ဧပြီလ ၂၃ရက်မှာ လွှတ်တော်ပြန်စတော့ အန်အယ်ဒီမတက်ပါဘူး။ ဒီကိစ္စကို မီဒီယာတွေမှာ ဘယ်လိုရေးမလဲ၊ ပြောမလဲဆိုတာ သိချင်လို့ စောင့်ကြည့်ပါတယ်။ ထုံးစံအတိုင်း ကြေးမုံနဲ့မြန်မာ့အလင်းက အန်အယ်ဒီလွှတ်တော်မတက်တဲ့အကြောင်း ခေါင်းစီးမပြောနဲ့ အတွင်းစာသားအနေနဲ့တောင် မပါပါဘူး။ ပုဂ္ဂလိကပိုင်လို့ ပြောကြတဲ့ အလဲဗင်းတို့ သည်ဗွိုက်စ်တို့က အခြေအနေကို ကိုယ်ပိုင်စကားလုံးနဲ့တောင် ဘာပြောရမှန်းမသိလို့ ဒေါ်စုနဲ့ အန်အယ်ဒီပြောတာတွေနဲ့ ခေါင်းစဉ်လုပ်ပါတယ်။ ရန်ကုန်မီဒီယာက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကြီးက ကြိုဆိုနေပါကြောင်း သမ္မဉီးသိန်းစိန်က ပြောကြားဆိုပြီး ခေါင်းစဉ်တပ်ပါတယ်။ ပြည်ပမီဒီယာတွေထဲမှာတော့ ဘီဘီစီက အန်အယ်ဒီမပါဘဲ လွှတ်တော် အစည်းအဝေးပြန်လည်စတင်ဆိုပြီး ရေးတယ်။
မြန်မာနိုင်ငံထဲမှာ နေကြတဲ့ ကချင်၊ ဗမာ၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ တရုတ်၊ ကုလား၁ တွေ အတွက် လတ်တလော ဒါမှမဟုတ် သမိုင်းမှာ မြန်မာနိုင်ငံသားလို့ အားလုံး ညီတူညာတူ ဂုဏ်ယူစရာဘာရှိမလဲ စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံထဲက အဆောက်အအုံတွေရှိနိုင်တယ်။ နေရာတွေရှိနိုင်တယ်။ ဒီလောက်ပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာလို့ ရင်ကော့နိုင်မယ့် လုပ်ရပ်စဉ်းစားကြည့်တယ်။ မတွေ့ဘူး။
ဧပြီလ ၈ရက်ထုတ်ဘန်ကောက်ပို့စ်ထဲမှာပါတဲ့ မြင့်ရွှေရေးတဲ့ ဆောင်းပါးကို ဖတ်ပြီးကောက်ချက်ချမိတာက ၁။ ခင်ညွန့်ဟာ အခုပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို သူ့လက်ထက်ထဲကလုပ်ခဲ့တာ။ ဒေါ်စုနဲ့ရင်ကြားစေ့ရေးကိစ္စဟာလဲ အချိန်မတန်လို့ အထမမြောက်ခဲ့ဘူး။ နိုင်ငံရေးမှာ သူဟာအရေးပါတဲ့လူတယောက်အဖြစ် သူ့ကိုယ်သူပုံဖော်နေတယ်။ ၂။ နိုင်ငံရေးနဲ့ လူထုကြားထဲ လုံးဝပြန်မဝင်ဘူးလို့ မပြောဘူး။ လောလောဆယ် မဝင်သေးဘူးလို့ပဲ ပြောတယ်။ ၃။ ထောက်လှမ်းရေးချုပ်လုပ်ခဲ့တုန်းက တိုင်းပြည်အတွက် စစ်တပ်အတွက် အထက်လူကြီးတွေအတွက် လုပ်ခဲ့ရတာလို့ ပြောတာ။ သူလုပ်ခဲ့တာတွေကို နောင်တလုံးဝ မရဘူးလို့ပြောတယ်။ ၄။ ဒီပဲရင်းမှာ ဒေါ်စုကို သူ့လူတွေလွှတ်ပြီး ကယ်ခဲ့ရတယ်လို့ ပြောတယ်။ ၅။ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အရေးပါတဲ့လူတွေနဲ့ သူနဲ့ရင်းနှီးတဲ့သဘောမျိုးပြောတယ်။ ဘာသာရေး၊ လူမှုရေးပဲ လုပ်တော့မယောင်ပြောပြီး နိုင်ငံရေးရည်မှန်းချက် ရှိသေးတဲ့ မိစ္ဆာမင်းသားလို့ ခေါ်ခံရတဲ့ ခင်ညွန့်ရဲ့ စိတ်ထဲဝင်ကြည့်နိုင်ဖို့ ဒီဆောင်းပါးကို ဘာသာပြန်ပေးလိုက်ပါတယ်။ အသုံးအနှုန်းတွေကို … Continue reading
ပြီးခဲ့တဲ့နှစ်က အိမ်ပြန်တော့ အဖေလာကြိုတယ်။ အိမ်အပြန်လမ်းမှာ ဟိုရောက်ဒီရောက် စကားပြောကြရင်းနဲ့ မော်ဒယ်တယောက်အကြောင်း ရောက်သွားတယ်။ သူ့ ဝင်ငွေထက် အဆပေါင်းများစွာပိုပြီးသုံးစွဲနိုင်တဲ့ အကြောင်းပြောနေတုန်း အဖေကသူ့မှာစပွန်ဆာရှိတာကိုးဆိုပြီး မှတ်ချက်ချတယ်။ စပွန်ဆာရှိတယ်ဆိုတာ သူငှေးမယားငယ်အလုပ်ခံတာကို လူကြားကောင်းအောင် သုံးတဲ့ ခေတ်သစ် euphemism ဝင်္ကဝုတ္တိအလင်္ကာဖြစ်လာတယ်။ (ဒီထက်ပိုကောင်းတဲ့ ဘာသာပြန်ရှိရင် ပြောပြစေလိုပါတယ်) ခေတ်ရဲ့အနာအဆာတွေကို ဖုံးဖိဖို့ သုံးတဲ့ စကားတန်ဆာ ဖြစ်လာတယ်။ အင်္ဂလိပ်လိုတော့ sugar-coat the truth အမှန်တရားကို သကြားအုပ်တယ်ပေါ့။ မယားငယ်ခံတယ်၊ စီးပွားရေးသမားတွေ လူမှုရေးဖောက်ပြန်တယ် စတာတွေ မသုံးဘဲ sponsor ဆိုတဲ့ စကားလုံးလှလှလေးသုံးလိုက်တော့ ပြသနာရဲ့အနက်ဟာတိမ်သွားတယ်။ လက်ရှိလူနေမှုအဖွဲ့အစည်းရဲ့ အထူးသဖြင့် ရေပေါ်ဆီလူတန်းစားရဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်မှု၊ အနုပညာလောကမှာ ဝတ်နိုင်စားနိုင်မှုကို အရည်အသွေး၊ ‘ဇ’ တို့ စန်းတို့ ထက်ပိုပြီး … Continue reading
ပြီးခဲ့တဲ့လက မြောက်ပိုင်းတက္ကသိုလ်တစ်ခုက အာရပ်နဲ့အာရှနွေဦး ဆွေးနွေးပွဲကိုဖိတ်လို့ ရောက်သွားခဲ့တယ်။ အာရှကို ကိုယ်စားပြုပြီး ဆွေးနွေးရတဲ့လူကနည်းပြီး အာရပ်ပညာရှင်တွေက များနေခဲ့တယ်။ တနေကုန်ကြာတဲ့ ဆွေးနွေးပွဲမှာ အာရပ်နဲ့အာရှကြား နားလည်မှုတွေ တော်တော်ကွာဟနေတာ အချင်းချင်းသိလိုက်ရတယ်။ အာရှတိုက်အကြောင်းလေ့လာနေတဲ့ (ဆွေးနွေးပွဲမှာ ထိုင်း၊ ဗမာ၊ ကိုရီးယား၊ စင်္ကာပူ၊ တရုတ် အကြောင်းလေ့လာနေတဲ့ အနောက်တိုင်းသားပညာရှင်တွေနဲ့ စင်္ကာပူကဆရာတယောက်) ပညာရှင်တွေက အာရပ်နိုင်ငံတွေအကြောင်းကောင်းကောင်းမသိကြသလို အာရှဘက်က အကြောင်းတွေကိုလည်း အာရပ်ဒါမှမဟုတ် အရှေ့အလယ်ပိုင်းအကြောင်း လေ့လာတဲ့ပညာရှင်တွေကောင်းကောင်းမသိကြဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းအထူးပြုပညာရှင် (နောက်ပိုင်း အာရပ်ပညာရှင်လို့ သုံးပါ့မယ်) တွေက များတော့ ဆွေးနွေးပွဲမှာ သူတို့ချည်းပဲ လွှမ်းမိုးထားသလို ဖြစ်နေတယ်။ အခုရေးချင်တာက အဲဒီဆွေးနွေးပွဲမှာ အဓိကဆွေးနွေးဖြစ်ကြတာတွေကို စာဖတ်သူတွေ ဗဟုသုတရဖို့ အနှစ်ချုပ်၊ ခပ်တိုတိုလေး ရေးချင်တာပါ။ အသုံးအနှုန်းတွေနဲ့ ဘာအကြောင်းအရာတွေကို ဒီကလူတွေ … Continue reading
a great article http://www.salon.com/news/ground_zero_mosque/index.html?story=/opinion/greenwald/2010/08/17/courage “…religious freedoms are not supposed to be dependent upon the approval of majorities; the whole point of such liberties is to protect minorities from majoritarian frenzies.”
-ကိုရီးယားမှာ ဂေါ်ဖီထုပ်တွေ ဈေးကြီးလို့ ကင်ချိ ဈေးတက်တော့မယ်။ ဂေါ်ဖီတထုပ်ကို ၅ဒေါ်လာနီးပါး ပေးနေရပြီတဲ့။ ဆောင်းကလဲ သိပ်အေးတယ်။ နွေဦးကလဲ အေးတော့ ဂေါ်ဖီထွက်ဖို့ သိပ်မရှိဘူးတဲ့။ ဗမာပြည်က ဂေါ်ဖီတွေ သွားရောင်းမလား စဉ်းစားတော့ တရုတ်က ဦးသွားပြီတဲ့။ တနှစ်ကို တန်၂သောင်းနီးပါး ရောင်းနေကျတဲ့။ -စပိန်မှာသောင်တင်နေတဲ့ ဗြိတိန်စစ်သားတွေနဲ့ ခရီးသည်တွေကို သွားတင်ခဲ့တဲ့ စစ်သင်္ဘောကြီး အင်္ဂလန်ပို့စမောက်ကို ဆိုက်ပါပြီ။ အစိုးရကို ရွေးကောက်ပွဲမဲဆွယ်တဲ့ စတန့်ထွင်လို့ အမတ်အချို့က ဝေဖန်နေကြတယ်။ စီးပွားရေးမျက်စိနဲ့ကြည့်ရင်လဲ နဲနဲမှ မကိုက်။ ရေပေါ်မှာ တနာရီသွားတိုင်း ပေါင်သုံးထောင့်ငါးရာလောက် ကုန်ပြီး လေယာဉ်ဆင်းဖို့ဆောက်ထားတဲ့ သင်္ဘောပေါ်မှာ တထောင်တောင် မရှိတဲ့လူတွေ ပြန်သယ်လာတာ မတန်ပေါင်။ ခရီးသည်တွေကတော့ ပျော်လို့။ ကြုံတောင့်ကြုံခဲ စစ်သင်္ဘောစီးရတာတဲ့လေ။ -လစ်နေတဲ့ တရားသူကြီးချုပ်နေရာမှာ အမျိုးသမီးအခွင့်အရေးတွေအတွက် … Continue reading
သူငယ်ချင်းတယောက် အီစတာကျောင်းပိတ်ရက်မှာ လာလည်ပါတယ်။ သူက ကျောင်းတုန်းကသိခဲ့တဲ့ မိတ်ဆွေတယောက်ရဲ့ မင်္ဂလာဆောင်ကြည့်ပြီးပြီလားတဲ့။ လူပေါင်း၄၇သန်းနီးပါးကြည့်ခဲ့တဲ့ မင်္ဂလာဆောင်ကို ဘလော့မိတ်ဆွေတွေ ကြည့်ရအောင် တင်လိုက်ပါတယ်။ ရှုစားကြည့်ပါအုန်း။ http://www.youtube.com/watch?v=4-94JhLEiN0
ပီးခဲ့တဲ့အပတ်က အီတလီမှာ နှစ်တ၀က်ကျောင်းလာတက်တဲ့ အမေရိကန်ကျောင်းသူ အမန်ဒါနော့ကို သူရဲ့ အခန်းဖော် ဗြိတိသျှကျောင်းသူမဲရိဒစ်ကာချာဆိုသူကို သတ်တဲ့အမှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံဖို့ ပရူဂျာတရားရုံးက အမိန့် ချလိုက်တယ်။ ဒီအမှုအကြောင်း အတော်များများလည်း သိကြမယ်ထင်ပါတယ်။ မသိသေးဘူးဆိုရင် ၀ီကီပီးဒီးယားမှာ ဖတ်ရှုနိုင်ပါတယ်။
အခုတလော စောင့်ကြည့်နေတဲ့ သတင်း၁ခု ရှိပါတယ်။ လော့ကဘီဗုံးခွဲသမား လစ်ဗျားကမက်ဂရာဟီကို လွှတ်ပေးတဲ့အပေါ် တုံ့ပြန်မှုပါ။ စကော့တလန်မှာ ဖမ်းထားတဲ့ မက်ဂရာဟီကို ဆီးကျိတ်ကင်ဆာနဲ့ ဘ၀နိဂုံးချုပ်ချိန် ရောက်နေလို့ ညှာတာသနားတဲ့ အနေနဲ့ လွှတ်ပေးလိုက်ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ စကော့တလန် တရားရေးရာဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်။ အကျိုးဆက်တွေကိုလဲ သူပဲ တာဝန်ယူတယ်လို့ တရားရေးရာဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် ဒီလွှတ်ပေးမှုရဲ့ နောက်ကွယ်မှာ အရှုပ်အထွေးတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဗုံးခွဲမှုကြောင့်သေဆုံးသူတွေထဲမှာ သူ့နိုင်ငံသားအများစု ပါခဲ့တဲ့ အမေရိကန်က လုံးဝ မကျေနပ်ပါဘူး။
Recent Comments