ဗမာပြည်က ပြန်ရောက်ရောက်ချင်း ဘလော့ရေးဖို့ ကြိုးစားကြည့်တယ်။ ကီသွင်းလို့ မရဘူးဖြစ်နေတယ်။ ဒီနေ့တော့ ခရီးမှာအမှတ်ထင်ကျန်ရစ်ခဲ့တာလေးတွေ ပြန်ရေးပြချင်ပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းနေရာ။ စိန်ပန်းနီတွေသာ စကားပြောတတ်ခဲ့မယ်ဆိုရင် ကျွန်မတို့နောက်က ကျောင်းသားတွေရဲ့ ရယ်သံ၊ ကြွေးကြော်သံ၊ စကားရည်လုပွဲကအသံ၊ တို့ဗမာသီချင်းဆိုသံ၊ အာဏာရှင်တွေကို စိန်ခေါ်တဲ့အသံတွေကို လွမ်းတယ်လို့ ပြောလေမလား………..
ကျွန်မလေ ကျွန်မအကြောင်း ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်ခဲ့ဘူး။ အခုလို နှစ်သစ်ကြီးမှာ ကိုယ့်အကြောင်းကိုယ်ပြောရမှာ တမျိုးကြီးပဲ။
Recent Comments