ဘဘဦးလှဘူး ပို့ပေးထားတဲ့ မေရှင်ရဲ.သီချင်းစီဒီပြန်တွေ့လို့နားထောင်နေရင်း အဝေးရောက် ဗမာဘလော့ဂါတွေ နားဆင်နိုင်ဖို့ရာ ဝေဌပေးလိုက်ပါတယ်။ စီဒီကာဘာပျောက်သွားလို့ ခေါင်းစဉ်လေးတွေ သိရင်ရေးပေးခဲ့စေလိုပါတယ်။ May Shin_1
Interview with U Win Tin—part 1 DVB, 23 September 2008 Khin Maung Soe http://burmese.dvb.no/news.php?id=5720 (in translation) DVB: I want to know the conditions of your release. How are you all released? Are there any strings attached or have you been released unconditionally? UWT: The whole process of the release is conditional. More conditions … Continue reading
(09/20/2008) (Chang Ping at Southern Metropolis Daily) [in tralsnation] After the Sanlu milk powder case broke open, the celebrity spokespersons Deng Jie, the Flower Band, Xue Jianing, Jiang Wenli and others were pilloried by the public. Their agents, family members and friends pleaded innocence on their behalf. Some commentators even felt that they were wrongfully … Continue reading
အရင်တုန်းက World Service ကို Empire Service လို့ခေါ်ပါတယ်။ အခုအမည်သညာ ပြောင်းသွားပေမယ့် အရင်တုန်းကအတိုင်း God Save the Queen ကို တီးနေတုန်းပါပဲ။ ဗြိတိသျှအင်ပါယာကြီးမရှိတော့ပေမယ့် ရေဒီယိုကနေ ဗြိတိသျှအစိုးရရဲ့အာဘော်ကို ထင်ဟပ်ပေါ်လွင်စေချင်တယ် တူပါတယ်။ ဗီအိုအေလို အမေရိကန်အစိုးရရဲ့ သဘောထားအမြင်ကို ထင်ဟပ်ပေါ်လွင်စေတဲ့ သတင်းများလို့ ပြောင်မကြေညာတာပဲ ရှိပါတယ်။ နောက်တခုက ရေဒီယိုနားထောင်ပြီး နားထောင်သူတွေ Britishness ဆိုတဲ့ အိုင်ဒန်တတီ တခု အတူတူတည်ဆောက် စေချင်တယ်တူပါတယ်။ ဗြိတိသျှ အလယ်လွှာဆို ဘီဘီစီ၎ကနေ နေ့လယ်၂နာရီနဲ့ ညနေ၇နာရီမှာလာတဲ့ အာချာနားထောင်မယ်။ အချင်းချင်း Women’s hour ကို နေ့လယ်ခင်း လက်ဘက်ရည်လေးသောက်ပြီး ဆွေးနွေးကြမယ် ဆိုပြီး ထင်သာမြင်သာမဟုတ်ပေမယ့် အခိုင်အမာရှိနေတဲ့ ယဉ်ကျေးမှုကို … Continue reading
ဘီဘီစီ ရေဒီယို ၄မှာ မနက်၁နာရီတိတိမှာ God Save the Queen တီးလုံးတီးပြီး World Service ကိုပြောင်းပါတယ်။ ကမ္ဘာမကြေသီချင်းကို ဘုန်းကြီးဆွမ်းကပ်ခါနီး ကြားလိုက်ရသလို ရေကြောင်းလမ်းအတွက်မိုးလေ၀သကြေညာအပြီး အဲဒီတီးလုံးကြားလိုက်တိုင်း တခုခုမှားနေသလို လွဲနေသလို ခံစားရပါတယ်။ နိုင်ငံတော်သီချင်းဆိုတာ ဘောလုံးပွဲတွေ အားကစားပွဲတွေကျင်းပခါနီးမှ ဆိုရတဲ့သီချင်းလို့ ဒီမှာအများစုက သဘောထားမယ်ထင်ပါတယ်။ အထူးသဖြင့် လန်ဒန်လိုနေရာမှာ ဗြိတိသျှအဖြူက ၁၀ယောက်မှာ၆ယောက်ပဲရှိတာမို့ အမျိုးသားရေးစိတ်ဓာတ်ကို BNP လို့ခေါ်တဲ့ ဗြိတိသျှအမျိုးသားရေးရှေ့တန်းတင်တဲ့ ဗြိတိသျှအမျိုးသားပါတီ အားကောင်းတဲ့နေရာမှာလောက်မှာပဲ လွန်လွန်ကျူးကျူးပြလေ့ရှိပါတယ်။ အင်္ဂလန်ရဲ့ အဖြူနဲ့အနီကြက်ခြေခတ်ပါတဲ့ စိန့်ဂျော့ဂျစ်အလံကိုလဲ အဲဒီပါတီအားကောင်းတဲ့နေရာတွေနဲ့ အင်္ဂလန်အသင်းဘောလုံးကန်တဲ့နေ့ တွေလောက်မှာသာ တွေ့ရပါတယ်။ နေရာတကာမှာတွေ့ရင် ရေဒီယိုမှာ God Save the Queen တီးလုံးလာတိုင်း ကျွန်မစိတ်မသက်မသာဖြစ်ရသလို ဒီမှာရှိတဲ့နိုင်ငံခြားသားတွေရော သူတို့ရဲ့ ဝေလနယ်သားတွေရော … Continue reading
Persistent Vegetative State ရောက်နေတဲ့လူဆိုတာ ရှင်လျက်နဲ့သေနေသူများလို့ ဘာသာပြန်လို့ရမယ်ထင်ပါတယ်။ ခန<ာကိုယ်ကရှင်နေတယ်။ ပြင်ပအကူအညီမပါဘဲနဲ့ အသက်ရှုနိုင်တယ်။ ဒါပေမယ့် ဦးနှောက်က အလုပ်မလုပ်တော့ရင် အဲဒီအခြေအနေ ရောက်နေတယ်လို့ ပြောလေ့ရှိပါတယ်။ လောလောဆယ် အဲဒီအခြေအနေရောက်ပြီလို့ သတ်မှတ်ခံထားရသူတွေရဲ့ ၄၀ရာခိုင်နှူန်းဟာ misdiagnosis လို့ခေါ်တဲ့ ရောဂါအခြေအနေ မှားအတပ်ခံထား ရသူတွေ ဖြစ်ပါသတဲ့။ ဦးနှောက်အလုပ်မလုပ်တော့ဘူးလို့ သတ်မှတ်ခံထားရလို့ ဦးနှောက်အလုပ်ပြန်လုပ်လာအောင် လှူံ့ဆော်မှုတွေပေးတဲ့ လေ့ကျင့်ခန်းတွေ၊ ဦးနှောက်နဲ့ကြွက်သားတွေဟန်ချက်ညီ တွဲအလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတွေလည်း မပေးတော့ဘဲ ပစ်ထားခံရပါသတဲ့။
မနီလာသိန်းအမြန်ဆုံးလွတ်မြောက်ပါစေ။ မိသားစုနဲ့ အမြန်ဆုံးပြန်ဆုံစည်းနိုင်ပါစေ။
ကောလိပ်ပရ၀ုဏ်မှာ၊ ကျောင်းသားသမဂ္ဂမှာ စာစောင်တွေထုတ်ကြ၊ ဟောပြောပွဲတွေလုပ်ကြ၊ နိုင်ငံရေးခေါင်းဆောင်တွေဖိတ်ပြီး ကျပန်းစကားပြောပွဲတွေလုပ်ကြ စသဖြင့် ကျောင်းကနေပညာရေးသာမက ခေါင်းဆောင်မှုအရည်အသွေးတွေပါ သွေးပြီးသားဖြစ်ခဲ့ကြတယ်။ စိတ်ဓာတ်တူတဲ့လူငယ်တွေအတွက် ကျောင်းဟာနိုင်ငံရေးစင်မြင့်ပေါ်တက်ဖို့  စခန်းတထောက်ဝင်နားစရာဖြစ်ခဲ့တယ်။ နိုင်ငံရေးအတွေးအခေါ်တွေ ဆွေးနွေးဖလှယ်နိုင်ကြတဲ့ အပြင် တနိုင်ငံလုံးကတခြားကျောင်းတွေအတွက်လည်း အမျိုးသားလှူပ်ရှားမှုနဲ့ပတ်သက်တဲ့ခေါင်းဆောင်မှုတွေပေးခဲ့တယ်။ ကျောင်းဆိုတာဟာ အဲဒီလိုနေရာမျိုးဖြစ်ရမှာ မဟုတ်ပေဘူးလား။ ကျွန်မတို့ရဲ့ ကျောင်းအုပ်ကြီးပြောသလို အနိုင်ကျင့်ခံနေရသူတွေ၊ မတရားသဖြင့်ဖိနှိပ်ခံနေရသူတွေအတွက် ချန်ပီယံတွေမွေးထုတ်ပေးတဲ့နေရာလို့ ပြောလဲရပါတယ်။
ဒေးဒရဲမှာ မူလတန်းကျောင်းဆောက်ဖို့ ကုန်ကျငွေ(အလှူကောက်ဖို့)တွက်နေတုန်း ဒီကျောင်းကကလေးတွေ မူလတန်းပြီးရင် ဘာဆက်လုပ်ကြမလဲလို့တွေးမိပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရဆိုရင် အထက်တန်းကျောင်းဆက်နေသူက ၃၆ရာခိုင်နှူန်းရှိပြီး အဆင့်မြင့်ပညာရေးသင်ယူသူက ၁၁ရာခိုင်နှူန်းရှိပါသတဲ့။ တိုင်းပြည်ဖွံ့ဖြိုးတာနဲ့စာရင် ပညာတတ်ပေါတယ်ဆိုတဲ့သဘောပေါ့။ ဗမာတွေဟာ ယေဘူယျပြောရမယ်ဆိုရင် ပညာလိုလားကြတယ်လို့ ပြောနိုင်ပါတယ်။ မုန်တိုင်းကျအပြီးမှာတောင် ခေါင်းပေါ်မှာအမိုးစတစနဲ့ အိုးထဲမှာဆန်နဲနဲရှိလာရင် ကလေးတွေကျောင်းပို့ဖို့စိတ်ကူးကြတော့တာမဟုတ်လား။ ကလေးတွေကျောင်းက အမိုးတခြား၊ အကာတခြား၊ ဆရာမကြီးရဲ့လက်နှိပ်စက်ကတခြား၊ ဆရာတွေကလည်း စာအုပ်နဲ့လူနဲ့တခြားဆိုတော့ အရပ်ကူပါ၊ လူဝိုင်းပါလုပ်ကြရတော့တာပေါ့။ တကယ်ဝိုင်းရမဲ့ တာဝန်ရှိသူတွေကတော့ ရှေးကုသိုလ်ကြောင့်ထင်ပါရဲ့။ အပူအပင်ကင်းအောင် နေတတ်ကြပါတယ်။
antibiotic ဆေး၁ကတ်ကို ၂ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ (သန်း ၂ သန်း)၊ ပေါင်မုန့် ၁လုံးကို ၁၄၀ ၀၀၀ ၀၀၀ ၀၀၀ (သန်း သိန်း ၁၄၀) ပေးရတဲ့နိုင်ငံနဲ့ ဗမာပြည်ကို နှိုင်းယှဉ်လေ့ရှိပါတယ်။ ဇင်ဘာဘွေက အခြေအနေက အဆိုးဆုံးကိုရောက်နေလို့  ပိုကောင်းဖို့ ပဲရှိတော့တယ်လို့ ပြောကြပါတယ်။ ဗမာပြည်ရဲ့ အခြေအနေကရော ပိုကောင်းဖို့ ဘယ်လောက်စောင့်ရမှာလဲ။ ဗမာပြည်ကို တိုးရစ်တွေမသွားသလောက်ဖြစ်နေလို့  ခရီးသွားလာရေးလုပ်ငန်းကြီးတခုလုံး ရပ်နေပါတယ်။ အဲဒီလုပ်ငန်းကို မှီခိုပြီးနေနေတဲ့လူတွေလည်း တော်တော့်ကို ဒုကQရောက်နေပါတယ်။ ဗမာပြည်က ပြန်လာတဲ့လူတယောက်က သူထမင်းမစားရတဲ့၊ ဗိုက်ဆာနေတဲ့လူတွေ တွေ့ခဲ့လို့ အံ့အားသင့်ဝမ်းနည်းရတဲ့အကြောင်းပြောပါတယ်။ သူနဲ့စကားပြောနေရင်း ဗမာပြည်ကို ခရီးသည်တွေပြန်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းရောက်သွားပါတယ်။ … Continue reading
Recent Comments