ဧပြီလ ၂၃ရက်မှာ လွှတ်တော်ပြန်စတော့ အန်အယ်ဒီမတက်ပါဘူး။ ဒီကိစ္စကို မီဒီယာတွေမှာ ဘယ်လိုရေးမလဲ၊ ပြောမလဲဆိုတာ သိချင်လို့ စောင့်ကြည့်ပါတယ်။ ထုံးစံအတိုင်း ကြေးမုံနဲ့မြန်မာ့အလင်းက အန်အယ်ဒီလွှတ်တော်မတက်တဲ့အကြောင်း ခေါင်းစီးမပြောနဲ့ အတွင်းစာသားအနေနဲ့တောင် မပါပါဘူး။ ပုဂ္ဂလိကပိုင်လို့ ပြောကြတဲ့ အလဲဗင်းတို့ သည်ဗွိုက်စ်တို့က အခြေအနေကို ကိုယ်ပိုင်စကားလုံးနဲ့တောင် ဘာပြောရမှန်းမသိလို့ ဒေါ်စုနဲ့ အန်အယ်ဒီပြောတာတွေနဲ့ ခေါင်းစဉ်လုပ်ပါတယ်။ ရန်ကုန်မီဒီယာက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကြီးက ကြိုဆိုနေပါကြောင်း သမ္မဉီးသိန်းစိန်က ပြောကြားဆိုပြီး ခေါင်းစဉ်တပ်ပါတယ်။ ပြည်ပမီဒီယာတွေထဲမှာတော့ ဘီဘီစီက အန်အယ်ဒီမပါဘဲ လွှတ်တော် အစည်းအဝေးပြန်လည်စတင်ဆိုပြီး ရေးတယ်။
ပြီးခဲ့တဲ့နှစ်က အိမ်ပြန်တော့ အဖေလာကြိုတယ်။ အိမ်အပြန်လမ်းမှာ ဟိုရောက်ဒီရောက် စကားပြောကြရင်းနဲ့ မော်ဒယ်တယောက်အကြောင်း ရောက်သွားတယ်။ သူ့ ဝင်ငွေထက် အဆပေါင်းများစွာပိုပြီးသုံးစွဲနိုင်တဲ့ အကြောင်းပြောနေတုန်း အဖေကသူ့မှာစပွန်ဆာရှိတာကိုးဆိုပြီး မှတ်ချက်ချတယ်။ စပွန်ဆာရှိတယ်ဆိုတာ သူငှေးမယားငယ်အလုပ်ခံတာကို လူကြားကောင်းအောင် သုံးတဲ့ ခေတ်သစ် euphemism ဝင်္ကဝုတ္တိအလင်္ကာဖြစ်လာတယ်။ (ဒီထက်ပိုကောင်းတဲ့ ဘာသာပြန်ရှိရင် ပြောပြစေလိုပါတယ်) ခေတ်ရဲ့အနာအဆာတွေကို ဖုံးဖိဖို့ သုံးတဲ့ စကားတန်ဆာ ဖြစ်လာတယ်။ အင်္ဂလိပ်လိုတော့ sugar-coat the truth အမှန်တရားကို သကြားအုပ်တယ်ပေါ့။ မယားငယ်ခံတယ်၊ စီးပွားရေးသမားတွေ လူမှုရေးဖောက်ပြန်တယ် စတာတွေ မသုံးဘဲ sponsor ဆိုတဲ့ စကားလုံးလှလှလေးသုံးလိုက်တော့ ပြသနာရဲ့အနက်ဟာတိမ်သွားတယ်။ လက်ရှိလူနေမှုအဖွဲ့အစည်းရဲ့ အထူးသဖြင့် ရေပေါ်ဆီလူတန်းစားရဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်မှု၊ အနုပညာလောကမှာ ဝတ်နိုင်စားနိုင်မှုကို အရည်အသွေး၊ ‘ဇ’ တို့ စန်းတို့ ထက်ပိုပြီး … Continue reading
MMA1819
MMA151617
MMA121314
MMA1011
MMA789
MMA56 Now May Sweet has sung it. So has Haymer Ne Win. Now this is Mar Mar Aye.
MMA234 more later..
MMA1 Testing…
Recent Comments