//
you're reading...
Uncategorized

band-aid and surgery

antibiotic ဆေး၁ကတ်ကို ၂ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ (သန်း ၂ သန်း)၊ ပေါင်မုန့် ၁လုံးကို ၁၄၀ ၀၀၀ ၀၀၀ ၀၀၀ (သန်း သိန်း ၁၄၀) ပေးရတဲ့နိုင်ငံနဲ့ ဗမာပြည်ကို နှိုင်းယှဉ်လေ့ရှိပါတယ်။ ဇင်ဘာဘွေက အခြေအနေက အဆိုးဆုံးကိုရောက်နေလို့  ပိုကောင်းဖို့ ပဲရှိတော့တယ်လို့ ပြောကြပါတယ်။ ဗမာပြည်ရဲ့ အခြေအနေကရော ပိုကောင်းဖို့ ဘယ်လောက်စောင့်ရမှာလဲ။

 

ဗမာပြည်ကို တိုးရစ်တွေမသွားသလောက်ဖြစ်နေလို့  ခရီးသွားလာရေးလုပ်ငန်းကြီးတခုလုံး ရပ်နေပါတယ်။ အဲဒီလုပ်ငန်းကို မှီခိုပြီးနေနေတဲ့လူတွေလည်း တော်တော့်ကို ဒုကQရောက်နေပါတယ်။ ဗမာပြည်က ပြန်လာတဲ့လူတယောက်က သူထမင်းမစားရတဲ့၊ ဗိုက်ဆာနေတဲ့လူတွေ တွေ့ခဲ့လို့ အံ့အားသင့်ဝမ်းနည်းရတဲ့အကြောင်းပြောပါတယ်။

 

သူနဲ့စကားပြောနေရင်း ဗမာပြည်ကို ခရီးသည်တွေပြန်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းရောက်သွားပါတယ်။ ဗမာပြည်ကို ခရီးသည်တွေမသွားဖို့ လှူံ့ဆော်ပြီးကမ်ပိန်းလုပ်နေသူတွေကြောင့် သူက သတင်းစာတို့ဘာတို့မှာ ရေးရင်တိုက်ခိုက်ခံရမှာလန့်နေပါတယ်။

ဗမာပြည်အရေးမှာက ခရီးသည်တွေများများသွားရင် အစိုးရဆီငွေများများရောက်ပြီး သူတို့တည်တံ့ခိုင်မြဲဖို့ တနည်းတဖုံအထောက်အကူပြုမယ်လို့  ယူဆစရာအကြောင်းအရာများဟာ အထောက်အကူမပြုဘူးလို့ ယူဆစရာ အကြောင်းများထက် ခိုင်လုံလို့ ဗမာပြည်မသွားရေးကမ်ပိန်းဟာ သွားရေးထက်ပိုထောက်ခံမှုရပါတယ်။

 

ဒါဆိုရင် လတ်တလောအငတ်ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ခရီးသည်တွေရေ စိုးရိမ်မနေပါနဲ့။ မုန်တိုင်းကြောင့် လူတွေသောကရောက်နေချိန်မှာ သွားလည်တယ်ဆိုပြီး guilty မဖြစ်ပါနဲ့။ အဲဒီလို ပြောပြီး တိုက်တွန်းမှာလား။

 

အငတ်ပြသနာက တိုးရစ်လမ်းကြောင်းမှာအပြင် လမ်းကြောင်းမကျတဲ့ ချင်းပြည်တို့ ၊ ၀နယ်တို့မှာလည်း ရှိပါတယ်။ တပြည်လုံးအငတ်ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ။

 

ပိတ်ဆို့ရေးတွေလုပ်လို့ လူတွေငတ်နေတယ်လို့ ပြောရင် ပိတ်ဆို့ ရေးတွေ ရုပ်သိမ်းသွားရင် လူတွေသိပ်ငတ်မှာ မဟုတ်ဘူးလို့ အာမခံနိုင်ပါ့မလား။ လူတစုကောင်းစားရေးကနေ လူထုကောင်းစားရေးကို လုပ်နိုင်ပါ့မလား။

 

တခါတလေ မိုးရွာရင်ပျိုးသာမယ် ဆိုတဲ့စကားပုံမှာ ပျိုးကမျိုးစေ့ခပ်ညံ့ညံ့ကို အခြေခံထားရင် ကောင်းမှာမဟုတ်ဘူးဆိုတာကိုလည်း ထည့်တွက်သင့်ပါတယ်။ စီးပွားရေးအဆောက်အအုံတခု အခြေတည်အောင်မြင်ဖို့ စီးပွားရေးအခွင့်အရေးတွေအပြင် အဲဒီအဆောက်အအုံကို တည်ဆောက်ထိန်းသိမ်းမယ့် ဗိသုကာပညာရှင်တွေရဲ့  အရည်အချင်း၊ အမြော်အမြင်နဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ်တို့ က အရေးပါပါတယ်။ အဲဒါတွေ လက်ရှိခေါင်းဆောင်တွေမှာ မတွေ့ရပါ။

 

ခရီးသွားလုပ်ငန်း တိုးမြှင့်တာ လူမှုကယ်ဆယ်ရေးလုပ်ငန်းလုပ်တာဟာ လူသားချင်းစာနာမှုကိုအခြေခံပြီးလုပ်တာမို့ လုပ်ကောင်းပါတယ်။ ဒါပေမယ့် အဲဒါတွေဟာ နာတာရှည်လိုစွဲနေတဲ့ပြသနာတွေကို ဖြေရှင်းပေးမှာမဟုတ်ပါဘူး။ နိုင်ငံရေးပြသနာကိုဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာကို ဗမာပြည်နဲ့ပတ်သက်ပြီး လုပ်နိုင်ကိုင်နိုင်၊ လုပ်ချင်ကိုင်ချင်စိတ်
ရှိတဲ့ လူငယ်တွေမေ့မထားသင့်ပါဘူး။

Discussion

One thought on “band-aid and surgery

  1. ဒီလိုအတွေးတွေ လူတိုင်းရင်ထဲရောက်ဖို့လိုတယ်။ အနောက်ကမ္ဘာက စီးပွားရေး ပိတ်ဆို့ပေမယ့် တရုပ်တို့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေနဲ့ စီးပွားရေး လုပ်နေတာပဲ။ ဒါတောင်စီးပွားရေး တိုးတက်မှုမရှိပဲ သူတို့ စစ်အုပ်စုပဲ တိုးတက်သွားတာ သတိထားသင့်တယ်။ ဆန်ရှင်ကို ဆန့်ကျင်နေသူတွေကို မုန်းတယ်။

    Posted by ခင်မင်းဇော် | 09/09/2008, 11:45

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: