//
you're reading...
Uncategorized

Building schools

ဒေးဒရဲမှာ မူလတန်းကျောင်းဆောက်ဖို့ ကုန်ကျငွေ(အလှူကောက်ဖို့)တွက်နေတုန်း ဒီကျောင်းကကလေးတွေ မူလတန်းပြီးရင် ဘာဆက်လုပ်ကြမလဲလို့တွေးမိပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရဆိုရင် အထက်တန်းကျောင်းဆက်နေသူက ၃၆ရာခိုင်နှူန်းရှိပြီး အဆင့်မြင့်ပညာရေးသင်ယူသူက ၁၁ရာခိုင်နှူန်းရှိပါသတဲ့။ တိုင်းပြည်ဖွံ့ဖြိုးတာနဲ့စာရင် ပညာတတ်ပေါတယ်ဆိုတဲ့သဘောပေါ့။

 

ဗမာတွေဟာ ယေဘူယျပြောရမယ်ဆိုရင် ပညာလိုလားကြတယ်လို့ ပြောနိုင်ပါတယ်။ မုန်တိုင်းကျအပြီးမှာတောင် ခေါင်းပေါ်မှာအမိုးစတစနဲ့ အိုးထဲမှာဆန်နဲနဲရှိလာရင် ကလေးတွေကျောင်းပို့ဖို့စိတ်ကူးကြတော့တာမဟုတ်လား။ ကလေးတွေကျောင်းက အမိုးတခြား၊ အကာတခြား၊ ဆရာမကြီးရဲ့လက်နှိပ်စက်ကတခြား၊ ဆရာတွေကလည်း စာအုပ်နဲ့လူနဲ့တခြားဆိုတော့ အရပ်ကူပါ၊ လူဝိုင်းပါလုပ်ကြရတော့တာပေါ့။ တကယ်ဝိုင်းရမဲ့ တာဝန်ရှိသူတွေကတော့ ရှေးကုသိုလ်ကြောင့်ထင်ပါရဲ့။ အပူအပင်ကင်းအောင် နေတတ်ကြပါတယ်။

 

ကျောင်းနဲ့ပညာရေးအကြောင်းပြောနေရင်း ချော်သွားပြန်ပါပြီ။ တခါလာလဲ ဒီခလုတ်ဆိုသလို တချိန်လုံးတိုက်နေတာကိုး။ အဲဗမာတွေဟာ ပညာရေးကို လိုလားပါတယ်။ သားသမီးတွေရဲ့ပညာရေးကိုလဲ မရှိရှိတာရှာပြီး သင်ပေးကြပါတယ်။ ဒါပေမယ့် ဗမာပြည်မှာပညာတတ်ဖြစ်ရင် ဘာဖြစ်နိုင်ပါလဲ။ အရင်ပညာတတ်ဆိုတာ ဘယ်လိုအနက်ဖွင့်မလဲဆိုတာ မေးကြည့်ရအောင်။

 

ကျွန်မကောလိပ်တက်တော့ ကျွန်မတို့ရဲ့ ကျောင်းအုပ်ကြီးက မင်းတို့  နောက်လေးနှစ်ကျရင်၊  လောကမှာ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ ခံနေရတဲ့လူတွေအတွက်၊ ကုန်ထုတ်လုပ်တဲ့အပိုင်းအတွက်၊ ၀န်ဆောင်မှုတွေပေးတဲ့အပိုင်းအတွက် အသုံးတဲ့မဲ့ အရည်အချင်းတွေရှိတဲ့လူတွေ ဖြစ်အောင် ဒီနေရာက ပြုစုပျိုးထောင်ပေးမတဲ့။ ကျောင်းက လစ်ဘရယ်အာ့စ်ကျောင်း ဖြစ်လေတော့ အတတ်ပညာရော သူများအကျိုးလုပ်နိုင်အောင်ပါ သင်ကြားရေးနဲ့  ပတ်ဝန်းကျင်ကို စီမံထားပါတယ်။

 

သူ့စကားကို အမှတ်ရတာအပြင် ကျောင်းဆိုတာဘာလဲလို့ တွေးမိပါတယ်။  ကျွန်မတို့  အဖေတွေအမေတွေ ဦးလေးတွေလက်ထက်က သူတို့ ကျောင်းသားအချင်းချင်း မှိုင်းရာပြည့်တို့ အသုံးလုံးတို့ ပြောကြတာကြားဖူးပါတယ်။ ကျောင်းမှာဘာသင်ရတာဆိုတာထက် ကျောင်းတုန်းကဘာလုပ်ကြတာဆိုတာ ပိုများပါတယ်။ ကျောင်းဆိုတာကလဲ အတတ်ပညာအပြင် လူအချင်းချင်းပေါင်းသင်းဆက်ဆံရေး၊ နိုင်ငံရေးစသဖြင့် စသဖြင့် သင်ရိုးထဲမှာမပါတဲ့ဟာတွေကို သင်ယူတတ်မြောက်နိုင်တဲ့ နေရာမဟုတ်လား။

 

တယောက်ကိုတယောက် ရိုင်းပင်းကူညီတဲ့စိတ်၊ အနစ်နာခံတဲ့စိတ်၊ ခေါင်းဆောင်ရဲတဲ့စိတ်စသဖြင့် ကျောင်းကထွက်လို့ လောကအလယ်ရောက်တဲ့အခါ အသုံးတဲ့မဲ့ အရည်အသွေးတွေကို ကျောင်းနဲ့ကျောင်းပတ်ဝန်းကျင်က သင်ယူနိုင်တာမဟုတ်ပါလား။

 

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်းစသဖြင့် ၁၉၃၀နောက်ပိုင်းမှာထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်လာတာကျောင်းတွေရဲ့ ကျေးဇူးမဟုတ်ပါလား။    

 

နောက်မှဆက်တာပေါ့…

 

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: