အင်္ဂလန်ကို လာချင်လို့တဲ့ တယောက်က မေးလာပါတယ်။ သူက ACCA ဒါမှမဟုတ် finance နဲ့ ကျောင်းအပ်မယ်တဲ့။ ကိုယ်က စိတ်ပူလို့ သေသေချာချာစုံစမ်းပြီးပြီလား။ တနှစ်ကို ဘယ်လောက်သုံးမလဲ။ ဘယ်နှစ်နှစ်နေမလဲ။ ကျောင်းပြီးရင် ဘာလုပ်မလဲစသဖြင့် မေးကြည့်ပါတယ်။ လွန်ခဲ့တဲ့၎နှစ်လောက်က ဒီကိုလာရတာ အင်မတန်လွယ်ပါတယ်။ သိသလောက် ကျောင်းသားတော်တော်များများက တက္ကသိုလ်တွေလှမ်းလျှောက်၊ ဒါမှမဟုတ် ACCA တို့ ကွန်ပျူတာတို့လျှောက်ပြီး ဝင်ခွင့်ရထားတဲ့ စာရွက်လေးတွေနဲ့ တချို့လဲစပွန်စာ letter၊ တချို့လဲ ဘဏ်ထဲက ပိုက်ဆံပြပြီး ဗီဇာကို အခက်အခဲသိပ်မရှိဘဲ လျှောက်နိုင်ခဲ့ကြတယ်။
ပါရဂူဘွဲ့ကျောင်းသားဘဝမှာ ဘယ်အချိန်ဟာ အခက်ဆုံးလဲလို့မေးရင် စာရေးရတဲ့အချိန်ဟာ အခက်ဆုံးပဲလို့ ဖြေရပါမယ်။ လိုအပ်တဲ့ methodology လို့ခေါ်တဲ့ ဘာသာရပ်ကို ချည်းကပ်ပုံ၊ မေးခွန်းထုတ်နည်း၊ အင်တာဗျူးလုပ်နည်း၊ ခိုင်မာတဲ့အထောက်အထားရွေးနည်းစတာတွေကို ဖတ်ရတာလဲ သိပ်မခက်လှဘူး။ ကိုယ့်ခေါင်းစဉ်အတွက် အချက်အလက်စုရတာ၊ ဖတ်ရတာလဲ မခက်လှပေဘူး။ ခက်တာက ကိုယ်စုထားတဲ့အချက်အလက်တွေကို ကိုယ်ပြောချင်တဲ့အကြောင်းအရာကို အားကောင်းစေဖို့၊ ခိုင်မာစေဖို့ ရွေးထုတ်တဲ့အခါ၊ ကိုယ်ပြောချင်တာကို လိုရင်းရောက်အောင် ရှင်းရှင်းလင်းလင်း တင်ပြရတဲ့အခါ သိပ်ခက်ပါတယ်။
စာတွေအကြာကြီး သင်ပြီးတော့ရော ဘာလုပ်မှာလဲဆိုတော့ မေးခွန်းကိုတော့ ကျေနပ်အောင် ဖြေနိုင်မယ်မထင်ဘူး။ ပိုက်ဆံပိုရဖို့ စာတွေပိုတတ်အောင် သင်တာတော့ မဟုတ်ဘူးလို့ပဲ မယုတ်မလွန် ဖြေရမယ်ထင်တယ်။
The end of the beginning ကို တိုက်ရိုက်ဘာသာပြန်လိုက်တာပါ။ ၁၉၉၉ကတည်းက စခဲ့တဲ့ ပညာရေးခရီးစဉ် ၂၀၀၉မှာ အဆုံးသတ်သွားပါပြီ။ ဘဝကို ၃ပိုင်းပိုင်းကြည့်မယ် ဆိုရင်တော့ ပထမတပိုင်းဆုံးပြီပေါ့။ ဇာတ်စကားနဲ့ပြောမယ်ဆိုရင်တော့ အပျိုတော်တွေ ယိမ်းတွေ ထွက်ပြီးပြီ။ တကယ့်ဇာတ်က အခုမှ ကတော့မယ်ပေါ့။
ကျောင်းဖွင့်တော့မယ်။ ဆရာတွေလဲ သင်ရိုးတွေ update လုပ်ဖို့ ပြင်ဆင်ကြ။ admin က လူတွေလဲ ဗြူရိုကရေစီ ယန္တရားကြီး ဆက်လည်ပတ်အောင် ဆီထည့်တန်ထည့်၊ ပင်နယံအသစ်လဲတန်လဲနဲ့ ကျောင်းကြီးလဲ နည်းနည်းအသက်ဝင်လာပြီ။
I went swimming today, but I shouldn’t really say swimming, because I can’t swim. I just kicked my legs madly while holding a floating board tight. I didn’t dare going past the half-way mark, as I couldn’t touch the floor beyond that point. Thoughts of lifeguards having to rescue me in that tiny pool … Continue reading
ဇီဝဗေဒကျောင်းသားဘ၀အလွမ်းပြေ….. ဒီနေ့အောက်ကဆောင်းပါးလေးကို ဖတ်ပြီးကောလိပ်မှာတုန်းက ပုရွက်ဆိတ်တွေနဲ့ လက်တွေ့ လုပ်ခဲ့တာကို သတိရ မိတယ်။ တတိယနှစ်မှာ Animal behaviour ဆိုတဲ့ ဇီဝဗေဒဌာနက အတန်းကို ယူခဲ့တယ်။ အတန်းမှာလူကနည်းတော့ ဒုတိယ semester မှာ ဆရာမက ကျောင်းသား တယောက်ချင်းစီကို ကိုယ်ပိုင် ပရောဂျက် တခုစီရေးပြီးလုပ်ခိုင်းတယ်။
Recent Comments