ကမ္ဘာ့ဖလား ပြီးသွားပြီ ဆိုပေမင့် ကိုယ်တို့တိုင်းပြည်ထဲမတော့ ကိုယ့်ဂိုးကိုယ်ရှုးတဲ့ ဖြစ်ရပ်တွေ ခဏခဏတွေ့နေရတုံးပါလား။ ဟိုတလောက နေ၀င်းမောင်တို့ အုပ်စုရဲ့  ဒီမိုကရေစီ ပညာပေးဆောင်းပါးကြီးကို ကြပ်ပြေးမောင်တွေက သဘောတွေ့ပုံမရလို့ The Voice လည်း နှစ်ပတ်လောက် လျှာခင်အဖြတ်ခံလိုက်ရရှာတယ်။ နေ၀င်းမောင်ဆီက အသံထွက်မလာပေမဲ့ (သလိပ်ကပ်နေပုံရတယ်) ကျော်မင်းဆွေကတော့ လျှာလိပ်သံလေးနဲ့ ဖေ့ဘွတ်မှာ ညည်းရှာတယ်။ ဂျာနယ်ကို လျှာခင်တိခံရတဲ့ ကိစ္စမှာ သဘောရိုးနဲ့ ၀င်လုပ်နေသူတွေကို စာနာစိတ်ထားနိုင်ပေမယ့် အငှားဗိုက်နဲ့ ဓားထိုးခံရမဲ့ အန္တရယ်ကို မကြောက်လို့ မိုက်တိမိုက်ကန်း ၀င်လုပ်တာဆိုရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်လို့ပဲ သဘောထားရမှာဘဲ။ နေ၀င်းမောင်တို့ အပြီး ခုတခါ အလှည့်ကျသူကတော့ ဟိန်းလတ်ပါ။ သူ့ကျတော့ ကိုယ့်ဂိုးကိုယ်ရှုးတယ် မပြောဘဲ လည်လွန်းတဲ့ဘီး ဟိုဟာသင့်တယ်လို့ ဆိုရမလား။ ဒါပေမယ့် ကိုယ့်ဆရာက … Continue reading
ဗမာပြည်က ကလေးတွေ ဘယ်လိုပေါက်တတ်ကရကဗျာတွေဆိုပြီး ကြီးခဲ့သလဲဆိုတာ သိချင်လို့ ဒီတက်ဂ်လေးကို စပါတယ်။ တက်ဂ်ခံထိသူများ ရေးပေးကြပါ။ ဆက်ပြီးလဲ တက်ဂ်ပေးပါ။ ဘယ်သူ့ကို ဆက်တက်ဂ်လဲဆိုတာ အသိပေးပါ။ မှတ်တမ်းလေး လုပ်ထားချင်လို့ပါ။ ဘလော့ဖတ်သူများလဲ ကိုယ်ဆိုခဲ့တဲ့ ပေါက်တတ်ကရကဗျာတွေကို comments မှာ ရေးပေးခဲ့စေလိုပါတယ်။
အဘိုးအဘွားတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်၊ ပြည်သူတွေရဲ့ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို အောက်မေ့ပြီး တော်လှန်ရေးနေ့မှာ ဆရာကြီးမင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တို ကဗျာလေးကို စာဖတ်သူတွေအတွက် ပြန်ဝေငှလိုက် ပါတယ်။ ဆရာကြီးက ဒီကဗျာလေးကို ဘာ့ကြောင့်ရေးဖြစ်သလဲဆိုတာကို အခုလို ရေးထားပါတယ်။
Recent Comments