Zizawa's refuge
ဇာဂနာ
အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။
ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။”
http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html
ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။
ဒေါ်အောင်ဆန်းစုကြည်လက်ဆွဲနှုတ်ဆက်တာဟာ ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ နိုင်ငံရေးကနေ ထွက်ပေါက်ရှာတဲ့အနေနဲ့ နှုတ်ဆက်တာ။ ဒီလိုပူးပေါင်းတာဟာ မှန်တယ်ဆိုပြီး တထစ်ချပြောလို့မရသေးသလို စစ်အစိုးရကျူးလွန်ခဲ့တဲ့ အမှုတွေကို နိုင်ငံအတွက်လူထုအတွက် ဥပဒေကြောင်းအရ ဘာမှမလုပ်ပါဘူးလို့လဲ ကတိကဝတ်ပေးမထားဘူး။
ဇာဂနာဟာ သူ့ကိုယ်သူနှိပ်စက်ခံရတဲ့လူအနေနဲ့ပုံဖော်ထားတယ်။ သူကိုယ်တိုင်ကဘာမှမပြောရဘဲ ကျေအေးနိုင်သေးရင် ကျန်တဲ့လူတွေကဘာဖြစ်လို့ဝင်ပြောနေရလဲလို့ပြောထားတယ်။ ဇာဂနာဟာ ခင်ညွန့်ကသူ့ကိုဖမ်းတယ်။ သူကျေအေးရင်ပြီးတာပဲလို့ ယူဆတယ်။ ဒါဟာသိပ်ပြီးတိမ်ပါတယ်။
ဇာဂနာကို ခင်ညွန့်ကဖမ်းတာဟာ သာမန်ပုဂ္ဂိုလ်တယောက်ကို တခြားပုဂ္ဂိုလ်တယောက်က ဖမ်းတာ သက်သက်မဟုတ်ပါဘူး။ ဓမ္မကို အဓမ္မက အနိုင်ယူတာ။ ငြိမ်းချမ်းမှုကို လက်နက်က ခြိမ်းခြောက်တာ။ ပြည်သူကို အာဏာရှင်က အနိုင်ကျင့်တာလို့ပဲ မြင်ကြတယ်။ ဒါ့ကြောင့်သူပြန်လွတ်ဖို့ ဝိုင်းပြီးကြိုးပမ်းကြတယ်။ သူလွတ်လာတော့ ပြည်သူတွေက သူတို့ကိုယ်တိုင်လွတ်လာသလို ပျော်ကြတယ်။
တရားမျှတမှုကိုလိုလားတဲ့ပြည်သူတွေဟာ ဇာဂနာတို့ မင်းကိုနိုင်တို့ တခြားနိုင်ငံရေးအကျဉ်းသားတွေထောင်ထဲမှာ ရှိနေသရွေ့ စိတ်မချမ်းသာကြဘူး။ သူတို့ကိုယ်တိုင်ဘာမှမလုပ်ပေးနိုင်တာကို အပြစ်မကင်းဘူးလို့ ယူဆကြတယ်။ နိုင်ကျဉ်းတွေအတွက် လက်ဝတ်လက်စားတွေရောင်းပြီးထောက်ပံ့တဲ့လူတွေကို အများကြီးတွေ့ဖူးတယ်။ ဒီလိုလုပ်ကြတာဟာ နိုင်ကျဉ်းတွေဟာ ဓမ္မကို ကိုယ်စားပြုလို့ပဲ။
ဇာဂနာလက်လွတ်စပယ်ပြောလိုက်တာဟာ သူ့ကိုဓမ္မကိုယ်စားလှယ်အဖြစ်မြင်နေတဲ့ ပြည်သူလူထုကို စော်ကားသလိုပဲ။ သူခွင့်လွှတ်တာနဲ့ ခင်ညွန့်က အပြစ်ကလွတ်သွားမတဲ့လား။ အနည်းဆုံး အနာဂတ်မှာ ဒုတိယခင်ညွန့်တွေမပေါ်ဖို့ သူတာဝန်ယူနိုင်လား။
ခင်ညွန့်ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးတွေ ဇာဂနာတို့၊ မင်းကိုနိုင်တို့နဲ့ တခြားနိုင်ငံရေးတက်ကြွသူတွေကို ဖမ်းပြီးထောင်ချတဲ့ အကျိုးဆက်တွေ လူငယ်တွေအပေါ်မှာအများကြီးရိုက်ခတ်ပါတယ်။
နိုင်ငံရေးကို ကြောက်စရာအဖြစ်နဲ့မြင်ကြတယ်။ ဇာဂနာရဲ့အမေ အဘွားဒေါ်ကြည်ဉီးရဲ့အိမ်ကို လူတိုင်းလိုက်မပို့ပေးရဲဘူး။ နိုင်ငံရေးမိသားစုတွေကို လူတွေကကြောက်သလိုလို ရွံ့သလိုလို ဆက်ဆံကြတယ်။ မီဒီယာတွေကိုကြောက်ကြတယ်။ အဖွဲ့အစည်းတွေ၊ အုပ်စုတွေကြားမှာ အမြဲတမ်းထောက်လှမ်းရေးတယောက်ယောက်ရှိသယောင် သံသယတွေရှိတတ်ကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ အချင်းချင်းယုံကြည်ဖို့တည်ဆောက်ဖို့ အင်မတန်ခက်တယ်။ ဒါတွေဟာ ထောက်လှမ်းရေးရဲ့ အဓိကအကျိုးဆက်တွေထဲက အနည်းငယ်ပါ။
နိုင်ငံတနိုင်ငံပြန်ထူထောင်ဖို့ဆိုရင် အတိတ်ကအမှားတွေ ပြန်မလုပ်မိအောင် သင်ခန်းစာယူနိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ သင်ခန်းစာယူဖို့ အနည်းဆုံး ဘာတွေဖြစ်ခဲ့သလဲဆိုတာ တိတိကျကျသိရမယ်။ အရေးယူတာ မယူတာကတပိုင်း၊ အနည်းဆုံး ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ သိရမယ်။ တာဝန်ရှိတဲ့လူတွေက မှားခဲ့တာတွေကို ရိုးရိုးသားသားတောင်းပန်နိုင်ရမယ်။ အဲဒီအမှားတွေပြန်မဖြစ်အောင် ဘာတွေလုပ်ကြမလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရမယ်။ ဥပဒေပညာရှင်တွေပိုနားလည်မှာပါ။ အနောက်နိုင်ငံတွေမှာ restorative justice ဆိုတာရှိတယ်။ တိုင်းပြည်ထူထောင်ဖို့ ရှေ့လူတွေလုပ်ခဲ့တဲ့အမှားတွေကို တဉီးချင်းသင်ပုန်းခေျတာဟာ သူတို့ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ပြတယ်လို့မယူဆဘူး။ တိမ်တိမ်တွေးတယ်။  သူတို့ဟာ ဓမ္မ၊ လွတ်လပ်မှုတို့ ဒီမိုကရေစီတို့ကို ကိုယ်စားပြုတယ်လို့ ယုံကြည်တဲ့ ပြည်သူကိုစော်ကားတယ်လို့ပဲ ယူဆတယ်။ အထူးသဖြင့် အမှားတွေဆက်မဖြစ်ဖို့ တာဝန်မယူဘူး။ တာဝန်မဲ့တဲ့စကားတွေပြောနေတယ်လို့ မြင်တယ်။
ဒါနဲ့ဆက်စပ်ပြီး ဒီအင်တာဗျူးမှာပဲ ခင်ညွန့်ပြောခဲ့တာတခုကို ထောက်ပြချင်တယ်။ သူက တာဝန်အရသာလုပ်ခဲ့ရတယ်။ စိတ်ထဲမှာဘာမှမရှိဘူးလို့ပြောတယ်။ ဇာဂနာကခင်ညွန့်ကိုယ်စားတောင် ပြောပေးနေသလိုဖြစ်သွားပြီ။ လူတိုင်းလူတိုင်းဟာ စနစ်ကိုပုံချကြတယ်။ ခင်ညွန့်ဟာ သူ့ခေတ် သူ့စနစ်ရဲ့ ဗိသုကာတယောက်ပါ။ စနစ်ကို ခြေသုတ်ခုံနေရာက လိုက်ခဲ့ရတာမဟုတ်ဘူး။ နယ်စပ်ကဒုက္ခသည်တွေပါထည့်တွက်ရင် သိန်းနဲ့ချီတဲ့ ဗမာတွေ တိုင်းရင်းသားတွေရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်ခဲ့တဲ့ လူနည်းစုထဲကတယောက်။
လွတ်လာတဲ့ကျောင်းသားတယောက်က သူနဲ့လွတ်လာတဲ့ထောက်လှမ်းရေးတွေနဲ့ ပတ်သက်ပြီးပြောတယ်။ သူတို့က စနစ်ရဲ့သားကောင်တွေပါတဲ့။ သာမန်ကြည့်ရင် ဒီစကားကမှန်သလိုလိုပဲ။ ဒါပေမယ့် စနစ်ရဲ့သားကောင်ဖြစ်ရကြေးဆို ၈၈ ကျောင်းသားတွေလည်း ၈၈ကျောင်းသားတွေဖြစ်လာစရာမရှိဘူး။ ရွှေဝါရောင်တော်လှန်ရေးပေါ်စရာမရှိဘူး။ စနစ်တွေက ဖိထားတဲ့စနစ်တွေမဟုတ်လား။ ပိပိပြားပြားတွေပဲထွက်လာမှာပေါ့။ တာဝန်သိမှုနဲ့ သတ္တိရှိမှုပေါင်းပြီး စနစ်ရဲ့သားကောင်အဖြစ်မခံဘဲ တိုင်းပြည်အတွက်လုပ်ခဲ့တဲ့လူတွေဟာ အခုစနစ်ကိုအပြစ်ပုံချနေတဲ့လူတွေကို လွယ်လွယ်သင်ပုန်းခေျပေးနေကြတာဟာ လက်ရှိအနိုင်ကျင့်မြဲ၊ လာဘ်စားမြဲလုပ်နေတဲ့လူတွေကို ကြိုပြီးခွင့်လွှတ်ပေးနေသလိုပဲ။ စနစ်ကြောင့်ဆိုတာထက် တဦးချင်းစီမှာတာဝန်ရှိတယ်လို့ ပြောင်းပြောကြရင် တိုင်းပြည်အတွက်ပိုကောင်းလာနိုင်တယ်။
ရေးလက်စနဲ့ ဆက်ရေးလိုက်ဦးမယ်။ နာမည်ကြီးသူတွေကို ဝေဖန်ပိုင်ခွင့်လိုင်စင်ကို ကန့်သတ်ထားတာလဲ တွေ့ရတယ်။ ၁။ နိုင်ငံရေးကြောင့်ထောင်ကျဖူးရမယ်။ ၂။ ပြည်တွင်းမှာလှုပ်ရှားနေသူဖြစ်ရမယ်။ စသဖြင့် စသဖြင့်။  နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ် ဝေဖန်ချင်စရာရှိရင် လွတ်လွတ်လပ်လပ်ဝေဖန်နိုင်ခွင့်ရှိရမယ်။ ဝေဖန်တယ်ဆိုကတည်းက အဲဒီဝေဖန်တဲ့အကြောင်းကို ကိုယ်ကစိတ်ဝင်စားလို့။ အရေးစိုက်လို့။ ကောင်းတာဖြစ်စေချင်လို့ပဲ။ ညီညွတ်ရေးကိုထောက်ထားပါဆိုပြီး ပြောတာတွေလည်း ရှိတယ်။ အခုတော့ အမှန်ကိုထောက်ထားပြီး လွတ်လပ်စွာဝေဖန်ပါတယ်။ ကိုယ့်ကိုအဲဒီဝေဖန်ခွင့်ဘယ်လောက်ပေးမလဲဆိုတာ စာဖတ်သူတွေရဲ့ ကွန်မန့်တွေ တနည်းဆဲစာတွေကနေလဲ ပြန်သိနိုင်မယ်ထင်ပါတယ် J
ဇီဇဝါ
ဇာဂနာ
အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။
ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။”
http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html
ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။
ဒေါ်အောင်ဆန်းစုကြည်လက်ဆွဲနှုတ်ဆက်တာဟာ ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ နိုင်ငံရေးကနေ ထွက်ပေါက်ရှာတဲ့အနေနဲ့ နှုတ်ဆက်တာ။ ဒီလိုပူးပေါင်းတာဟာ မှန်တယ်ဆိုပြီး တထစ်ချပြောလို့မရသေးသလို စစ်အစိုးရကျူးလွန်ခဲ့တဲ့ အမှုတွေကို နိုင်ငံအတွက်လူထုအတွက် ဥပဒေကြောင်းအရ ဘာမှမလုပ်ပါဘူးလို့လဲ ကတိကဝတ်ပေးမထားဘူး။
ဇာဂနာဟာ သူ့ကိုယ်သူနှိပ်စက်ခံရတဲ့လူအနေနဲ့ပုံဖော်ထားတယ်။ သူကိုယ်တိုင်ကဘာမှမပြောရဘဲ ကျေအေးနိုင်သေးရင် ကျန်တဲ့လူတွေကဘာဖြစ်လို့ဝင်ပြောနေရလဲလို့ပြောထားတယ်။ ဇာဂနာဟာ ခင်ညွန့်ကသူ့ကိုဖမ်းတယ်။ သူကျေအေးရင်ပြီးတာပဲလို့ ယူဆတယ်။ ဒါဟာသိပ်ပြီးတိမ်ပါတယ်။
ဇာဂနာကို ခင်ညွန့်ကဖမ်းတာဟာ သာမန်ပုဂ္ဂိုလ်တယောက်ကို တခြားပုဂ္ဂိုလ်တယောက်က ဖမ်းတာမဟုတ်ပါဘူး။ ဓမ္မကို အဓမ္မက အနိုင်ယူတာ။ ငြိမ်းချမ်းမှုကို လက်နက်က ခြိမ်းခြောက်တာ။ ပြည်သူကို အာဏာရှင်က အနိုင်ကျင့်တာလို့ပဲ မြင်ကြတယ်။ ဒါ့ကြောင့်သူပြန်လွတ်ဖို့ ဝိုင်းပြီးကြိုးပမ်းကြတယ်။ သူလွတ်လာတော့ ပြည်သူတွေက သူတို့ကိုယ်တိုင်လွတ်လာသလို ပျော်ကြတယ်။
တရားမျှတမှုကိုလိုလားတဲ့ပြည်သူတွေဟာ ဇာဂနာတို့ မင်းကိုနိုင်တို့ တခြားနိုင်ငံရေးအကျဉ်းသားတွေထောင်ထဲမှာ ရှိနေသရွေ့ စိတ်မချမ်းသာကြဘူး။ သူတို့ကိုယ်တိုင်ဘာမှမလုပ်ပေးနိုင်တာကို အပြစ်မကင်းဘူးလို့ ယူဆကြတယ်။ နိုင်ကျဉ်းတွေအတွက် လက်ဝတ်လက်စားတွေရောင်းပြီးထောက်ပံ့တဲ့လူတွေကို အများကြီးတွေ့ဖူးတယ်။ ဒီလိုလုပ်ကြတာဟာ နိုင်ကျဉ်းတွေဟာ ဓမ္မကို ကိုယ်စားပြုလို့ပဲ။
ဇာဂနာလက်လွတ်စပယ်ပြောလိုက်တာဟာ သူ့ကိုဓမ္မကိုယ်စားလှယ်အဖြစ်မြင်နေတဲ့ ပြည်သူလူထုကို စော်ကားသလိုပဲ။ သူခွင့်လွှတ်တာနဲ့ ခင်ညွန့်က အပြစ်ကလွတ်သွားမတဲ့လား။ အနည်းဆုံး အနာဂတ်မှာ ဒုတိယခင်ညွန့်တွေမပေါ်ဖို့ သူတာဝန်ယူနိုင်လား။
ခင်ညွန့်ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးတွေ ဇာဂနာတို့၊ မင်းကိုနိုင်တို့နဲ့ တခြားနိုင်ငံရေးတက်ကြွသူတွေကို ဖမ်းပြီးထောင်ချတဲ့ အကျိုးဆက်တွေ လူငယ်တွေအပေါ်မှာအများကြီးရိုက်ခတ်ပါတယ်။
နိုင်ငံရေးကို ကြောက်စရာအဖြစ်နဲ့မြင်ကြတယ်။ ဇာဂနာရဲ့အမေ အဘွားဒေါ်ကြည်ဉီးရဲ့အိမ်ကို လူတိုင်းလိုက်မပို့ပေးရဲဘူး။ နိုင်ငံရေးမိသားစုတွေကို လူတွေကကြောက်သလိုလို ရွံ့သလိုလို ဆက်ဆံကြတယ်။ မီဒီယာတွေကိုကြောက်ကြတယ်။ အဖွဲ့အစည်းတွေ၊ အုပ်စုတွေကြားမှာ အမြဲတမ်းထောက်လှမ်းရေးတယောက်ယောက်ရှိသယောင် သံသယတွေရှိတတ်ကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ အချင်းချင်းယုံကြည်ဖို့တည်ဆောက်ဖို့ အင်မတန်ခက်တယ်။ ဒါတွေဟာ ထောက်လှမ်းရေးရဲ့ အဓိကအကျိုးဆက်တွေထဲက အနည်းငယ်ပါ။
နိုင်ငံတနိုင်ငံပြန်ထူထောင်ဖို့ဆိုရင် အတိတ်ကအမှားတွေ ပြန်မလုပ်မိအောင် သင်ခန်းစာယူနိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ သင်ခန်းစာယူဖို့ အနည်းဆုံး ဘာတွေဖြစ်ခဲ့သလဲဆိုတာ တိတိကျကျသိရမယ်။ အရေးယူတာ မယူတာကတပိုင်း၊ အနည်းဆုံး ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ သိရမယ်။ တာဝန်ရှိတဲ့လူတွေက မှားခဲ့တာတွေကို ရိုးရိုးသားသားတောင်းပန်နိုင်ရမယ်။ အဲဒီအမှားတွေပြန်မဖြစ်အောင် ဘာတွေလုပ်ကြမလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရမယ်။ ဥပဒေပညာရှင်တွေပိုနားလည်မှာပါ။ အနောက်နိုင်ငံတွေမှာ restorative justice ဆိုတာရှိတယ်။ တိုင်းပြည်ထူထောင်ဖို့ ရှေ့လူတွေလုပ်ခဲ့တဲ့အမှားတွေကို တဉီးချင်းသင်ပုန်းခေျတာဟာ သူတို့ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ပြတယ်လို့မယူဆဘူး။ တိမ်တိမ်တွေးတယ်။  သူတို့ဟာ ဓမ္မ၊ လွတ်လပ်မှုတို့ ဒီမိုကရေစီတို့ကို ကိုယ်စားပြုတယ်လို့ ယုံကြည်တဲ့ ပြည်သူကိုစော်ကားတယ်လို့ပဲ ယူဆတယ်။ အထူးသဖြင့် အမှားတွေဆက်မဖြစ်ဖို့ တာဝန်မယူဘူး။ တာဝန်မဲ့တဲ့စကားတွေပြောနေတယ်လို့ မြင်တယ်။
ဒါနဲ့ဆက်စပ်ပြီး ဒီအင်တာဗျူးမှာပဲ ခင်ညွန့်ပြောခဲ့တာတခုကို ထောက်ပြချင်တယ်။ သူက တာဝန်အရသာလုပ်ခဲ့ရတယ်။ စိတ်ထဲမှာဘာမှမရှိဘူးလို့ပြောတယ်။ ဇာဂနာကခင်ညွန့်ကိုယ်စားတောင် ပြောပေးနေသလိုဖြစ်သွားပြီ။ လူတိုင်းလူတိုင်းဟာ စနစ်ကိုပုံချကြတယ်။ ခင်ညွန့်ဟာ သူ့ခေတ် သူ့စနစ်ရဲ့ ဗိသုကာတယောက်ပါ။ စနစ်ကို ခြေသုတ်ခုံနေရာက လိုက်ခဲ့ရတာမဟုတ်ဘူး။ နယ်စပ်ကဒုက္ခသည်တွေပါထည့်တွက်ရင် သိန်းနဲ့ချီတဲ့ ဗမာတွေ တိုင်းရင်းသားတွေရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်ခဲ့တဲ့ လူနည်းစုထဲကတယောက်။
လွတ်လာတဲ့ကျောင်းသားတယောက်က သူနဲ့လွတ်လာတဲ့ထောက်လှမ်းရေးတွေနဲ့ ပတ်သက်ပြီးပြောတယ်။ သူတို့က စနစ်ရဲ့သားကောင်တွေပါတဲ့။ သာမန်ကြည့်ရင် ဒီစကားကမှန်သလိုလိုပဲ။ ဒါပေမယ့် စနစ်ရဲ့သားကောင်ဖြစ်ရကြေးဆို ၈၈ ကျောင်းသားတွေလည်း ၈၈ကျောင်းသားတွေဖြစ်လာစရာမရှိဘူး။ ရွှေဝါရောင်တော်လှန်ရေးပေါ်စရာမရှိဘူး။ စနစ်တွေက ဖိထားတဲ့စနစ်တွေမဟုတ်လား။ ပိပိပြားပြားတွေပဲထွက်လာမှာပေါ့။ တာဝန်သိမှုနဲ့ သတ္တိရှိမှုပေါင်းပြီး စနစ်ရဲ့သားကောင်အဖြစ်မခံဘဲ တိုင်းပြည်အတွက်လုပ်ခဲ့တဲ့လူတွေဟာ အခုစနစ်ကိုအပြစ်ပုံချနေတဲ့လူတွေကို လွယ်လွယ်သင်ပုန်းခေျပေးနေကြတာဟာ လက်ရှိအနိုင်ကျင့်မြဲ၊ လာဘ်စားမြဲလုပ်နေတဲ့လူတွေကို ကြိုပြီးခွင့်လွှတ်ပေးနေသလိုပဲ။ စနစ်ကြောင့်ဆိုတာထက် တဦးချင်းစီမှာတာဝန်ရှိတယ်လို့ ပြောင်းပြောကြရင် တိုင်းပြည်အတွက်ပိုကောင်းလာနိုင်တယ်။
ရေးလက်စနဲ့ ဆက်ရေးလိုက်ဦးမယ်။ နာမည်ကြီးသူတွေကို ဝေဖန်ပိုင်ခွင့်လိုင်စင်ကို ကန့်သတ်ထားတာလဲ တွေ့ရတယ်။ ၁။ နိုင်ငံရေးကြောင့်ထောင်ကျဖူးရမယ်။ ၂။ ပြည်တွင်းမှာလှုပ်ရှားနေသူဖြစ်ရမယ်။ စသဖြင့် စသဖြင့်။  နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ် ဝေဖန်ချင်စရာရှိရင် လွတ်လွတ်လပ်လပ်ဝေဖန်နိုင်ခွင့်ရှိရမယ်။ ဝေဖန်တယ်ဆိုကတည်းက အဲဒီဝေဖန်တဲ့အကြောင်းကို ကိုယ်ကစိတ်ဝင်စားလို့။ အရေးစိုက်လို့။ ကောင်းတာဖြစ်စေချင်လို့ပဲ။ ညီညွတ်ရေးကိုထောက်ထားပါဆိုပြီး ပြောတာတွေလည်း ရှိတယ်။ အခုတော့ အမှန်ကိုထောက်ထားပြီး လွတ်လပ်စွာဝေဖန်ပါတယ်။ ကိုယ့်ကိုအဲဒီဝေဖန်ခွင့်ဘယ်လောက်ပေးမလဲဆိုတာ စာဖတ်သူတွေရဲ့ ကွန်မန့်တွေ တနည်းဆဲစာတွေကနေလဲ ပြန်သိနိုင်မယ်ထင်ပါတယ် J
ဇီဇဝါ
Frege မိတ်ဆက်
‘မိုးသောက်ကြယ်’ဆိုတဲ့ ပုဂ္ဂလနာမ်ဟာ ‘မိုးလင်းခါနီး နေထွက်ချိန်တဝိုက်မှာ အရှေ့ဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ရတယ်။ တခါ ‘ညနေကြယ်’ ဆိုတာ ‘ညနေစောင်း နေဝင်ချိန်တဝိုက်မှာ အနောက်ဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ရတယ်။ ဟိုးအရင်က ညနေကြယ်နဲ့ မိုးသောက်ကြယ်က တခုနဲ့တခု မတူဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ကောင်းကင်က ဝထ္ထုပစ္စည်းတွေ လှည့်လည် သွားလာပုံနဲ့ ပတ်သက်ပြီး အသိသစ်တွေ တိုးလာတဲ့အခါ မိုးသောက်ကြယ်နဲ့ ညနေကြယ် နှစ်ခုဟာ အတူတူပဲ၊ သူတို့နှစ်ခုစလုံးဟာ သောကြာဂြိုလ်ကို ရည်ညွှန်းတာဆိုတာ သိလာကြတယ်။ အဲဒိတော့ မိုးသောက်ကြယ်၊ ညနေကြယ်၊ သောကြာဂြိုလ်၊ မိုးလင်းခါနီး နေထွက်ချိန် တဝိုက်မှာ အရှေ ့ဘက် ကောင်းကင်းယံမှာ တွေ့ရတဲ့ကြယ် စတဲ့ ဖော်ပြချက်တွေ အားလုံးဟာ အရာတခုတည်းကို ရည်ညွှန်းတာ။ ဒီတော့ တခုထဲကို ရည်ညွှန်းတာဆို သူတို့မှာ ဘာလို့ ဖော်ပြချက်တွေ အများကြီး ရှိနေရတာလဲ။ လောလောဆယ် ဒီမေးခွန်းကို မဖြေနိုင်သေးဘူး။ ဒီတော့ ဒီမေးခွန်းကို မေးခွန်း ၁ လို့ ခေါ်ထားလိုက်မယ်။
နောက်တခါ ညီမျှခြင်း equality ဆိုတာ ဘာကို ပြောတာလဲ။ အရာတခုနဲ့ တခု ဆက်သွယ်မှုကို ပြောတာလား။ ညီမျှခြင်းကနေ ဘယ်လို အသိတွေ ရနိုင်မလဲ။ ဒီမေးခွန်းကို ဖြေကြည့်ဖို့ အရင်ဆုံး ညီမျှခြင်းတချို့ ချရေးကြည့်ရအောင်။
က = က
က = ခ
ညနေကြယ် = မိုးသောက်ကြယ်
၂ + ၂ = ၂ x ၂
အထည်ချုပ် အလုပ်သမ တယောက် တရက် လုပ်အားခ = ကျပ် တထောင်
ဒါတွေ အားလုံးဟာ ညီမျှခြင်းတွေချည်းပဲ။ ခုပြောခဲ့တဲ့ ညီမျှခြင်းတွေကို နည်းနည်းလောက် အသေးစိတ် လေ့လာပြီး အတွေးဆန့်ကြည့်ရအောင်။ ပထမဆုံး က = က ဆိုတဲ့ ညီမျှခြင်းက ကကြီးဟာ ကကြီးနဲ့ ညီတယ်လို့ ပြောတယ်။ A thing is identical to itself. အရာ တခုဟာ အဲဒိအရာနဲ့ ထပ်တူ ထပ်မျှ တူတယ် ဆိုတဲ့အသိကို ဒီညီမျှခြင်းက ပေးတယ်။ ဒီအသိဟာ အတွေ့အကြုံ experience ပေါ် မမူတည်ဘူး။ အင်္ဂလိပ်လိုတော့ အဲ့သလို အသိကို a-priori knowledge လို့ပြောကြတယ်။ တဘက်မှာ မီးဟာ ပူတယ်ဆိုတဲ့ အသိက အတွေ့အကြုံအရသာ သိနိုင်တဲ့ အသိ။ သူ့ကိုတော့ အင်္ဂလိပ်လို a-posteriori knowledge လို့ပြောကြတယ်။ ကန့် Emmanuel Kant ကတော့ အဲ့သလို အတွေ့အကြုံပေါ် မမူတည်တဲ့ အဆို proposition ကို analytic proposition လို့ခေါ်တယ်။ တဘက်မှာ က = ခ ဆိုတဲ့ ညီမျှခြင်းက အသိသစ်ကို ပေးတယ်။ ဥပမာ ညနေကြယ် = မိုးသောက်ကြယ် ဆိုတာ ညနေကြယ်နဲ့ မိုးသောက်ကြယ်နဲ့ အတူတူပဲ ဆိုတဲ့ အသိသစ်ကို ပေးတယ်။ မိုးသောက်ကြယ်နဲ့ ညနေကြယ် သပ်သပ်စီလို့ ထင်နေသူ အတွက်တော့ ဒီညီမျှခြင်းဟာ အသိသစ်ကို ပေးတာပေါ့။
နည်းနည်းထပ် အသေးစိတ်ကြည့်ရအောင်။ က = ခ ဆိုတဲ့ ညီမျှခြင်းမှာ ကကြီးနဲ့ ခခွေး တူညီတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကကြီးက က၊ ခခွေးက ခ။ ပုံသဏ္ဍာန်တူတာတော့ မဟုတ်ဖူး။ ဒါဖြင့် ဘာတူတာလဲ။ အမှုမဲ့ အမှတ်မဲ့ ကြည့်မယ်ဆိုရင်တော့ ဒီမေးခွန်းဟာ လျှောမွေးကို ဗာရာဏသီချဲ ့တဲ့ မေးခွန်းလို့ ထင်စရာပဲ။ ဒါပေမယ့် ဒီမေးခွန်းဟာ ဆယ့်ကိုးရာစုကုန်၊ နှစ်ဆယ်ရာစုဆန်းမှာ ဂဏန်းသင်္ချာသစ် new arithmetic နဲ့ analytic philosophy ဆိုပြီး စပေါ်လာရာမှာ အင်မတန် အခရာကျတဲ့ မေးခွန်းပဲ။ ဒီတော့ ခေတ်သစ်လောဂျစ်ရဲ ့ ဖခင်လို့ သတ်မှတ်ကြပြီးနဲ့ analytic philosophy ကို ဘာထရန်ရပ်ဆယ်၊ Wittgenstein တို့နဲ့အတူ ကူညီဖွားမြင်ပေးသူလို့ သတ်မှတ်ကြတဲ့ Gottlob Frege ဒီမေးခွန်းကို ဘယ်လို ချဉ်းကပ်ခဲ့သလဲဆိုတာ ကြည့်ရအောင်။
က = ခ ညီမျှခြင်းမှာ ကကြီးက ရည်ညွှန်းတဲ့အရာနဲ့ ခခွေးက ရည်ညွှန်းတဲ့အရာ တူတာလို့ Frege ကပြောတယ်။ အဲဒိ အရာကို ဂျာမန်လို Bedeutung အင်္ဂလိပ်လိုတော့ reference လို့ ဘာသာပြန်ကြတယ်။ ဗမာလို ရည်ညွှန်းခံလို့ ခဏ ဘာသာပြန်ထားကြည့်မယ်။ ဒီတော့ က = ခ ညီမျှခြင်းမှာ ကကြီးက ရည်ညွှန်းတဲ့ အရာနဲ့ ခခွေးက ရည်ညွှန်းတဲ့အရာဟာ တခုထဲပဲ ဆိုတာကို ပြောချင်တာလို့ Frege ကပြောတယ်။ ‘ကကြီး’ နဲ့ ‘ကကြီးက ရည်ညွှန်းထားတာ’ နှစ်ခုက မတူဘူး။ ပထမတခုကို သူက sign လို့ခေါ်ပြီး (ဗမာလို သင်္ကေတလို့ ဘာသာပြန်ထားမယ်) သင်္ကေတက ရည်ညွှန်းတဲ့ အရာကိုတော့ reference (Bedeutung) ရည်ညွှန်းခံလို့ ခေါ်တယ်။ ဒီနေရာမှာ သင်္ကေတဆိုတာ က၊ ခ စတဲ့ အက္ခရာတွေကိုတင် ပြောတာ မဟုတ်ဖူး။ စကားစုတွေကိုလည်း သင်္ကေတတွေ အဖြစ် Frege က သတ်မှတ်တယ်။ ဒီတော့ ညနေကြယ် ဆိုတာ သင်္ကေတ၊ ညနေကြယ်ရဲ့ ရည်ညွှန်းခံက သောကြာဂြိုလ်။
အဲ သင်္ကေတ sign ရည်ညွှန်းခံ reference အပြင် နောက်တခုလည်း ရှိသေးတယ်လို့ Frege ကပြောတယ်။ အဲဒါကတော့ သင်္ကေတရဲ့ အဓိပ္ပါယ်ကို ဖော်ပြချက်လို့ Frege ကပြောတယ်။ ဂျာမန်လို Sinn အင်္ဂလိပ်လိုတော့ sense လို့ ဘာသာပြန်ပြီး ဗမာလိုတော့ အဓိပ္ပါယ်လို့ ဘာသာပြန်လျင် သင့်မယ် ထင်တယ်။ ဒီတော့ ‘မိုးသောက်ကြယ်’ ဆိုတဲ့ သင်္ကေတက ‘မနက်မိုးလင်းခါနီး အရှေ ့ဘက်ကောင်းကင်မှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ထွက်ပြီး ဒီသင်္ကေတရဲ့ရည်ညွှန်းခံကတော့ ‘သောကြာဂြိုလ်’။
ဒီတော့ က = ခ ဆိုတဲ့ ညီမျှခြင်းကနေ Frege က တဲခနိက ဝေါဟာရ သုံးခု ထုတ်ယူလိုက်တယ်။ ညီမျှခြင်းဆိုတာ သင်္ကေတနှစ်ခုရဲ့ ရည်ညွှန်းခံနှစ်ခု တူညီတာ၊ တခုထဲပဲ ဆိုတာကို ပြောချင်တာလို့ Frege က ဖွင့်ဆိုလိုက်တယ်။ ဒီလောက်ဆို မေးခွန်း ၁ ကို Frege ဘယ်လို ချဉ်းကပ်ခဲ့သလဲဆိုတာ သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ ‘မိုးသောက်ကြယ်’ ‘ညနေကြယ်’ ဆိုတဲ့ ပုဂ္ဂလနာမ်တွေဟာ သောကြာဂြိုလ်ကို ရည်ညွှန်းတဲ့ signs သင်္ကေတတွေ။ သူတို့ ရည်ညွှန်းတဲ့ ‘သောကြာဂြိုလ်’ က Bedeutung ရည်ညွှန်းခံ။ ‘မနက်မိုးလင်းခါနီး အရှေ့ဘက် ကောင်းကင်မှာ တွေ့ရသောကြယ်’ က မိုးသောက်ကြယ်ဆိုတဲ့ သင်္ကေတရဲ့အဓိပ္ပါယ် sense ကို ဖော်ပြချက်။
သင်္ကေတတွေရဲ့ရည်ညွှန်းခံတွေဟာ တိကျတဲ့ ဝထ္ထုတွေ definite object တွေ (အပေါ်က ဥပမာမှာ သောကြာဂြိုလ်ဟာ တိကျတဲ့ ဝထ္ထု) လို့ Frege က ပြောတယ်။ (အလျဉ်းသင့်လို့ ပြောချင်တာက Frege ရဲ့လောဂျစ်မှာ object အပြင်၊ concept နဲ့ relation ဆိုတာလည်း ရှိသေးတယ်။ ခုပြောချင်တာက ဝထ္ထု object ဟာ concept မဟုတ်သလို relation လည်း မဟုတ်ဖူး ဆိုတာပဲ။) တဘက်မှာ သင်္ကေတတွေကတော့ ပုဂ္ဂလနာမ်တွေ။ နောက်တခါ သင်္ကေတတခုရဲ့ အဓိပ္ပါယ်ကို အဲဒိ သင်္ကေတကို အသုံးပြုသူတွေ နားလည်နိုင်ပေမယ့် အဲဒိ သင်္ကေတမှာ ရည်ညွှန်းခံ Bedeutung ရှိမရှိ အာမမခံနိုင်ဘူး။
ဆိုပါစို့ ‘ကမ္ဘာက အဝေးဆုံးနေရာ’ ဆိုတဲ့ သင်္ကေတက  အဓိပ္ပါယ်တခုကို ပြောတာ။ ကမ္ဘာက အဝေးဆုံးအမှတ်က နေရာကို ပြောတာလို့ နားလည်ကြမယ်။ ဒါပေမယ့် အဲဒိနေရာ တကယ် ရှိမရှိ အာမမခံနိုင်ဘူး။ အလားတူပဲ ‘ကမ္ဘာမှာ အညံ့ဆုံး အဖျင်းဆုံး အသုံးမကျဆုံး အတိုက်အခံ ခေါင်းဆောင်’ ဆိုတဲ့ သင်္ကေတက အဓိပ္ပါယ် တခုကို ဖော်ပြနေတယ်။ အညံ့ဆုံး၊ အဖျင်းဆုံး၊ အသုံးမကျဆုံး၊ အတိုက်အခံ၊ ခေါင်းဆောင်ဆိုတဲ့ ဝေါဟာရတွေနဲ့ စာဖွဲ့စည်းပုံ သဒ္ဒါကို သိလျင် ဒီသင်္ကေတရဲ့အဓိပ္ပါယ်ကို သိမှာဘဲ။ ဒါပေမယ့် ဒီသင်္ကေတက ရည်ညွှန်းသူကတော့ ရှိချင်လည်း ရှိမယ်၊ မရှိတာလည်း ဖြစ်နိုင်တယ်။ ပြောပြီးသလောက်ကို အကျဉ်းပြန်ချုပ်ရရင်
ပုဂ္ဂလနာမ်တခုဟာ (သင်္ကေတ၊ စကားလုံး၊ စာစု၊ ဖော်ပြချက် အစရှိသည်) သူ့ရဲ ့ အဓိပ္ပါယ် sense ကို ဖော်ပြတယ်၊ သူ့ရဲ့ရည်ညွှန်းခံ Bedeutung ကို ရည်ညွှန်းတယ်။ သင်္ကေတတခုကို အသုံးပြုခြင်းဖြင့် သူ့ရဲ့sense အဓိပ္ပါယ်ကို ဖော်ပြပြီး သူ့ရဲ  ့Bedeutung ရည်ညွှန်းခံကို ရည်ညွှန်းတယ်။
so far so good. ဒီနေရာမှာ တချို့ ဦးနှောက်ပြေးတဲ့လူများက ဒီလို မေးလာနိုင်စရာ ရှိတယ်။ ဆိုပါစို့ ‘မဟာ ဇနက’ ဆိုတဲ့ သင်္ကေတကို ကြည့်လျင် အဲဒိ သင်္ကေတဟာ တိကျတဲ့ ဝထ္ထုတခုကို ရည်ညွှန်းတယ်လို့ ဘယ်လို အသေအချာ ပြောနိုင်မလဲလို့ မေးလာ နိုင်စရာရှိတယ်။ ဘာလို့ဆို ‘မဟာ ဇနက’ ဆိုတဲ့ သင်္ကေတက ရည်ညွှန်းတဲ့ ပင်လယ်ထဲ ခုနှစ်ရက်တိုင်တိ်ုင် မနားတမ်း ကူးခပ်နေတဲ့ ဘုရားအလောင်း ပုဂ္ဂိုလ်ထူး ဆိုပြီး နားလည်နေတဲ့ အရာဟာ အပြင်မှာ တကယ် ရှိမရှိ ဘယ်လိုလုပ် သိနိုင်မလဲ။ နောက်တခါ God ဘုရားသခင် ဆိုတဲ့ သင်္ကေတ ရှိတိုင်း သူ့ရဲ့ ရည်ညွှန်းခံတခု ရှိမရှိ အသေအချာ ဘယ်သိနိုင်မလဲ၊ ဒီတော့ အရာတိုင်းမှာ ရည်ညွှန်းခံ ရှိမရှိ ဘယ်လိုလုပ် သိနိုင်မလဲ။ ကျနော့ အထင်တော့ ဒီမေးခွန်းဟာ အရမ်းကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီမေးခွန်း အတွက် ကျနော့မှာ အဖြေမရှိဘူး။ ဆောရီးပဲ။
ခုတခါ ပြောခဲ့သလောက် Frege ရဲ့သင်္ကေတ၊ အဓိပ္ပါယ်၊ ရည်ညွှန်းခံ ခွဲခြားမှုကို သင်္ချာမှာ အသုံးချကြည့်ရအောင်။ တကယ်က Frege က အပေါ်က ခွဲခြားမှုကို သင်္ချာနဲ့ စတာ။ သင်္ချာညီမျှခြင်းတခုဖြစ်တဲ့ ၂ + ၂ = ၂ x ၂ ကိုကြည့်။ ‘၂ + ၂ ‘ဆိုတဲ့ sign သင်္ကေတဟာ ‘၂ နဲ့ ၂ ကို ပေါင်းထားခြင်း’လို့ sense အဓိပ္ပါယ် ထွက်ပြီး ‘၄’ ဟာ ဒီသင်္ကေတရဲ့ Bedeutung ရည်ညွှန်းခံဖြစ်တယ်။ အလားတူပဲ၊ ၂ x ၂ ဟာ ၂ နဲ့ ၂ ကို မြှောက်ထားခြင်းလို့ အဓိပ္ပါယ်ထွက်ပြီး ၄ ဟာ သူ့ရဲ ့ရည်ညွှန်းခံ ဖြစ်တယ်။ ဒီတော့ အပေါ်က သင်္ချာ ညီမျှခြင်းက သင်္ကေတ နှစ်ခု ညီတယ်ဆိုတာဟာ တကယ်က ဒီသင်္ကေတတွေရဲ့ရည်ညွှန်းခံ တူတာ၊ တခုထဲ ဖြစ်တာကို ပြောတာ။
ခုထိတော့ သင်္ကေတတွေ၊ စကားလုံးတွေရဲ ့အဓိပ္ပါယ်နဲ့ ရည်ညွှန်းခံ Bedeutung ကိုပဲ ပြောနေသေးတယ်။ တခါ ဝါကျတွေရဲ ့အဓိပ္ပါယ်နဲ့ ရည်ညွှန်းခံတွေ ဘယ်လို ဖြစ်မလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။ ကဲ ဝါကျတခု ချရေးကြည့်မယ်။
တိုက်စိုးဟာ ဗုဒ္ဓဘာသာ အကြောင်း စာအုပ်တွေ အများကြီး ရေးခဲ့တယ်။
ဒီဝါကျနဲ့
ဆရာ ဦးသန်းထွတ်ဟာ ဗုဒ္ဓဘာသာ အကြောင်း စာအုပ်တွေ အများကြီး ရေးခဲ့တယ်။
ဆိုတဲ့ ဝါကျနှစ်ခုမှာ တိုက်စိုးနဲ့ ဆရာ ဦးသန်းထွတ်ဟာ တယောက်ထဲ ဆိုတာကို မသိသူ အတွက်က ဝါကျ တခုဟာ မှန်ပြီး နောက်တခုက မှားတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒါကိုကြည့်လျင် ပထမဝါကျကို ဖတ်ပြီး ပေါ်လာတဲ့ အတွေးနဲ့ (စကားမစပ် အတွေး thought ဆိုတာ subjective performance of thinking လူပုဂ္ဂိုလ်တယောက်ရဲ့သူနဲ့သာ ဆိုင်တဲ့ စဉ်းစားမှု မဟုတ်ဖူး၊ objective content ကို ဆိုလိုတယ်လို့ Frege ကပြောတယ်။) ဒုတိယ ဝါကျကို ဖတ်ပြီး ပေါ်လာတဲ့ အတွေးနှစ်ခု မတူတာ တွေ့ရမယ်။ ဒီတော့ အတွေး thought ဆိုတာ ဝါကျရဲ့Bedeutung ရည်ညွှန်းခံကို ပြောတာ မဟုတ်ဘဲ sense အဓိပ္ပါယ်ကို ပြောတာလို့ ယူရလိမ့်မယ်။
ဒါဖြင့် ဝါကျရဲ့ရည်ညွှန်းခံ Bedeutung ဟာ ဘာလဲ။ နောက် ဝါကျတခု ထပ် ရေးကြည့်ရအောင်။
မဟာဇနကဟာ ခုနှစ်ရက်တိုင် သမုဒ္ဒရာထဲ ကူးခပ်ပြီးနောက် မဏိမေခလာ နတ်သမီးက သူ့ကို သမုဒ္ဒရာထဲကနေ ဆယ်ယူပွေ့ချီပြီး ကျောက်ဖျာပေါ် အသာ တင်ထားပေးခဲ့တယ်။
မြန်မာစာ ဖတ်တတ်သူ ဘယ်သူမဆို ဒီဝါကျရဲ ့အဓိပ္ပါယ်ကို နားမလည် မရှိဘူး။ ဒါပေမယ့် ဒီဝါကျဟာ မှန်လား၊ မှားလားကို သိနိုင်ဖို့ မဟာဇနက ဆိုတဲ့ သင်္ကေတရဲ့ရည်ညွှန်းခံ၊ မဏိမေခလာ နတ်သမီးဆိုတဲ့ သင်္ကေတရဲ ့ရည်ညွှန်းခံကို မစဉ်းစားလို့ မရတော့ဘူး။ တနည်းအားဖြင့် ဝါကျတခုရဲ့ truth-value ဟာ ဒီဝါကျရဲ့ ရည်ညွှန်းခံပေါ် မူတည်တယ်။
ဝါကျတခုရဲ ့အဓိပ္ပါယ်ကို နားလည်ချင် နားလည်မယ်။ တနည်း ဝါကျတခုဟာ အဓိပ္ပါယ် ရှိချင် ရှိမယ်၊ အဲ့သလို အဓိပ္ပါယ်ရှိမှုဟာ ဒီဝါကျကို နားလည်သူ ရေးသူရဲ ့အတွေးကို ဖော်ပြရာ ရောက်တယ်။ ဒါပေမယ့် အတွေးတခုထဲနဲ့တင် အမှန်၊ အမှားကို မသိနိုင်ဘူး။ ကျနော်တို့ဟာ ဝါကျတွေရေးတဲ့အခါ ဒီဝါကျတွေရဲ ့အဓိပ္ပါယ်ကို နားလည်ရုံ sense ကိုသိရုံ နဲ့ ဘဝင်မကျတတ်တာဟာ ဘာ့ကြောင့်လဲဆိုတော့ ဒီဝါကျရဲ ့truth-value ကို စိတ်ဝင်စားတဲ့ အတွက်ဖြစ်တယ်။ ဝါကျတခုရဲ ့အမှန်အမှားကို စိတ်မဝင်စားဘူးဆိုလျင် ‘မဟာဇနက’ ဆိုတဲ့ နံမယ်မှာ ရည်ညွှန်းခံ ရှိမရှိ ဘာမှ စိတ်ဝင်စားစရာ မလိုတော့ဘူး။ ကဗျာတွေ၊ အနုပညာတွေနဲ့ ဖီလော်ဆော်ဖီ ကွာတဲ့ အချက်တချက်က ဒီအချက်ပဲ။ မဟာဇနက ဝါကျကို နားထောင်ကောင်းရုံ ပုံပြင်သာသာ သဘောထားချင်လျင် သူ့အဓိပ္ပါယ်ကို ပေါ်အောင် ရေးတာနဲ့ ရည်ရွယ်ချက် ပြည့်မြောက်တယ်။ ဒါပေမယ့် ဝါကျတွေရဲ ့အမှန်၊ အမှားကို စိတ်ဝင်စားသူဟာ ဝါကျရဲ ့အဓိပ္ပါယ်နဲ့တင် ကျေနပ်လို့ မရဘူး။
ခုအပေါ်မှာ ရေးခဲ့သလောက်ဟာ သင်္ချာသစ်ရဲ ့ဖခင်ကြီး၊ analytic philosophy ကို စတည်ထောင်သူ တယောက်အဖြစ် တလေးတစား သတ်မှတ်ခံရတဲ့ ဂျာမန် သင်္ချာ ပညာရှင် Gottlob Frege ရဲ့အထင်ရှားဆုံး အက်ဆေး On Sense and Reference (ဂျာမန်လို Uber Sinn und Bedeutung) အက်ဆေးရဲ ့ပထမတဝက်ကို ဝေငှခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ တဝက်ကို တချိန်မှာ ဆက်တင်နိုင်မယ် မျှော်လင့်ပါတယ်။ အင်္ဂလိပ်လို ဖတ်နိုင်သူများက ဒီအက်ဆေးကို ရှာဖတ်နိုင်သလို Frege နဲ့ သင်္ချာသစ်၊ ဖီလော်ဆော်ဖီ အကြောင်း သိချင်သူတွေကတော့ ဒီလင့်မှာ http://plato.stanford.edu/entries/frege/ ဆက်ပြီးလေ့လာနိုင်ပါတယ်။
ဝတုတ်
အင်္ဂလိပ်က အင်္ဂလိပ်ကျင့် ကျင့်တော့ ဖားပြုတ်က မခံချိ မခံသာဖြစ်
လူမျိုးအတော်များများမှာ သူတို့ ကြည့်မရတဲ့ တခြားလူမျိုး တမျိုးကို လှောင်ပြောင်သရော်တဲ့ ဟာသတွေ၊ ဆိုရိုးတွေ ရှိကြမှာဘဲ။ ကုလားခပ်တဲ့ ပါနီ ကုလား ဖင်ဆေးတာနဲ့ ကုန်တာပဲတဲ့။ နောက်ဘာရှိအုံးမလဲ။ ဒါပေမယ့် လူမျိုး တမျိုးနဲ့တမျိုး အမုန်းတရားကို ဆွေစဉ်မျိုးဆက် ဂုဏ်လုပ်ပြီး သိမ်းဆည်းလာတဲ့ လူမျိုးတွေထဲမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ထက် သာတဲ့ လူမျိုးရှိမယ် မထင်ဘူး။
ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း အီးယူနဲ့ ခွာပြဲလာပြီးတဲ့နောက် ပြင်သစ် မီဒီယာတွေမှာတော့ ဘယ်လို ရေးသလဲ မသိဘူး။ ယူကေက မီဒီယာတွေမှာတော့ အီးယူနဲ့ ပတ်သက်သမျှကို တဆိတ် တအိတ်လုပ် ရေးတာတွေ နေ့တိုင်းလိုလိုပဲ။ ဟော သိပ်မကြာဘူး။ ပြင်သစ်က အစိုးရ အရာရှိမင်းများ ကိုယ်တိုင် ဝင်ပါလာတာ တွေ့ရတယ်။ စီပွားရေး အရကြည့်မယ်ဆို ခုချိန်မှာ အင်္ဂလိပ်ထက် ပြင်သစ် ဖြစ်ရတာ ပိုကောင်းတယ်ဆိုပြီး ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးက ပြောတယ်။ အင်္ဂလိပ်ဘက်က ဘယ်လို ပြန်ချေသလဲ ဆိုတာတော့ သတိ မပြုမိဘူး။
တကယ်တော့ ပြင်သစ်နဲ့ အင်္ဂလိပ်ဟာ တချိန်က ကမ္ဘာ့ရန်သူတွေ။ နှစ်တရာမက စစ်တိုက်ခဲ့ကြသူတွေ။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် ကျမှ အတူတူ လက်တွဲတိုက်တာ။ အဲ သူ့အရင် ခရိုင်းမီးယားစစ်ကို ထည့်မပြောဘူးဆိုရင်ပေါ့လေ။
အခု တဘက်နဲ့ တဘက် စစ်မတိုက်ကြတော့ပေမယ့် တဘက်က တဘက်ကို contempt လို့ ပြောမလား၊ မနာလိုမှု၊ သောက်မြင်ကပ်မှု၊ တဘက် ဒုက္ခရောက်ရင် နောက်တဘက်က ကြိတ်ပဲ ဖြစ်ဖြစ် ဗြောင်ဝမ်းသာ ပြတာပဲ ဖြစ်ဖြစ် အားရှိပါရှိ လုပ်တတ်ကြတာကလား။ အခု အီးယူထဲမှာ ငွေရေး ကြေးရေးကို အကြောင်းပြုပြီး နှစ်ဘက် အစာမကြေ ဖြစ်လာတဲ့ အခါကျတော့ ဒီဉာဉ်လေးတွေဟာ ဟာသတွေ၊ ဆိုရိုးတွေ အကူနဲ့ မျက်နှာပြင်ပေါ် တက်လာတယ်။
ဥပမာ ပုရိသ လိင်အင်္ဂါစွပ်ကို ပြင်သစ်တွေက capote anglaise လို့ ခေါ်တယ်။ အင်္ဂလိပ် အစွပ်လို့ ပြန်ရမလားမသိ။ စကားမစပ် အင်္ဂလိပ်တွေကတော့ Dutch cap ဒတ်ချအဖုံး အစွပ်လို့ ခေါ်တယ်။ တချိန်က ကာလသား ရောဂါ ဆစ်ဖလစ်ကို ပြင်သစ်တွေက la maladie anglaise အင်္ဂလိပ် ရောဂါလို့ ခေါ်တယ်။ ဒီရောဂါကိုပဲ အင်္ဂလိပ်က ခေါ်ပုံက French gout တဲ့။ စိတ်ဝင်စားဖို့ ကောင်းတာက တဏှာရာဂ ထကြွ ကမြင်းကြောထပြီး ရလာတဲ့ ရောဂါဆိုရင် ကိုယ်သောက်မြင်ကပ်တဲ့ လူမျိုးနဲ့ ဆက်စပ်ပစ်လိုက်တဲ့ အကျင့်ဟာ လူမျိုး အတော်များများမှာ တွေ့ရတတ်တာပဲ ဖြစ်တယ်။ ဘာလို့ဆို ကာလသား ရောဂါကို ရုသျှတွေက польский болезни ပိုလန် ရောဂါတဲ့။ အလားတူပဲ။ အီတာလျံတွေက ဒီရောဂါကို စပိန်ရောဂါလို့ ခေါ်တယ်။
နောက်တခါ porn ကို အင်္ဂလိပ်က French postcards ပြင်သစ် ပို့စကဒ်တဲ့။ အပြန်အလှန်အားဖြင့် ပြင်သစ်မတွေက သူတို့ ရာသီလာတာကို ညွှန်းတဲ့အခါ les anglais ont debarques အင်္ဂလိပ်တွေ ရောက်ပြီလို့ ပြောကြတယ်။ နပိုလီယံ လက်ထက်က အင်္ဂလိပ် စစ်သားတွေက အနီရောင် ဝတ်စုံကြီးတွေ ဝတ်တယ်မလား။
နောက်တခါ အလုပ်မသွားချင်လို့ နေမကောင်းချင်ယောင် ဆောင်ပြီး ယူတဲ့ ခွင့်ကို အင်္ဂလိပ်က taking French leave လို့ သုံးတယ်။ အံအားသင့်စရာ ကောင်းတာက ပြင်သစ်မှာကျတော့ အဲဒိလိုမျိုး ခွင့်ယူပုံကို filer a l’anglaise တဲ့။
နောက်တခါ အစားအသောက်နဲ့ ပတ်သက်လာရင်လည်း တဘက်နဲ့ တဘက် အညှာပေးလေ့ မရှိပါဘူး။ အရင် ပြင်သစ် သမ္မတ ရှီဟတ်က ဒီလောက် အချက်အပြုတ်ညံ့တဲ့ လူမျိုးကို ယုံလို့ မရဘူးလို့ ကလိဘူးတယ်။ You can’t trust a people who cook as badly as that. အင်္ဂလိပ်ကတော့ ပြင်သစ်တွေကို လှုပ်တာ မှန်သမျှ အကုန်စားတယ် French eats anything that moves ဆိုပြီး ပြန်ခေျပတယ်။ အဲ ပြင်သစ်တွေကို ဖားပြုတ်တွေ frogs တွေလို့ ခေါ်တာကတော့ အတော်များများ သတိပြုမိကြမှာပဲ။ ပြင်သစ်တွေက ဖားသားလည်း စားတာကိုး။ ပြင်သစ်တွေကတော့ သူတို့ နိုင်ငံမှာ စွဲမက်စရာ မရှိဆုံးဟင်း ရေလုံပြုတ်ဟင်းကို legumes a l’anglaise အင်္ဂလိပ် သီးစုံဟင်းလို့ ခေါ်တယ်။ အသားတုံးတွေကို ကင်ပြီး အအေးခံထားတဲ့ အင်္ဂလိပ်လို cold meat လို့ ခေါ်တဲ့ အရာကို ပြင်သစ်က un assiette anglaise အင်္ဂလိပ်ဟင်းတဲ့။
နောက်တခါ အင်္ဂလိပ်တွေ ကစားတဲ့ ခရစ်ကက်က စည်းမျဉ်းစည်းကမ်းတွေက ရှုပ်တယ်မလား။ ဒီတော့ စည်းမျဉ်းစည်းကမ်းတွေကို အလွယ်လုပ်ပြီး  ကစားတဲ့ ခရစ်က်ကို simplified cricket ကို French cricket တဲ့။ proper cricket မဟုတ်ဖူးလို့ ကလိတယ်။ ပြင်သစ်တွေက နည်းနည်း ရှုပ်လာရင် လိုက်မမှီတော့တာကို ရိထားတာ နေမှာပေါ့။ နောက်တခါ ကိုယ့်ဟာကိုယ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတဲ့ အဖြစ်ကို အင်္ဂလိပ်က having a French cut လို့ သုံးတယ်။
နှစ်ဆယ် ရာစုထဲမှာ ဂျာမန်နဲ့ အင်္ဂလိပ် အကြီးအကျယ် စစ်တိုက်ခဲ့တာတောင်မှ တဘက်နဲ့ တဘက် ဒီလောက် မုန်းပုံ မရဘူး။ မုန်းတာထက် contempt ကြီးတာလို့ ပြောရင် ပိုမှန်မယ်။ အင်္ဂလိပ်က ဒတ်ချ တွေလည်း အညှာမပေးပါဘူး။ အရက်လေး နည်းနည်းဝင်လာပြီးမှ ပြတဲ့ သတ္တိမျိုးကို Dutch bravery တဲ့။ နောက်တခါ အင်္ဂလိပ် တယောက် စကားပြောရင်း ရိုင်းရိုင်းစိုင်းစိုင်းတွေ၊ အတိုင်းအထွာတွေ ပါသွားလို့ တောင်းပန်ရင် ဘယ်လို ပြောလဲဆိုတော့ pardon my French တဲ့။ ပြင်သစ်တွေကတော့ သူတို့ စကား မတတ်တခေါက် မပီကလာ ပီကလာ ပြောလာတဲ့ အင်္ဂလိပ်တွေကို les fuckoffs တဲ့။ ရေလက်ကြားကို ဖယ်ရီနဲ့ ကူးပြီး ပြင်သစ်ဘက်ကို အင်္ဂလန်က လူတွေ ဝိုင်လာဝယ်ရင် ဖတ်ကော့ဖတွေ လာပြီလို့ ပြောကြတယ်။ ဒါတင်မကဘူး။ ပြင်သစ်မှာ လူလည်ကျတာ၊ ဂတုံးပေါ် ထိပ်ကွက်တဲ့ ကြိယာကို anglaiser အင်္ဂလိပ်ကျင့် ကျင့်တယ်လို့ သုံးတယ်။ အင်္ဂလိပ်ကလည်း ယုံကြည်ကိုးစားလို့ မရတဲ့ လူမျိုးကို frenchfied တဲ့။ စကားမစပ် ရှိတ်စပီးယား ပြဇာတ်တွေမှာဆို လူလည်ကျတဲ့ ကလိန်ကကျစ် တွေကို monsieur လို့ပဲ သုံးတာများတယ်။
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား ပြင်သစ်မှာ ခဏသွားနေတုန်းက ပြင်သစ် စားသောက်ဆိုင် တဆိုင်မှာ ဝိတ်တာ လုပ်ရတယ်။ အစပိုင်းမှာ ဘလဲယားက သူ့ကို လာစားသူတွေက tips ပေးတဲ့အခါ သူ့ဟာသူ သိမ်းထားတတ်တယ်။ အဲ့ဒါကို ပြင်သစ် စားပွဲထိုးတယောက်က မြင်တော့ ဒီလို မလုပ်ရဘူးတဲ့။ ဟိုမှာ ဗူးလေးတွေ့လား၊ ကပ်စတိုမာ ပေးသမျှကို အဲဒိဗူးလေးထဲထည့်။ တပတ်ပြည့်တဲ့အခါ ဗူးထဲ ရှိသမျှကို တဆိုင်လုံး ခွဲယူရတယ်တဲ့။ ဒီတော့ ဘလဲယားက ဟုတ်ပြီပေါ့။ သူ့ပေးသမျှကို ဗူးထဲ သွားသွားထည့်တယ်။ နောက်ဆုံး တပတ်ပြည့်တဲ့ အခါကျမှ အဲဒိဗူးထဲ ပိုက်ဆံ ထည့်တာ သူတယောက်ပဲ ရှိတာကို သိရသတဲ့။ ဘလဲယားက အဲဒိ အဖြစ်အပျက်ကို ဘယ်လို ပြောလဲဆိုတော့ This is my first experience with French socialism တဲ့။
(အပေါ်မှာ ပြောခဲ့တာ အတော်များများကို ဒီရက်ပိုင်းမှာ ထုတ်တဲ့ Guardian နဲ့ Times သတင်းစာတွေက ရတယ်။ တိုနီဘလဲယား ပြောတာကတော့ သတင်းစာ တခုမှာ သူပြောတာကို ရေးထားတာကတဆင့် သိရတယ်။)
watote
norm and conformity
ဒီနေ့ ဟောပြောပွဲတခု သွားခဲ့တယ်။ ဟောပြောသူက ထိုင်းသမိုင်းပညာရှင်တွေထဲမှာ လောလောဆယ်နာမည်အကြီးဆုံးလို့ ပြောလို့ရမယ့် ပါမောက္ခ Thongchai Winichakul။ သူပြောတဲ့ခေါင်းစဉ်က Thailand: The State in Denial တဲ့။ အဓိကပြောသွားတဲ့ အကြောင်းက ဘုရင်၊ ဖိဖုရားနဲ့ ဘုရင်လောင်းလျာကို အသရေဖျက်တာ၊ ပုတ်ခတ်တာ၊ ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး အရေးယူလို့ရတဲ့Article 112 လို့ခေါ်တဲ့ ဥပဒေအကြောင်း။
သူအဓိကထားပြောသွားတာက ထိုင်းနိုင်ငံမှာ အဲဒီပုဒ်မတည်နေတာဟာ ဘုရင်ကိုသစ္စာရှိတဲ့ လူတန်းစားတစုကြောင့်မဟုတ်ဘဲ civil society တခုလုံးကပူးပေါင်းပြီး အသံတိတ်နေလို့တဲ့။ norm လို့ခေါ်တဲ့ လူအများစုလက်ခံတာကိုပဲ ပြောရမယ်ဆိုတဲ့အသိကြီးနဲ့ လူတိုင်းက အသံတိတ်ပူးပေါင်းပြီး ဒီဥပဒေကို သက်ဆိုးရှည်စေတယ်။ တခါအတိတ်မှာလဲ ၁၉၇၅ အောက်တိုဘာ ၆ရက်လူသတ်မှုကြီးကို လူထုကြီးက သြဘာပေးခဲ့ကြတယ်။ အဲဒီတုန်းက လူ၄၀ကျော်အသတ်ခံရတယ်။
တမာဆတ်ကကျောင်းသားတွေ ဆန္ဒပြတာကို ဘယ်သူမှန်းအခုထိဖော်ထုတ်လို့မရတဲ့ (၁၉၇၆ လွတ်ငြိမ်းချမ်းသာခွင့်က ကျောင်းသားတွေရော သတ်သူတွေကိုပါ ပါးစပ်ပိတ်ပစ်လိုက်တယ်။ တရားခံသိအုံးတော့။ အဲဒီလူကို တရားစွဲလို့မရတော့ဘူး။) အဲဒီကိစ္စမှာ လူ၅ယောက် လူအုပ်ရှေ့မှာ ကြိုးစင်တင်ခံရတယ်။ မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတယ်။ အဲဒါကို ဘေးမှာကြည့်နေတဲ့ လူထုက လက်ခုတ်လက်ဝါးတီးပြီး အားပေးကြတယ်။
ဒါဟာ၁၉၇၀နှောင်းက norm လား။  လူတွေက တကယ့်ကို လိုလိုလားလားလက်ခံခဲ့ကြတာလား။ ဒီနေရာမှာ norm ဆိုတာ reality အရှိတရားမဟုတ်ဘဲ ကိုယ့်စကားကို သူများနားထောင်ဖို့၊ ကိုယ့်လုပ်ရပ်က အများအမြင်မှာ မှန်တယ်ဆိုတာဖြစ်ဖို့ လုပ်တာ။ reality ကတော့ တကယ့် ပကတိအဖြစ်မှန်။ ပါမောက္ခပေးတဲ့ ဥပမာနဲ့ရှင်းရရင် ထိုင်းမှာ ဘုန်းကြီးတွေဂစ်တာမတီးဘူးဆိုတာ norm။ တယယ့်အဖြစ်မှာ ဂစ်တာတီးတဲ့ဘုန်းကြီးတွေရှိတယ်။ တခြားမဟုတ်တာလုပ်တဲ့ ဘုန်းကြီးတွေလဲရှိတာပဲ။ ဒါပေမယ့် ထိုင်းဘုန်းကြီးတွေ ဂစ်တာတီးတာ သတင်းစာမှာပြလို့မရဘူး။ ရုပ်ရှင်ထဲထည့်မရိုက်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပုံရိပ်တွေဟာ အများလက်ခံတဲ့၊ အစိုးရကလက်ခံတဲ့ norm မဟုတ်လို့။
အဲဒါနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ အများကြီးရှိတယ်။ အချိန်ရရင် စာတပုဒ်လောက်အေးအေးရေးချင်တယ်။ ထုံးစံအတိုင်း အချိန်မရလို့ ဒီအကြောင်းနဲ့ပတ်သက်ပြီး၊ အခုလေးတင် မကေဘလော့က နောက်ဆုံးစာရယ် သူ့အောက်က ကွန်မန့်အချို့ရယ်ဖတ်ပြီး ဒီစာလေးကောက်ရေးဖြစ်တယ်။
ရိုဟင်ဂျာတွေကို လူတွေလို့ မမြင်ကြတာ ဗမာတွေ (ဗမာပြည်ထဲက၊ ဗမာပြည်ကလာသူတွေအားလုံးကို ဆိုလိုပါတယ်) ရဲ့ norm လား။ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကလဲ လက်မခံဘူး။ ဗမာပြည်ကလဲ လက်မခံဘူး။ တိုင်းပြည်ထဲမှာ လူတိုင်းလူတိုင်း တန်းတူအခွင့်အရေးရရေး၊ ဒီမိုကရေစီရရေး၊ ကိုယ့်သဘာဝပတ်ဝန်းကျင်ကို ကိုယ့်အတွက် နောက်မျိုးဆက်တွေအတွက် ကာကွယ်ပေးဖို့၊ ရေဘေးဒုက္ခသည် ကယ်ဆယ်ရေး စတဲ့အရေးပေါင်းများစွာမှာ စေတနာလဲပါ တကယ်လဲလုပ်ကြတဲ့ လူတွေဟာ လူကို ရိုဟင်ဂျာဖြစ်လို့ လူအဖြစ်မမြင်နိုင်တာ norm လား။
Norm ရော reality ရော မဟုတ်ပါစေနဲ့လို့ ဆုတောင်းတယ်။ ဟုတ်ရင်တော့ ငါတို့ပြောတာပဲအမှန်။ ရိုဟင်ဂျာကို ထောက်ခံပြောရအောင် ရှင်၊ မင်း၊ ခင်ဗျား ဗမာမဟုတ်လို့လားလို့ ပြောကြမှာ။ ဗမာဆိုရင် ဘာ၊ ဘာလုပ်မှ ဘာပြောမှ ဗမာဖြစ်မယ်လို့ ဒီ norm ကို ပကတိ အမှန်တရားဖြစ်အောင်ပြောနေကြသူတွေက ပြောနိုင်စရာရှိတယ်။
ဒါပေမယ့် လူသားကို လူသားလိုကြည့်နိုင်ကြသူတွေ၊ ကိုယ်ယုံကြည်ရာကို ကိုယ်ထုတ်ပြောနိုင်တဲ့ သတ္တိရှိပြီး အဲဒီလိုထုတ်ပြောတာကိုလဲ ထောက်ခံတဲ့ သူတွေရှိနေတာကိုကြည့်ပြီး အခု facebook မှာတွေ့နေရတဲ့ ရိုဟင်ဂျာတွေအပေါ် လူသားချင်းမစာနာတဲ့အမြင်ဟာ ဗမာတိုင်း ရဲ့အမြင်မဟုတ်ဘူးဆိုတာ ပြောချင်တာပဲ။ အဲဒီလိုမမြင်လို့ ခင်ဗျားဗမာမဟုတ်ဘူးဆိုရင် ဗမာဟုတ်၊ မဟုတ်ဘယ်သူက သတ်မှတ်ပိုင်ခွင့်ရှိသလဲဆိုတာနဲ့ လူသားချင်းမစာနာနိုင်တဲ့စိတ်ရှိမှဗမာလို့သတ်မှတ်မယ့် norm ပေါ်လာရင် အဲဒီပုံစံခွက်ထဲ ကိုယ့်ကိုကိုယ်အဝင်ခံမလား စဉ်းစားကြည့်ကြပါစို့။
သရဖီသန်း
ဘုရားသခင် သေဆုံးခြင်း
မနက်ခင်း လင်းလင်းချင်းချင်းကြီးမှာ မီးအိမ်ကြီး လက်ကကိုင်ပြီး ဈေးထဲပြေးဝင်လာ၊ ပါးစပ်ကလည်း ‘ငါဘုရားသခင်ကို ရှာနေတယ်၊ ငါဘုရားသခင်ကို ရှာနေတယ်။’ဆိုပြီး အဆက်မပြတ် အော်ဟစ်နေတဲ့ အရူးတယောက် အသံကို မင်းတို့ မကြားကြဘူးလားဟေ။ လမ်းမှာ ရပ်နေတဲ့လူတွေထဲမှာ ဘုရားသခင်ကို မယုံတဲ့လူတွေလည်း အများကြီးရှိလေတော့ ဒီအရူးက သူတို့အတွက် ရီစရာ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ၊ ဘုရားသခင် တကယ်ပဲ ပျောက် သွားလို့လား ဆိုပြီး တယောက်က မေးတယ်။ နောက်တယောက်ကလည်း ဘုရားသခင် သူငယ်ပြန်သွားလို့လားတဲ့။  ဒါမှမဟုတ် ပုန်းနေတာပဲလား၊ ဒို့တွေကို ကြောက်လို့လား၊ ပင်လယ်ရပ်ခြားများ ခရီး ထွက်သွားသလား၊ တခြားများ ပြောင်းသွားလား ဆိုပြီး  လှောင်ပြောင် မေးခွန်းထုတ်ရင်း အာလုပ်သံကြီးတွေနဲ့ ဟားတိုက်ရီမောကြတယ်။ အရူးကတော့ လူတွေကြားထဲ ဝုန်းကနဲ ဒိုင်းကနဲ ဝင်လာပြီး ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့်နဲ့ဆိုတော့ လူတွေက သူ့အာရုံမစိုက်မိဘဲ မနေဘူး။ ‘ဘုရားသခင် ဘယ်ရောက်သွားလဲ’ ဆိုပြီးတခါ အော်ပြန်ရော။ ဒီမှာ ကျုပ်ခင်ဗျားတို့ကို ပြောမလိုပဲ။ ကျုပ်တို့ သူ့ကို သတ်ပစ် လိုက်ပြီ။ ဟုတ်တယ်၊ ခင်ဗျားတို့ ကျုပ်တို့ သူ့ကို သတ်ပစ်လိုက်ပြီ။ ကျုပ်တို့ သူ့ကို ဘယ်လို သတ်ပစ်လိုက်ကြလဲ… ဟင် ဖြေကြစမ်းပါ။ ပင်လယ်ရေတွေ အကုန်လုံး ကုန်အောင် ဘယ်လိုလုပ်ပြီးများ သောက် ပစ်နိုင်ကြလဲ၊ မိုးကုပ်စက်ဝိုင်း တခုလုံးကို ပြောင်လက်သွားအောင် ပွတ်တိုက်ဖို့ အုန်းဆံဖတ်ကို ဘယ်သူပေးလဲ။ ကမ္ဘာမြေကြီးကို နေရဲ့ဆွဲငင်အားကနေ လွတ်ထွက် သွားအောင် လုပ်ပြီးရင် ဒို့ဘာလုပ်ကြ မလဲ။ ခုဒီကနေ ဘယ်ကို ရွေ့မလဲ။ ဒို့ရော ဘယ်သွားမလဲ။ နေတွေအားလုံးကနေ ဝေးရာ ဆီသွားမလား။ မရပ်မနား တသွားထဲ သွားတော့ မလား။ နောက်ပြန်သွား၊ ဘေးတိုက်သွား၊ တည့်တည့်သွား ခြေဦးတည့်ရာ သွားကြမလား။ အထက်နဲ့ အောက်ဆိုတာရော ရှိသေးရဲ့လား။ ဒို့တွေ ဘာမှမရှိမှုဆီကို လွင့်နေတာ မဟုတ်ဖူးလား။ ပိုပိုပြီး အေးမလာဘူးလား။ ညကနက်ပြီးရင် နက်နေတော့မှာလား။ မနက်ခင်းကြီးမှာ ကျုပ်တို့ မီးအိမ်ထွန်းရတော့မလား။ ဘုရားသခင်ကို မြေမြှတ်သဂြိုလ်နေတဲ့ သုဘရာဇတွေရဲ့ ဆူဆူညံညံ အသံတွေကို မကြားကြဘူးလား။ ဘုရားသခင် သေပြီ။ သူ့ကို ကျုပ်တို့ သတ်လိုက်တာ။ ကမ္ဘာမှာ တွေ့ခဲ့သမျှထဲမှာ အသန့်စင်ဆုံး၊ အမြင့်မြတ်ဆုံး အရာဟာ ကျုပ်တို့ ဓားဖျားမှာ သွေးအလိမ့်လိမ့်နဲ့။ ကျုပ်တို့ကိုယ်မှာ စွန်းနေတဲ့ သူ့သွေးတွေကို ဘယ်သူ သုတ်ပေးမှာလဲ။ ဘယ်လိုရေနဲ့ ကျုပ်တို့ကိုယ် ကျုပ်တို့ ဆေးကြောကြမလဲ။ သူ့ရဲ့ ကြီးမြတ်လှတဲ့ အလုပ်က ကျုပ်တို့အတွက် ကြီးလွန်းမနေဘူးလား။ ဘုရားသခင်နဲ့ ထိုက်တန်တဲ့ ပုံပေါ်အောင် ကျုပ်တို့ကိုယ်တိုင်ပဲ ဘုရားသခင် ဖြစ်လိုက်ပါတော့လား။ ကျုပ်တို့ နောက် မွေးလာမယ့်လူတွေ ဟာ ပေါ်ခဲ့ပြီး သမျှ ခေတ်တွေ ထက် ကြီးမားမြင့်မားတဲ့ ခေတ်မှာ မွေးလာတော့မှာ။ ဒီထက်ကြီးမြတ်တာမျိုး ရှိပါအုံးမလား။’ ဒီလိုပြောပြီးနောက်မှာ အရူး အသံတိတ် သွားတယ်။ ပြီးတော့ သူ့ကို နားထောင်နေသူတွေကို တခါ ပြန်ကြည့်တယ်။ ဒီလူတွေကလည်း  ငြိမ်ပြီး သူ့ကိုအံအား တသင့် ကြည့်နေကြတယ်။ နောက်ဆုံးတော့ သူ့မီးအိမ်ကို မြေကြီးပေါ် ပစ်ချလိုက်တဲ့အခါမှာ မီးအိမ်ဟာ တစစီ ကွဲကျေပြီး မီးလည်းငြိမ်း သွားတယ်။ ‘ကျုပ်လာတာ တော်တော်စောသွားတယ်။ ကျုပ်လာဖို့ကောင်းတဲ့ အချိန် မဟုတ်သေးဘူး။ ဒီကြီးမားလွန်ကဲ တဲ့ ဖြစ်ရပ်ကြီးက မပြီးဆုံးသေးဘူး၊ ခရီးဆက်နေတုန်း ရှိသေးတယ်။ လူတွေရဲ့ နားထဲကို မရောက်သေးဘူး။ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ သူ့အချိန်ရောက်မှ သူလက်တယ်၊ ပစ်တယ်။ အဲ့သလိုပဲ ကြယ်တွေဆီက အလင်း ကျုပ်တို့ဆီရောက်ဖို့လည် အချိန်ယူရသေးတယ်။ ဘာအလုပ်ပဲ ဖြစ်ဖြစ် အချိန်လိုတယ်။ လုပ်လို့ ပြီးသွားရင်တောင် ပြီးသွားတာကို မြင်ဖို့ ကြားဖို့ အချိန်လိုသေးတယ်။ ခုကျုပ်ပြောနေတဲ့ အလုပ်က[ပီးဆုံးဖို့]အဝေးဆုံး ကြယ်ထက်တောင် လူတွေနဲ့ ဝေးနေသေး တယ်။ ဒါပေမယ့် သူတို့ဒါကို လုပ်လိုက်ကြပြီ။’ နောက်ပိုင်းပြန်ကြား တာက အရူးဟာ ခရားရေလွှတ် ပြောပြီးနောက် တရက်ထဲမှာ ဘုရားကျောင်းတွေကို တကျောင်းဝင် တကျောင်းထွက်နဲ့ ထာဝရ လဲလျောင်းသွားရှာပြီ ဖြစ်တဲ့ ဘုရားသခင်ကို လိုက် ဦးညွတ်ဝတ်ပြုနေတာကို တွေ့လိုက်ကြရတယ်တဲ့။ သူ့ကို ခေါ်ပြီး သူ့လုပ်ရပ်ကို ရှင်းပြခိုင်းတဲ့ အခါမှာ သူက အဖြေတခုထဲပဲ ပေးတယ်။ ‘ဒီဘုရားကျောင်းတွေဟာ ဘုရားသခင်ရဲ့ ဂူဗိမာန်တွေ၊ ကမ္ဗည်းတိုင်တွေ မဟုတ်ရင် ဒါတွေက ဘာတွေလဲ။’  Nietzsche’s The Death of God ကိုဘာသာပြန်သည်။
The Prince by Machiavelli 3
[အခန်းသုံးမှာ တိုင်းပြည်တပြည် ဟာ အသစ် သိမ်းလို့ရထားတဲ့ တခြား နယ်တခုခုကို ထိန်းသိမ်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကို မက်ခီယာဗယ်လီက ရှင်းပြခဲ့တယ်။ ဒါပေမယ့် အလက်ဇန်းဒါး Alexender the Great ရဲ့ သိမ်းပိုက်တာ ခံရတဲ့ ဒါရီးယပ် တိုင်းဟာ အလက်ဇန်းဒါးသေတဲ့အခါ တတိုင်းပြည်လုံး ထကြွပြီး ပုန်ကန်ခြားနားမယ်လို့ ထင်စရာ ရှိပေမယ့် ဒါမျိုး မဖြစ်ခဲ့ဘူး။ ဘာ့ကြောင့် မပုကန်သလဲ ဆိုတာကို မက်ခီယာဗယ်လီက ရှင်းပြတယ်။ အဲ့သလို ရှင်းပြတဲ့အခါမှာ power distribution အုပ်ချုပ်မှု အာဏာ ဖြန့်ကျက်တည်နေပုံနဲ့ ပတ်သက်ပြီး အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတဲ့ သူ့ရဲ့ အမြင်တွေကို တွေ့ရတယ်။ ဒီအမြင်တွေဟာ ကနေ့ချိန်ထိ အကြုံးဝင် မဝင်ဆိုတာ စာဖတ်သူတို့ ဆင်ခြင်ကြည့်ကြပါ။]
… all principalities known to us are governed in two different ways: either by a prince with all the others his servants, who as ministers (through his favor and permission) assist in governing that kingdom; or by a prince and by barons, who hold that rank not because of any favor of their master but because of antiquity of their bloodline. [with နဲ့ and ခြားပြီး သုံးထားတာ သတိပြုပါ။]
သိရသလောက် principality အားလုံးကို အုပ်ချုပ်ပုံ နှစ်နည်းရှိတယ်။ တနည်းက မင်းနဲ့ သူကိုယ်တိုင် သဘောကျလို့ ဝန်ကြီးတွေ အဖြစ် ခန့်ထားတဲ့ သူ့ရဲ့ အစေအပါးတွေ အုပ်ချုပ်တဲ့နည်း၊ ဒီနည်းမှာ သူ့အစေ အပါး ဝန်ကြီးတွေက အုပ်ချုပ်ရာမှာ သူ့ကို အကူအညီပေးတယ်။ နောက်တနည်းက မင်းနဲ့ [barons] နယ်စားပယ်စားတွေ အတူတွဲ အုပ်ချုပ်တဲ့နည်း။ ဒီနယ်စား ပယ်စားတွေဟာ သူတို့ အရိုက် အရာကို မင်းရဲ့ ကြည်ဖြူ နှစ်သက်မှုနဲ့ ရထားတာ မဟုတ်ပဲ သားစဉ်မြေးဆက် အစဉ်အလာတွေ အရ ရထားတာ ဖြစ်တယ်။
[ပထမနည်းမှာ အုပ်ချုပ်မှု အာဏာက တနေရာထဲမှာ (မင်းဆီမှာ) သွားစုနေပြီး ဒုတိယနည်းမှာ အာဏာက ပြန့်နေတာကို မက်ခီယာဗယ်လီက ပြောချင်တာ ဖြစ်တယ်။ အပေါ် စာပိုဒ်မှာ ပါတဲ့ with နဲ့ and မှာ with က မင်းက ခန့်ထားတဲ့ ဝန်ကြီးတွေက မင်းကို ကူရုံကူရတဲ့ အနေအထားကို ပြောချင်တာ ဖြစ်ပြီး and က မင်းနဲ့ နယ်စားပယ်စားတွေ တန်းတူဖြစ်မှုကို ဆိုလိုတယ်။  မက်ခီယာဗယ်လီက တူရကီနဲ့ ပြင်သစ် ဘုရင်တွေကို ဥပမာအဖြစ် ပြတယ်။]
One ruler governs the entire kingdom of the Turk; the others are his servants; and dividing his kingdom into …, he sends various administrators there, and he moves them and changes them around as he pleases. But the King of France is placed among a group of hereditary nobles who are recognized in that state by their subjects and who are loved by them; they have their hereditary privileges, which the King cannot take away without endangering himself.
တူရကီမှာ တတိုင်းပြည်လုံးကို တယောက်ထဲက အုပ်ချုပ်ပြီး ကျန်တဲ့လူတွေက သူ့အစေအပါးတွေပဲ ဖြစ်တယ်။ တူရကီ ဘုရင်က တိုင်းပြည်ကို … စိတ်ပိုင်းပြီး အုပ်ချုပ်ရေးမှုးတွေခန့်၊ ပြီးရင် ဒီအုပ်ချုပ်ရေးမှုးတွေကို သူလိုရင် လိုသလို အပြောင်းအရွှေ့ လုပ်တယ်။ ဒါပေမယ့် ပြင်သစ်မှာတော့ ဘုရင်က သားစဉ်မြေးဆက် အစဉ်အလာနဲ့ ရာထူးရထားတဲ့ သူကောင်းမျိုးတွေကြား ရောက်နေတယ်။ ဒီသူကောင်းမျိုးတွေက သူတို့ ဆိုင်ရာ နယ်ပယ်က လက်အောက်ငယ်သားတွေရဲ့ ချစ်ခင်မှုနဲ့ နေရာ ရထားသူတွေ ဖြစ်တယ်။ သူတို့ဆီမှာ သားစဉ်မြေးဆက် ရလာတဲ့ အခွင့်အရေးတွေရှိတယ်။ ဘုရင်က ဒီအခွင့်အရေးတွေကို ရုပ်သိမ်းရင် သူဒုက္ခမရောက်ပဲ မနေဘူး။
[ဒီတိုင်းပြည်နှစ်ခုမှာ တူရကီက သိမ်းရတာ ခက်ပြီး ထိန်းသိမ်း အုပ်ချုပ်ရတာ လွယ်တယ်၊ တဘက်မှာ ပြင်သစ်က သိမ်းရတာ လွယ်ပြီး ထိန်းသိမ်း အုပ်ချုပ်ရတာ ခက်တယ်လို့ မက်ခီယာဗယ်လီက ပြောတယ်။ သူဘာလို့ ဒီလို ပြောသလဲ။]
The reasons for the difficulty in being able to occupy the kingdom of the Turk are because it is not possible to be summoned there by the princes of that kingdom, or to hope, through the rebellion of those the ruler has around him, to make your enterprise easier. …since they are all his slaves and bound to him, it is more difficult to corrupt them; and even if they could be corrupted, little profit can be hoped for, since they will not be followed by the people for the reasons already discussed. Therefore, anyone who attacks the Turk must realize that he will find him completely united, and he must rely more on his own forces than on the disunity of his opponent. But once beaten and broken in battle so that he cannot regroup his troops, there is nothing else to be feared than the ruler’s family.
တူရကီကို သိမ်းပိုက်ရခက်တဲ့ အကြောင်းရင်းတွေက အဲဒိတိုင်းပြည်မှာ ရှိတဲ့ မင်းတွေက ကိုယ့်ကို သူတို့ဆီကြွအောင် ပင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တခါ အဲဒိတိုင်းပြည်မှာ မင်းလုပ်နေသူ အနားက လူတွေ သူ့ကို ပြန်ပုန်ကန်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဘာလို့ဆို သူ့ပတ်ပတ်လည်က လူအားလုံးက သူ့ရဲ့ အစေအပါးတွေချည်း ဖြစ်ပြီး သူနဲ့ခွဲလို့ မရဘူး၊ ဒီတော့ ဒီလူတွေကို အကျင့်ဖျက်လို့ မရဘူး။ ဖျက်လို့ ရရင်တောင် သူတို့နောက်ကို တခြားလူတွေက ပါလာမှာမဟုတ်တဲ့အတွက် အကျိုးအမြတ် အနည်း အကျဉ်းပဲ မျှော်လင့်နိုင်မယ်။ အဲဒိအတွက်ကြောင့် တူရကီကို တိုက်ဖို့ ကြိုးစားတဲ့သူဟာ တနိုင်ငံလုံးက တူရကီမင်းနဲ့ တစည်းတလုံးထဲ ရှိနေတာ တွေ့ရမှာဖြစ်ပြီး အနိုင်တိုက်နိုင်ဖို့ရာ ကိုယ့်ရန်သူဘက်က စိတ်ဝမ်းကွဲပြားမှုထက် ကိုယ့်တပ်ကိုပဲ ကိုယ်အားကိုးရမှာ ဖြစ်တယ်။ ဒါပေမယ့် စစ်မြေပြင်မှာ ဒီမင်းကို နိုင်လိုက်ပြီ၊ နောက် သူရဲ့ တပ်တွေကိုလည်း သူ့အနေနဲ့ ပြန်မစုစည်း နိုင်တော့ဘူး ဆိုရင် အုပ်ချုပ်သူရဲ့ မိသားစုကလွဲပြီး တခြား ဘာမှ ကြောက်စရာ မရှိတော့ဘူး။
The opposite occurs in kingdoms governed like that of France, because you can invade them with ease once you have won to your side some barons of the kingdom, since you can always find malcontents and men who desire a change. These people, for the reasons already given, can open the way to that dominion and facilitate your victory. However, when you wish to hold on to it this is accompanied by endless problems, both with those who have helped you and with those you have suppressed. Nor is it sufficient for you to wipe out the ruling family, since the nobles who make themselves heads of new insurrections still remain. And since you are neither able to make them happy nor to wipe them out, you lose that dominion whenever the opportunity arises.
ပြင်သစ်က ပုံစံလို အုပ်ချုပ်တဲ့ တိုင်းပြည်တွေကျတော့ [တူရကီနဲ့] ပြောင်းပြန်။ တိုင်းပြည်ထဲက နယ်စား ပယ်စားတချို့ ကိုယ့်ဘက်ပါလာပြီဆိုရင် ဒီတိုင်းပြည်ကို ဝင်သိမ်းလို့ရပြီ။ ဒီနယ်စား ပယ်စားတွေ ထဲမှာ အပြောင်းအလဲ ဖြစ်ချင်တဲ့သူတွေ၊ လက်ရှိအုပ်ချုပ်မှုကို မရောင့်ရဲ့သူတွေကို ဘယ်တော့ မဆို ရှာတွေ့ နိုင်တယ်။ ဒီလူတွေက ကိုယ့်ကို တိုင်းပြည်သိမ်းနိုင်အောင် တံခါးဖွင့်ပေးပြီး ကိုယ့်ရဲ့ လုပ်ကြံမှု အောင်မြင် အောင် ဆောင်ကြဉ်းပေးလိမ့်မယ်။ [ဘာ့ကြောင့် ခုလို တံခါးဖွင့်ပေးသလဲ ဆိုတာ အခန်းသုံးမှာ မက်ခီယာ ဗယ်လီက ရှင်းပြထားတယ်။] ဒါပေမယ့် ဒီတိုင်းပြည်ကို ရပြီး ဆက်ထိန်းသိမ်းထားချင်ပြီဆိုရင် ကိုယ့်ကို အကူအညီ ပေးခဲ့သူတွေဆီကရော၊ ကိုယ်က နှိမ်နင်းခဲ့သူတွေ ဆီကပါ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ ပြဿနာတွေ ကျွဲကူးရေပါ ဆိုသလို ပါလာတော့မယ်။ ကိုယ်သိမ်းလိုက်တဲ့ တိုင်းပြည်ရဲ့ မင်းနဲ့ မိသားစုတစုလုံးကို အပြတ်ရှင်းရုံနဲ့လည်း မရသေးဘူး။ ဘာလို့ဆို ကိုယ့်ကို ပုန်ကန်ထကြွမှု ထလုပ်လာနိုင်တဲ့ နယ်စား ပယ်စား တချို့ ရှိနေသေးတယ်။ [သီပေါမင်း ပါတော်မူပြီးနောက် ဝန်းသိုစော်ဘွား ဉီးအောင်မြတ်ကို အချိန်ယူပြီး နှိမ်နင်းရတဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်ဝင်စားဖို့ ကောင်းမယ်ထင်ပါတယ်။] ဒီနယ်စား ပယ်စားတွေ အားလုံးကို စိတ်တိုင်းကျအောင်လည်း မလုပ်နိုင်၊ အကုန်လုံးကို ရှင်းပစ်ဖို့လည်း မတတ်နိုင် ဆိုတော့ အခွင့်အရေး ပေါ်တာနဲ့ ကိုယ် သိမ်းထားတဲ့ ဒိုမီနီယံကို ဆုံးရှုံးဖို့ ဖြစ်လာရော။
[အလက်ဇန်းဒါး Alexander the Great ဟာ အရှေ့ဘက် တိုင်းပြည်တွေကို သိမ်းပိုက်ရာမှာ အခက်အခဲ ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရတယ်။ ဘာလို့ဆို ဒီတိုင်းပြည်တွေရဲ့ power structure ပဲခေါ်ခေါ် power distribution ပဲခေါ်ခေါ် အုပ်ချုပ်မှု အာဏာဖွဲ့စည်းပုံ ဒါမှမဟုတ် ဖြန့်ကျက် ထားပုံက  အုပ်ချုပ်သူ မင်းတပါးထဲမှာ ရှိသမျှ အာဏာက သွားစုနေတယ်။ ဒီတော့ သူ့ကို အနိုင်တိုက်ရ ခက်တယ်။ ဒါပေမယ့် သူ့ကို တိုက်ပွဲမှာ နိုင်ပြီးလို့ သူ့ရဲ့ မိသားစု တခုလုံးကို အပြတ်ရှင်းပြီးတာနဲ့ ဒီတိုင်းပြည်က လုံးဝ ဉီးကျိုးသွားပြီ။ ကျန်တဲ့ တိုင်းသူပြည်သားက ပုန်ကန်ခြားနားမှာကို ဘာမှ ကြောက်စရာ မရှိတော့ဘူး။ ဘာနဲ့တူလဲဆိုတော့ ဗမာပြည်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံးလုံး စစ်အုပ်စုကို ဆန့်ကျင်မှု မှန်သမျှကို ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲမှာ သွားစုထားတဲ့ ပုံမျိုးပဲ။ မှန်တာ မှားတာ၊ စစ်အုပ်စုရဲ့ ဂုတ်သွေးစုပ်မှုအောက်က ကယ်တင်နိုင်ဖို့ မျှော်လင့်တာအားလုံးဟာ သူ့ဆီ သွားစုနေတယ်။ စစ်အုပ်စု ဆန့်ကျင်သူအားလုံးက ဒေါ်စုကို ရံပြီး စည်းစည်းလုံးလုံး တောင့်ခံနေတာမို့ အတိုက်အခံ နိုင်ငံရေးကို စစ်တပ်က ဖြိုဖို့ ကြိုးစားရာမှာ ဘယ်လောက်ခက်သလဲ။ ဒါပေမယ့် ဒီပုံစံရဲ့ အားနည်းချက်က အဓိက ကာယံကံရှင်ကို ခွေလိုက်နိုင်ပြီဆိုရင် ပွဲသိမ်းသွားပြီ။ ဒေါ်အောင်ဆန်း စုကြည်ကို အိတ်ထဲထည့်ပြီးရင် ကိစ္စပြတ်သလောက် ရှိသွားပြီ။ ဒေါက်တာ လွဏ်းဆွေဘလော့က မှတ်ချက် ပေးသူတယောက်ရဲ့စကား ငှားပြောရရင် ခေါင်ထိရင် အကုန်ရပြီ။ တဘက်မှာ လူကို ရံပြီး စည်းလုံးတာ မဟုတ်ဘဲ မူကို ရံပြီး တစည်းတလုံးထဲ ရှိတာမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် စစ်အုပ်စု အိတ်ထဲ ပါသွားလဲ ပွဲမသိမ်းသေးဘူး။  ဒီတော့ မူကို သစ္စာမဖေါက်ပဲ ကိုယ်လုပ်စရာရှိတာကို တူရာအစုလေးတွေ စုပြီး လုပ်ထားမယ်ဆိုရင် မျှော်လင့်ချက် ရှိနိုင်မယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ပေါ် သစ္စာရှိတယ် ဆိုရာမှာလည်း စစ်အုပ်စုရဲ့ စစ်ကျွန်ဇာတ်သွင်းရေး စီမံကိန်းကို အလျှော့မပေးရေး မူကို သူ ဘယ်လောက်သစ္စာရှိသလဲဆိုတဲ့ အချက်ကိုကြည့်ပြီးတော့သာ သစ္စာရှိသင့်တယ်လို့ ထင်တယ်။ စကတည်းက အားလုံးဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းနိုင်မယ် အထင်နဲ့ သူ့ကို ယုံကြည်ထောက်ခံ လာတာဆိုရင် ဒီဆန္ဒတွေကို သူမဖြည့်ဆည်းနိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ရှိလာရင် သူ့ကို ထောက်ခံစရာ မရှိတော့ပါ။ လက်တွေ့ကျကျ ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်မချင်း ကျနော်တို့ ဆန္ဒတွေ ပြည့်မှာမဟုတ်ပါ။ ဒါကို မပြင်နိုင်ခင် ပါတီ ဆက်ရပ်တည်နိုင်ဖို့ စဉ်းစားချက် တခုထဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အကြောင်းတခွန်းမှ မဟပဲ အလော သုံးဆယ် မှတ်ပုံတင်တာဟာ လူထု ဆန္ဒကို မထေ့မဲမြင်ပြုရာ ရောက်တယ်လို့ ယူဆတယ်။]
Reply to our critics
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာဟာ အပြောနဲ့ အလုပ်မညီလို့ ဝေဖန်တာ၊ သူ့ရဲ့ ပြောတော့မိုး ထိုးတော့ မြေကြီး လုပ်လာတာကို ဝေဖန်တာ ဖြစ်တယ်။  ဒီလို ဝေဖန်နိုင်ဖို့ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အပြုသဘောဆောင်တဲ့ အကြံ ပေးနိုင်မှ ဝေဖန်လို့ ရတာမျိုး မဟုတ်ဖူး။ ဒီနှစ်ခုကို ကတ္တားကောင်းကောင်း ခြားလို့ရတယ်။ သူ့ဘက်က လိုက်ပြောပေးနေသူတွေရဲ့ standard argument က သူ့မှာ တခြားရွေးစရာ မရှိလို့ ရတာလုပ်ရတာလို့ ဆိုတယ်။ ဒီလို မတတ်သာလို့ လုပ်ရတာကို နောက်ဆုံး နားလည် သဘောပေါက်ပေးနိုင်ရင်တောင် သူ့ကို ဝေဖန်တာ မတရားဘူးလို့ အဓိပ္ပါယ် မထွက်ဖူး။ အဲ့သလို မတရားဘူးလို့ argue လုပ်နိုင်ရင်၊ ကျိုးကြောင်းပြဆို နိုင်ရင် နားထောင် ချင်ပါတယ်။
အလုပ်ဖြစ်တဲ့နည်းနဲ့ ကျင့်ဝတ်နဲ့ညီတဲ့ နည်းနှစ်ခုဟာ မတူဘူး။ အလုပ်ဖြစ်ဖို့ ကိုယ်ကိုယ်တိုင်က လက်ခံခဲ့တဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီဆိုတဲ့ အခါ  အလုပ်ဖြစ်အောင် လုပ်နိုင်တာကို မဝေဖန်ရင်တောင် ကိုယ်နဂိုက ချထားတဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ချိုးဖျက်မှုအတွက် အဝေဖန် ခံရဲရမယ်။ ဒေါ်အောင်ဆန်းစုကြည်က အလုပ်ဖြစ်အောင် လုပ်ရမှာမို့ သူ့ကို မဝေဖန်နဲ့ဆိုတာ အလုပ်ဖြစ်မှုနဲ့ ကျင့်ဝတ်နဲ့ညီမှု နှစ်ခုကို မသိစိတ်က မရိုးမသား ရောပစ်တာပဲ။ မယုံရင် ကိုယ့်စိတ် ကိုယ်ပြန် သတ္တိရှိရှိ ဆန်းစစ်ကြည့်ကြပါ။
နောက်တခုက ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသည်းအသန် ကာကွယ်ချင်နေသူတွေဟာ တကယ်က ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်နေတာလား၊ ကိုယ့်ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှု ဘူးပေါ်သလို အပေါ်မခံဝံ့လို့ ကာကွယ်နေတာလားဆိုတာလည်း မေးချင်တယ်။ ဒါကို နားလည်အောင် ရှင်းဖို့ ဥပမာတခုနဲ့ စပါ့မယ်။ တတိုင်းပြည်လုံးကို ဖျက်စီးသွားတဲ့ ဗိုလ်နေဝင်းကို ဉီးချစ်လှိုင်တို့၊ သခင်တင်မြတို့ ဘာ့ကြောင့် ကနေ့ချိန်ထိ ကာကွယ်ပေးနေကြလဲ။ တကယ်က ဉီးနေဝင်းပေါ် သစ္စာရှိနေတာထက် သူတို့ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုပေါ် သစ္စာစောင့်သိနေကြတာ။ ဉီးနေဝင်းကို သူတို့ အကျိုးစီးပွား အခြေခံနဲ့ သူတို့ ကိုယ်သူတို့ ပုံအပ်ခဲ့တယ်။ ဒါပေမယ့် ဒီလို အကျိုးစီးပွားကြောင့် ပုံအပ်တာ မဟုတ်ဘဲ ဉီးနေဝင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာမို့ သူ့ကို ထောက်ခံခဲ့တယ် ဆိုပြီး သူတို့လုပ်ရပ် သူတို့ တရားထူထောင်ခဲ့တာ အားလုံးအသိပဲ။ ဒီတော့ သူတို့ရဲ့ မရိုးမသား ထောက်ခံခဲ့မှုကို ခုချိန်ထိ မှန်ကန်တယ်ဆိုတာ ဆက်ပြီး သက္ကယာထူချင်တဲ့ အတွက် ဉီးနေဝင်းကို ခုထိ ကာကွယ်နေတာပဲ။ ဒါပေမယ့် တကယ်က ဉီးနေဝင်းကို ကာကွယ်ခြင်းအားဖြင့်သာ သူတို့ သိက္ခာ သူတို့ ဆယ်နိုင်မှာမို့ ဒီအလုပ်ကို လုပ်နေတာသာ ဖြစ်တယ်။
ဒီဥပမာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဉီးနေဝင်းကို ယှဉ်တာ မဟုတ်ဖူး။ ဉီးချစ်လှိုင်တို့၊ သခင်တင်မြတို့နဲ့ လက်ရှိ ဒေါ်စု ဘာလုပ်လုပ် မှန်တယ်ဆိုပြီး မျက်စိမှိတ် စွတ်ပြောနေသူတွေကို နှိုင်းယှဉ်တာသာ ဖြစ်တယ်။ (အမှန်က ဒါထည့်ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမယ့် အတော်များများက စာမဖတ်တတ်တာလား၊ ရူးချင်ယောင်ဆောင်တာလားတော့မသိဘူး။  စာရေးသူ ပြောတာကို တမင် အဓိပ္ပါယ်တလွဲ ကောက်ပစ် နေတာတွေ့ တွေ့နေလို့ ပြောတာ။)  ဒေါ်အောင်ဆန်းစုကြည်ကို ရှစ်လေးလုံး အောင်သီးအောင်နှံကို ဆက်သွယ်သွားနိုင်မယ် ယုံကြည်လို့၊ မြန်မာနိုင်ငံကို စစ်ကျွန်အောက်က ကယ်တင်နိုင်မယ် ယုံကြည်ခဲ့လို့ ထောက်ခံတာလား ဒါမှမဟုတ် အပြောကောင်းလို့၊ အများထောက်ခံလို့ ကိုယ်လည်းရောယောင် လိုက်ထောက်ခံတာလား ဆိုတာ ကိုယ့်ဟာကိုယ် ပြန်မေးကြည့်ကြစမ်းပါ။
ကျုပ်တို့က ဗမာပြည်ကို စစ်ကျွန်အောက်က ကယ်တင်နိုင်မယ်လို့ အတိုင်းအတာ တခုထိ ယုံကြည်ခဲ့လို့ သူ့ထောက်ခံခဲ့တာ။ အဲဒိယုံကြည်ချက် ယိုင်လာတာနဲ့အမျှ သူ့ကို ထောက်ခံမှု ကျလာသလို အပြောနဲ့ အလုပ်နဲ့ မညီမှုတွေ အတွက် ဝေဖန်ရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်စစ်ကျွန် အောက်က ကယ်နိုင်မယ်ဆိုတဲ့ အထင်နဲ့၊ ယုံကြည်မှုနဲ့ ခုထိ သူ့ကို အရင်လို ဆက်ထောက်ခံနေသူတွေကို တခု မေးပါရစေ။ ခု သူလက်ရှိ လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံကို စစ်ကျွန်အောက်က ကယ်တင်နိုင်ဖို့ လုပ်နေတာသာလို့ ယုံရင် ဒီလို ယုံကြည်မှုကို ဖြစ်စေတဲ့ အကြောင်းတရားတွေကို ထုတ်ပြစမ်းပါ။ ကျုပ်တို့အတွက်က ရှင်းတယ်။ ဘယ်ခေါင်းဆောင်ကိုမဆို ရှစ်လေးလုံး အသီးအပွင့်ကို ဉီးဆောင်နိုင်ရင် ဉီးဆောင်နိုင်သလောက် ခေါင်းပေါ်တင်ထားဖို့ အသင့်ပါ။ မဟုတ်ရင် ဆောရီးပဲ။ အဲဒိအတွက် အဝေဖန်မခံနိုင်လည်း မတတ်နိုင်ဘူး။ ကိုယ့်ကို လာမဝေဖန်နဲ့ဆိုတာ၊ တကယ်တော့ ကိုယ့်ဟာကိုယ် ကာကွယ်ရုံသက်သက် မဟုတ်ဖူး။ ဒီလို ဝေဖန်တဲ့လူတွေရဲ့ ဝေဖန်တာ မှားတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ သက်ရောက်တယ်။ ဒီတော့ ဘာ့ကြောင့် အဲ့သလို မှားတယ်လို့ ပြောနိုင်တာလဲ။ ဒါကို အချက်ကျကျ ငြင်းခုံရအောင်လား။
ဝတုတ်
The Prince by Machiavelli 2
Of Mixed Principalities
အခန်း ၃ အသစ်မကျ၊ မျိုးရိုးစဉ်ဆက် အုပ်ချုပ်မှုပုံစံ မကျတဲ့ principalities များအကြောင်း
But it is in the new principality that difficulties arise. In the first place, if it is not completely new but is like and added appendage (so that the two parts together may be called mixed), its difficulties derive first from on natural problem inherent in all new principalities: that men gladly change their ruler, thinking to better themselves. This belief causes them to take up arms against their ruler, but they fool themselves in this, since they then see through experience that matters have become worse.
ဒါပေမယ့် အခက်အခဲတွေ ပေါ်ပေါက်တာက principalities သစ်တွေမှာ ဖြစ်တယ်။ ပထမတချက် အနေနဲ့ principality ဟာ အစစ အရာရာသစ်တဲ့ principality မဟုတ်ပဲ နဂိုရှိပြီးသား တိုင်းပြည် တခုခုထဲ သွတ်သွင်းခံရတာဆို သူ့အခက်အခဲတွေဟာ ပထမတချက် အနေနဲ့ principality သစ်တိုင်းမှာ သူ့သဘာဝ အလျောက် စကတည်းက ရှိနေတဲ့ ပြဿနာတွေကနေ ဆင်းသက်လာတဲ့ အခက်အခဲတွေ ဖြစ်တယ်။ အဲဒါကတော့ လူတွေက ကိုယ့်ကို အုပ်ချုပ်နေသူထက် ကောင်းအောင်လုပ်နိုင်မယ် အထင်နဲ့ အုပ်ချုပ်သူ ပြောင်းအောင် စိတ်အားထက်သန်စွာ  လုပ်ကြတာပဲ ဖြစ်တယ်။ ဒီအထင်နဲ့ အုပ်ချုပ်နေသူကို လက်နက်ကိုင် ပုန်ကန်ဖို့ ဖြစ်လာရော။ ဒါပေမယ့် အဲ့သလို ပုန်ကန်မှ အခြေအနေက ပိုဆိုးတာကို ကိုယ်တွေ့ သိလာတော့မှာ ကိုယ်ဟာ့ကိုယ် စိတ်ထင်ရာ လျှောက်လုပ်နေပါလားဆိုတာကို  သဘော ပေါက်ကြတယ်။ [ဒီနေရာမှာ မက်ခီယာဗယ်လီ ပြောနေတာက သူ့အုပ်ချုပ်မှုနဲ့သူ ရှိနေတဲ့ နယ်တနယ်ကို တခြားက လာသိမ်းပြီး မင်းလုပ်တဲ့အခါ အသိမ်းခံရတဲ့နယ်တွေမှာ တွေ့ရတတ်တာကို ပြောပြနေတာလို့ ယူဆတယ်။]
This stems from another natural and ordinary necessity, which is that a new prince must always harm his new subjects, both with his soldiers as well as with countless other injuries involved in his new conquest.
ဒီလို ဖြစ်ရတာဟာ အသစ်ရောက်လာတဲ့မင်းက သူသိမ်းပိုက်လိုက်တဲ့နယ်က လက်အောက်ငယ်သား အသစ်စက်စက် တွေကို သူ့စစ်သားတွေကတဆင့် ဒုက္ခ အမျိုးမျိုး ရောက်ရစေတဲ့အတွက် ဖြစ်တယ်၊ တခါ ဒီနယ်ကို သိမ်းပိုက်စဉ် အခါမှာလည်း မရေမတွက်နိုင်အောင် များတဲ့ တခြား ဒဏ်ရာ ဒဏ်ချက်တွေလည်း ကြုံရစေတဲ့ အတွက်ဖြစ်တယ်။ ဒါမျိုးက ရှောင်လို့မရဘူး၊ နယ်ပယ်သစ် တခုခုကို သိမ်းပိုက်ပြီ ဆိုရင် မလွဲမသွေ ကြုံရမှာတွေပဲ။
Thus, you have made enemies of all those you harmed in occupying the principality, and you are unable to maintain as friends those who helped you to rise to power, since you cannot satisfy them in the way that they had supposed.
ဒီတော့ principality တခုကို သွားသိမ်းပြီဆိုရင် ကိုယ်ကြောင့် ဒုက္ခရောက်သူ အားလုံးက ကိုယ့်ကို ရန်သူလို့ သဘောထားကြရော။ တခါကိုယ့်ကို အာဏာရလာအောင် ကူညီခဲ့သူတွေကိုလည်း သူတို့ ဖြစ်စေချင်တဲ့ အတိုင်း ကိုယ်က မဖြည့်ဆည်းပေးနိုင်တော့ သူတို့ကိုလည်း မိတ်ဆွေအဖြစ် ဆက်ပြီး ထိန်းမထားနိုင် ဖြစ်လာရော။
Nor can you use strong medicine against them, for you are in their debt: this is so because, although someone may have the most powerful of armies, he always needs the support of the inhabitants to seize a region. For these reasons, Louis XII, King of France, quickly occupied Milan and just as quickly lost it. The first time, the troops of Ludovico alone were needed to retake it from him because those citizens who had opened the gates of the city to the King, finding themselves deceived in their beliefs and in that future improvement they had anticipated, could not support the vexations of the new prince.
တခါ ဒီလူတွေကို ဆေးပြင်းတိုက်လို့လဲမရဘူး၊ ဘာလို့ဆို သူတို့ကျေးဇူးက ကိုယ့်ဆီရှိနေတာကိုး။  တချို့မှာ အင်အားအကြီးဆုံး စစ်တပ်ကြီး ရှိချင်ရှိမယ်၊ ဒါပေမယ့် ဘယ်တော့မဆို တိုင်းပြည်တခု သိမ်းဖို့က ဒီတိုင်းပြည်ထဲ နေထိုင်နေသူတွေရဲ့ အကူအညီကို လိုကိုလိုတယ်။ အဲဒိအကြောင်းတွေကြောင့်ပဲ ပြင်သစ်ဘုရင် လူဝီ ၁၂ ဟာ မီလန်ကို ချက်ချင်း သိမ်းနိုင်ပြီး ချက်ချင်းပြန် ဆုံးရှုံးသွားတယ်။ ပထမတကြိမ်တုန်းက လူဒီဗီချိုရဲ့ တပ်တွေနဲ့တင် မီလန်ကို သူ့လက်ထဲက ပြန်သိမ်းနိုင်တယ်၊ ဘာလို့ဆို ပြင်သစ်ဘုရင် မြို့လာသိမ်းတုန်းက မြို့တံခါးဖွင့်ပေးခဲ့သူတွေ ကိုယ်တိုင်က နောက်ပိုင်းမှာ သူတို့ မှန်းထားသလို၊ ယုံကြည်ခဲ့သလို မင်း အသစ်အောက်မှာ တိုးတက်မှုတွေ တကယ်မရှိနိုင်ပါလားဆိုတာ သူတို့ ဘာသာ ပြန်သဘောပေါက်တဲ့အခါကျတော့ အဲဒိမင်း အသစ်ကို စိတ်ပျက်လာကြလို့ ဖြစ်တယ်။ [မက်ခီယာဗယ်လီက ဆေးပြင်း ‘ဘာ’ ဆိုတာကို ရှင်းရှင်း မပြောထားဘူး။ ဒါပေမယ့် တိုင်းပြည် သိမ်းပိုက် အုပ်ချုပ်ပုံ၊ ပြုပြင် ပြောင်းလဲပုံတွေကို ဆေးဥပမာနဲ့ ခိုင်းနှိုင်းတာကို နောက်ပိုင်းမှာလည်း  အကြိမ်ကြိမ် တွေ့ကြရမယ်။ ဒါ စိတ်ဝင်စားဖို့ မကောင်းဘူးလား။ ဒီနေရာမှာ မက်ခီယာဗယ်လီရဲ့ political philosophy လို့ သတ်မှတ်မယ်ဆို သတ်မှတ်နိုင်မယ့် lead ‘အစ’ ကို စပြီး တွေ့ရပြီ။ တိုင်းပြည် တပြည်ကို ပြုပြင် ပြောင်းလဲပုံနဲ့ လူနာဆေးကုပုံနဲ့ နှိုင်းတာကိုကြည့်ရင် တိုင်းပြည်တပြည် ပြုပြင် ပြောင်းလဲတာဟာ အဓိက ဘာကိုရည်မျှော်ပြီး ပြုပြင် ပြောင်းလဲတာလဲ။ တိုင်းပြည်ခိုင်မာ တောင့်တင်းဖို့၊ ရေရှည်တည်တံ့ဖို့ ပြုပြင် ပြောင်းလဲမှု လုပ်တာဆိုရင် ကိုယ့်ရည်ရွယ်ချက် အောင်မြင်ဖို့က ကျင့်ဝတ်နဲ့ မညီလို့ မလုပ်သင့်တဲ့အရာ ရှိကို မရှိဘူးလို့ မက်ခီယာ ဗယ်လီက ယုံကြည်တယ်။ ဆရာဝန်က ဆေးကုတဲ့အခါ ရည်မှန်းချက်က လူနာရောဂါ ပျောက်အောင်ကုဖို့က အဓိကပဲ။ ကုထုံးတခု သင့်မသင့်၊ ကောင်း မကောင်း စဉ်းစားတယ်ဆိုရင်လည်း ဒီကုထုံးဟာ ကိုယ့်မူလ ရည်ရွယ်ချက် ပြည်ဖို့ အထောက်အကူ ပြုမပြုဆိုတာကိုသာ စဉ်းစားတယ်။ တိုင်းပြည်ကို ရေရှည် တည်တံ့အောင်၊ ခိုင်မာအောင် တည်ဆောက်မယ့် မင်း ဟာလည်း လုပ်ရပ်တခု လုပ်သင့် မသင့်ကို စဉ်းစားတဲ့အခါ ဒီလုပ်ရပ်ရဲ့ ကျင့်ဝတ်တန်ဖိုးထက် မူလ ရည်ရွယ်ချက် ပြည့်ရေးမှာ ဘယ်လောက် အထောက်အကူ ပြုသလဲ ဆိုတာကိုသာ စဉ်းစားတယ်။ မက်ခီယာဗယ်လီမှာ morality မရှိဘူးဆိုတာ လုံးလုံးတော့ မမှန်ဘူး။ သူက morality ဟာ တိုင်းပြည် တည်တံခိုင်မာရေး အတွက် ဘယ်လောက် အသုံးတည့်မလဲ၊ တည့်သလောက်သာ သူ့အတွက် morality က အရေးပါတယ်။ သူ့အတွက် morality ဟာ instrumental value ပဲရှိတယ်။ ဒီမှာ မေးချင်စရာကောင်းတာက တိုင်းပြည်တည်တံရေးဟာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်မယ့်သူရဲ့ အဓိက ရည်ရွယ်ချက်လို့ ဘာ့ကြောင့် ပြောရတာလဲ ဆိုတဲ့ မေးခွန်းပဲ။ နောက်ပိုင်း စာပိုဒ်တွေမှာ ဒီမေးခွန်းအတွက် အဖြေကို စတွေ့ရတော့်မယ်။
The Prince က  အခန်းသုံးမှာ မက်ခီယာဗယ်လီရဲ့ တိုင်းပြည် သိမ်းပိုက်မှု၊ အုပ်ချုပ်မှုတွေနဲ့ ဆိုင်တဲ့ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတဲ့ အရေးအသားတွေကို တွေ့ရတယ်။ မက်ခီယာ ဗယ်လီရဲ့ The Prince ဟာ ဆယ့်ငါးရာစု ဥရောပက အဖြစ်အပျက်တွေကို ဥပမာပေး ရေးထားတာမို့ စာဖတ်သူတွေနဲ့ နည်းနည်းတော့ အလှမ်းဝေးချင် ဝေးမယ်။ ဒါပေမယ့် သူ့ရဲ့ တင်ပြပုံက ကောင်းတော့ နည်းနည်းလေး အာရုံစိုက်လိုက်တာနဲ့ သူပြောချင်တာကို လွတ်စရာ အကြောင်း မရှိတော့ဘူးလို့ ထင်ပါတယ်။]
I say, therefore, that those dominions, upon being conquered and added to the long-established state of the one who acquires them, are either of the same region and language or they are not. When they are it is easier to hold them, especially when they are unaccustomed to freedom. To possess them securely it is sufficient only to have wiped out the family line of the prince who ruled them, because so far as other things are concerned, men live peacefully as long as their old way of life is maintained and there is no change in customs.
ကလာအတန်ကြာက တည်တံ့လာတဲ့ တိုင်းပြည်တခုရဲ့ သိမ်းပိုက်ခံရပြီး ဒီတိုင်းပြည်ထဲ သွတ်သွင်း ခံရတဲ့ ဒိုမီနီယံတွေကိုကြည့်ရင် တချို့က ဒေသကြီးတခုထဲမှာ အတူ တည်ရှိကြတာဖြစ်သလို ဘာသာ စကားလည်း တူကြတယ်လို့ ကျွန်တော် ပြောမယ်။  တချို့ကျတော့လည်း မတူဘူး။ တူတယ်ဆိုရင် အဲဒိ ဒိုမီနီယံတွေကို ထိန်းထားရတာ  အထူးသဖြင့် သိမ်းလိုက်တဲ့ ဒိုမီနီယံတွေကလည်း လွတ်လပ်မှုနဲ့ ထိတွေ့မှု မရှိခဲ့တာမျိုးဆို ပိုလွယ်တယ်။ ဒီလို ဒိုမီနီယံတွေကို အုပ်ချုပ်တဲ့ မင်းနဲ့ သူ့မိသားစုကို အပြတ်ရှင်းပြီးတာနဲ့ သူ့ကို စိတ်ချ လက်ချ ပိုင်သွားပြီ။ ဘာလို့ဆို လူတွေဟာ သူတို့ လောလောဆယ် နေထိုင်လုပ်ကိုင်နေပုံအတိုင်း ဆက်ပြီး နေထိုင်လုပ်ကိုင် သွားနိုင်သရွေ့၊ တခြား ထုံးတမ်းစဉ်လာတွေ အပြောင်းအလဲ မရှိသရွေ့ အေးအေး ဆေးဆေး နေကြတယ်။
[ဒီမှာ ခဏ ရပ်ပြီး မက်ခီယာဗယ်လီရဲ့ အုပ်ချုပ်ခံတွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ assumption ယူဆချက်ကို ကြည့်ရအောင်။ အဲဒါကတော့ ‘လူတွေဟာ သူတို့ လောလောဆယ် နေထိုင်လုပ်ကိုင်နေပုံအတိုင်း ဆက်ပြီး နေထိုင်လုပ်ကိုင် သွားနိုင်သရွေ့၊ တခြား ထုံးတမ်းစဉ်လာတွေ အပြောင်းအလဲ မရှိသရွေ့ အေးအေး ဆေးဆေး နေကြတယ်’ လို့ မက်ခီယာဗယ်လီက ပြောတယ်။  The Prince တအုပ်လုံးမှာ ခုလို ယူဆချက်မျိုးတွေနဲ့ ပြည့်နေတယ်။ မက်ခီယာဗယ်လီ စိတ်ဝင်စားတာက အပေါ်မှာ ပြောခဲ့သလို တိုင်းပြည်တွေကို ဘယ်လို အကြောင်းတရားတွေက ရေရှည်တည်တံ့ စေလဲ၊ အုပ်ချုပ်သူတွေကို ဘယ်လို အကြောင်းတရားတွေက အားကောင်းစေလဲ ဆိုတာပဲ ဖြစ်တယ်။ သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲက အတွေ့အကြုံတွေနဲ့ သမိုင်းကပေးတဲ့ သင်္ခန်းစာတွေကနေ ဒီအကြောင်းတရား တွေ ဘာဆိုတာကို သူကောင်းကောင်း သဘောပေါက်တယ်၊ အုပ်ချုပ်သူတွေကို အကြံပေးနိုင်တယ်လို့ မက်ခီယာဗယ်လီက ယုံကြည်တယ်။
မက်ခီယာဗယ်လီရဲ့ ‘လူတွေဟာ အေးအေးဆေးဆေးပဲ နေချင်ကြတယ်’ ဆိုတဲ့ ယူဆချက်ကို ကနေ့ခေတ် ဘောဂဗေဒက consumer theory မှာ လူတွေ၊ တနည်း စားသုံးသူတွေနဲ့ ပတ်သက်တဲ့ အခြေခံ အကျဆုံး ယူဆချက်တွေထဲ တခု အပါအဝင် ဖြစ်တဲ့ စားသုံးသူ အများစုဟာ သာမန်အားဖြင့် ‘risk-averse’ ဖြစ်တယ် ဆိုတဲ့ ယူဆချက်နဲ့ နှိုင်းယှဉ်ကြည့်ဖို့ကောင်းတယ်။ ဒါနဲ့ဆက်စပ်ပြီး ဒိထက်ပို challenging ဖြစ်တဲ့ မေးခွန်းတခုက ဒီမိုကရေစီဟာ ဘာ့ကြောင့် လိုချင်စရာ ကောင်းတာလဲ။ ဒီမေးခွန်းအတွက် အဖြေ အမျိုးမျိုး ရှိနိုင်တယ်။ နှစ်ဆယ်ရာစု သမိုင်းဆရာတချို့ရဲ့ အဖြေတခုကတော့ အရင်းရှင် စီးပွားရေးပုံစံကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ  ဒီမိုကရေစီ စနစ်ဟာ နိုင်ငံသားတွေ တည်ငြိမ် အေးချမ်းမှုကို အာမခံချက် အပေးနိုင်ဆုံးစနစ် ဖြစ်တာကို ရှာဖွေတွေ့ရှိတဲ့အတွက် ဖြစ်တယ်လို့ ဆိုတယ်။[1]သူတို့ ကျိုးကြောင်းပြဆိုချက်ကို ခြုံပြီး အကြမ်းပြောရရင် ဆယ့်ကိုးရာစု အရင်းရှင် ကုန်ထုတ်လုပ်မှုပုံစံ ဖြစ်တဲ့ pure and naked capitalism ဟာ ဆင်းရဲချမ်းသာ ကွာဟမှုကို အရမ်းကို ကြီးစေတယ်၊ လူလတ်တန်းစား ပျောက်သွားတယ်။ ဒီတော့ လူမှုရေး မကျေနပ်ချက်တွေ ပိုများစေတယ်။ အဲဒိအခါ ဒီလူ့အဖွဲ့အစည်းဟာ တည်ငြိမ်မှု မရှိတော့ပဲ နောက်ဆုံး အရင်းရှင်တွေ၊ လူချမ်းသာတွေ ကိုယ်တိုင် သူတို့ရဲ့ ကြွယ်ဝမှုကို မခံစားနိုင်တဲ့ အဖြစ်ကို ရောက်မယ်၊ အဲဒိအတွက် လူလတ်တန်းစား အများစုဖြစ်အောင် အရင်းရှင် စနစ်ကို ပြုပြင် ပြောင်းလဲရမယ်။ အများစု ဖြစ်လာတဲ့ လူလတ်တန်းစားတွေကို ငြိမ်အောင် ထိန်းနိုင်ရင် အကျိုးရှိမယ် ဆိုတဲ့ စဉ်းစားချက်နဲ့ အများစုဖြစ်တဲ့ လူလတ်တန်းစားကို ပြောရေးဆိုခွင့် ပိုရှိစေမယ့် နိုင်ငံရေး စနစ်ကို ဖော်ဆောင်ရမှာ ဒီမိုကရေစီဟာ နှစ်ဆယ်ရာစုမှာ အအောင်မြင်ဆုံး အုပ်ချုပ်မှု ပုံစံ ဖြစ်တာကို မြင်ခဲ့ကြရတာ ဖြစ်တယ်လို့ သမိုင်းဆရာတွေက ဆိုတယ်။ ဝင်စတန်ချာချီ ပြောတဲ့ စကားမှာ ဒီစဉ်းစားချက်ကို တွေ့နိုင်တယ်။ ချာချီကက ဘာပြောလဲဆိုတော့
It has been said that democracy is the worst form of government except all those other forms that have been tried from time to time.
နှစ်ဆယ်ရာစုက အရင်းရှင် ကုန်ထုတ်လုပ်မှု ပုံစံကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ အများစု ဖြစ်လာတဲ့ လူလတ်တန်းစားတွေကို ဒီမိုကရေစီစနစ်နဲ့ ငြိမ်အောင်ထိန်းနိုင်တာ တွေ့ရတဲ့အတွက် ဒီမိုကရေစီ အစိုးရ ပုံစံဟာ ရေပန်းစားခဲ့တာ ဖြစ်တယ်လို့ သမိုင်းဆရာတချို့က သုံးသပ်တယ်။ ဒီတော့ တိုင်းပြည် အုပ်ချုပ်ပုံနဲ့ ပတ်သက်လာရင် မက်ခီယာဗယ်လီရဲ့ ယူဆချက်တွေဟာ ကနေ့ခေတ် statesmen/women တွေပေါ်မှာ ဘယ်လောက်ထိ လွှမ်းမိုးမှု ရှိသလဲဆိုတာ မှန်းဆ ကြည့်နိုင်တယ်။
မက်ခီယာဗယ်လီကို စိန်ခေါ်မယ်ဆိုရင် စိန်ခေါ်နိုင်တာ တခုက သူဟာ ခုတွေ့ခဲ့ရတဲ့ လူ့သဘာဝ၊ အုပ်ချုပ်ခံတွေရဲ့ သဘာဝဟာ ဘယ်တော့မှ အပြောင်းအလဲ မရှိတဲ့အရာတခုပမာ ယူဆထားတာမို့ သူဘာ့ကြောင့် ဒီလို ယူဆရသလဲဆိုပြီး မေးခွန်း ပြန်ထုတ်နိုင်စရာရှိတယ်။ ဆယ့်ငါးရာစု အီတလီမှာ ပြန့်ကျဲနေတဲ့ တိုင်းငယ် ပြည်ငယ်လေးတွေက အုပ်ချုပ်ခံတွေရဲ့ သဘာဝနဲ့  ဆိုပါစို့ ဆယ့်ရှစ်ရာစု မြန်မာနိုင်ငံထဲ ပြန့်ကျဲနေတဲ့ တိုင်းငယ် ပြည်ငယ်တွေက အုပ်ချုပ်ခံတွေရဲ့ သဘာဝဟာ ဘာမှ မကွာဘူးလို့ မက်ခီယာ ဗယ်လီက ပြောနိုင်စရာ ရှိတယ်။ လူများစုဟာ ထမင်းဝရင်၊ သူလုပ်ချင်တာကို အတိုင်းအတာ တခုထိ ပေးလုပ်ထားရင် အုပ်ချုပ် မင်းလုပ်သူကို ပြဿနာရှာဖို့ စဉ်းစားမှာ မဟုတ်ဖူးလို့ မက်ခီယာ ဗယ်လီက ဆိုဖွယ်ရှိတယ်။ ဒါမှန်မမှန် ဒီနေရာမှာ စဉ်းစားအကဲဖြတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမယ့် မက်ခီယာဗယ်လီ ပြောတာကို  လူ့အဖွဲ့အစည်းအကြောင်း၊ လူတွေအကြောင်း စိတ်ဝင်စားသူတွေ အလေးအနက် ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ လူတွေကို အုပ်ချုပ်မယ့်သူများ အတွက်ဆိုရင် ဒီလို ဆွေးနွေးမှုတွေဟာ လက်တွေ့မှာတောင် အသုံးဝင်စရာ ရှိတယ်။]
We have seen what happened in the case of Burgundy, Brittany, Gascony and Normandy, which have been part of France for such a long time; and although there are some linguistic differences, nevertheless the customs are similar, and they have been able to get along together easily. Anyone who acquires these lands and wishes to hold on to them must keep two things in mind: first, that the family line of the old prince must be wiped out; second that neither their laws nor their taxes be altered. As a result, in a very short time they will become one body with the old principality.
ကာလ အတန်ကြာကတည်းက ပြင်သစ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဘာဂွန်ဒီ၊ ဘရစ်တနီ၊ ဂက်စကနီနဲ့ နော်မန်ဒီတို့မှာ ဖြစ်ပျက်ခဲ့တာတွေကို တွေ့ခဲ့ပြီးပြီ။ [နော်မန်ဒီကို ပြင်သစ်က ၁၂၀၄ မှာ သိမ်းတယ်၊ ဂက်စကနီကို ၁၄၅၃ မှာ အင်္ဂလိပ် လက်အောက်က ပြန်ယူတယ်၊ ဘာဂွန်ဒီက ၁၄၇၇ မှာ ပြင်သစ်နဲ့ လာပေါင်းတယ်၊ ဘရစ်တနီကိုတော့ ပြင်သစ်ဘုရင် ချားရှစ်နဲ့ ဘရစ်တနီနယ်စား အန်းတို့ လက်ဆက် ပြီးနောက် ၁၄၉၁ မှာ ပြင်သစ်ပြည်ထဲ ထည့်လိုက်တယ်။][2] ဒီတိုင်းငယ် ပြည်ငယ်တွေဟာ ပြင်သစ်နဲ့ ဘာသာစကား ကွာဟမှုတချို့ ရှိပေမယ့် ဓလေ့ထုံးစံတွေက ဆင်ကြပြီး တယောက်နဲ့တယောက် သင့်မြတ်အောင် နေနိုင်ဖို့ လွယ်တယ်။ ဒီနယ်တွေကို သိမ်းပြီး ဆက်ထိန်းထားချင်သူ ဘယ်သူမဆို အချက်နှစ်ချက်ကို သတိပြုရမယ်။ ပထမ တခုက ရှိပြီးသား မင်းရဲ့ မင်းဆက်ကို အပြတ် ရှင်းရမယ်၊ နောက်တခုက ဒီနယ်မှာ ရှိပြီးသား ဥပဒေတွေနဲ့ အခွန်အတုပ်တွေကို မပြောင်းလဲရဘူး။ အကျိုးဆက်အားဖြင့် ဒီနယ်သစ် ပယ်သစ်တွေဟာ သူတို့ကို သိမ်းလိုက်တဲ့ principality နဲ့ အချိန်တိုတွင်းမှာ တသားတည်း ဖြစ်သွားလိမ့်မယ်။
[ဒီနေရာမှာ မက်ခီယာဗယ်လီရဲ့ အကြံပေးချက်ကို တချို့က ကြက်သီးထကောင်း ထကြမယ်။ သူ့ရဲ့ အရေး အသားတွေဟာ ခံစားမှုမပါတဲ့ ကနေ့ခေတ် executive summary အစီရင်ခံစာတွေနဲ့ တူတယ်လို့ တချို့လည်း ထင်မိကြမယ်။ ဒါပေမယ့် မက်ခီယာဗယ်လီ အဓိက ပြောချင်တာကို သိထားရင် ဒီလို အရေးအသားလောက်ကို မြင်ရုံနဲ့ တလွဲကောက်ချက်ချတာတွေ လုပ်မိမယ် မထင်ဘူး။]
But when dominions are acquired in a region that is not similar in language, customs, and institutions, it is here that difficulties arise; and it is here that one needs much good luck and much diligence to hold on to them. One of the best and most efficacious remedies would be for the person who has taken possession of them to go there to live. This would make that possession more secure and durable; as happened with the Turk in Greece, for despite all the other methods he employed to retain that dominion, if he had not gone to live there it would have been impossible for him to hold on to it. By being on the spot, troubles are seen at their birth and can be quickly remedied; not being there, they are heard about after they have grown up and there is no longer any remedy. Moreover, the region would not be plundered by your own officers; the subjects would be pleased to have direct recourse to their prince; thus, those wishing to be good subjects have more reason to love him, and those wanting to be otherwise, more reason to fear him. Anyone who might wish to invade that dominion from abroad would be more hesitant; so that living right there, it is only with the greatest difficulty that the prince can lose it.
ဒါပေမယ့် အခက်အခဲတွေ ပေါ်လာတာက ဘာသာစကား၊ ဓလေ့ထုံးစံနဲ့ တခြားလူမှု အဆောက် အအုံတွေ မဆင်တဲ့ ဒေသက ဒိုမီနီယံတွေကို သိမ်းပိုက်တဲ့အခါမှာ ဖြစ်တယ်။ ကံတရားရဲ့ ဖေးမမှု ကောင်းကောင်းနဲ့ သတိ၊ ဝီရီယ ကြီးကြီးလိုတာ ဒီနယ်ပယ်တွေကို ထိန်းသိမ်းတဲ့ အပိုင်းမှာဖြစ်တယ်။ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကုစားနည်းကတော့ ပြည်သိမ်းမင်းကိုယ်တိုင်က သူသိမ်းလိုက်တဲ့ နယ်မှာ သွားနေဖို့ဖြစ်တယ်။ [အုပ်ချုပ်ပုံကို ဆေးကုသပုံနဲ့ နှိုင်းယှဉ်တာကို တခါတွေ့ရပြန်တယ်။] အဲဒိအခါ တူရကီတွေ ဂရိကို သိမ်းတုန်းကလို[3] ကိုယ်သိမ်းထားတဲ့နယ်ကို ပိုပြီး ခိုင်ခိုင်မာမာနဲ့ ကြာကြာ ထိန်းနိုင်မယ်။ … ကိုယ်တိုင်ရှိနေတဲ့အခါ ပြဿနာတွေကို စကတည်းက တန်းမြင်ပြီး မြန်မြန် ကုစားနိုင်မယ်။ ကိုယ်တိုင်မရှိတဲ့အခါ ပြဿနာတွေက ကြီးထွားလာပြီး ကုစားလို့ မရနိုင်တော့တဲ့ အခြေအနေရောက်မှ ကိုယ်ကကြားရတယ်။ ဒါ့အပြင် သိမ်းပိုက်ခံဒေသမှာ ကိုယ့်စစ်သည် အရာရှိတွေရဲ့ လုယက်တာမျိုးတွေလည်း ဖြစ်ချင်မှဖြစ်မယ်။ အုပ်ချုပ်ခံတွေက မင်း ဆီ [အုပ်ချုပ်သူဆီ] တိုက်ရိုက် ပေါက် တာကို သဘောကျဖွယ် ရှိတယ်။ ဒီတော့ ကောင်းကောင်းမွန်မွန် နေချင်တဲ့ ပြည်သူပြည်သားက ဒီ မင်းကို ချစ်ခင်စရာ အကြောင်း ပိုရှိပြီး ကောင်းကောင်းမွန်မွန် မနေချင်သူ အတွက်ကလည်း သူ့ကို ကြောက်စရာ အကြောင်း ပိုရှိတယ်။ ဒီသိမ်းထားတဲ့ ဒိုမီနီယံကို အပြင်ကနေ ဝင်သိမ်းချင်တဲ့လူက သိမ်းရမှာ လက်တွန့်မှာပဲ။ ဒါ့ကြောင့် သိမ်းပိုက်ပြီးသား နယ်မှာ သွားနေတဲ့အခါမှာ အတော်ကြီးကို ကြီးတဲ့ အခက်အခဲနဲ့ ကြုံရမှသာ ဒီနယ်ကို ဆုံးရှုံးရဖို့ရှိတယ်။
[ဘာသာစကား၊ ဓလေ့ထုံးစံ မတူတဲ့ နယ်ကို သိမ်းပိုက်တဲ့အခါ ဒီနယ်ကို ကြာကြာထိန်းထားနိုင်ဖို့  ပြည်သိမ်းမင်းကိုယ်တိုင် သိမ်းထားတဲ့နယ်မှာ သွားနေတဲ့နည်းလမ်း အပြင် နောက်ထပ်နည်းလမ်း လေးခုကို မက်ခီယာဗယ်လီက တင်ပြတယ်။ ဒီနည်းလမ်းလေးခုကို တခုချင်းစီ အသေးစိတ် ဘာသာ မပြန်တော့ပဲ အဓိက စာကြောင်းတွေကိုပဲ ဘာသာပြန်ပြီး သူဘာ့ကြောင့် ဒီလိုမျိုး အကြံပေးရသလဲ ဆိုတာကို သူပြောခဲ့တာကိုပဲ ကိုယ့်စကားနဲ့ကိုယ် ပြန်ပြောပြတာက အချိန်စား သက်သာလိမ့်မယ် ယူဆပါတယ်။]
The other and better solution is to send colonies into one or two places, that will act as shackles on that state; for it is necessary that the prince either do this or maintain a large number of cavalry and infantry.
နောက်ထပ် ပိုကောင်းတဲ့ အဖြေတခုက သိမ်းထားတဲ့ နေရာတွေကို ခြေချုပ်ပမာ ချုပ်ထားမယ့် ကိုလိုနီတွေ စေလွှတ်ဖို့ ဖြစ်တယ်။ ဘာလို့ဆို ပြည်သိမ်းမင်း အတွက်က ဒီလို လုပ်ရင်လုပ် မဟုတ်ရင် အဲဒိမနယ်ကို ထိန်းထားနိုင်ဖို့ ခြေလျင်တပ်တွေ၊ မြင်းတပ်တွေ အများကြီး ချကို ချထားရလိမ့်မယ်။
[ကိုလိုနီထားပြီး ထိန်းတာက ကိုယ့်တပ်တွေ အများကြီး လွှတ်ပြီး ထိန်းရတာလောက် စရိတ် မကြီးဘူးလို့ မက်ခီယာဗယ်လီက ပြောတယ်။ မက်ခီယာဗယ်လီ ပြောတဲ့ ကိုလိုနီဆိုတာ ရုပ်သေး အစိုးရမျိုးကို ရည်ညွှန်းတာလို့ နားလည်မိတယ်။ (အဲဒါကြောင့် အီရတ်နဲ့ အာဖဂန်နစ္စတန်ကို သိမ်းပြီးတဲ့ အခါမှာ ရုပ်သေးအစိုးရ တခုခု ထားခဲ့ရေးကို ညွန့်ပေါင်းတပ်တွေနဲ့ နေတိုးတို့က  အရေးကြီးတဲ့ စဉ်းစားချက် တခုအနေနဲ့ စဉ်းစားကြတာ ဖြစ်တယ်။) ကိုလိုနီလွှတ်တဲ့အခါ သိမ်းထားတဲ့ နယ်ထဲက တချို့တလေလောက်ကိုသာ ကိုယ်က အနိုင်ကျင့်စရာလိုတယ်။ အများစုကို မထိဘူးဆိုရင် သူတို့က ကိုယ့်အုပ်ချုပ်မှုအောက်မှာ အေးဆေးဆေး နေလောက်တယ်၊ ဆူဆူပူပူ လုပ်တဲ့လူတွေကို အပြစ်ပေးပုံကို ကြည့်ပြီး  အမှားအယွင်း လုပ်မိမှာတောင် စိုးရိမ် ကြလိမ့်မယ်လို့ မက်ခီယာဗယ်လီက တွက်တယ်။ ဒီတော့ ကိုလိုနီတွေ လွှတ်တာ စရိတ်မကြီးဘူး၊ နယ်သစ်ပယ်သစ်က လက်အောက်ခံတွေ ကလည်း ကိုယ့်ပေါ် ပိုသစ္စာရှိမယ်၊ အုပ်ချုပ်ခံတွေပေါ်လည်း ဝန်မပိစေဘူး၊ နောက်ကလန် ကဆန် လုပ်တဲ့လူတွေကလည်း တကွဲတပြား ဖြစ်နေပြီး ကိုယ့်ကို ဘာမှ ဒုက္ခ ပေးနိုင်စရာ မရှိဘူးလို့ မက်ခီယာဗယ်လီက တွက်တယ်။ မက်ခီယာဗယ်လီ ပြောတာ ဟုတ်မဟုတ် အိုကီနာဝါမှာ အမေရိကန်တွေ စခန်းချထားတဲ့အခါ ကြုံရတဲ့ အခက်အခဲနဲ့ ပနားမားလို ကိုယ့်သြဇာညောင်းတဲ့ ရုပ်သေးအစိုးရ ချထားတဲ့အခါ ကြုံရတဲ့ အခက်အဲ နှိုင်းယှဉ်ကြည့်ဖို့ ကောင်းတယ်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ နိုင်ငံတကာ ဆက်ဆံရေး လို နံမယ်အားဖြင့် ကိန်းကြီးခန်းကြီး နိုင်ရုံနိုင်ပြီး အနှစ်မရှိတဲ့ ဘာသာရပ်တွေ လေ့လာချင်သူတွေကို ကျနော့်အနေနဲ့ ရိုးရိုးသားသား အကြံပေးချင်တာကတော့ The Prnice လို စာအုပ်မျိုးတွေကို နက်နက်ရှိုင်းရှိုင်း နားလည်အောင် လိုအပ်ရင် အကြိမ်ကြိမ် ဖတ်ပါဆိုတာပဲ ဖြစ်ပါတယ်။]
Concerning this, it should be noted that men must be either caressed or wiped out; because they will avenge minor injuries, but cannot do so for grave ones. Any harm done to a man must be of the kind that removes any fear of revenge.
[မက်ခီယာဗယ်လီရဲ့ လက်တွေ့ကျတဲ့ အကြံပေးမှုကို ဒီစာပိုဒ်မှာ တခါ ထပ်တွေ့ရပြန်တယ်။]
ဒါနဲ့ပတ်သက်လို့ သတိပြုသင့်တာက လူတွေကို ချော့တန်ချော့၊ မဟုတ်ရင် အပြတ်ရှင်းပစ်ရတယ်။ ဘာလို့ဆို ဒဏ်ရာအသေးအမွှားလောက် ရသွားတဲ့လူက အဲဒိအတွက် လက်စားပြန်ချေလိမ့်မယ်၊ ဒါပေမယ့် ဒဏ်ရာ ကြီးကြီးမားမား ရသွားသူက ပြန်မချေနိုင်ဘူး။ လူတယောက်ကို ထိခိုက်ရန်လုပ်တဲ့ အခါ ကိုယ့်ကို လက်စားပြန်ချေမလားဆိုတဲ့ စိုးရိမ်စိတ် ကိုယ့်မှာ မကျန်လောက်တဲ့ ထိခိုက်မှုမျိုးကို လုပ်ရမယ်။
[နောက် တတိယနည်းကတော့]
…should make himself the leader and defender of his less powerful neighbors, and do all he can to weaken those who are more powerful; and he should be careful that, for whatever reason, no foreigner equal to himself in strength should enter there.
ကိုယ့်ထက် အင်အားနည်းတဲ့ အိမ်နီးချင်းတွေကို ကာကွယ်သူ၊ သူတို့ရဲ့ ခေါင်းဆောင် နေရာကို ကိုယ်က ယူသင့်တယ်။ [အနီးတဝိုက်က] အင်အားပိုကြီးသူတွေကို အားနည်းအောင် အတတ်နိုင်ဆုံး လုပ်သင့်တယ်။ နောက်တခါ [စတုထ္ထနည်းက] ကိုယ့်လိုပဲ အင်အားရှိတဲ့ ပြင်ပ တိုင်းပြည်တခုခုက မင်းက ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် ကိုယ်သိမ်းထားတဲ့ နယ်ထဲကို မဝင်အောင် သတိထားသင့်တယ်။
The order of things is such that, as soon as a powerful foreigner enters a region, all who are less powerful cling to him, moved by the envy they have against the ruler who has ruled over them. And so, concerning these weaker powers, the invader has no trouble whatsoever in winning them over, since all of them will immediately and willingly become part of the state he has acquired. He need only be careful that they do not seize too much military power and authority. With his own military power and their support, he can very easily put down those who are powerful, and remain complete arbiter of that region. Anyone who does not follow this procedure will quickly lose what he has taken, and while he holds it, he will find if full of infinite difficulties and troubles.
ဖြစ်ပုံက အင်အားကြီတဲ့ တိုင်းပြည် တခုခုက ကိုယ်သိမ်းထားတဲ့ နယ်ထဲ ဝင်လာတာနဲ့ သူ့လောက် အင်အားမကြီးသူအားလုံးက သူတို့ကို အုပ်ချုပ်နေသူကို မရှု့ဆိမ့်နိုင်ဖြစ်ပြီး အသစ် ဝင်လာသူဆီ ပြေးကပ်ကြရော။ အင်အားနည်းသူအားလုံးက အသစ်ဝင်လာသူ သိမ်းလိုက်တဲ့ တိုင်းပြည်ရဲ့ အစိတ် အပိုင်း အဖြစ်ကို ချက်ချင်း လိုလိုချင်ချင် ခံယူတဲ့အတွက် ဒီလူတွေကို သိမ်းသွင်းနိုင်ဖို့က ကျူးကျော်သူ အတွက် ဘာအခက်အခဲမှ မရှိဘူး။ ဒီလူတွေ စစ်အင်အားနဲ့ အာဏာ အများကြီး ရမသွားဖို့ပဲ ကိုယ်က ဂရုစိုက်စရာ လိုတယ်။ ကိုယ့်ရဲ့ စစ်အင်အား၊ နောက် ဒီလူတွေရဲ့ အကူအညီနဲ့ ကိုယ်သိမ်းထားတဲ့ တိုင်းပြည်ရှိရာ ဒေသမှာ ကိုယ်က ဘာမဆို အဆုံးအဖြတ် ပေးနိုင်သူ ဖြစ်နေနိုင်တယ်။ ဒီလုပ်ထုံး လုပ်နည်းကို မလိုက်နာတဲ့လူက သူသိမ်းထားတဲ့ တိုင်းပြည်ကို မြန်မြန် ဆန်ဆန် လက်လွှတ် ရလိမ့်မယ်။ သိမ်းထားတဲ့ အချိန်မှာလည်း အခက်အခဲတွေ၊ ဒုက္ခတွေ မရေ မတွက်နိုင်အောင် တွေ့လိမ့်မယ်။
[ခုပြောခဲ့တဲ့ အကြံပေးချက် အတွက် မက်ခီယာဗယ်လီက ရောမတွေကို ဥပမာတွေ ပေးတယ်။ ရောမတွေက သူတို့သိမ်းလိုက်တဲ့ တိုင်းပြည်တွေကို ကိုလိုနီလွှတ်တယ်၊ အနီးဝန်းကျင်က အင်အား သိပ်မကြီးတဲ့ တိုင်းငယ် ပြည်ငယ်တွေရဲ့ အင်အားကို မကြီးလာအောင် ဂရုထားပြီး ဆက်ဆံတယ်၊ တဘက်မှာ အင်အားနည်းနည်းရှိသူကို ခွေထားလိုက်သလို တခြားကနေ အင်အားကြီးတဲ့ နောက်ထပ် တိုင်းပြည်တခုခု အထဲမှာ ခြေကုပ်မရအောင် လုပ်တယ်လို့ ဆိုတယ်။ နောက်တခါ ရောမတွေဟာ]
…did what all wise princes must do: they must be on their guard not only against existing dangers but also against future disturbances, and try diligently to prevent them. Once evils are recognized ahead of time, they may be easily cured;
အမြော်အမြင်ရှိတဲ့ မင်းတိုင်းလုပ်ရမယ့် အရာကို လုပ်ခဲ့တယ်။ အဲဒါကတော့ မင်းဟာ လက်ရှိ အန္တရယ်ကနေ ကာကွယ်ဖို့ သတိရှိရမယ့် အပြင် အနာဂတ်မှာ ကြုံလာရနိုင်တဲ့ မငြိမ်သက်မှုတွေ အတွက်လည်း သတိရှိရမယ်၊ ကြိုတင်ဟန့်တားနိုင်အောင် သတိ၊ ဝီရီယနဲ့ ကြိုးစားလုပ်ရမယ်။ အန္တရယ်တွေကို စောစောစီးစီး သိရရင် အလွယ်တကူ ကုစားနိုင်ဖွယ်ရှိတယ်။ [ကုသမှုနဲ့ နှိုင်းတာကို တခါတွေ့ရပြန်ပြီ။]
[ရောမတွေက အန္တရယ်ကို အစောကြီးကတည်းက သတိရှိတဲ့အခါကျတော့ ဒီအန္တရယ်တွေ အတွက် ကုထုံးကို အမြဲတန်း တွေ့တယ်။ စကတည်းက ဒီလို အန္တရယ်မျိုးတွေကို သူတို့က ပေါ်ခွင့်ကို မပေးဘူး။ တဘက်မှာ မက်ခီယာဗယ်လီက သူ့အကြံပေးချက် မှန်ကန်တာကို ဗင်းနစ်နယ်သားတွေရဲ့ ဖြစ်ပုံနဲ့ ဥပမာပေးတယ်။
ဗင်းနစ်နယ်သားတွေက အိမ်နီးချင်း လွန်ဘာဒီ Lombardy ပြည်က မြို့နှစ်မြို့ကို သိမ်းချင်တယ်။ ဒါပေမယ့် သူတို့ချည်း မသိမ်းနိုင်တော့ ပိုပြီး အင်အားကြီးတဲ့ ပြင်သစ်ကို လှမ်းအကူအညီ တောင်းတယ်။ တချိန်ထဲမှာ လူဝီဆယ့်နှစ်ကလည်း  အီတလီမှာ ခြေကုပ်ယူချင်နေတယ်။ တဘက်မှာ ဒေသခံတွေရဲ့ အကူကို သူက မရနိုင်ဘူး။ အဲဒိတော့ သူ့မှာ လူတကာကို မဟာမိတ်လုပ်ရတယ်။ ပထမ လွန်ဘာဒီ Lombardy ကို သိမ်းပြီးတဲ့အခါ အနီးတဝိုက်က တိုင်းငယ် ပြည်ငယ်တွေက သူ့ကို ချက်ချင်း ကျိုးနွံသွားကြတယ်။ ဂျီနိုအာ Genoa က လက်နက်ချသလို ဖလော့ရင့် Florence ကလည်း သူ့ရဲ့ မဟာမိတ် ဖြစ်သွားတယ်။ အနီးတဝိုက်က ရှိရှိသမျှ အင်အားစုတွေက သူ့မဟာမိတ်တွေ ချက်ချင်း ဖြစ်ကုန်ရော။ ခြုံကြည့်လိုက်ရင် ဗင်းနစ်နယ်သားတွေ အလုပ်မတတ်တဲ့အတွက် မြို့နှစ်မြို့ ရမယ် အထင်နဲ့ ပြင်သစ်ကို ချဉ်းကပ်မိရာကနေ အီတလီ တခုလုံးရဲ့ သုံးပုံနှစ်ပုံကို လူဝီဆယ့်နှစ်လက်ကို အပ်လိုက် ရတာသာ အဖတ်တင်ကျန်ခဲ့တယ်။
တခါ ဗင်းနစ် နယ်သားတွေ လုပ်မိတဲ့ အမှားမျိုးကို ပြင်သစ်ဘုရင်လည်း လုပ်မိပြန်တယ်။ မီလန်ကို သိမ်းပြီးချိန်မှာ လူဝီဆယ့်နှစ်က ပုပ်ရဟန်းမင်း အလက်ဇန်းဒါး Pope Alexander ကို Romagna [မလှမ်းမကမ်းမှာ ရှိတဲ့ တိုင်းပြည်ငယ်တခု] ကို သိမ်းနိုင်အောင် သွားကူတယ်။ ဒီလို လုပ်ခြင်းဖြင့် သူဟာ ပုပ်ရဟန်းမင်း အလက်ဇန်းဒါးကို ပို အားကောင်းစေရုံမက သူ့ကို အစပိုင်းမှာ ရှိန်သွားတဲ့ တိုင်းပြည်တွေကိုပါ အတင့်ရဲလာစေတယ်။ နောက်ဆုံးမှာ အလက်ဇန်းဒါးရဲ့ အာဏာဆက် မကြီးထွားလာအောင် သူနဲ့ စစ်တိုက်ရတဲ့ထိ ဖြစ်လာတယ်။ ခြုံကြည့်ရရင် ပြင်သစ်ဟာ အီတလီ တခုလုံးကို အပိုင်သိမ်းနိုင်ပါလျက်နဲ့ အလုပ်မတတ်တဲ့ အတွက် သူများနဲ့ ဝေစားရတဲ့ အဖြစ်ရောက်ရတယ်လို့ မက်ခီယာဗယ်လီက ဆိုတယ်။]
The desire to gain possessions is truly a very natural and normal thing, and when those men gain possessions who are able to do so, they will always be praised and not criticized.
ပိုင်ဆိုင်ချင်တဲ့ ဆန္ဒဟာ လူ့သဘာဝပဲ၊ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ဖူး။ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်သူကို ဝေဖန်ကြမှာ မဟုတ်ပဲ ချီးမွမ်းကြလိမ့်မယ်။
[ဒီစာကြောင်းဟာ အင်မတန်မှ အငြင်းအခုံ ဖြစ်ဖွယ်ရှိတယ်။ ဘယ်လို interpret လုပ်မလဲဆိုတာ စဉ်းစားစရာပဲ။ လူတွေရဲ့ သဘာဝက ကိုယ်လိုချင်တာကို ရအောင်ယူတဲ့လူကို တခြားလူတွေက ကဲ့ရဲ့မှာ မဟုတ်ဖူး၊ ချီးမွမ်းကြမှပဲ လို့ဆိုလိုချင်တာလို့ ယူဆနိုင်စရာ ရှိတယ်။ ကျနော့် အတွေ့အကြုံအရ  မတရားနည်းနဲ့ ချမ်းသာလာတာ၊ အရှိန်အဝါရလာတာကို တချို့ ပထမတော့အပြစ် ပြောတယ်၊ ဒါပေမယ့် အဲဒိအရှိန်အဝါ ရလာသူကိုယ်တိုင်က သူ့ကို လက်ကမ်းပေးလိုက်တာနဲ့ အရင် အပြစ် ပြောထားတာတွေ အားလုံးကို မေ့သွားကြရော။ ဒီလို ဖြစ်တတ်တဲ့ သဘောသဘာဝကို မက်ခီယာ ဗယ်လီက ပြောချင်တာလားဆိုတာ သိပ်မရှင်းဘူး။
ပြန်ကောက်ရရင် မက်ခီယာဗယ်လီက ဘာသာစကား၊ ဓလေ့ထုံးတမ်း မတူတဲ့ တိုင်းပြည်တွေကို သွားသိမ်းပြီး ရေရှည်ထိန်းထားချင်ရင် ဆောင်ရမယ့် ရှောင်ရမယ့် အချက် ငါးချက်ကို ချပြခဲ့တယ်။]
Thus, Louis committed these five errors: he wiped out the less powerful rulers; he increased the power of an already powerful ruler in Italy; he brought into that region an extremely powerful foreigner; he did not go there to live; and he did not set up colonies there.
လူဝီဘုရင်ဟာ အမှားငါးခုကို ကျူးလွန်ခဲ့တယ်။ သူ့လောက် အင်အားမရှိတဲ့ အုပ်ချုပ်သူတွေအားလုံးကို ရှင်းပစ်တယ်၊ နောက် အီတလီမှာ အင်အားကြီးပြီးသား အုပ်ချုပ်သူ တယောက်ရဲ့ အာဏာကို ပိုကြီးအောင် လုပ်ပေးတယ်၊ [ပုပ်ရဟန်းမင်း အလက်ဇန်းဒါးကို ရည်ညွှန်းတာ။] သူသိမ်းထားတဲ့ ဒေသကို အပြင်က အင်မတန် အင်အားကြီးသူ တယောက်ကို ခေါ်ချလာတယ်။ [နေပယ် Kingdom of Naples ကို လူဝီဆယ့်နှစ်က သိမ်းရာမှာ တယောက်ထဲ မနိုင်တော့ စပိန်ဘုရင် ဖာဒီနန်နဲ့ နေပယ်ကို တယောက် တခြမ်း ယူမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ သိမ်းတယ်။ အဲဒိ အဖြစ်အပျက်ကနေ အဲဒိအချိန်က အင်မတန် အာဏာကြီးတဲ့ စပိန်က အီတလီမှာ ခြေကုပ်ရသွားတယ်။] သိမ်းထားတဲ့ တိုင်းပြည်မှာ ကိုယ်ကိုယ်တိုင် သွားမနေဘူး၊ နောက်ဆုံး အဲဒိမှာ ရုပ်သေးအစိုးရ၊ ကိုလိုနီ မထားဖူး။
[နောက်ဆုံးမှာ လူဝီဘုရင်ဟာ သူပထမဆုံး ရထားတဲ့ လွန်ဘာဒီ Lombardy ကို ဆုံးရှုံးသွားတယ်။ ဒီလို ဖြစ်ရတာဟာ ပြင်သစ်တွေဟာ စစ်သာတိုက်တတ်တယ်၊ စစ်တိုက်ပြီး ရထားတဲ့ နယ်ပယ်တွေကို ကြာရှည် မထိန်းထားနိုင်ဘူး၊ မက်ခီယာဗယ်လီက ပြင်သစ်တွေဟာ statecraft ကို နားမလည်ဘူးလို့ ဆိုတယ်။ အုပ်ချုပ်နည်း မတတ်ဘူးလို့ မပြောတယ်။ ပုပ်ရဟန်းမင်း အလက်ဇန်းဒါးနဲ့ စပိန်ဘုရင် ဖာဒီနန်တို့ အီတလီမှာ အာဏာ အကြီးအကျယ် ရလိုက်ပြီး နောက်ဆုံး သူကိုယ်တိုင် အီတလီကနေ ပြေးရတာဟာ တကယ်တော့ လူဝီဘုရင်ရဲ့ အလုပ်အကိုင် မတတ်မှုကြောင့်လို့ မက်ခီယာဗယ်လီက ပြောတယ်။ အဲဒိကနေ သူက ဥပဒေသတခု ထုတ်ပြတယ်။]
From this one can derive a general rule which rarely, if ever, fails: that anyone who is the cause of another becoming powerful comes to ruin himself;
ဒီကနေ မှားခဲတဲ့ ဥပဒေတခုကို ထုတ်ယူနိုင်တယ်။ တခြားလူ တယောက်ယောက်ကို ကိုယ်က အင်အားကောင်းအောင် လုပ်ပေးတာဟာ ကိုယ့်ပျက်စီးကိန်း ဆိုက်စေဖို့သာ ဖြစ်တယ်။
End of Chapter III
[1] အသေးစိတ်ကို Eric Hobsbawm ရဲ့ Age of Extremes မှာ ကြည့်နိုင်ပါတယ်။
[2] See Oxford World Classic p9
[3] အော်တိုမန် အင်ပိုင်ယာကို မက်ခီယာဗယ်လီက တူရကီတွေလို့ပဲ့ ယေဘုယျ သုံးနှုန်းတယ်။ သူပြောတဲ့ ဂရိဆိုတာ ဘော်လကန် ကျွန်းဆွယ်ကို ပြောတာဖြစ်ပြီး လက်ရှိ ဂရိနိုင်ငံကို ရည်ညွှန်းတာ မဟုတ်။ အော်တိုမန် အင်ပိုင်ယာ တပ်တွေက ၁၃၅၄ မှာကတည်းက Hellespont ရေလက်ကြားကို ဖြတ်ပြီး ၁၄၅၃ မှာ မိုဟာမက်နှစ်က ခရစ်ယာန်တိုင်းပြည် ဖြစ်တဲ့ ရှေးဟောင် ဘိုင်ဇင်တိုင်း အင်ပိုင်ယာရဲ့ မြို့တော် Constantinople ကိုသိမ်းတယ်။ See Oxford World Classic p10
The Prince by Machiavelli 1
ကမ္ဘာမှာ ထင်ရှားတဲ့ နိုင်ငံရေး ဒဿနကျမ်းတွေကို ဗမာလို ပြန်ဆိုထားတာ မရှိသလောက် နည်းတာကို စာဖတ်သူတွေ သတိပြုမိကြမယ် ထင်ပါတယ်။ တကယ်တော့ နိုင်ငံရေး ဒဿနကျမ်း မဆိုထားနဲ့၊ ဒဿနိကဗေဒလို့ ဗမာလို ဘာသာပြန်ထားတဲ့ ဖီလော်ဆော်ဖီက အထင်ရှားဆုံးကျမ်းတွေတောင် ကျနော်တို့ဆီမှာ မရှိသလောက် ရှားတယ်။ ဇော်ဂျီက ပလေတိုရဲ့ ဒိုင်ယာလော့ဂ် တခုဖြစ်တဲ့ Aesthetics အလှနဲ့ ပတ်သက်တဲ့ Ion ဒိုင်ယာလော့ဂ်ကို အိုင်ယွန်နကထာ ဆိုပြီး ဘာသာပြန်ဖူးတယ်။ ဖီလော်ဆော်ဖီ လေ့လာသူတွေ မလေ့လာမဖြစ် လေ့လာကြရတဲ့ ပလေတိုရဲ့ အတွေးအမြင်နဲ့ ပတ်သက်ပြီး ကျနော် သိရသလောက် ဆန်းလွင်တို့၊ နန္ဒာသိန်းဇံတို့အပြင် ဇော်ဂျီရဲ့ ပလေတိုးနိဒါန်းရယ်၊ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း စာအုပ်ထဲ ပလေတိုနဲ့ အရစ္စတော်တယ်တို့ကို အနည်းအကျဉ်း မိတ်ဆက်ပေးထားတာသာ တွေ့ဖူးတယ်။ ပါရဂူလည်း နှစ်အုပ် လောက်တော့ ရေးဖူးတယ်ထင်တယ်။  ဒါပေမယ့် ဇော်ဂျီရဲ့ Ion ဘာသာပြန်ကလွဲပြီး မူရင်း ကျမ်းတွေကို ဘာသာ ပြန်ထားတာ မတွေ့ဖူးဘူး။ ဖီလော်ဆော်ဖာ တယောက်ရဲ့ ဖီလော်ဆော်ဖီကို သူရေးထားတဲ့ မူရင်းကို ဖတ်မှသာ သူ့ရဲ့ ဖီလော်ဆော်ဖီကို ထဲထဲဝင်ဝင် သဘောပေါက်နိုင်မယ်။ မူရင်းတွေဟာ ဖတ်ရတာ ခက်တယ်။ တော်ရုံတန်ရုံ သိချင်၊ နားလည်ချင်စိတ်လောက်နဲ့ဆို လေးငါးခြောက်မျက်နှာ လှန်ပြီးရင် စိတ်ပျက်သွားနိုင်တယ်။  မူရင်း စာအုပ်က ခက်တဲ့အပြင် ကိုယ်ဖတ်နေတဲ့ ဖီလော်ဆော်ဖာဟာ ဘယ်ပြဿနာကို ရှင်းနေသလဲဆိုတာ စကတည်းက ရှင်းရှင်း လင်းလင်း သိမထားရင် ဖီလော်ဆော်ဖီ ဇာတ်ရည်လည်ဖို့ ခက်ပြီး ရှေ့ဆက်ဖတ်ဖို့ အားကုန်သွားရော။ အဲဒိမှာ မူရင်းကျမ်းတွေကို ဖတ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ secondary texts တွေရဲ့ ကဏ္ဍ ရောက်လာတယ်။
တခုတော့ ရှိတယ်။ ပလေတိုရဲ့ အတွေးအမြင်ကို interpret လုပ်ထားတဲ့၊ ဖွင့်ဆိုထားတဲ့ secondary texts တွေကို ဖတ်တာနဲ့ ပလေတိုကို သိမှာမဟုတ်ဖူး။ ပလေတိုကို အကောင်းဆုံး နားလည်နိုင်ဖို့၊ ထဲထဲဝင်ဝင် နားလည်နိုင်ဖို့ ပလေတိုရဲ့ ဒိုင်ယာလော့ဂ် တခုချင်းစီကို (ဖြစ်နိုင်ရင် မူရင်း ဘာသာစကားနဲ့ ရေးထားတဲ့ ကျမ်းတွေကို) အခေါက်ခေါက် အခါခါ ဖတ်ပြီး သူ ‘ဘာ’ ကို ‘ဘယ်လို’ ကျိုးကြောင်း ပြဆိုထားလဲဆိုတာ နားလည်အောင် လုပ်မှသာ ဖြစ်နိုင်မယ်။ တဘက်မှာ secondary texts တွေဟာလည်း သူ့တန်ဖိုးနဲ့ သူရှိတာပဲ။ မူရင်းကျမ်းကို ဖတ်နေရင်း လည်လာရင် ဇတ်ရည်လည်အောင် secondary texts တွေက အများကြီး အထောက်အကူ ပေးတယ်။
နိုင်ငံရေး ဒဿနကျမ်းတွေထဲမှာ ဂန္တဝင်လို့ သတ်မှတ်ကြတဲ့ စာအုပ်တွေနဲ့ ဗမာစာဖတ် ပရိသတ်ကို ရင်းနှီးကျွမ်းဝင်စေချင်တယ်။ ဒီစာအုပ်တွေထဲက အတော်များများဟာ ခုဆိုရင် အင်တာနက်မှာ အလကား ဖတ်နိုင်နေပြီ။ ဒီစာတွေကို ဗမာလို ဘာသာပြန်ထားတာကို ဖတ်နိုင်မယ့်အပြင် ဖတ်နေရင်း ဘေးကနေ ကူပြီး interpret လုပ်ပေးမယ်ဆိုရင် ကမ္ဘာမှာ ထင်ရှားခဲ့တဲ့ အတွေးအမြင်တွေကို ဗမာစာဖတ် ပရိသတ် အနေနဲ့ ရင်းနှီးကျွမ်းဝင်စေဖို့ရာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်တယ်။ အဲ့သလို ယုံကြည်တဲ့ အလျောက် ဂန္တဝင် ဖီလော်ဆော်ဖီ မူရင်းကျမ်းတချို့ကို ဘာသာပြန်ကြည့်ထားတယ်။ ဘာသာပြန်ထားတဲ့အပြင် ဇာတ်ရည်လည်အောင် ဘာသာပြန်သူရဲ့ ရှင်းလင်းချက် interpretation ကိုပါ ဖော်ပြပေးထားတယ်။
နိုင်ငံရေး ဒဿနနဲ့ ပတ်သက်ပြီး အစောဆုံးကျမ်းလို့ သတ်မှတ်ကြတဲ့ ပလေတိုရဲ့ Crito ကို ဘာသာ ပြန်ပြီးပြီ။ ဘာသာပြန် အကြမ်းကို ဒီဘလော့မှာ ဖတ်လို့ရပါတယ်။  ဘာသာပြန်တဲ့အခါမှာ အရေးအသား ချောမွေ့ဖို့ထက် မူရင်း ဖီလော်ဆော်ဖာရဲ့ proposition အဆိုတွေ၊ argument ကျိုးကြောင်း ပြဆိုချက်တွေ တိကျနိုင်သမျှ တိတိကျကျ ဖြစ်ရေးကို ဉီးစားပေးထားတယ်။ Crito ပြီးတော့ ခု Machiavelli ရဲ့ The Prince ကို စပြီး ဘာသာပြန်ကြည့်တယ်။ ဘာသာပြန် ဆိုပေမယ့် တကယ်က ဘာသာပြန် စစ်စစ် မဟုတ်ဖူး။ တအုပ်လုံး ဘာသာပြန်မယ့်အစား အခန်းတိုင်းက အရေးကြီးဆုံး အဆိုတွေကိုပဲ ရွေးပြီး ဘာသာပြန်ထားတယ်။ ကျနော့်အထင်မှာ သိပ်အရေး မကြီးဘူးလို့ ထင်တဲ့ စာပိုဒ်တွေကို ချန်ပစ်ခဲ့တယ်။ နောက် ဗမာလို ဘာသာပြန်ထားတာကို ရုတ်တရက် နားလည်ဖို့ ခက်နေရင် အင်္ဂလိပ် text ကိုကြည့်ပြီး ဆိုလိုရင်းကို နားလည်နိုင်အောင် အင်္ဂလိပ် text ကိုပါ ထည့်ပေးထားတယ်။
တကယ်တော့ ကျနော့် ဘာသာပြန်နဲ့ ရှင်းလင်းချက်တွေဟာ မူရင်းစာကို စာဖတ်သူတို့ ကိုယ်တိုင် ဖတ်ဖြစ်လာအောင် တွန်းအားပေးရုံ သက်သက်သာ ရည်ရွယ်တယ်။ ကျနော့် ဘာသာပြန်နဲ့ ရှင်းလင်းချက်တွေကို ဖတ်ပြီး မက်ခီယာဗယ်လီရဲ့ The Prince ကို အစအဆုံး ဖတ်ဖို့ထိ စိတ်ဖြစ်လာရင် ရေးရကျိုးနပ်ပြီလို့ ယူဆပါတယ်။ The Prince အပြင် ပလေတိုရဲ့ Crito နဲ့ Republic, Thomas Hobbes ရဲ့ Leviathan နောက် ဂျွန်လော့၊ ရူးဆိုးတို့ရဲ့ အထင်ကရ ကျမ်းတွေကိုပါ ပြန်ဖို့ ဆန္ဒရှိတယ်။ ခုတော့ The Prince နဲ့ စကြည့်အုံးမယ်။
[ ] ဒေါင့်ကွင်းထဲ ရေးသားထားတာတွေက စာရေးသူရဲ့ interpretation ဖြစ်ပါတယ်။
How many kinds of Principalities there are and ways they are acquired
အခန်း ၁ Principalities ဘယ်နှစ်မျိုး ရှိလဲ၊ သူတို့ကို သိမ်းပိုက်နည်းများ
All states and all dominions that have had and continue to have power over men have been, and still are, either republics or principalities.
[The Prince ရဲ့ ပထမအခန်းကို မက်ခီယာဗယ်လီက အပေါ်က စာကြောင်းနဲ့ စဖွင့်တယ်။ အရင်ဆုံး ခေါင်းစဉ်နဲ့ ဒီဝါကျမှာ ပါတဲ့ နောက်ပိုင်း အကြိမ်ကြိမ် တွေ့ကြရမယ့် ဝေါဟာရတွေကို အနည်းဆုံး အကြမ်း နားလည်ထားသင့်တယ်။ မက်ခီယာဗယ်လီက political power နိုင်ငံရေး အာဏာကို ရည်ညွှန်းဖို့ state, dominion နဲ့ principalities ဆိုတဲ့ တဲခနိက ဝေါဟာရ သုံးခုကို အသုံး ပြုထားတယ်။ မက်ခီယာဗယ်လီ ပြောတဲ့ state ဆိုတာ ကနေ့ခေတ် ကုလသမဂ္ဂမှာ အဖွဲ့ဝင် အဖြစ် ပါနေကြတဲ့ နိုင်ငံ nation-state ကိုဆိုလိုတာ မဟုတ်ဖူး။ an institutional exercise of power over a territory[1] တနည်း နယ်ပယ်တခုမှာ အဖွဲ့အစည်း သဏ္ဍာန်နဲ့ အာဏာကျင့်သုံးနိုင်တဲ့ ယူနစ်ကို ပြောချင်တာ။ ကနေ့ခေတ် အီတလီလို့ မြေပုံပေါ် နယ်နမိတ်မျဉ်းသတ်ထားတဲ့ နိုင်ငံနေရာမှာ ဆယ့်ငါးရာစု အကုန်လောက်က သူ့နယ်နဲ့သူ တသီးတသန့် အုပ်ချုပ်နေတဲ့ ပြောခဲ့တဲ့ အုပ်ချုပ်ရေး ယူနစ်လေးတွေ ပွစိကြဲနေတယ်။ အဲဒိ အုပ်ချုပ်ရေး ယူနစ်လေးတွေထဲက တချို့ကို မက်ခီယာဗယ်လီက republic လို့ သတ်မှတ်ပြီး တချို့ကိုတော့ principalities လို့ခေါ်တယ်။ ကနေ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော် နယ်နမိတ် အဖြစ် သတ်မှတ်ထားတဲ့ ဧရိယာ နယ်နမိတ်ထဲမှာ တချိန်က  အင်းဝ၊ ပဲခူး၊ အာရကန် စတဲ့ ကိုယ့်နယ်ပယ်မှာ ကိုယ့်အုပ်ချုပ်မှုနဲ့ကိုယ် ရှိခဲတဲ့ အုပ်ချုပ်ရေး ယူနစ်တွေနဲ့ သဘောချင်း မကွာ လှဘူးလို့ ယူဆမိတယ်။ ဒီဝေါဟာရတွေကို နောက်အကြိမ်ကြိမ် တွေ့ရမှာမို့ ရှေ့နောက် ညီအောင် state ကို တိုင်းပြည်လို့ ဘာသာပြန်ထားလိုက်မယ်။ republic ကတော့ နိုင်ငံတော်ပေါ့။]
Principalities are either hereditary, in which instance the family of the prince has ruled for generations, or they are new. The new ones are either completely new, as was Milan for Francesco Sforza, or they are like appendages added to the hereditary state of the prince who acquires them, as is the Kingdom of Naples for the King of Spain.
Principalities တွေမှာ မျိုးရိုး အစဉ်အဆက် အုပ်ချုပ်လာတာ ရှိသလို အသစ်ပေါ်လာတာတွေလည်း ရှိတယ်။ [အသစ်ပေါ်လာတဲ့ principalities ဆိုတာ အုပ်ချုပ်သူ အသစ်ရောက်လာတဲ့ principalities ကိုပြောတယ်ဆိုတာ ဒီစာပိုဒ်ထဲက ဥပမာတွေအရ မှန်းကြည့်နိုင်တယ်။] အဲဒိ အသစ်တွေထဲက တချို့က Milan for Francesco Sforza လို အစစ အရာရာ သစ်တာ ဖြစ်သလို တချို့က Kingdom of Naples for the Kingdom of Spain လို မျိုးရိုးစဉ်ဆက် အုပ်ချုပ်လာတဲ့ တိုင်းပြည် တခုခုက သိမ်းပိုက်ပြီး သူတို့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတခု အဖြစ် သွတ်သွင်းခံခဲ့ရတာတွေ ဖြစ်တယ်။ [Francesco Sforza ဟာ Venice ဗင်းနစ်က အာဏာပိုင်တွေနဲ့ အပေးအယူလုပ်ပြီး နောက်နှစ်နှစ် အကြာ ၁၄၅၀ မှာ မီလန်ကို သိမ်းလိုက်တယ်။ တနှစ်ထဲမှာ စပိန်ဘုရင် ဖာဒီနန်က Kingdom of Naples ကို စိတ်ပိုင်းပြီး ယူဖို့ ပြင်သစ်ဘုရင် လူဝီ ဆယ့်နှစ်နဲ့ သဘောတူညီမှုယူပြီး နေပယ်ကို သူ့ရဲ့ ညီတဝမ်းကွဲကို King Frederick I ကို အုပ်ချုပ်ခိုင်းခဲ့တယ်။[2] မက်ခီယာဗယ်လီရဲ့ The Prince ကိုဖတ်တဲ့အခါ ကြုံရတတ်တဲ့ အခက်အခဲတခုက သူ့စာအုပ်ထဲက နံမယ်တွေ၊ အဖြစ်အပျက်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတာပဲ ဖြစ်တယ်။ ဒါပေမယ့် သည်းခံပြီး ဖတ်ရင် တဖြည်းဖြည်းနဲ့ သူအဓိက ပြောချင်တဲ့ အဆိုက ဘာ ဆိုတာ သဘောပေါက်လာမှာပါ။]
Dominions taken in this way are either accustomed to living under a prince or are used to being free; and they are gained either by the arms of others or by one’s own, either through Fortune or through virtue.
[state နဲ့ dominion ကို မက်ခီယာဗယ်လီ အသုံးပြုပုံ မကွာတာကို သတိပြုပါ။] တခြား တိုင်းပြည် တခုရဲ့ သိမ်းပိုက်ခံရပြီး အဲဒိတိုင်းပြည်ရဲ့ အစိတ်အပိုင်းတခု အဖြစ် ပြောခဲ့တဲ့နည်းနဲ့ သွတ်သွင်းခံခဲ့ရတဲ့ ဒိုမီနီယံတွေမှာ တချို့ဟာ မင်းတပါးပါးရဲ့ လက်အောက်မှာ နေရတဲ့ အတွေ့အကြုံရှိဖူးပြီး တချို့ကတော့ လွတ်လပ်ခဲ့ဖူးတယ်။ [ဘာဆိုလိုသလဲဆိုတာ သိပ်မရှင်းဘူး။] ဒီဒိုမီနီယံတွေကို တယောက်ယောက်ရဲ့ လက်နက် အကူအညီနဲ့ ရသလို ကိုယ်ကိုယ်တိုင်ရဲ့ Fortune ဒါမှမဟုတ် virtue ကြောင့်ရတယ်။
[ဒီနေရာမှာ မက်ခီယာဗယ်လီရဲ့ political philosophy မှာ အခရာကျတဲ့ ဝေါဟာရ နှစ်ခုကို စပြီး တွေ့ရတယ်။ အဲဒါကတော့ Fortune နဲ့ virtue။ ပထမ တခုက ရှင်းစရာမလိုဘူး။ ကံတရားရဲ့ ဖေးမမှုကို ပြောချင်တာ။ virtue ဆိုတာက ပလေတိုရဲ့ အချီအချ ဆွေးနွေးခန်းတွေထဲက Socrates ပြောတဲ့ ကျင့်ဝတ်နဲ့ဆိုင်တဲ့ moral virtue မဟုတ်ဖူး။ မက်ခီယာဗယ်လီ ဆိုလိုတာက လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်၊ ဇွဲနဘဲ ရှိတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးကို ဆိုလိုတာလို့ နားလည်တယ်။ မက်ခီယာဗယ်လီ ပြောတဲ့ Fortune နဲ့ virtue ကို ဗမာမှာ အလုပ်တခု အောင်မြင်ဖို့ရာ လိုအပ်တယ်လို့ ဆိုကြတဲ့ ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုနဲ့ ယှဉ်ကြည့်ရအောင်။ မက်ခီယာဗယ်လီရဲ့ Fortune က ဗမာက ကံနဲ့ဆင်တယ်။ နောက်သူ့ရဲ့ Virtue က ဉာဏ်၊ ဝီရီယ နှစ်ခု ပေါင်းစပ်ထားတာနဲ့ ဆင်တယ်။ တူရကီ အာဏာရှင်ဆိုပြီး သိကြတဲ့ Kemal Ataturk တို့၊ ကုန်းဘောင်မင်းဆက်ကို စတည်ထောင်တဲ့ ဉီးအောင်ဇေယျတို့၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်တွေမှာ တွေ့ရတဲ့ ကိုယ်ရည် ကိုယ်သွေးမျိုးလို့ ယူဆနိုင်စရာ ရှိပါတယ်။]
Of Hereditary Principalities
အခန်း ၂ ဆွေစဉ်မျိုးဆက် အုပ်ချုပ်ခဲ့တဲ့ principalities များအကြောင်း
I shall set aside any discussion of republics, because I have treated them at length elsewhere. I shall consider the principality, weaving together the threads mentioned above as I go, and I shall discuss how these principalities can be governed and maintained.
[The Prince က principalities တွေနဲ့ ဆိုင်ပြီး republics တွေ အကြောင်းကိုတော့ Discourses on Livy မှာ အကျယ် ရှင်းထားတယ်။ ဒီစာပိုဒ်မှာ မက်ခီယာဗယ်လီက ဒီစာအုပ်ရဲ့ အဓိက အကြောင်းအရာကို စပြောပြီ။ ပြောခဲ့တဲ့ principalities တွေကို ဘယ်လို အုပ်ချုပ်မလဲ၊ ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာ ဆွေးနွေးမယ်လို့ ပြောတယ်။]
I say, then, that in hereditary states accustomed to the rule of their prince’s family, there are far fewer difficulties in maintaining them than in new states, for it is sufficient simply not to break ancient customs, and then to suit one’s actions to unexpected events.
မျိုးရိုးစဉ်ဆက် မင်းဆက် အုပ်ချုပ်မှုနဲ့ အုပ်ချုပ်ခံဖူးတဲ့ တိုင်းပြည်တွေကို ထိန်းသိမ်းတာ အစကနေ စရမယ့် တိုင်းပြည်တွေကို အုပ်ချုပ်တာလောက် မခက်ဘူး။ ဘာလို့ဆို  ဟိုးရှေးကတည်းက ရှိခဲ့တဲ့ အစဉ်အလာတွေကို အဆက် ပြတ်မသွားအောင်လုပ်၊ ပြီးရင် မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေကို လိုက်ပြီး မီးစင်ကြည့်က သွားတာနဲ့တင်ရတယ်။ [အဓိပ္ပါယ် မပျောက်အောင် စာကြောင်းတွေ ခွဲလိုက်တယ်။]
In this way, if such a prince is or ordinary ability he will always maintain his state, unless some extraordinary and inordinate force should deprive him of it, and although it may be taken away from him, he will regain it at the slightest mistake of the usurper.
ဒီနည်းအတိုင်း အုပ်ချုပ်မယ်ဆိုရင် သာမန် အရည်အချင်းလောက်ရှိတဲ့ မင်းအတွက်က တကယ့်သာမန်ထက် လွန်ကဲတဲ့ အကြောင်းတရားတွေကြောင့် လက်လွှတ်ရတာမျိုးကလွဲရင် သူ့တိုင်းပြည်ကို အမြဲတန်း ထိန်းသိမ်း သွားနိုင်လိမ့်မယ်။။ လက်လွှတ်ရတယ် ဆိုအုံးတော့၊ သူ့တိုင်းပြည် လာသိမ်းသူက မဆို စလောက် အမှားလေး လုပ်မိတာနဲ့တင် ဒါကို အခွင့်ကောင်းယူပြီး သူ့တိုင်းပြည်ကို ပြန်သိမ်း နိုင်လိမ့်မယ်။
As an example, we have in Italy, the Duke of Ferrara, who withstood the assaults of the Venetians in 1484 and those of Pope Julius in 1510 for no other reason than his long-established rule in that dominion. Because a prince by birth has fewer reasons and less need to harm his subjects, it is natural that he should be more loved; and if no unusual vices make him hated, it is reasonable that he should be naturally well liked by them. And through the great length and continuity of his dominion the memories and causes of innovations die out, because one change always leaves indentations for the construction of another.
[The Prince ကို ဖတ်တဲ့အခါ သတိပြုမိကြမယ့် အချက်တခုက မက်ခီယာဗယ်လီဟာ တိုင်းပြည် အုပ်ချုပ်မှု၊ ကွပ်ကဲမှုနဲ့ ဆိုင်တဲ့ သူ့ရဲ့ အဆိုတိုင်းနီးနီးလောက်ကို သမိုင်းမှာ ဒါမှမဟုတ် သမိုင်း စာအုပ်တွေထဲမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ဒါမှမဟုတ် သူကိုယ်တိုင်ရဲ့ အတွေ့အကြုံတွေနဲ့ သက်သေ အကိုးအကား ပြတဲ့ အချက်ပဲ ဖြစ်တယ်။]
ဥပမာ အနေနဲ့ အီတလီမှာ ၁၄၈၄ မှာ ဗင်းနစ်နယ်သားတွေရဲ့ စော်ကားမှုနဲ့ ၁၅၁၀ မှာ ပုပ်ရဟန်းမင်း ဂျူးလီးယပ်(စ)[3]ရဲ့ စော်ကားမှုတွေကို  ကြံ့ကြံ့ခံခဲ့တဲ့ ဖရားရာ မြို့စားဟာ သူ့တိုင်းပြည်ကို ကာလ ရှည်ကြာ အတည်တကျ အုပ်ချုပ်ခဲ့တဲ့ အတွက်ကြောင့်သာ ကြံ့ကြံ့ခံနိုင်ခဲ့တာ ဖြစ်တယ်။ ဘာလို့ဆို မွေးကတည်းက ဒီတိုင်းပြည်မှာ တရက် မင်းလုပ် အုပ်ချုပ်မယ့်သူက သူ့အောက်လက်ငယ်သားကို ဒုက္ခပေးစရာ အကြောင်းနည်းတယ်၊ ဒုက္ခရောက်အောင် လုပ်ဖို့ မလိုဘူး၊ ဒီတော့ သူ့ကို အပြင်က ရောက်လာသူထက် အောက်လက်ငယ်သားက ပိုချစ်လောက်တယ်။ [ဒီနေရာမှာ အုပ်ချုပ်ခံရသူတွေရဲ့ rationality၊ အုပ်ချုပ်ခံရသူတွေရဲ့ စိတ်နေသဘာဝနဲ့ ပတ်သက်ပြီး စဉ်းစားစရာ၊ ဆွေးနွေးစရာတွေ ရှိတယ်။ စာဖတ်သူတွေ အတွေးဆန့်ကြည့်ကြပါလို့ပဲ တိုက်တွန်းချင်တယ်။ မက်ခီယာဗယ်လီက အုပ်ချုပ်ခံတွေမှာ ရှိတတ်တဲ့ စိတ်နေစိတ်ထားကို ဘာတခွန်းမှ မှတ်ချက်မပေးဘဲ သူ့အဆိုအတွက် unspoken assumption ပမာ သဘောထား ဖော်ပြသွားတယ်။ ဒီလိုဖော်ပြပုံမျိုးကို The Prince က အခန်းတိုင်းလိုလိုမှာ တွေ့ရတယ်။ ဒီလူ့သဘာဝနဲ့ ပတ်သက်တဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်တဲ့ မက်ခီယာဗယ်လီရဲ့ အဆိုတွေကတဆင့် သူ့ရဲ့ နိုင်ငံရေး ဖီလော်ဆော်ဖီကို ဖော်ကြည့်နိုင်တာ ဖြစ်တယ်။ ဒီဖီလော်ဆော်ဖီကို ဖော်ရာမှာ interpret လုပ်ကြရာမှာ တယောက်နဲ့ တယောက် ကွဲနိုင်တယ်။ ခုဒီစာအုပ်ထဲမှာ စာရေးသူရဲ့ interpretation ကို အလျဉ်းသင့်သလို ဖော်ပြသွားပါ့မယ်။] ဒီမင်းမှာ အော့ကြော့လန်စရာ ယုတ်ညံ့မှုမျိုးသာ မရှိရင် သူ့ကို အောက်လက် ငယ်သားက ကောင်းကောင်း နှစ်သက် သဘောကျဖွယ်ရှိတယ်။ [လူကြည်ညိုတဲ့ ပုဂ္ဂိုလ်များရဲ့ မျိုးဆက်တွေ နိုင်ငံရေးထဲ ဝင်မယ်ဆိုရင် ကိုယ့်မိဘ ဘိုးဘွား အရှိန်နဲ့ ကိုယ့်မှာ လူချစ်အောင် သိပ်ထူးထူးခြားခြား လုပ်စရာ မလိုဘူးဆိုတာကို သဘောပေါက်ရင် မက်ခီယာဗယ်လီ ပြောတာကို နားလည်နိုင်မှာပါ။] သူ့ရဲ့ အုပ်ချုပ်မှုက အပြတ်အလပ်လည်း မရှိ၊ တခါ ကာလလည်း ရှည်ကြာတာနဲ့အမျှ တိုင်းပြည်ထဲ လုပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လူတွေက အသားကျပြီး အသစ် အဆန်းလို့ မမြင်ကြတော့ဘူး။ ဘာလို့ဆို နောင်လုပ်မယ့် ပြုပြင်ပြောင်းလဲမှုက သူ့အရင် ရှိပြီးသား ပုံစံတွေကို အခြေပြုပြီး ဆက်လုပ်သွားတာမို့ ဖြစ်တယ်။
[1] See Oxford World Classic notes p7
[2] Ibid
[3] ဆယ့်ငါးရာစုက ပုပ်ရဟန်းမင်း ဂျူးလီးယပ်စ ၂ ကို ရည်ညွှန်းသည်။