//
archives

Travel

This category contains 2 posts

ရောက်ခဲ့ပေါ့အမ်စတာဒမ် ၂

အမ်စတာဒမ်အကြောင်းပြောရင် ပြည့်တန်ဆာအကြောင်းချန်ခဲ့လို့ မဖြစ်ပါဘူး။ စကားစပ်လို့ ပြည့်တန်ဆာဆိုတဲ့စကားဟာ မိန်းမတွေကို ကုန်ပစ္စည်းနဲ့နှိုင်းတဲ့သဘောရောက်တဲ့အတွက် မသုံးသင့်ဘူးလို့ စာရေးဆရာမတယောက်က ထောက်ပြပါတယ်။ ဒီလိုပြောတာဟာစကားလုံးတွေ၊ ေါဟာရတွေ နေ့စဥသုံးစကားထဲ ဘယ်လိုရောက်လာသလဲ၊ စကားလုံးတွေဘယ်လို အဆင့်ဆင့်ပြောင်းလဲလာသလဲဆိုတဲ့ သမိုင်းကို လျစ်လျူရှူရာရောက်တဲ့ အပြောမျိုးဖြစ်တယ်။ တခါနာမည်ပြောင်းရုံနဲ့ ြည့်တန်ဆာတွေရဲ့ ဘ၀မြင့်လာမှာမဟုတ်ပါဘူး။ ပြည့်တန်ဆာကို တရားဝင်အသက်မွေး၀မ်းကျောင်းအဖြစ်အသိအမှတ်ပြုထားတဲ့ နယ်သာလန်မှာ prostitute ကို prostitute လို့ပဲခေါ်တယ်။ စာရေးဆရာမခေါ်စေချင်တဲ့ commercial sex workers လို့မခေါ်ဘူး။

ရောက်ခဲ့ပေါ့ အမ်စတာဒမ်

ဒီမြို့ကိုရောက်နေတာ ၅ရက်ရှိပြီ။ မနေ့ကတော့ အလုပ်ထဲမှာ orientation ပေးတယ်။ မြို့အကြောင်း၊ ဒတ်ချ်လူမျိုးတွေအကြောင်း၊ အလုပ်အကြောင်းအစုံပါပဲ။ လူမျိုးတမျိုးဘာစရိုက်တွေရှိတယ်။ ဘာကိုတန်ဖိုးထားတယ်။ ဘာတွေကြိုက်တတ်တယ်ဆိုတာ အဲဒီလူမျိုးတွေနဲ့ တော်တော်ကြာကြာလေး ပေါင်းကြည့်မှ သိနိုင်တာပါ။ လူမျိုးတမျိုးရဲ့ ဓလေ့ထုံးစံတွေကို တနေ့ထဲ တထိုင်ထဲပြောပြဖို့ရာ မဖြစ်နိုင်ပါဘူး။

Blog Stats

  • 82,107 hits
Follow

Get every new post delivered to your Inbox.