ဂျပန်ခေတ်တုန်းက ကာလ၀မ်းတွေကျတော့ အန်းမကိုလဲ ကူးတယ်။ စစ်ပြေးနေတဲ့ကာလမို့ ရွာက သူ့ကို သေခါနီးပြီဆိုပြီး ကွပ်ပျစ်လေးတလုံးနဲ့ ရွာပြင်ထုတ်ထားတယ်။ အန်းမက သမီးကြီးကို မွေးပြီးခါစ။ သမီးဇောနဲ့မို့ ထင်တယ်။ မသေဘူး။ သူကတော့ သူမျောနေတုန်း ၀တ်ဖြူစင်ကြယ်၊ တောင်၀ှေးနဲ့ အဖိုးကြီးတယောက်လာပြီး ငါ့သမီးမသေရဘူးဆိုပြီး လာပြောတယ်လို့ သတိရတော့ ပြန်ပြောတယ်။ တကယ်တော့ သမီးကလေးကို စိတ်မချလို့၊ မထားရက်ခဲ့နိုင်လို့ မသေတာဖြစ်မယ်။ တခါ ဆေးရုံမှာ သွေးပေါင်ချိန် သုညနဲ့တင်လိုက်ရတော့ ဒီတခါတော့ သေပြီလို့ သမီးတွေက လက်လျှော့လိုက်ကြတယ်။ ဒါပေမယ့် အန်းမမသေဘူး။
သူရိန်ကျော်ဇော ဘာသာပြန်တယ်။ အခန်း ၃ စီးပွားပျက်ဝဲသြဃထဲ ကျရောက်ခြင်း ပထမကမ္ဘာစစ်ဟာ ပျက်စီးဆုံးရှုံးမှု ကြီးမားကောင်း ကြီးမားပေမယ့် ပုံမှန်အားဖြင့် တည်ငြိမ်နေတဲ့ စီးပွားရေးနဲ့ လူ့အသိုက်အမြုံကြီးကို ယာယီ ဝရုန်းသုန်းကားဖြစ်သွားစေတဲ့ ဖြစ်ရပ်ကြီးပဲဆိုပါစို့။ အဲဒီလိုသာဆိုရင် စစ်ကြောင့် ပျက်စီးခဲ့တဲ့ အပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားပြီးနောက်မှာ စီးပွားရေးဟာ သူ့ပုံမှန်အနေအထားကို ပြန်ရောက်သွားပြီး အဲဒီကနေ ရှေ့ပြန်ဆက်ဖို့ရှိတယ်။ ဂျပန်မှာ လူ နှစ်သန်းသုံးသန်းလောက်ကို အိုးအိမ်မဲ့ ဖြစ်စေခဲ့တဲ့ ၁၉၂၃ ငလျင်မှာ သေဆုံးခဲ့သူ ၃၀၀,၀၀၀ ကို မြေမြှုပ်သင်္ဂြိုဟ်ပြီး အပျက်အစီးတွေကိုရှင်းလင်း၊ နောက် ငလျင်ဒဏ်ပိုခံနိုင်မယ့် မြို့တမြို့ကို မြို့ဟောင်းပုံစံအတိုင်း ပြန်တည်ဆောက်သလိုမျိုး နေမှာပေါ့။ စစ်ကြီးနှစ်ခုကြားကာလက ကမ္ဘာကြီးဟာ အဲဒီလို အခြေအနေမျိုးမှာဆို ဘာနဲ့သွားတူမလဲ။ ဒါကို ကျနော်တို့ သိနိုင်မှာမဟုတ်ဘူး၊ သိနိုင်မှာမဟုတ်သလို မဖြစ်ခဲ့တာကို၊ … Continue reading
သူရိန်ကျော်ဇော ဘာသာပြန်တယ်။ အခန်းနှစ် ကမ္ဘာ့တော်လှန်ရေး တော်လှန်ရေးဟာ နှစ်ဆယ်ရာစုစစ်ပွဲက မွေးထုတ်ပေးလိုက်တဲ့အရာပဲ။ အထူးသဖြင့် ၁၉၁၇ မှာ ဆိုဗီယက်ယူနီယံကို မွေးဖွားပေးခဲ့ပြီး သုံးဆယ့်တနှစ်ကြာစစ်ပွဲရဲ့ ဒုတိယပိုင်းအပြီးမှာ ဆိုဗီယက်ယူနီယံကို စူပါပါဝါ ဖြစ်လာစေတဲ့ ရုသျှတော်လှန်ရေးနဲ့ ပိုပြီးယေဘုယျကျကျပြောရရင် နှစ်ဆယ်ရာစုသမိုင်းတလျှောက် တကမ္ဘာလုံးမှာ မပြောင်းလဲတဲ့ အရာအဖြစ်ရှိနေတဲ့ တော်လှန်ရေးကို နှစ်ဆယ်ရာစုစစ်ပွဲက မွေးထုတ်ပေးလိုက်တယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေက အကျပ်အတည်းတွေ၊ ပြိုကွဲမှုတွေ၊ တော်လှန်ရေးတွေဟာ စစ်တခုထဲကနေ မြေကြီးလက်ခပ်မလွဲ ဉီးတည် ဖြစ်ပွားလာတာတော့ မဟုတ်ဘူး။ တကယ်တမ်းမှာလည်း ၁၉၁၄ မတိုင်ခင်မှာ အနည်းဆုံး ထုံးတမ်းစဉ်လာကိုအားပြုပြီး တရားဝင်မှုတည်ဆောက်ထားတဲ့ traditional legitimacy အစိုးရတွေနဲ့ပတ်သက်လာရင် ဆန့်ကျင်ဘက်ယူဆချက်က ပိုအားကောင်းတယ်။ နပိုလီယံတစ် Napoleon I က သြစတြီးယားဧကရာဇ်ဟာ တိုက်ပွဲတရာရှုံးလည်း နန်းကျချင်မှကျမယ်၊ အလားတူ … Continue reading
translated by Thuyein Kyaw Zaw The Century: A Bird’s Eye View ရာစုနှစ်ကို ယေဘုယျ မြင်ကြည့်ခြင်း နှစ်ဆယ်ရာစုကို လူအယောက်နှစ်ဆယ်က ကြည့်ကြည့်တယ် Isaiah Berlin (ဗြိတိန်က ဖီလိုဆိုဖာ) နှစ်ဆယ်ရာစုရဲ့ အချိန်အများစုကို ကိုယ်တိုင်ဆင်းရဲဒုက္ခမကြုံရဘဲ ဖြတ်သန်းခဲ့ရတယ်ဆိုတာကို ထည့်ပြောမှဖြစ်မယ်။ ကျနော်ကတော့ နှစ်ဆယ်ရာစုကို အနောက်သမိုင်းမှာ Western history အဆိုးရွားဆုံးရာစုနှစ်အဖြစ်နဲ့သာ အမှတ်ရနေတယ်။ Julio Caro Baroja (စပိန်က မနုဿဗေဒပညာရှင်) ‘လူတယောက်ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ – ခလေးဘဝ၊ လူငယ်ဘဝ၊ သက်ကြီးရွယ်အိုဘဝတွေဟာ ကြီးကြီးမားမား စွန့်စားခန်းကြီးတွေနဲ့ မကြုံရဘဲ အေးအေးဆေးဆေးပဲ ကုန်လွန်ခဲ့တဲ့ ဘဝအတွေ့အကြုံတွေ – နှစ်ဆယ်ရာစုရဲ့ တကယ့်အဖြစ်တွေ … လူသားတရပ်လုံး … Continue reading
ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေကဘာလဲ။ Nancy Hudson-Rodd http://blogs.independent.co.uk/2012/05/02/what-is-really-happening-in-burma-today/ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လတ်တလော ဘယ်လောက်ပဲ အပျော်ကျူးနေကျူးနေ တိုင်းပြည်ထဲ တကယ် ဖြစ်ပျက် နေတာတွေကတော့ အင်မတန်မှ စိတ်ပျက်စရာပါ။ အဲ့ဒိအတွက် အခုအချိန်မှာ မြန်မာပြည်အကြောင်းကို အပေါ်ကနေ ခြုံပြီး စီးကြည့်ရုံမက အသေးစိတ်တွေကိုပါ လေ့လာ ရေးသားဖို့ ပိုတောင် အရေးကြီးနေပါတယ်။ ပညာရှင်တွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုရေး အကူအညီပေးရေး အိပ်စပတ်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စွန်ဉီးတီထွင်သူတွေ စသဖြင့် စသဖြင့် ကျမကတော့ ဒီလူတွေကို အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေလို့ပဲ ခေါ်ချင်တယ်။ ဒီလူတွေရဲ့ အကူအညီနဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ မြေတွေကို သူတို့ဆီက လုယူပြီး ဖွံဖြိုးရေးလို၊ ဒီမိုကရေစီ အပြောင်းအလဲတို့လို … Continue reading
ဧပြီလ ၂၃ရက်မှာ လွှတ်တော်ပြန်စတော့ အန်အယ်ဒီမတက်ပါဘူး။ ဒီကိစ္စကို မီဒီယာတွေမှာ ဘယ်လိုရေးမလဲ၊ ပြောမလဲဆိုတာ သိချင်လို့ စောင့်ကြည့်ပါတယ်။ ထုံးစံအတိုင်း ကြေးမုံနဲ့မြန်မာ့အလင်းက အန်အယ်ဒီလွှတ်တော်မတက်တဲ့အကြောင်း ခေါင်းစီးမပြောနဲ့ အတွင်းစာသားအနေနဲ့တောင် မပါပါဘူး။ ပုဂ္ဂလိကပိုင်လို့ ပြောကြတဲ့ အလဲဗင်းတို့ သည်ဗွိုက်စ်တို့က အခြေအနေကို ကိုယ်ပိုင်စကားလုံးနဲ့တောင် ဘာပြောရမှန်းမသိလို့ ဒေါ်စုနဲ့ အန်အယ်ဒီပြောတာတွေနဲ့ ခေါင်းစဉ်လုပ်ပါတယ်။ ရန်ကုန်မီဒီယာက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကြီးက ကြိုဆိုနေပါကြောင်း သမ္မဉီးသိန်းစိန်က ပြောကြားဆိုပြီး ခေါင်းစဉ်တပ်ပါတယ်။ ပြည်ပမီဒီယာတွေထဲမှာတော့ ဘီဘီစီက အန်အယ်ဒီမပါဘဲ လွှတ်တော် အစည်းအဝေးပြန်လည်စတင်ဆိုပြီး ရေးတယ်။
မြန်မာနိုင်ငံထဲမှာ နေကြတဲ့ ကချင်၊ ဗမာ၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ တရုတ်၊ ကုလား၁ တွေ အတွက် လတ်တလော ဒါမှမဟုတ် သမိုင်းမှာ မြန်မာနိုင်ငံသားလို့ အားလုံး ညီတူညာတူ ဂုဏ်ယူစရာဘာရှိမလဲ စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံထဲက အဆောက်အအုံတွေရှိနိုင်တယ်။ နေရာတွေရှိနိုင်တယ်။ ဒီလောက်ပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာလို့ ရင်ကော့နိုင်မယ့် လုပ်ရပ်စဉ်းစားကြည့်တယ်။ မတွေ့ဘူး။
မြန်မာပြည်ကို အလုအယက်ရွှေလာရှာမှုရဲ့နောက်ကွယ်မှာ ယူကေက ဂါးဒီးယန်းသတင်းစာရဲ့ ထင်မြင်ချက်ဆောင်းပါးတပုဒ်။ တိုင်းပြည်ထဲကို ရင်းနှီးမြှပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်လာရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို အကြံပေးရတဲ့ ပညာရှင်တယောက် ထောက်ပြထားတွေကို ဖတ်နိုင်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ ဂျေယတီဂေါ့ရှ် သူဟာ ကမ္ဘာ့ထိပ်တန်းဘောဂဗေဒပညာရှင်တယောက်ဖြစ်တယ်။ ဂျာဝါဟာလာနေရူးတက္ကသိုလ်က ဘောဂဗဒပါမောက္ခ။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဘောဂဗေဒ အဆိုးစီးရိတ် အဖွဲ့ရဲ့ အမှုဆောင်ချုပ်လဲဖြစ်တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ငွေတွေဟာ လူနည်းစုကိုပဲ ချမ်းသာစေမယ်ဆိုရင် ကမ္ဘာ့ရင်းနှီး မြှပ်နှံမှုနည်းတွေကိုပြန်ပြင်နေခြင်းရဲ့ (economic re-balancing)အကျိုးဆက်ဟာ စိုးရိမ်စရာပဲဖြစ်လိမ့်မယ်။ ရွှေရှာသူတွေ (ရင်းနှီးမြှပ်နှံသူတွေ)မြန်မာပြည်ထဲအလုံးအရင်းနဲ့ ဝင်လာကြတာနည်းနည်းတော့ကြာပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာ ပိုများလာတယ်။ အခုဆန်ရှင်တွေရုပ်တော့မှာဆိုတော့ ပိုလို့တောင် ရုတ်ရုတ်သဲသဲဖြစ်လာတော့မယ်။ ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်က ဟိုတယ်တွေမှာ နိုင်ငံအသီးသီးက အစိုးရအရာရှိတွေနဲ့ တွေ့ကြမယ့် စီးပွားရေးသမားတွေနဲ့ ပြည့်နေတယ်။ သံယံဇာတတွေနဲ့ စျေးကွက်ဝေစု ရဖို့ စိတ်ထက်သန်နေကြတယ်။ … Continue reading
ဧပြီလ ၈ရက်ထုတ်ဘန်ကောက်ပို့စ်ထဲမှာပါတဲ့ မြင့်ရွှေရေးတဲ့ ဆောင်းပါးကို ဖတ်ပြီးကောက်ချက်ချမိတာက ၁။ ခင်ညွန့်ဟာ အခုပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို သူ့လက်ထက်ထဲကလုပ်ခဲ့တာ။ ဒေါ်စုနဲ့ရင်ကြားစေ့ရေးကိစ္စဟာလဲ အချိန်မတန်လို့ အထမမြောက်ခဲ့ဘူး။ နိုင်ငံရေးမှာ သူဟာအရေးပါတဲ့လူတယောက်အဖြစ် သူ့ကိုယ်သူပုံဖော်နေတယ်။ ၂။ နိုင်ငံရေးနဲ့ လူထုကြားထဲ လုံးဝပြန်မဝင်ဘူးလို့ မပြောဘူး။ လောလောဆယ် မဝင်သေးဘူးလို့ပဲ ပြောတယ်။ ၃။ ထောက်လှမ်းရေးချုပ်လုပ်ခဲ့တုန်းက တိုင်းပြည်အတွက် စစ်တပ်အတွက် အထက်လူကြီးတွေအတွက် လုပ်ခဲ့ရတာလို့ ပြောတာ။ သူလုပ်ခဲ့တာတွေကို နောင်တလုံးဝ မရဘူးလို့ပြောတယ်။ ၄။ ဒီပဲရင်းမှာ ဒေါ်စုကို သူ့လူတွေလွှတ်ပြီး ကယ်ခဲ့ရတယ်လို့ ပြောတယ်။ ၅။ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အရေးပါတဲ့လူတွေနဲ့ သူနဲ့ရင်းနှီးတဲ့သဘောမျိုးပြောတယ်။ ဘာသာရေး၊ လူမှုရေးပဲ လုပ်တော့မယောင်ပြောပြီး နိုင်ငံရေးရည်မှန်းချက် ရှိသေးတဲ့ မိစ္ဆာမင်းသားလို့ ခေါ်ခံရတဲ့ ခင်ညွန့်ရဲ့ စိတ်ထဲဝင်ကြည့်နိုင်ဖို့ ဒီဆောင်းပါးကို ဘာသာပြန်ပေးလိုက်ပါတယ်။ အသုံးအနှုန်းတွေကို … Continue reading
ဒီခေါင်းစဉ်နဲ့အရင်က စာတိုလေးတွေရေးခဲ့ဖူးတယ်။ ဒီနေ့တော့ ဘလော့ကို ဒီဇိုင်းပြန်ပြင်ရင်း အဟောင်းလေးတွေ ပြန်ဖတ်ကြည့်တော့ ဒီလိုမျိုးတွေရေးချင်စိတ်ပြန်ပေါက်လာတယ်။ ဒီတပတ်ထဲမှာ နွေဉီးရောက်ပြီမို့ ပန်းတွေပွင့်ကြပြီ။ နိုင်ငံခြားရောက်မှ ဖြစ်တဲ့ အယ်လာဂျီလဲ စပြီ။ နှာရည်တွေတောက်တောက်ကျပြီး မျက်စိတွေလဲ ယားလာပြီ။ ထူးဆန်းတာက အရင်ကစားလို့ရတဲ့ အသီးတွေစားလို့မရတော့ဘူး။ ပန်းသီးတို့ ချယ်ရီတို့စားရင် နားတွေယားပြီး တခါတလေ နှုတ်ခမ်းတွေဘာတွေထော်လာတတ်တယ်။ မြေပဲနဲ့မတည့်တဲ့ ကျောင်းသားတယောက် ဗမာပြည် ရောက်ပြီးတရက်နှစ်ရက်မှာပဲ ဆေးရုံရောက်သွားတာ သတိရမိသေးတယ်။ ဆန်နဲ့မတည့်တဲ့လူလဲ တွေ့ဖူးတယ်။ သူတို့ကို အရင်ကထူးဆန်းတယ်ထင်တာ။ ကိုယ်ပါအခု အဲဒီလိုမျိုးဖြစ်လာပြီ။ ဝတုတ်ကအားပေးရှာတယ်။ ဝဋ်နာကံနာတဲ့။
ဝန်ခံချက်။ တိုင်းပြည်ပွင့်လာရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အကောင်းအဆိုး၊ နှစ်ဘက်မျှသိနိုင်ဖို့ နိုင်ငံခြားရေးရာပေါ်လစီ မဂ္ဂဇင်းမှာပါတဲ့ ရစ်ရောင်ဒန်ရဲ့ ဆောင်းပါးကို ဘာသာပြန်ပြီးတင်လိုက်ပါတယ်။ ဘာသာပြန်သင့်လို့ ပြန်တာဖြစ်ပေမယယ့် ဘောဂဗေဒနဲ့ပတ်သက်တဲ့ အသုံးအနှုန်း၊ အယူအဆတွေကို မကျွမ်းကျင်လို့ စာမချောရင်၊ အမြင်မတော်တာတွေ့ရင် ကော်မန့်ထားခဲ့လိုက်ပါ။ (ရစ်ရောင်ဒန်ဟာ အရင်က ဂျီနီဗာ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကွန်ဖရင့် UNCTAD မှာ ဒေသတွင်းအကြံပေး နဲ့ Action Aid ဆိုတဲ့ အန်ဂျီအိုမှာ အကြီးတန်းပေါ်လစီသုံးသပ်လေ့လာသူအဖြစ် လုပ်ခဲ့တယ်။ အခုတော့ နယူးဒေလီက ဂျာဝါဟာလာနေရူးတက္ကသိုလ်မှာ ဘောဂဗေဒပါရဂူကျောင်းသား။) ဗမာပြည်က ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်နလံပြန်ထူစေချင်တယ်ဆိုရင် ဝါရှင်တန်သဘောတူညီမှုဆိုတာကို မျက်ကွယ်ပြုသင့်တယ်။ ဗမာပြည်ဟာ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ ဇာတ်ဆန်ပြီး (အထိအပါးမခံနိုင်တဲ့) နိုင်ငံရေးလုပ်ကွက်တွေ ပေါ်လာတာကို လူတွေကအာရုံစိုက်ကြတယ်။ တချိန်တည်းမှာ … Continue reading
ပြီးခဲ့တဲ့နှစ်က အိမ်ပြန်တော့ အဖေလာကြိုတယ်။ အိမ်အပြန်လမ်းမှာ ဟိုရောက်ဒီရောက် စကားပြောကြရင်းနဲ့ မော်ဒယ်တယောက်အကြောင်း ရောက်သွားတယ်။ သူ့ ဝင်ငွေထက် အဆပေါင်းများစွာပိုပြီးသုံးစွဲနိုင်တဲ့ အကြောင်းပြောနေတုန်း အဖေကသူ့မှာစပွန်ဆာရှိတာကိုးဆိုပြီး မှတ်ချက်ချတယ်။ စပွန်ဆာရှိတယ်ဆိုတာ သူငှေးမယားငယ်အလုပ်ခံတာကို လူကြားကောင်းအောင် သုံးတဲ့ ခေတ်သစ် euphemism ဝင်္ကဝုတ္တိအလင်္ကာဖြစ်လာတယ်။ (ဒီထက်ပိုကောင်းတဲ့ ဘာသာပြန်ရှိရင် ပြောပြစေလိုပါတယ်) ခေတ်ရဲ့အနာအဆာတွေကို ဖုံးဖိဖို့ သုံးတဲ့ စကားတန်ဆာ ဖြစ်လာတယ်။ အင်္ဂလိပ်လိုတော့ sugar-coat the truth အမှန်တရားကို သကြားအုပ်တယ်ပေါ့။ မယားငယ်ခံတယ်၊ စီးပွားရေးသမားတွေ လူမှုရေးဖောက်ပြန်တယ် စတာတွေ မသုံးဘဲ sponsor ဆိုတဲ့ စကားလုံးလှလှလေးသုံးလိုက်တော့ ပြသနာရဲ့အနက်ဟာတိမ်သွားတယ်။ လက်ရှိလူနေမှုအဖွဲ့အစည်းရဲ့ အထူးသဖြင့် ရေပေါ်ဆီလူတန်းစားရဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်မှု၊ အနုပညာလောကမှာ ဝတ်နိုင်စားနိုင်မှုကို အရည်အသွေး၊ ‘ဇ’ တို့ စန်းတို့ ထက်ပိုပြီး … Continue reading
ပြီးခဲ့တဲ့လက မြောက်ပိုင်းတက္ကသိုလ်တစ်ခုက အာရပ်နဲ့အာရှနွေဦး ဆွေးနွေးပွဲကိုဖိတ်လို့ ရောက်သွားခဲ့တယ်။ အာရှကို ကိုယ်စားပြုပြီး ဆွေးနွေးရတဲ့လူကနည်းပြီး အာရပ်ပညာရှင်တွေက များနေခဲ့တယ်။ တနေကုန်ကြာတဲ့ ဆွေးနွေးပွဲမှာ အာရပ်နဲ့အာရှကြား နားလည်မှုတွေ တော်တော်ကွာဟနေတာ အချင်းချင်းသိလိုက်ရတယ်။ အာရှတိုက်အကြောင်းလေ့လာနေတဲ့ (ဆွေးနွေးပွဲမှာ ထိုင်း၊ ဗမာ၊ ကိုရီးယား၊ စင်္ကာပူ၊ တရုတ် အကြောင်းလေ့လာနေတဲ့ အနောက်တိုင်းသားပညာရှင်တွေနဲ့ စင်္ကာပူကဆရာတယောက်) ပညာရှင်တွေက အာရပ်နိုင်ငံတွေအကြောင်းကောင်းကောင်းမသိကြသလို အာရှဘက်က အကြောင်းတွေကိုလည်း အာရပ်ဒါမှမဟုတ် အရှေ့အလယ်ပိုင်းအကြောင်း လေ့လာတဲ့ပညာရှင်တွေကောင်းကောင်းမသိကြဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းအထူးပြုပညာရှင် (နောက်ပိုင်း အာရပ်ပညာရှင်လို့ သုံးပါ့မယ်) တွေက များတော့ ဆွေးနွေးပွဲမှာ သူတို့ချည်းပဲ လွှမ်းမိုးထားသလို ဖြစ်နေတယ်။ အခုရေးချင်တာက အဲဒီဆွေးနွေးပွဲမှာ အဓိကဆွေးနွေးဖြစ်ကြတာတွေကို စာဖတ်သူတွေ ဗဟုသုတရဖို့ အနှစ်ချုပ်၊ ခပ်တိုတိုလေး ရေးချင်တာပါ။ အသုံးအနှုန်းတွေနဲ့ ဘာအကြောင်းအရာတွေကို ဒီကလူတွေ … Continue reading
အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။ ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။” http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။
‘မိုးသောက်ကြယ်’ဆိုတဲ့ ပုဂ္ဂလနာမ်ဟာ ‘မိုးလင်းခါနီး နေထွက်ချိန်တဝိုက်မှာ အရှေ့ဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ရတယ်။ တခါ ‘ညနေကြယ်’ ဆိုတာ ‘ညနေစောင်း နေဝင်ချိန်တဝိုက်မှာ အနောက်ဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်’ လို့ အဓိပ္ပါယ် ရတယ်။ ဟိုးအရင်က ညနေကြယ်နဲ့ မိုးသောက်ကြယ်က တခုနဲ့တခု မတူဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ကောင်းကင်က ဝထ္ထုပစ္စည်းတွေ လှည့်လည် သွားလာပုံနဲ့ ပတ်သက်ပြီး အသိသစ်တွေ တိုးလာတဲ့အခါ မိုးသောက်ကြယ်နဲ့ ညနေကြယ် နှစ်ခုဟာ အတူတူပဲ၊ သူတို့နှစ်ခုစလုံးဟာ သောကြာဂြိုလ်ကို ရည်ညွှန်းတာဆိုတာ သိလာကြတယ်။ အဲဒိတော့ မိုးသောက်ကြယ်၊ ညနေကြယ်၊ သောကြာဂြိုလ်၊ မိုးလင်းခါနီး နေထွက်ချိန် တဝိုက်မှာ အရှေ ့ဘက် ကောင်းကင်းယံမှာ တွေ့ရတဲ့ကြယ် စတဲ့ … Continue reading
လူမျိုးအတော်များများမှာ သူတို့ ကြည့်မရတဲ့ တခြားလူမျိုး တမျိုးကို လှောင်ပြောင်သရော်တဲ့ ဟာသတွေ၊ ဆိုရိုးတွေ ရှိကြမှာဘဲ။ ကုလားခပ်တဲ့ ပါနီ ကုလား ဖင်ဆေးတာနဲ့ ကုန်တာပဲတဲ့။ နောက်ဘာရှိအုံးမလဲ။ ဒါပေမယ့် လူမျိုး တမျိုးနဲ့တမျိုး အမုန်းတရားကို ဆွေစဉ်မျိုးဆက် ဂုဏ်လုပ်ပြီး သိမ်းဆည်းလာတဲ့ လူမျိုးတွေထဲမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ထက် သာတဲ့ လူမျိုးရှိမယ် မထင်ဘူး။ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း အီးယူနဲ့ ခွာပြဲလာပြီးတဲ့နောက် ပြင်သစ် မီဒီယာတွေမှာတော့ ဘယ်လို ရေးသလဲ မသိဘူး။ ယူကေက မီဒီယာတွေမှာတော့ အီးယူနဲ့ ပတ်သက်သမျှကို တဆိတ် တအိတ်လုပ် ရေးတာတွေ နေ့တိုင်းလိုလိုပဲ။ ဟော သိပ်မကြာဘူး။ ပြင်သစ်က အစိုးရ အရာရှိမင်းများ ကိုယ်တိုင် ဝင်ပါလာတာ တွေ့ရတယ်။ စီပွားရေး … Continue reading
ဒီနေ့ ဟောပြောပွဲတခု သွားခဲ့တယ်။ ဟောပြောသူက ထိုင်းသမိုင်းပညာရှင်တွေထဲမှာ လောလောဆယ်နာမည်အကြီးဆုံးလို့ ပြောလို့ရမယ့် ပါမောက္ခ Thongchai Winichakul။ သူပြောတဲ့ခေါင်းစဉ်က Thailand: The State in Denial တဲ့။ အဓိကပြောသွားတဲ့ အကြောင်းက ဘုရင်၊ ဖိဖုရားနဲ့ ဘုရင်လောင်းလျာကို အသရေဖျက်တာ၊ ပုတ်ခတ်တာ၊ ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး အရေးယူလို့ရတဲ့Article 112 လို့ခေါ်တဲ့ ဥပဒေအကြောင်း။ သူအဓိကထားပြောသွားတာက ထိုင်းနိုင်ငံမှာ အဲဒီပုဒ်မတည်နေတာဟာ ဘုရင်ကိုသစ္စာရှိတဲ့ လူတန်းစားတစုကြောင့်မဟုတ်ဘဲ civil society တခုလုံးကပူးပေါင်းပြီး အသံတိတ်နေလို့တဲ့။ norm လို့ခေါ်တဲ့ လူအများစုလက်ခံတာကိုပဲ ပြောရမယ်ဆိုတဲ့အသိကြီးနဲ့ လူတိုင်းက အသံတိတ်ပူးပေါင်းပြီး ဒီဥပဒေကို သက်ဆိုးရှည်စေတယ်။ တခါအတိတ်မှာလဲ ၁၉၇၅ အောက်တိုဘာ ၆ရက်လူသတ်မှုကြီးကို လူထုကြီးက သြဘာပေးခဲ့ကြတယ်။ အဲဒီတုန်းက လူ၄၀ကျော်အသတ်ခံရတယ်။ … Continue reading
မနက်ခင်း လင်းလင်းချင်းချင်းကြီးမှာ မီးအိမ်ကြီး လက်ကကိုင်ပြီး ဈေးထဲပြေးဝင်လာ၊ ပါးစပ်ကလည်း ‘ငါဘုရားသခင်ကို ရှာနေတယ်၊ ငါဘုရားသခင်ကို ရှာနေတယ်။’ဆိုပြီး အဆက်မပြတ် အော်ဟစ်နေတဲ့ အရူးတယောက် အသံကို မင်းတို့ မကြားကြဘူးလားဟေ။ လမ်းမှာ ရပ်နေတဲ့လူတွေထဲမှာ ဘုရားသခင်ကို မယုံတဲ့လူတွေလည်း အများကြီးရှိလေတော့ ဒီအရူးက သူတို့အတွက် ရီစရာ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ၊ ဘုရားသခင် တကယ်ပဲ ပျောက် သွားလို့လား ဆိုပြီး တယောက်က မေးတယ်။ နောက်တယောက်ကလည်း ဘုရားသခင် သူငယ်ပြန်သွားလို့လားတဲ့။ ဒါမှမဟုတ် ပုန်းနေတာပဲလား၊ ဒို့တွေကို ကြောက်လို့လား၊ ပင်လယ်ရပ်ခြားများ ခရီး ထွက်သွားသလား၊ တခြားများ ပြောင်းသွားလား ဆိုပြီး လှောင်ပြောင် မေးခွန်းထုတ်ရင်း အာလုပ်သံကြီးတွေနဲ့ ဟားတိုက်ရီမောကြတယ်။ အရူးကတော့ လူတွေကြားထဲ ဝုန်းကနဲ ဒိုင်းကနဲ ဝင်လာပြီး … Continue reading
[အခန်းသုံးမှာ တိုင်းပြည်တပြည် ဟာ အသစ် သိမ်းလို့ရထားတဲ့ တခြား နယ်တခုခုကို ထိန်းသိမ်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကို မက်ခီယာဗယ်လီက ရှင်းပြခဲ့တယ်။ ဒါပေမယ့် အလက်ဇန်းဒါး Alexender the Great ရဲ့ သိမ်းပိုက်တာ ခံရတဲ့ ဒါရီးယပ် တိုင်းဟာ အလက်ဇန်းဒါးသေတဲ့အခါ တတိုင်းပြည်လုံး ထကြွပြီး ပုန်ကန်ခြားနားမယ်လို့ ထင်စရာ ရှိပေမယ့် ဒါမျိုး မဖြစ်ခဲ့ဘူး။ ဘာ့ကြောင့် မပုကန်သလဲ ဆိုတာကို မက်ခီယာဗယ်လီက ရှင်းပြတယ်။ အဲ့သလို ရှင်းပြတဲ့အခါမှာ power distribution အုပ်ချုပ်မှု အာဏာ ဖြန့်ကျက်တည်နေပုံနဲ့ ပတ်သက်ပြီး အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းတဲ့ သူ့ရဲ့ အမြင်တွေကို တွေ့ရတယ်။ ဒီအမြင်တွေဟာ ကနေ့ချိန်ထိ အကြုံးဝင် မဝင်ဆိုတာ စာဖတ်သူတို့ ဆင်ခြင်ကြည့်ကြပါ။]
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာဟာ အပြောနဲ့ အလုပ်မညီလို့ ဝေဖန်တာ၊ သူ့ရဲ့ ပြောတော့မိုး ထိုးတော့ မြေကြီး လုပ်လာတာကို ဝေဖန်တာ ဖြစ်တယ်။ ဒီလို ဝေဖန်နိုင်ဖို့ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အပြုသဘောဆောင်တဲ့ အကြံ ပေးနိုင်မှ ဝေဖန်လို့ ရတာမျိုး မဟုတ်ဖူး။ ဒီနှစ်ခုကို ကတ္တားကောင်းကောင်း ခြားလို့ရတယ်။ သူ့ဘက်က လိုက်ပြောပေးနေသူတွေရဲ့ standard argument က သူ့မှာ တခြားရွေးစရာ မရှိလို့ ရတာလုပ်ရတာလို့ ဆိုတယ်။ ဒီလို မတတ်သာလို့ လုပ်ရတာကို နောက်ဆုံး နားလည် သဘောပေါက်ပေးနိုင်ရင်တောင် သူ့ကို ဝေဖန်တာ မတရားဘူးလို့ အဓိပ္ပါယ် မထွက်ဖူး။ အဲ့သလို မတရားဘူးလို့ argue လုပ်နိုင်ရင်၊ ကျိုးကြောင်းပြဆို နိုင်ရင် နားထောင် ချင်ပါတယ်။
Of Mixed Principalities အခန်း ၃ အသစ်မကျ၊ မျိုးရိုးစဉ်ဆက် အုပ်ချုပ်မှုပုံစံ မကျတဲ့ principalities များအကြောင်း But it is in the new principality that difficulties arise. In the first place, if it is not completely new but is like and added appendage (so that the two parts together may be called mixed), its difficulties derive first from on natural problem … Continue reading
ကမ္ဘာမှာ ထင်ရှားတဲ့ နိုင်ငံရေး ဒဿနကျမ်းတွေကို ဗမာလို ပြန်ဆိုထားတာ မရှိသလောက် နည်းတာကို စာဖတ်သူတွေ သတိပြုမိကြမယ် ထင်ပါတယ်။ တကယ်တော့ နိုင်ငံရေး ဒဿနကျမ်း မဆိုထားနဲ့၊ ဒဿနိကဗေဒလို့ ဗမာလို ဘာသာပြန်ထားတဲ့ ဖီလော်ဆော်ဖီက အထင်ရှားဆုံးကျမ်းတွေတောင် ကျနော်တို့ဆီမှာ မရှိသလောက် ရှားတယ်။ ဇော်ဂျီက ပလေတိုရဲ့ ဒိုင်ယာလော့ဂ် တခုဖြစ်တဲ့ Aesthetics အလှနဲ့ ပတ်သက်တဲ့ Ion ဒိုင်ယာလော့ဂ်ကို အိုင်ယွန်နကထာ ဆိုပြီး ဘာသာပြန်ဖူးတယ်။ ဖီလော်ဆော်ဖီ လေ့လာသူတွေ မလေ့လာမဖြစ် လေ့လာကြရတဲ့ ပလေတိုရဲ့ အတွေးအမြင်နဲ့ ပတ်သက်ပြီး ကျနော် သိရသလောက် ဆန်းလွင်တို့၊ နန္ဒာသိန်းဇံတို့အပြင် ဇော်ဂျီရဲ့ ပလေတိုးနိဒါန်းရယ်၊ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း စာအုပ်ထဲ ပလေတိုနဲ့ အရစ္စတော်တယ်တို့ကို … Continue reading
MMA151617
မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ ကြွေးကြော်သံကို အာပေါင်အာရင်း သန်သန် ကြွေးကြော်ခဲ့ပြီး သကာလ နှစ်နှစ်ဆယ်မျှ ကြာသောအခါ ဒီချုပ်ခမျာ ပါတီ မသေရေးအတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ အဆင့်ကို ရောက်နေပါပကောလား။ ဘာမဆို လုပ်မယ်ဆိုတဲ့ စကားက ကြောက်ဖို့ ကောင်းပါ တယ်လေ၊ နောက်ပြီး ဒါက ကိုယ့် own tune ဖြစ်နေတယ်။ ဘာမဆို လုပ်မလုပ်တော့ မသိသေးဘူး၊ ဒါပေမယ့် ဇော်ဇော့် ဘောပွဲဆီသွားပြီး ဘောပွဲ လက်ချာတော့ သွားယူပြီးသွားပြီ။ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဘီဘီစီက ဉီးအောင်မြင့်ထွန်းက ဗိုလ်စောမောင် နဝတနဲ့ ဒီချုပ် အနေအထားနဲ့ပတ်သက်ပြီး ‘ဒီတော့ ဘောလုံးက ခုဘယ်ဘက်မှာလဲလို့’ မေးတော့ ‘ကျမက ဘောလုံး အကြောင်း နားမလည်ဘူး’ … Continue reading
လုပ်ရပ်တခု မှန်တယ်၊ မှားတယ် (true/false ကို ပြောတာ မဟုတ်ဘဲ right/wrong ကိုဆိုလိုသည်) ဆိုတာကို ပကတိ ပေတံနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတဲ့ အမြင်ကို တနည်းအားဖြင့် subjective-ness of moral rules ကိုလက်ခံတယ်ဆိုရင် တချို့ မေးခွန်းတွေဟာ ဘယ်လောက် self-defeating ဖြစ်လဲဆိုတာ ဘယ်လောက် ကိုယ့်ဟာကိုယ် အညံ့ခံ အရှုံးပေးရာ ရောက်သလဲဆိုတာ ပြီးခဲ့တဲ့ ဆောင်းပါးမှာ တွေ့ခဲ့ပြီးပြီ။ ဒါပေမယ့် အဲဒိ ဆောင်းပါးမှာ ပြောခဲ့တာနဲ့တင် လောကမှာ objective ဖြစ်တဲ့ ပုဂ္ဂလဓိဌာန်ကင်းတဲ့ ကျင့်ဝတ် ဥပဒေသတွေ ရှိတယ်ဆိုပြီး တန်းကောက်ချက်ချလို့ မရသေးဘူး။ အဲဒိအတွက် ဘာ argument မှ ပေးမထားသေးဘူး။ ခုအခန်းမှာ ကျင့်ဝတ်မှာ သဘာဝ သိပ္ပံမှာလို ပုဂ္ဂလဓိဌာန်ကင်းတဲ့ … Continue reading
ကိုယ့်ဘက်က ကြည့်တော့ က ကြီး၊ သူ့ဘက်က ကြည့်တော့ ယ ပက်လက် ဆိုတဲ့ အပြောကို မကြာခဏ ကြားဖူးကြမယ်။ အဓိပ္ပါယ်ကတော့ အက္ခရာ တခု ‘ဘာ’ ဆိုတာ ဘယ်နေရာက ဘယ်ရှုဒေါင့်က ကြည့်သလဲဆိုတဲ့ အချက်ပေါ် မူတည်တယ်ပေါ့လေ။ ဒီအဆိုကို တချို့ က ဥပမာအဖြစ်ပြပြီး လောကမှာ ဘယ်အရာမဆို ထာဝရ အမှန်၊ အမှားဆိုတာ မရှိဘူး။ မှန်တယ်၊ မှားတယ်ဆိုတာ ကြည့်တဲ့လူရဲ့ ရှုဒေါင့်ပေါ် ပဲ မူတည်တယ်လို့ ကောက်ချက် ချတတ်ကြတယ်။ (ဒီအဆိုကို ခုစာအတွက် က ကြီး၊ ယ ပက်လက် အဆိုလို့ နံမယ်ပေးချင်တယ်။) သုတ်သီး သုတ်ပြာ ချလိုက်တဲ့ ကောက်ချက်ပဲ။ ဘိုလို play fast … Continue reading
“We have everything – a parliament, courts, a president, a prime minister and so on. But it’s more of an imitation,” -Mikhail Gorbachev- “Sometimes I think that a parody of democracy could be more dangerous than a blatant dictatorship, because that gives people an opportunity to avoid doing anything about it.”-Aung San Suu Kyi- ခုရေးမယ့် စာမှာ … Continue reading
၁၉၉၆ခုနှစ်။ တက္ကသိုလ်ရောက်တာ တလပဲရှိသေး။ ကျောင်းကပိတ်သွားပြီ။ ကျောင်းဖွင့်တာကို စောင့်မလား။ တခြားစာတွေသင်မလား။ အင်္ဂလိပ်စာသင်တန်း ၃ခုလောက်မှာ ကိုယ့်ကိုကိုယ်သွားအပ်လိုက်တယ်။ အဒေါ်ပြန်လာပြီး ဂျီစီအီး အိုသင်တန်းတွေဖွင့်တယ်။ ပထမဆုံးအသုတ်ကျောင်းသားတွေထဲမှာ အဖေအမေ၊ ဆွေမျိုးတွေ နိုင်ငံခြားရောက်နေသူတွေလဲရှိ၊ ဘယ်သူမှနိုင်ငံခြားမှာမရှိဘဲ အလကားနေအလကား လာတက်ကြသူ ကိုယ့်လို လူမျိုးတွေလဲရှိ။ ဆရာတွေအသင်အပြကောင်းတာ၊ သူတို့ကိုကြောက်တာနဲ့ ၁ဝတန်းတုန်းကစာဖတ်ရှိန်လေးနဲ့ပေါင်းပြီး အမှတ်တွေက အမှတ်မထင်ကောင်းသွားရော။ အဲဒီမှာ တံခါးတွေဖွင့်ဖို့ လုပ်ရတော့တာပါပဲ။
ဟေဂယ်နဲ့ Marx လက်စသပ်နေတုန်း ဖွချင်စရာ နောက်အကြောင်းအရာ တခုက အာရုံပြောင်းအောင် လာလုပ်နေပြန်ပါပြီ။ နိုင်ငံတကာ သတင်းတွေ မျက်ခြေမပြတ်တဲ့ သူတွေဆို ခုရက်ပိုင်းတွေအတွင်းမှာ တွေ့ခဲ့ရတဲ့ သံဝေဂ ယူချင်စရာ အဖြစ်အပျက် ကြီးတွေကို သတိပြုမိကြမှာဘဲ။ ဒို့အောက်က လွတ်လပ်ရေး လိုချင်ရအောင် မင်းတို့က ဘာမို့လို့လဲဆိုတဲ့ မတူမတန်သလို အထင်သေးတဲ့ အမြင်မျိုးနဲ့ တောက်လျှောက် ဆက်ဆံခဲ့တဲ့ အိုင်ယာလန်ကို အဲလိဇဘက် ဘုရင်မကိုယ်တိုင် အရောက်သွားပီး အရင်တုန်းက ဗြိတိသျှတွေ ရမ်းကားခဲ့တာတွေကို ပြေရာပြေကြောင်း လာပြောနေတာတွေ့တော့ အရင် နေမ၀င် အင်ပိုင်ယာကြီးခမျာ ခုတော့ အထည်ကြီးပျက် ဖြစ်ရှာသမို့ တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း သံဝေဂတရား လက်ကိုင်ထားနေရရှာပြီလို့ပဲ စိတ်ထဲ ထင်မိတယ်။ အထည်ကြီးပျက် ယူကေ အကြောင်းကို နောင်တချိန်အတွက်ထားပြီး ခုတော့ … Continue reading
စောစောက စိတ်ဆိုတာ သိတာကို ခေါ်တယ်လို့ ပြောသွားတယ်။ သိတယ်ဆိုတော့ ဘာကို သိတာလဲ။ အင်္ဂလိပ်လို consciousness ဆိုတဲ့ ဝေါဟာရဟာ ဒီဝေါဟာရရဲ့ အဓိပ္ပါယ်ကို တန်းပေါ်စေတယ်။ consciousness ဆိုလိုက်တာနဲ့ ဘာကို conscious ဖြစ်တာလဲ ဆိုတာ မေးစရာက တန်းပေါ်လာပြီ။ တခုခုကို သိမှသာ သိတယ်လို့ခေါ်နိုင်တာပေါ့။ တနည်းအားဖြင့် အသိခံရတဲ့ အရာတခုခု ရှိမှသာလျင် သိခြင်း၊ အသိ ဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်ရှိမယ်။ conscious အလုပ်ခံရတဲ့ အရာတခုခု ရှိမှသာလျင် consciousness ဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်ရှိမယ်။ ဟုတ်တယ်မလား။ ဒီတော့ကာ အသိခံရမဲ့ အရာဝထ္ထု တခုရှိမှသာ စိတ်ဆိုတာ တည်ရှိနိုင်မှာမို့ (တနည်းအားဖြင့် စိတ်ဆိုပြီး တည်ရှိနိုင်ဖို့ တခြား အရာတခုခုပေါ် … Continue reading
ပထမစာမှာ ဘာသာရေးဟာ လွတ်မြောက်မှု ရှာနေတဲ့ လူသားရဲ့ တောင်းဆိုချက် ဖြစ်တယ်၊ တချိန်ထဲမှာ ဘာသာရေးဟာ လူသားတွေ ရှာနေတဲ့ လွတ်မြောက်မှုရဲ့ အဟန့် အတား လည်း ဖြစ်တယ်လို့ Karl Marx ကပြောသွားတာကို တွေ့ခဲ့ရတယ်။ တခါ လွတ်မြောက်မှုရဖို့ လူသားကို သူကိုးကွယ်ယုံကြည်နေတဲ့ (တချိန်ထဲမှာ သူ့လွတ်မြောက်ရေး လမ်းကြောင်းမှာ အဟန့်အတား ဖြစ်နေတဲ့) ဘာသာရေးကို မှားတယ်လို့ ပြောမယ့်အစား အဲဒိ အမြင် မှားယွင်းမှုကို ဖြစ်စေတဲ့ ရုပ်အခြေအနေတွေကို ပြောင်းလဲ ပစ်ရမယ်၊ တနည်းအားဖြင့် သူ့မှာ ပျောက်ဆုံးနေတဲ့ လူ့ဘ၀ရဲ့ အနှစ်သာရ spirit ကို သူ့ဆီ ပြန်ဆောင်ကြဉ်းပေးခြင်း ကသာလျင် သူ့ကို တကယ့် ချမ်းသာပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးရာ ရောက်မယ်လို့ Marx … Continue reading
ဘာသာရေးဆိုတာ ဖိနှိပ်ခံနေရတဲ့ လူထုက ဖိနှိပ်ထားသူတွေကို မတော်လှန်ရဲအောင် မှိုင်းတိုက်ဖို့ ဖိနှိပ်သူ လူတန်းစားက ဘုန်းကြီးတွေနဲ့ ပေါင်းပြီး ထွင်ထားတဲ့အရာတဲ့။ ဒီစကားဟာ ကွန်မြူနစ်တွေဆီက လာတာ၊ ဒီလိုပြောတဲ့အတွက် ကွန်မြူနစ်တွေဟာ ဓမန္တရယ်ဆိုပြီး ကွန်မြူနစ် ဆန့်ကျင်ရေး အပေါစား ၀ါဒဖြန့်မှုတွေမှာ တွေ့ရလေ့ရှိတယ်။ တကယ်တော့ ခုစာပိုဒ်က ပထမဆုံး ၀ါကျဟာ ကွန်မြူနစ် ပရောဟိတ် အဖြစ် သတ်မှတ်ကြတဲ့ Karl Marx ရဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ It (religion) is the opium of the people ဆိုတဲ့ ၀ါကျနဲ့ ဒီဝါကျပါတဲ့စာပိုဒ်ကို တလွဲနားလည်ပြီး ထွက်လာတဲ့ အဓိပ္ပါယ် ကောက်ယူမှုလို့ ကျနော်ယူဆတယ်။ Karl Marx ရေးခဲ့တဲ့ … Continue reading
ဖီလော်ဆော်ဖီဆိုတာ တွေးတာခေါ်တာလို့ ယေဘုယျ နားလည်ကြတော့ တွေးတယ်၊ ခေါ်တယ်ဆိုတာ ဘာလုပ်တာကို ခေါ်တာလဲ။ ဒီမှာတင် ဂွကျဖို့ ဖြစ်လာပြီ။ စိတ်မရှည်တဲ့လူဆို ဒီကနေ လှည့်ပြန်ပြီ။ တွေးတယ်၊ ခေါ်တယ် ဆိုတာဘာကို ပြောတာလဲ။ ဖီလော်ဆော်ဖီရဲ့ အရေးကြီးတဲ့ ဖန်ရှင် (အလုပ်ပဲ ဆိုပါစို့) က (တချို့ ကလည်း ဖီလော်ဆော်ဖီရဲ့ unique ဖြစ်တဲ့ ဖန်ရှင်လို့ ဆိုတယ်၊) မရှင်းမလင်းဖြစ်နေတဲ့ သဘောတရားတွေ concepts တွေ (ဥပမာ God ဒါမှမဟုတ် ငရဲ)၊ အမူအကျင့်၊ စိတ်နေစိတ်ထား လုပ်ရပ်တွေကို (ဥပမာ အားနာမှု) တတ်နိုင်သမျှ ရှင်းအောင်လုပ် ကြည့်ဖို့ ဖြစ်တာမို့ အရင်ဆုံး ပြောခဲ့တဲ့ တွေးတယ်၊ ခေါ်တယ်ဆိုတဲ့ ဝေါဟာရနဲ့ စကြည့်ရအောင်။
အမ်စတာဒမ်အကြောင်းပြောရင် ပြည့်တန်ဆာအကြောင်းချန်ခဲ့လို့ မဖြစ်ပါဘူး။ စကားစပ်လို့ ပြည့်တန်ဆာဆိုတဲ့စကားဟာ မိန်းမတွေကို ကုန်ပစ္စည်းနဲ့နှိုင်းတဲ့သဘောရောက်တဲ့အတွက် မသုံးသင့်ဘူးလို့ စာရေးဆရာမတယောက်က ထောက်ပြပါတယ်။ ဒီလိုပြောတာဟာစကားလုံးတွေ၊ ေါဟာရတွေ နေ့စဥသုံးစကားထဲ ဘယ်လိုရောက်လာသလဲ၊ စကားလုံးတွေဘယ်လို အဆင့်ဆင့်ပြောင်းလဲလာသလဲဆိုတဲ့ သမိုင်းကို လျစ်လျူရှူရာရောက်တဲ့ အပြောမျိုးဖြစ်တယ်။ တခါနာမည်ပြောင်းရုံနဲ့ ြည့်တန်ဆာတွေရဲ့ ဘ၀မြင့်လာမှာမဟုတ်ပါဘူး။ ပြည့်တန်ဆာကို တရားဝင်အသက်မွေး၀မ်းကျောင်းအဖြစ်အသိအမှတ်ပြုထားတဲ့ နယ်သာလန်မှာ prostitute ကို prostitute လို့ပဲခေါ်တယ်။ စာရေးဆရာမခေါ်စေချင်တဲ့ commercial sex workers လို့မခေါ်ဘူး။
ဟိုးလွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ဆယ်လောက်ကစပြီး ကနေ့ထိ world reserve currency ကမ္ဘာသုံးငွေ အဆင့်ကို ရထားတဲ့ ဒေါ်လာဟာ နောက်အနှစ် နှစ်ဆယ် သုံးဆယ်လောက်အကြာမှာ ကနေ့ရထားတဲ့ အဆင့်အတန်းကို ဆက်ယူထားနိုင့်ပါမလား။ ဆက်ထိန်းမထားနိုင်ဘူးဆိုရင် သူ့အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ပီးခဲ့တဲ့ အပတ်ကWSJ မှာ ကျနော့် အထင် အရမ်းကောင်းတဲ့ ဆောင်းပါး တပုဒ်ပါလာတယ်။ စိတ်ဝင်စားသူများ အတွက် လင့်ပေးလိုက်ပါသည်။ http://online.wsj.com/article/SB10001424052748703313304576132170181013248.html အပေါ်ကမေးခွန်းကို ဆွေးနွေးနိုင်ဖို့ ကျနော့်အထင်မှာ အခြေခံကျတဲ့ မေးခွန်းတခုနဲ့ စကြည့်ရင် ကောင်းမယ်။ အဲဒါကတော့ Why are we using dollar? Why can’t we get away from dollar? ကျနော်တို့တွေ ဘာလို့ … Continue reading
http://fora.tv/2006/04/20/Among_the_Dead_Cities#fullprogram အင်္ဂလန်က နံမယ်ကြီး ဖီလော်ဆော်ဖာ A C Grayling နဲ့ နံမယ်ကြီး ဝေဖန်ရေး ဆရာ Chris Hitchens တို့ ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေရဲ့ ရန်သူ့ဘက်က အရပ်သားတွေနဲ့ သူတို့နဲ့ ဆိုင်တဲ့ အဆောက်အဦတွေကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်တာကို ကျင့်ဝတ် ရှုဒေါင့်ကနေ အငြင်းအခုံ လုပ်ကြတယ်။ A C Grayling ကို လူထု ဦးစိန်ဝင်းက ဗမာ စာဖတ် ပရိသတ်နဲ့ မိတ်ဆက်ပေးဖူးတယ်။ နှစ်ယောက် စလုံးရဲ့ သက်မွေး ဝမ်းကျောင်းမှုက အငြင်းအခုံ အတတ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မှ ဖြစ်နိုင်မဲ့ သက်မွေး ဝမ်းကျောင်းမှုမျိုး။ Grayling က ဖီလော်ဆော်ဖာ၊ နောက်တယောက်ကတော့ နိုင်ငံရေး … Continue reading
ဒီမြို့ကိုရောက်နေတာ ၅ရက်ရှိပြီ။ မနေ့ကတော့ အလုပ်ထဲမှာ orientation ပေးတယ်။ မြို့အကြောင်း၊ ဒတ်ချ်လူမျိုးတွေအကြောင်း၊ အလုပ်အကြောင်းအစုံပါပဲ။ လူမျိုးတမျိုးဘာစရိုက်တွေရှိတယ်။ ဘာကိုတန်ဖိုးထားတယ်။ ဘာတွေကြိုက်တတ်တယ်ဆိုတာ အဲဒီလူမျိုးတွေနဲ့ တော်တော်ကြာကြာလေး ပေါင်းကြည့်မှ သိနိုင်တာပါ။ လူမျိုးတမျိုးရဲ့ ဓလေ့ထုံးစံတွေကို တနေ့ထဲ တထိုင်ထဲပြောပြဖို့ရာ မဖြစ်နိုင်ပါဘူး။
ဟိုင်ဇင်ဘတ်ရဲ့ uncertainty principle ဟာ ဖီလော်ဆော်ဖီမှာ အထူးသဖြင့် philosophy of science မှာ ရိုက်ခတ်မှု တော်တော် ကြီးကြီးမားမား ရှိခဲ့တယ်။ အဲဒိရိုက်ခတ်မှု အနက်အရှိုင်းကို ပိုပြီး နားလည်သဘောပေါက်ဖို့ uncertainty principle အဓိကကျောရိုးအဖြစ် ပါဝင်နေတဲ့ ကွန်တမ်သီအိုရီကို နည်းနည်းပြန်ကြည့်ရင် သင့်တော်မယ်လို့ ယူဆပါတယ်။ uncertainty principle ဟာ QM မှာ ဘယ်လောက် အရေးကြီးသလဲဆိုတာသိနိုင်ဖို့ ကမ္ဘာကျော် ရူပဗေဒ နိုဘယ်ဆုရှင် QED (Quantum Electro-Dynamics) အိပ်စပတ်အဖြစ် သတ်မှတ်ခံထားရတဲ့ Richard Feynman ရဲ့ မှတ်ချက်ကို ပြောပြချင်တယ်။ သူက ဘယ်လိုရေးလဲဆိုတော့ The uncertainty principle “protects” quantum mechanics. Heisenberg … Continue reading
ပြောင်းပြီ။ အမှန်အတိုင်းပြောရရင် ယူနီကုတ်နဲ့ ဇော်ဂျီငြင်းနေကြတာတွေကို အစကနေနားမထောင်ဖြစ်ပါဘူး။ ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှာ ဗမာလိုစရေးကြတုန်းက ဘာဖြစ်လို့မြန်မာ၁၊၂၊၃ စသဖြင့်သုံးသလဲမေးကြည့်တယ်။ အဲဒီတုန်းက ဘီဘီစီက ဝါဝါက ယူနီကုတ်အကြောင်းရှင်းပြတယ်။ နောက်တော့ ဘီဘီစီကသတင်းတွေဖတ်ချင်တော့ သူတို့ဖောင့်ကို ဆွဲချထားရတယ်။ အစဉ်အလာကြီးတဲ့သတင်းဌာနက စလိုက်တော့ နောက်ကလိုက်သုံးဖို့က လွယ်သွားတယ်လို့ထင်တယ်။ သုံးကြည့်တော့လဲ သုံးရတာလွယ်တယ်။ အမှန်တော့ရေးရတာလဲ လွယ်တယ်။ တချို့ဟာလေးတွေ ကမောက်ကမဖြစ်နေတာတွေက အချက်မသိသေးလို့ဖြစ်မယ်ထင်တယ်။ ဥပမာ ဝါဝါလို့ ရေးရင် တခါတခါကြားမှာ space ရှိတယ်။ တခါတခါ မရှိဘူး။ တခါ တခါရေးရင်လဲ ဒီအတိုင်းပဲ။ အင်္ဂလိပ်လို ညှပ်ရေးရင်လဲ တကြောင်းနဲ့တကြောင်းကြား အကွာဟာ မညီဘူး။ ဒါပေမယ့် အခုကစပြီး ဒီဘလော့မှာ ပို့စ်အသစ်တွေကို ယူနီကုတ် မြန်မာ၃နဲ့ မြင်ရတော့မှာဖြစ်ကြောင်း။ ပြောင်းရတဲ့အကြောင်းရင်းက ကွန်ပျူတာစနစ်တွေနဲ့ ပိုပြီးအံ၀င်အောင်လို့ ဖြစ်ပါကြောင်း … Continue reading
အမျိုးသားလေကြောင်းလိုင်းတွေ နိုင်ငံတိုင်းလိုလိုမှာ ရှိကြတယ်။ နိုင်ငံကိုယ်စားပြုအားကစားအဖွဲ့တို့ အစိုးရအဖွဲ့တို့ တခြားနိုင်ငံတွေသွားရင် ကိုယ့်အလံပါတဲ့ လေကြောင်းလိုင်းတွေစီးကြတယ်။ ဒီအလံနဲ့လေကြောင်းလိုင်းတွေကို အစိုးရပိုင်တာရှိသလို ပုဂ္ဂလိကပိုင်တာ၊ အများပိုင်တာတွေလည်းရှိတယ်။ ဗမာတွေအတွက်ရော စီးစရာလေကြောင်းလိုင်းရှိရဲ့လား။ စီးစရာဆိုတာထက် ကိုယ့်နိုင်ငံအလံပါတဲ့ လေကြောင်းလိုင်း MAI ကိုစီးချင်ရဲ့လားဆိုတာ မေးစရာဖြစ်နေတယ်။
ဝီကီလိ ၀က်ဆိုက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်သံရုံး ကေဘယ်တွေ ထပ်ထွက်လာတယ်။ ခုနောက်ဆုံးတွေ့ရတဲ့ ကေဘယ်က စိတ်ဝင်စားဖို့ သိပ်ကောင်းတယ်။ ဂျင်ဝက် ခရီးစဉ်မှာ ယန်းကီးတွေရဲ့  ကုလားဖန်ထိုးကွက်လေးတွေကို ရှုးစားနိုင်အောင် ဒီကေဘယ် လင့်ကို ပေးလိုက်ပါတယ်။ အမေရိကန်ကို မျက်စိမှိတ်ထောက်ခံပြီး confirmation bias ၀င် နေသူတွေ ကျိန်ဆဲနိုင်အောင် ဂျင်ဝက်ကြီး လာတုန်းက ရေးထားတဲ့ ပို့စလေးတခုပါ တင်ပေးလိုက်တယ်။ ဖတ်ပြီးရင် ကျုပ်ကို အားရပါးရဆဲပေတော့.. 😀 http://213.251.145.96/cable/2009/08/09RANGOON539.html
Here John Pilger demythified so-called American democracy project in Iraq. Watch it and NEVER FORGET IT!!! Pilger made a mockery of mainstream journalists and challenged the notion of BBC’s impartiality.. http://www.itv.com/itvplayer/video/?Filter=198443 For those outside UK, you can watch it on youtube. http://www.youtube.com/watch?v=egcTynu6sBk
ငါရှိတာကို သိရတဲ့ အသိဟာ မှန်ကန်တဲ့ အခြေခံ တခုခုပေါ်မှာ တည်ဆောက်ထားလို့သာ ဒီအသိကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာဖြစ်ပြီး ဒီလိုမှန်ကန်တဲ့ အခြေခံပေါ် တည်ဆောက် ထားနိုင်တာကိုက ငါဟာ ပြီးပြည့်စုံတဲ့ ဖန်ဆင်းရှင်တယောက်ရဲ့  ဖန်ဆင်းခံဆိုတာ မငြင်းနိုင်ဘူးလို့ Descartes ကဆိုတယ်။ ငါဟာ ပြီးပြည့်စုံတဲ့ ဖန်ဆင်းရှင်တယောက်ရဲ့  ဖန်ဆင်းခံသာ မဟုတ်ရင် ငါရှိတာကို ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား မြင်နိုင်စရာ မရှိဘူးလို့ Descartes ကပြောတယ်။ တနည်းအားဖြင့် ဒီအချက် (ငါဟာ ပြီးပြည့်စုံတဲ့ ဖန်ဆင်းရှင် တယောက်ရဲ့  ဖန်ဆင်းခံ ဆိုတဲ့အချက်) ဟာ ဘယ်လိုမှ မမှားနိုင်တဲ့ အမှန်တရား necessary truth ဖြစ်တယ်လို့ Descartes ကဆိုတယ်။ ဘာအတွက် necessary … Continue reading
Descartes နဲ့ Leibniz အတွက် God ဟာ ဘုရားရှိခိုးကျောင်း နံရံတွေမှာ ရေးထားတဲ့ ပန်းချီရုပ်ပုံတွေထဲက လူနဲ့တူတဲ့၊ အကောင်အထည်ရှိတဲ့ အရာမဟုတ်ဖူးလို့ အရင်အခန်းမှာ ပြောခဲ့တယ်။ By the word ‘God’, I understand a substance that is infinite, (eternal, immutable) independent, supremely intelligent, supremely powerful, and which created both myself and everything else (if anything else there be) that exists. (Third Meditation, 45) (Spinoza က God ကို … Continue reading
Meditation တတိယ အခန်းမှာ Descartes က ဘုရားသခင်ရှိတာကို သက်သေထူဖို့ ကြိုးစားတယ်။ ဒီအပိုင်းဟာ Descartes ရဲ့ ဖီလော်ဆော်ဖီမှာ သူ့လက်ထက်က ပညာရှင်တွေရော၊ နောက်ပိုင်း ပညာရှင်တွေကြားမှာပါ အငြင်းအခုံ အဖြစ်စေဆုံး အပိုင်းဖြစ်တယ်။ ဘာ့ကြောင့် အငြင်းပွားစရာ ဖြစ်ရသလဲဆိုတာ သိရအောင် ခုအခန်းမှာ ဒီအပိုင်းကို ဖတ်ကြည့်မယ်။
First Meditation မှာ Descartes က လောကမှာ တခြားအရာတွေ တကယ်မရှိရင်တောင်၊ ဒါမှမဟုတ် အာရုံတွေကတဆင့် သူသိနေတာတွေဟာ အစစ်အမှန်တွေ မဟုတ်ဖူး ဆိုရင်တောင် သူကတော့ ရှိနေတယ် ဆိုတဲ့အသိကတော့ ဘယ်လိုမှ သံသယမပွားနိုင်တဲ့ အသိလို့ဆိုတယ်။ ဒါကို (သူရှိနေတာကို) စဉ်းစားလိုက်တိုင်းမှာ သိရတယ် I’m thinking, therefore I am ဆိုပြီး သူ့အခေါ် first principle (ပထမဆုံးအသိလို့ပဲ ပြောရမလား) ကိုစတည်ဆောက်ခဲ့တယ်။ နောက်တခါ အဲဒိအသိကို လူ့ရဲ့ innate reason ကနေ သိနိုင်တယ်။ Scholastic syllogism အကူအညီမလိုဘူးလို့ ဆိုတယ်။
ဒေးကားရဲ့ ဖီလော်ဆော်ဖီ system တခုလုံးကို သူ့ရဲ့ သင်္ချာကို ယုံကြည်ကိုးစားမှုနဲ့ ပင့်ထောက် ထားတယ်လို့ အရင်အခန်းတွေမှာ အကြိမ်ကြိမ် ပြောသွားခဲ့တယ်။ ဂဏန်းသင်္ချာနဲ့ ဂျီသြမေတြီ နှစ်ခုရဲ့ မသေချာမှုတွေကနေ လွတ်ကင်းမှု (free from falsity and uncertainty) ပုံစံမျိုးကိုယူပြီး အသိ (scientia) ကိုတည်ဆောက်ရမယ်လို့ Descartes ဆိုတယ်။ ဒီတော့ Monsieur Descartes ရဲ့ အသိ scientia ကိုဖွင့်ဆိုပုံက ဘာလဲ။ All scientia is certain and evident cognition ကွလို့ Rule Twoမှာ အသိ scientia ရဲ့  အဓိပ္ပါယ်ကို သူကစဖွင့်တယ်။ ဒါဖြင့်ရင် အဲဒိ သေချာတဲ့၊ … Continue reading
ပြီးခဲ့တဲ့ အခန်းမှာ Descartes ရဲ့ ဖီလော်ဆော်ဖီက နံမယ်ကြီး စာပိုဒ်ကို တွေ့ခဲ့ရတယ်။ ဒီစာပိုဒ်တခုထဲနဲ့ Cartesian method ကို အပြည့်အ၀ appreciate လုပ်နိုင်မှာတော့ မဟုတ်ဖူး။ ဒါပေမယ့်လည်း အတိုင်းအတာ တခုထိတော့ မြင်နိုင်တယ်လို့ ထင်မိတယ်။ ဒီတော့ Cartesian Method ကို အကျယ်မရွှီးခင် ဒီစာပိုဒ်ကို နည်းနည်းလောက် ကလိကြည့်ရအောင်။ ပထမတချက် အနေနဲ့ Descartes က ခုလိုပြောတယ်။
အခုတလောတေးထားတဲ့ စာတွေများနေတယ်။ မလေးရှားက မိန်းကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေတွေ၊ မလေးရှားက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အဖွဲ့တွေအကြောင်းစုံစမ်းနေတာမပြီးသေးတာနဲ့ မရေးနိုင်သေးဘူး။ ဒီကြားထဲမှာ ဒီနေ့ဖတ်လိုက်ရတဲ့ဇာဂနာရဲ့အင်တာဗျူးကြောင့် ဒီစာကိုကောက်ရေးလိုက်တယ်။ ဇာဂနာက သူခင်ညွန့်ကို သွားတွေ့တာနဲ့ပတ်သက်ပြီးဝေဖန်တဲ့လူတွေကို “ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဉီး။ အဲဒီတုန်းကဖမ်းလို့ဆီးလို့ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရောမပါဘူးလားလို။ ဦးရွှေမန်းရောမပါဘူးလားလို။ ဒီလူတွေနဲ့တောင် အခုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲနှုတ်ဆက်နေကြပြီမဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေမွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပာယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှမခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။” http://mizzimaburmese.com/interview/8901-2012-01-18-06-34-08.html ဇာဂနာပြန်ဖြေတာကို ဖတ်ကြည့်ပြီး စိတ်မကောင်းပါဘူး။ ဇာဂနာဟာ တော်တော်မောက်မာပါလားလို့လည်း မှတ်ချက်ချမိတယ်။
MMA1819
Recent Comments