ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေကဘာလဲ။ Nancy Hudson-Rodd http://blogs.independent.co.uk/2012/05/02/what-is-really-happening-in-burma-today/ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လတ်တလော ဘယ်လောက်ပဲ အပျော်ကျူးနေကျူးနေ တိုင်းပြည်ထဲ တကယ် ဖြစ်ပျက် နေတာတွေကတော့ အင်မတန်မှ စိတ်ပျက်စရာပါ။ အဲ့ဒိအတွက် အခုအချိန်မှာ မြန်မာပြည်အကြောင်းကို အပေါ်ကနေ ခြုံပြီး စီးကြည့်ရုံမက အသေးစိတ်တွေကိုပါ လေ့လာ ရေးသားဖို့ ပိုတောင် အရေးကြီးနေပါတယ်။ ပညာရှင်တွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုရေး အကူအညီပေးရေး အိပ်စပတ်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စွန်ဉီးတီထွင်သူတွေ စသဖြင့် စသဖြင့် ကျမကတော့ ဒီလူတွေကို အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေလို့ပဲ ခေါ်ချင်တယ်။ ဒီလူတွေရဲ့ အကူအညီနဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ မြေတွေကို သူတို့ဆီက လုယူပြီး ဖွံဖြိုးရေးလို၊ ဒီမိုကရေစီ အပြောင်းအလဲတို့လို … Continue reading
မြန်မာပြည်ကို အလုအယက်ရွှေလာရှာမှုရဲ့နောက်ကွယ်မှာ ယူကေက ဂါးဒီးယန်းသတင်းစာရဲ့ ထင်မြင်ချက်ဆောင်းပါးတပုဒ်။ တိုင်းပြည်ထဲကို ရင်းနှီးမြှပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်လာရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို အကြံပေးရတဲ့ ပညာရှင်တယောက် ထောက်ပြထားတွေကို ဖတ်နိုင်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ ဂျေယတီဂေါ့ရှ် သူဟာ ကမ္ဘာ့ထိပ်တန်းဘောဂဗေဒပညာရှင်တယောက်ဖြစ်တယ်။ ဂျာဝါဟာလာနေရူးတက္ကသိုလ်က ဘောဂဗဒပါမောက္ခ။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဘောဂဗေဒ အဆိုးစီးရိတ် အဖွဲ့ရဲ့ အမှုဆောင်ချုပ်လဲဖြစ်တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ငွေတွေဟာ လူနည်းစုကိုပဲ ချမ်းသာစေမယ်ဆိုရင် ကမ္ဘာ့ရင်းနှီး မြှပ်နှံမှုနည်းတွေကိုပြန်ပြင်နေခြင်းရဲ့ (economic re-balancing)အကျိုးဆက်ဟာ စိုးရိမ်စရာပဲဖြစ်လိမ့်မယ်။ ရွှေရှာသူတွေ (ရင်းနှီးမြှပ်နှံသူတွေ)မြန်မာပြည်ထဲအလုံးအရင်းနဲ့ ဝင်လာကြတာနည်းနည်းတော့ကြာပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာ ပိုများလာတယ်။ အခုဆန်ရှင်တွေရုပ်တော့မှာဆိုတော့ ပိုလို့တောင် ရုတ်ရုတ်သဲသဲဖြစ်လာတော့မယ်။ ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်က ဟိုတယ်တွေမှာ နိုင်ငံအသီးသီးက အစိုးရအရာရှိတွေနဲ့ တွေ့ကြမယ့် စီးပွားရေးသမားတွေနဲ့ ပြည့်နေတယ်။ သံယံဇာတတွေနဲ့ စျေးကွက်ဝေစု ရဖို့ စိတ်ထက်သန်နေကြတယ်။ … Continue reading
ဧပြီလ ၈ရက်ထုတ်ဘန်ကောက်ပို့စ်ထဲမှာပါတဲ့ မြင့်ရွှေရေးတဲ့ ဆောင်းပါးကို ဖတ်ပြီးကောက်ချက်ချမိတာက ၁။ ခင်ညွန့်ဟာ အခုပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို သူ့လက်ထက်ထဲကလုပ်ခဲ့တာ။ ဒေါ်စုနဲ့ရင်ကြားစေ့ရေးကိစ္စဟာလဲ အချိန်မတန်လို့ အထမမြောက်ခဲ့ဘူး။ နိုင်ငံရေးမှာ သူဟာအရေးပါတဲ့လူတယောက်အဖြစ် သူ့ကိုယ်သူပုံဖော်နေတယ်။ ၂။ နိုင်ငံရေးနဲ့ လူထုကြားထဲ လုံးဝပြန်မဝင်ဘူးလို့ မပြောဘူး။ လောလောဆယ် မဝင်သေးဘူးလို့ပဲ ပြောတယ်။ ၃။ ထောက်လှမ်းရေးချုပ်လုပ်ခဲ့တုန်းက တိုင်းပြည်အတွက် စစ်တပ်အတွက် အထက်လူကြီးတွေအတွက် လုပ်ခဲ့ရတာလို့ ပြောတာ။ သူလုပ်ခဲ့တာတွေကို နောင်တလုံးဝ မရဘူးလို့ပြောတယ်။ ၄။ ဒီပဲရင်းမှာ ဒေါ်စုကို သူ့လူတွေလွှတ်ပြီး ကယ်ခဲ့ရတယ်လို့ ပြောတယ်။ ၅။ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အရေးပါတဲ့လူတွေနဲ့ သူနဲ့ရင်းနှီးတဲ့သဘောမျိုးပြောတယ်။ ဘာသာရေး၊ လူမှုရေးပဲ လုပ်တော့မယောင်ပြောပြီး နိုင်ငံရေးရည်မှန်းချက် ရှိသေးတဲ့ မိစ္ဆာမင်းသားလို့ ခေါ်ခံရတဲ့ ခင်ညွန့်ရဲ့ စိတ်ထဲဝင်ကြည့်နိုင်ဖို့ ဒီဆောင်းပါးကို ဘာသာပြန်ပေးလိုက်ပါတယ်။ အသုံးအနှုန်းတွေကို … Continue reading
ဝန်ခံချက်။ တိုင်းပြည်ပွင့်လာရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အကောင်းအဆိုး၊ နှစ်ဘက်မျှသိနိုင်ဖို့ နိုင်ငံခြားရေးရာပေါ်လစီ မဂ္ဂဇင်းမှာပါတဲ့ ရစ်ရောင်ဒန်ရဲ့ ဆောင်းပါးကို ဘာသာပြန်ပြီးတင်လိုက်ပါတယ်။ ဘာသာပြန်သင့်လို့ ပြန်တာဖြစ်ပေမယယ့် ဘောဂဗေဒနဲ့ပတ်သက်တဲ့ အသုံးအနှုန်း၊ အယူအဆတွေကို မကျွမ်းကျင်လို့ စာမချောရင်၊ အမြင်မတော်တာတွေ့ရင် ကော်မန့်ထားခဲ့လိုက်ပါ။ (ရစ်ရောင်ဒန်ဟာ အရင်က ဂျီနီဗာ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကွန်ဖရင့် UNCTAD မှာ ဒေသတွင်းအကြံပေး နဲ့ Action Aid ဆိုတဲ့ အန်ဂျီအိုမှာ အကြီးတန်းပေါ်လစီသုံးသပ်လေ့လာသူအဖြစ် လုပ်ခဲ့တယ်။ အခုတော့ နယူးဒေလီက ဂျာဝါဟာလာနေရူးတက္ကသိုလ်မှာ ဘောဂဗေဒပါရဂူကျောင်းသား။) ဗမာပြည်က ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်နလံပြန်ထူစေချင်တယ်ဆိုရင် ဝါရှင်တန်သဘောတူညီမှုဆိုတာကို မျက်ကွယ်ပြုသင့်တယ်။ ဗမာပြည်ဟာ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ ဇာတ်ဆန်ပြီး (အထိအပါးမခံနိုင်တဲ့) နိုင်ငံရေးလုပ်ကွက်တွေ ပေါ်လာတာကို လူတွေကအာရုံစိုက်ကြတယ်။ တချိန်တည်းမှာ … Continue reading
ပြီးခဲ့တဲ့နှစ်က အိမ်ပြန်တော့ အဖေလာကြိုတယ်။ အိမ်အပြန်လမ်းမှာ ဟိုရောက်ဒီရောက် စကားပြောကြရင်းနဲ့ မော်ဒယ်တယောက်အကြောင်း ရောက်သွားတယ်။ သူ့ ဝင်ငွေထက် အဆပေါင်းများစွာပိုပြီးသုံးစွဲနိုင်တဲ့ အကြောင်းပြောနေတုန်း အဖေကသူ့မှာစပွန်ဆာရှိတာကိုးဆိုပြီး မှတ်ချက်ချတယ်။ စပွန်ဆာရှိတယ်ဆိုတာ သူငှေးမယားငယ်အလုပ်ခံတာကို လူကြားကောင်းအောင် သုံးတဲ့ ခေတ်သစ် euphemism ဝင်္ကဝုတ္တိအလင်္ကာဖြစ်လာတယ်။ (ဒီထက်ပိုကောင်းတဲ့ ဘာသာပြန်ရှိရင် ပြောပြစေလိုပါတယ်) ခေတ်ရဲ့အနာအဆာတွေကို ဖုံးဖိဖို့ သုံးတဲ့ စကားတန်ဆာ ဖြစ်လာတယ်။ အင်္ဂလိပ်လိုတော့ sugar-coat the truth အမှန်တရားကို သကြားအုပ်တယ်ပေါ့။ မယားငယ်ခံတယ်၊ စီးပွားရေးသမားတွေ လူမှုရေးဖောက်ပြန်တယ် စတာတွေ မသုံးဘဲ sponsor ဆိုတဲ့ စကားလုံးလှလှလေးသုံးလိုက်တော့ ပြသနာရဲ့အနက်ဟာတိမ်သွားတယ်။ လက်ရှိလူနေမှုအဖွဲ့အစည်းရဲ့ အထူးသဖြင့် ရေပေါ်ဆီလူတန်းစားရဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်မှု၊ အနုပညာလောကမှာ ဝတ်နိုင်စားနိုင်မှုကို အရည်အသွေး၊ ‘ဇ’ တို့ စန်းတို့ ထက်ပိုပြီး … Continue reading
ပြီးခဲ့တဲ့လက မြောက်ပိုင်းတက္ကသိုလ်တစ်ခုက အာရပ်နဲ့အာရှနွေဦး ဆွေးနွေးပွဲကိုဖိတ်လို့ ရောက်သွားခဲ့တယ်။ အာရှကို ကိုယ်စားပြုပြီး ဆွေးနွေးရတဲ့လူကနည်းပြီး အာရပ်ပညာရှင်တွေက များနေခဲ့တယ်။ တနေကုန်ကြာတဲ့ ဆွေးနွေးပွဲမှာ အာရပ်နဲ့အာရှကြား နားလည်မှုတွေ တော်တော်ကွာဟနေတာ အချင်းချင်းသိလိုက်ရတယ်။ အာရှတိုက်အကြောင်းလေ့လာနေတဲ့ (ဆွေးနွေးပွဲမှာ ထိုင်း၊ ဗမာ၊ ကိုရီးယား၊ စင်္ကာပူ၊ တရုတ် အကြောင်းလေ့လာနေတဲ့ အနောက်တိုင်းသားပညာရှင်တွေနဲ့ စင်္ကာပူကဆရာတယောက်) ပညာရှင်တွေက အာရပ်နိုင်ငံတွေအကြောင်းကောင်းကောင်းမသိကြသလို အာရှဘက်က အကြောင်းတွေကိုလည်း အာရပ်ဒါမှမဟုတ် အရှေ့အလယ်ပိုင်းအကြောင်း လေ့လာတဲ့ပညာရှင်တွေကောင်းကောင်းမသိကြဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းအထူးပြုပညာရှင် (နောက်ပိုင်း အာရပ်ပညာရှင်လို့ သုံးပါ့မယ်) တွေက များတော့ ဆွေးနွေးပွဲမှာ သူတို့ချည်းပဲ လွှမ်းမိုးထားသလို ဖြစ်နေတယ်။ အခုရေးချင်တာက အဲဒီဆွေးနွေးပွဲမှာ အဓိကဆွေးနွေးဖြစ်ကြတာတွေကို စာဖတ်သူတွေ ဗဟုသုတရဖို့ အနှစ်ချုပ်၊ ခပ်တိုတိုလေး ရေးချင်တာပါ။ အသုံးအနှုန်းတွေနဲ့ ဘာအကြောင်းအရာတွေကို ဒီကလူတွေ … Continue reading
အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။ ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။” http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။
“We have everything – a parliament, courts, a president, a prime minister and so on. But it’s more of an imitation,” -Mikhail Gorbachev- “Sometimes I think that a parody of democracy could be more dangerous than a blatant dictatorship, because that gives people an opportunity to avoid doing anything about it.”-Aung San Suu Kyi- ခုရေးမယ့် စာမှာ … Continue reading
ဟိုးလွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ဆယ်လောက်ကစပြီး ကနေ့ထိ world reserve currency ကမ္ဘာသုံးငွေ အဆင့်ကို ရထားတဲ့ ဒေါ်လာဟာ နောက်အနှစ် နှစ်ဆယ် သုံးဆယ်လောက်အကြာမှာ ကနေ့ရထားတဲ့ အဆင့်အတန်းကို ဆက်ယူထားနိုင့်ပါမလား။ ဆက်ထိန်းမထားနိုင်ဘူးဆိုရင် သူ့အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ပီးခဲ့တဲ့ အပတ်ကWSJ မှာ ကျနော့် အထင် အရမ်းကောင်းတဲ့ ဆောင်းပါး တပုဒ်ပါလာတယ်။ စိတ်ဝင်စားသူများ အတွက် လင့်ပေးလိုက်ပါသည်။ http://online.wsj.com/article/SB10001424052748703313304576132170181013248.html အပေါ်ကမေးခွန်းကို ဆွေးနွေးနိုင်ဖို့ ကျနော့်အထင်မှာ အခြေခံကျတဲ့ မေးခွန်းတခုနဲ့ စကြည့်ရင် ကောင်းမယ်။ အဲဒါကတော့ Why are we using dollar? Why can’t we get away from dollar? ကျနော်တို့တွေ ဘာလို့ … Continue reading
http://fora.tv/2006/04/20/Among_the_Dead_Cities#fullprogram အင်္ဂလန်က နံမယ်ကြီး ဖီလော်ဆော်ဖာ A C Grayling နဲ့ နံမယ်ကြီး ဝေဖန်ရေး ဆရာ Chris Hitchens တို့ ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေရဲ့ ရန်သူ့ဘက်က အရပ်သားတွေနဲ့ သူတို့နဲ့ ဆိုင်တဲ့ အဆောက်အဦတွေကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်တာကို ကျင့်ဝတ် ရှုဒေါင့်ကနေ အငြင်းအခုံ လုပ်ကြတယ်။ A C Grayling ကို လူထု ဦးစိန်ဝင်းက ဗမာ စာဖတ် ပရိသတ်နဲ့ မိတ်ဆက်ပေးဖူးတယ်။ နှစ်ယောက် စလုံးရဲ့ သက်မွေး ဝမ်းကျောင်းမှုက အငြင်းအခုံ အတတ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မှ ဖြစ်နိုင်မဲ့ သက်မွေး ဝမ်းကျောင်းမှုမျိုး။ Grayling က ဖီလော်ဆော်ဖာ၊ နောက်တယောက်ကတော့ နိုင်ငံရေး … Continue reading
Recent Comments