//
you're reading...
Education

Building schools-cont’d

ကောလိပ်ပရ၀ုဏ်မှာ၊ ကျောင်းသားသမဂ္ဂမှာ စာစောင်တွေထုတ်ကြ၊ ဟောပြောပွဲတွေလုပ်ကြ၊ နိုင်ငံရေးခေါင်းဆောင်တွေဖိတ်ပြီး ကျပန်းစကားပြောပွဲတွေလုပ်ကြ စသဖြင့် ကျောင်းကနေပညာရေးသာမက ခေါင်းဆောင်မှုအရည်အသွေးတွေပါ သွေးပြီးသားဖြစ်ခဲ့ကြတယ်။ စိတ်ဓာတ်တူတဲ့လူငယ်တွေအတွက် ကျောင်းဟာနိုင်ငံရေးစင်မြင့်ပေါ်တက်ဖို့  စခန်းတထောက်ဝင်နားစရာဖြစ်ခဲ့တယ်။ နိုင်ငံရေးအတွေးအခေါ်တွေ ဆွေးနွေးဖလှယ်နိုင်ကြတဲ့ အပြင် တနိုင်ငံလုံးကတခြားကျောင်းတွေအတွက်လည်း အမျိုးသားလှူပ်ရှားမှုနဲ့ပတ်သက်တဲ့ခေါင်းဆောင်မှုတွေပေးခဲ့တယ်။

ကျောင်းဆိုတာဟာ အဲဒီလိုနေရာမျိုးဖြစ်ရမှာ မဟုတ်ပေဘူးလား။ ကျွန်မတို့ရဲ့ ကျောင်းအုပ်ကြီးပြောသလို အနိုင်ကျင့်ခံနေရသူတွေ၊ မတရားသဖြင့်ဖိနှိပ်ခံနေရသူတွေအတွက် ချန်ပီယံတွေမွေးထုတ်ပေးတဲ့နေရာလို့ ပြောလဲရပါတယ်။

ကျောင်းသားစိတ်ဟာ လုပ်ငန်းခွင်ထဲမှာဆက်ဆံကြတဲ့စိတ်နဲ့ကွာပါတယ်။ တယောက်ကို တယောက်အနစ်နာခံကြတယ်။ ကိုယ်ကျိုးစွန့်ကြတယ်။ တာဝန်ယူရဲတဲ့ စိတ်ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆို ကျောင်းကအထုတ်ခံတယ်။ ငရဲခွေးကြီးလွတ်နေသည် ဘယ်သူရေးလဲမပြောဘူး။

နောက်ပြီး တိုင်းပြည်အရေးဟာ တို့အရေးပဲလို့နှလုံးသွင်းကြတယ်။ အိုင်စီအက် မဖြစ်ချင်နေ။ သပိတ်မှောက်ကြတယ်။ ကျောင်းကထွက်ကြတယ်။ အမျိုးသားကျောင်းတွေမှာ ၀င်လုပ်ကြတယ်။

ဒီနေ့ဗမာပြည်ကကျောင်းတွေနဲ့ ယှဉ်လိုက်ရင်တော့ အဲဒီခေတ်ကကျောင်းတွေက လွမ်းစရာအကောင်းသား။ အခုကျောင်းတွေက ကုန်ထုတ်လုပ်ဖို့ပညာရှင်တွေမွေးထုတ်ပေးပါသလား။ ဗမာပြည်မှာ စက်တွေကိုဂျပန်တို့ တရုတ်တို့ကနေမှာပြီး အပြီးသတ်ဆင်တာလောက်ပဲလုပ်ပါသတဲ့။ စက်ရုံအသစ်တွေမထောင်နိုင်တဲ့အပြင် ရှိပြီးသားစက်ရုံ၂၀၀လောက်ကိုလဲ ပုဂ္ဂလိကကိုရောင်းဖို့၊ ငှားဖို့လုပ်နေပါသတဲ့။ အဲဒီတော့ ကုန်ထုတ်လုပ်ဖို့ လူမလိုပါလို့ပဲပြောရမှာပါ။ သူ့လူနဲ့သူလောက်လို့တော့မဟုတ်ပါ။ ကုန်ကိုမထုတ်လုပ်လို့ဆိုတော့ ဆက်ပြောစရာမရှိပါ။

ဝန်ဆောင်မှုအပိုင်းကကြည့်ရင် ဆော့ဖ်ဝဲရေးဖို့အင်တာနက်ကမကောင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့က ခရီးသည်တွေက သူတို့ငွေတွေဘယ်ရောက်မယ်မှန်းမသိလို့ လာရမှာအင်တင်တင်၊ အလုပ်ဖြစ်တဲ့ဝန်ဆောင်မှုက နိုင်ငံခြားအလုပ်သမားတင်ပို့မှုပါတဲ့။ ကိုယ့်မြေကိုယ့်ယာမှာ မနေရ၊ တခြားသွားလုပ်ရတော့ ကိုယ့်နိုင်ငံကကျောင်းတွေက သူများကောင်းစားဖို့တနည်းတဖုံအထောက်အပံ့ပေးနေသလိုဖြစ်နေပါတယ်။ ဘွဲ့ရအလုပ်သမားလွှတ်တာမလွှတ်တာကတော့ နောက်တပိုင်းပါ။

အဲဒီတော့ တွေးကြကြေးဆိုရင် ဗမာပြည်ကကျောင်းတွေက မိဘတွေအဖို့ငွေကုန်၊ ကလေးတွေအဖို့ပင်ပန်းပြီး အကျိုးမရှိတာတွေကများနေပါရောလား။ ခေါင်းဆောင်တွေထွက်မှာစိုးလို့ ကျောင်းစာအပြင်ဘာမှမလုပ်ရ။ ဆရာ့စကားခံမပြောရနဲ့။ ကျောင်းသားဟာ ကျောင်းသားလိုမနေရတော့ပါ။ ကျောင်းတွေဟာ စာအုပ်ကလေးကိုပိုက်၊ ကမ္ဘာကြီးကိုဘယ်လိုပြင်လိုက်မဟဲ့လို့စိတ်ကူးယဉ်လို့ကောင်းတဲ့ လူငယ်လေးတွေရဲ့နွေးထွေးတဲ့ရင်ခွင်မဟုတ်တော့ပါ။ ထားရာနေ၊ စေရာသွား၊ အမိန့်ကိုနာခံတတ်အောင် ပုံသွင်းပေးတဲ့ စက်ရုံတွေဖြစ်နေတာကြာလှပါပေါ့။

ဆရာမကြီးခင်မျိုးချစ်က ကိုလိုနီခေတ်က ခေတ်ပညာရေးဆိုတာမိန်းကလေးအတွက် လင်ကောင်းတယောက်ရဖို့အပြီးသတ်မွမ်းမံမှုတွေလုပ်ပေးတဲ့နေရာပါပဲတဲ့။ ဆရာမကြီးကဒီနေ့ကျောင်းတွေကို ဘယ်လိုပြောမလဲမသိပါ။

ဒေးဒရဲက ကလေးတွေအကြောင်းကနေရောက်သွားလိုက်တာ။ ကလေးတွေရဲ့အရေးရင်လေးစရာပါ။ ဗမာပြည်ရဲ့အရေး ပိုဆိုးသေးသပေါ့။ ကျွန်မတို့တတွေ ကျောင်းတွေမှာ ကျောင်းသားလိုဘယ်နေ့များမှ ပြန်နေရမှာပါလိမ့်။

ကိုယ်ကျိုးငဲ့အနစ်နာခံရှာကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် အမှတ်တရ…

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: