အီးမေး၊ အင်တာနက်နဲ့ စရင်းနှီးခဲ့တယ်ဆိုပါတော့။  

lifestyle

ဟိုတနေ့က ကျောင်းကအပြန် စူပါမားကတ်မှာ ဈေးဝင်ဝယ်ပါတယ်။ ဈေးဝယ်တဲ့အချိန်မှာ ဗိုက်က သိပ်ဆာနေလို့ ထမင်းမစားခင် လမ်းမှာစားလို့ရအောင်ဆိုပြီး ဒိန်ခဲသေးသေးလေးတွေ တထုပ်လဲ ၀ယ်လိုက်ပါတယ်။ ဒိန်ခဲတွေကို တထုပ်စီထုပ်ထားတော့ ပထမတထုပ်ကို စားမလို့ပြင်ခါရှိသေး။ အတွေးတခု ၀င်လာပါတယ်။

Blog Stats

  • 82,107 hits
Follow

Get every new post delivered to your Inbox.