ဒီခေါင်းစဉ်နဲ့အရင်က စာတိုလေးတွေရေးခဲ့ဖူးတယ်။ ဒီနေ့တော့ ဘလော့ကို ဒီဇိုင်းပြန်ပြင်ရင်း အဟောင်းလေးတွေ ပြန်ဖတ်ကြည့်တော့ ဒီလိုမျိုးတွေရေးချင်စိတ်ပြန်ပေါက်လာတယ်။ ဒီတပတ်ထဲမှာ နွေဉီးရောက်ပြီမို့ ပန်းတွေပွင့်ကြပြီ။ နိုင်ငံခြားရောက်မှ ဖြစ်တဲ့ အယ်လာဂျီလဲ စပြီ။ နှာရည်တွေတောက်တောက်ကျပြီး မျက်စိတွေလဲ ယားလာပြီ။ ထူးဆန်းတာက အရင်ကစားလို့ရတဲ့ အသီးတွေစားလို့မရတော့ဘူး။ ပန်းသီးတို့ ချယ်ရီတို့စားရင် နားတွေယားပြီး တခါတလေ နှုတ်ခမ်းတွေဘာတွေထော်လာတတ်တယ်။ မြေပဲနဲ့မတည့်တဲ့ ကျောင်းသားတယောက် ဗမာပြည် ရောက်ပြီးတရက်နှစ်ရက်မှာပဲ ဆေးရုံရောက်သွားတာ သတိရမိသေးတယ်။ ဆန်နဲ့မတည့်တဲ့လူလဲ တွေ့ဖူးတယ်။ သူတို့ကို အရင်ကထူးဆန်းတယ်ထင်တာ။ ကိုယ်ပါအခု အဲဒီလိုမျိုးဖြစ်လာပြီ။ ဝတုတ်ကအားပေးရှာတယ်။ ဝဋ်နာကံနာတဲ့။
အင်္ဂလန်ကို လာချင်လို့တဲ့ တယောက်က မေးလာပါတယ်။ သူက ACCA ဒါမှမဟုတ် finance နဲ့ ကျောင်းအပ်မယ်တဲ့။ ကိုယ်က စိတ်ပူလို့ သေသေချာချာစုံစမ်းပြီးပြီလား။ တနှစ်ကို ဘယ်လောက်သုံးမလဲ။ ဘယ်နှစ်နှစ်နေမလဲ။ ကျောင်းပြီးရင် ဘာလုပ်မလဲစသဖြင့် မေးကြည့်ပါတယ်။ လွန်ခဲ့တဲ့၎နှစ်လောက်က ဒီကိုလာရတာ အင်မတန်လွယ်ပါတယ်။ သိသလောက် ကျောင်းသားတော်တော်များများက တက္ကသိုလ်တွေလှမ်းလျှောက်၊ ဒါမှမဟုတ် ACCA တို့ ကွန်ပျူတာတို့လျှောက်ပြီး ဝင်ခွင့်ရထားတဲ့ စာရွက်လေးတွေနဲ့ တချို့လဲစပွန်စာ letter၊ တချို့လဲ ဘဏ်ထဲက ပိုက်ဆံပြပြီး ဗီဇာကို အခက်အခဲသိပ်မရှိဘဲ လျှောက်နိုင်ခဲ့ကြတယ်။
ဒီတပတ်ထဲမှာ…. ဓာတ်ပုံပြသနာတွေ ကြားနေရတယ်။ ဆရာတယောက်က သူ့ဗြိတိသျှပတ်စပို့ လျှောက်တာ ဓာတ်ပုံ၃ခါတိတိပို့လိုက်ရတယ်တဲ့။ ပထမတခေါက်က အရင်ပတ်စပို့ထဲက ဓာတ်ပုံဖြစ်နေလို့ လွန်ခဲ့တဲ့တလအတွင်း ရိုက်ထားတဲ့ ဓာတ်ပုံအသစ်ပို့ပေးပါတဲ့။ ခါတိုင်းဆို၆လအတွင်းဓာတ်ပုံတွေပဲ တောင်းတတ်သလားလို့။ အိုနှုန်းမြန်လာလို့လား။ လူတွေစိတ်ပြောင်းစိတ်လဲမြန်ပြီး ဆံပင်ပုံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ နှာခေါင်းကိုကောက်လိုက် ဖြောင့်လိုက်၊ မျက်လုံးဘေးကအရစ်တွေပေါ်လာလိုက် ပြေသွားအောင် လုပ်နေကြလို့လား စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒုတိယတခေါက်ကျတော့ ပြုံးတာသွားပေါ်သွားလို့တဲ့။ နောက်ဆရာကျတော့ သူ့ဗီဇာသက်တမ်းတိုးဖို့ဟာ ပို့လိုက်တဲ့ဓာတ်ပုံက မီလီမီတာနည်းနည်း သေးနေလို့တဲ့။ သူ့ကျတော့ ဓာတ်ပုံထပ်မတောင်းဘဲ ဗီဇာကို တခါတည်း reject လုပ်လိုက်တယ်။ သူ့ခမျာရှေ့နေငှားရ၊ appeal တင်ရနဲ့ စိတ်မောလူမော ဖြစ်သွားတယ်။ ဗီဇာတွေလဲ ကျပ်လာလိုက်တာ ကြားရတဲ့သတင်းတွေက မကောင်းလှဘူး။ ဒီနိုင်ငံမှာက အစိုးရဌာနအသုံးစရိတ်တွေ အကြီးအကျယ်လျှော့တော့မယ်ဆိုတဲ့ သတင်းနဲ့အတူ ယာယီနိုင်ငံခြားသားအလုပ်သမား၊ ကျောင်းသားတွေရဲ့ အနာဂတ်ဟာ … Continue reading
ပြီးခဲ့တဲ့နှစ်က ပို့ကို recycle လုပ်လိုက်ပါတယ်။ နိုဝင်ဘာ ၅ရက်နေ့ဟာ ယူကေမှာ Guy Fawkes Day ပါ။ ၁၆၀၆မှာ ကက်သလစ်တွေက ပရိုစတက်တင့်ဘာသာဝင် ဘုရင်နဲ့ပါလီမန်ထဲက ၀န်ကြီးတွေကို သတ်ဖို့ ပါလီမန်အောက်မှာ ယမ်းတွေကိုစည်တွေထဲထည့်ပြီး ပါလီမန်တခုလုံးကို ဖောက်ခွဲဖို့ လုပ်ပါတယ်။ ကြံစည်သူတွေထဲက တယောက်က ပါလီမန်ထဲကသူ့မိတ်ဆွေကို ရှောင်နေဖို့ စာပေးရာကနေ အဲဒီစာကို ဘုရင့်ဘက်တော်သားတွေမိသွားပြီး Guy Fawkes တို့အကြံအစည်တွေပျက်သွားပါတယ်။ ဒါပေမယ့် ဘုရင်ကိုဖောက်ခွဲသတ်ဖြတ်ဖို့ဆိုတဲ့ အကြံဆန်းကို သဘောကျလို့ နောင်လာနောက်သားများက Guy Fawkes Day ဆိုပြီး နိုဝင်ဘာ၅ရက်ရောက်တိုင်း မီးရှူးမီးပန်းတွေဖောက်၊ သူတို့သဘောမကျတဲ့ ဘုရင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တခြားနာမည်ကြီးတွေရဲ့အရုပ်တွေကို မီးရှို့ကြပါတယ်။ ဒီနှစ်တော့ ဘီဘီစီက အခုတလော ရိုင်းတယ်ဆိုပြီး ရှုတ်ချခံနေရ၊ အလုပ်ကဖြုတ်ထားခံရနေရတဲ့ … Continue reading
ရန်ကုန်ကအလည်လာတဲ့မိတ်ဆွေကို သမ်း(စ်)မြစ်တလျှောက် လိုက်ပြကြတယ်။ ဧည့်သည်ဘဘက အေးပါတယ်။ ဘယ်သွားချင်တယ်။ ဘာကြည့်ချင်တယ် မပြောရှာဘူး။ ဧည့်သည်ကိုလိုက်ပြချင်သလိုလိုနဲ့ ကိုယ်သင်္ဘောစီးချင်တဲ့အဖြစ်ကို ဝတုတ်ကရိပ်မိသွားပြီး ကိုယ်စီးချင်တာကို လူကြီးကိုလိုက်ပြသလိုလို ဘာလိုလိုနဲ့တဲ့။ နောက်ဆုံးတော့ သူလဲလိုက်စီးရတာပါပဲ။ သွားချင်တာက မြို့ထဲပါလီမန်နားကနေ မြို့အနောက်ဘက် Richmond လို့ခေါ်တဲ့ နေရာအထိ။ အဲဒီ့အထိ မသွားလို့ financial centre လို့ခေါ်တဲ့ canary wharf အထိပဲ သွားလိုက်ရတယ်။ နာရီဝက်သာသာလောက်ပဲ စီးလိုက်ရတယ်။
အခုတလော သပိတ်မှောက်တာတွေ ဆန္ဒပြတာတွေနဲ့ တခုပြီးတခုကြုံနေရပါတယ်။ ဒီနေ့လဲ ကျောင်းမှာ ဆန္ဒပြကြပြန်ပါပြီ။ ဒီတခါတော့ သန့်ရှင်းရေးဝန်ထမ်းတချို့ကို လူဝင်မှုကြီးကြပ်ရေး UK Border Agency က ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းသွားပြီး နေရပ်ပြန်ပို့လိုက်တာကို ကျောင်းအုပ်ချုပ်ရေးက ဘာမှဝင်မလုပ်လို့ပါတဲ့။
လန်ဒန်မှာ မြေအောက်ရထား အလုပ်သမားသမဂ္ဂက ၄၈နာရီသပိတ်မှောက်ပွဲ စပါတော့မယ်။ ဒီနေ့ညနေ ၆နာရီ၅၉မိနစ်ကနေ ကြာသပတေးနေ့ ညနေ ၆နာရီ၅၉မိနစ်ထိပါ။ သောကြာမနက်မှ မြေအောက်ရထားတွေ ပုံမှန်ပြန်ဆွဲမယ်လို့ ကြေညာနေပါတယ်။
ဗမာပြည်က စာဖတ်သူတွေ သိချင်မယ်ထင်လို့ ဒီအက်ဆေးကို ရေးပါတယ်။ မနှစ်က နှစ်လယ်ပိုင်းလောက်ကစလို့ ကမ္ဘာတလွှားစီးပွားရေးကျဆင်းမှုဒဏ်ကို တနိုင်ငံပြီးတနိုင်ငံ ခံနေရတာ အားလုံးအသိပါ။ အမေရိကားမှာနေသူတွေကအစ ကျွန်မတို့ရဲ့ ဒေးဒရဲက ကမ်းခြေရွာ ရှမ်းကန်လေးအဆုံး စီးပွားရေးဆုတ်ကပ်ရဲ့ ဒဏ်ကို ခံရပါတယ်။ အမေရိကားမှာ လူတွေအလုပ်ပြုတ်ကြတယ်။ ဘဏ်ကိုအိမ်ပေါင် (mortgage) မပေးနိုင်လို့ အိမ်တွေဆုံးကြတယ်။ အလုပ်သစ်တွေ ရှားလာလို့ ဖယ်ဒရယ် အစိုးရရဲ့ အထောက်အပံ့ပေါ် မှီခိုနေ ရတယ်။
ပွဲကြီးပွဲကောင်းလွတ်သွားတဲ့ မနုသွဲ့ ကြည့်ဖို့  deserted park snowman waiting for his friend… hope she turns up soon. otherwise,……. frozen beauty… abandoned (by the council) town… leave the gate ajar, will … Continue reading
Year 2007 2008 Chicken £1.96 £3.50 Bacon £1.48 £2.58 Sausages £1.36 £1.98 Mince £1.27 £2.02 Bread 48p 67p Lettuce 65p 67p Potatoes £1.95 £1.90 Milk £1.68 £2.12 ကုန်ဈေးနှူန်းတက်ပုံများ ကြောက်ခမန်းလိလိ…… (source: http://business.timesonline.co.uk/tol/business/economics/article5096373.ece 6 November 2008)
Recent Comments