//
you're reading...
Uncategorized

Caring for the people in Persistent Vegetative State

 

Persistent Vegetative State  ရောက်နေတဲ့လူဆိုတာ ရှင်လျက်နဲ့သေနေသူများလို့ ဘာသာပြန်လို့ရမယ်ထင်ပါတယ်။ ခန<ာကိုယ်ကရှင်နေတယ်။ ပြင်ပအကူအညီမပါဘဲနဲ့ အသက်ရှုနိုင်တယ်။ ဒါပေမယ့် ဦးနှောက်က အလုပ်မလုပ်တော့ရင် အဲဒီအခြေအနေ ရောက်နေတယ်လို့ ပြောလေ့ရှိပါတယ်။

 

လောလောဆယ် အဲဒီအခြေအနေရောက်ပြီလို့ သတ်မှတ်ခံထားရသူတွေရဲ့ ၄၀ရာခိုင်နှူန်းဟာ misdiagnosis လို့ခေါ်တဲ့ ရောဂါအခြေအနေ မှားအတပ်ခံထား ရသူတွေ ဖြစ်ပါသတဲ့။ ဦးနှောက်အလုပ်မလုပ်တော့ဘူးလို့ သတ်မှတ်ခံထားရလို့ ဦးနှောက်အလုပ်ပြန်လုပ်လာအောင် လှူံ့ဆော်မှုတွေပေးတဲ့ လေ့ကျင့်ခန်းတွေ၊ ဦးနှောက်နဲ့ကြွက်သားတွေဟန်ချက်ညီ တွဲအလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတွေလည်း မပေးတော့ဘဲ ပစ်ထားခံရပါသတဲ့။

 

ကြွက်သားလှူပ်ရှားမှုတွေ၊ စကားပြောတာတွေဟာ ဦးနှောက်ရဲ့အစိတ်အပိုင်းအသီးသီးက ထိန်းချုပ်ထားလို့ ဦးနှောက်က အက်ဆီးဒင့်ကြောင့်ပဲဖြစ်ဖြစ်၊ ဦးနှောက်ဆဲတွေကို ဗိုင်းရပ်ပိုးက ဖျက်ဆီးလို့ပဲဖြစ်ဖြစ် ကိုယ်ရဲ့ခုခံဆဲတွေက ဦးနှောက်ဆဲတွေကို ပြန်တိုက်လို့ပဲဖြစ်ဖြစ် ပုံမှန်မဟုတ်ဘဲ ပျက်ဆီးသွားရင် လုပ်နေကျလှူပ်ရှားမှုတွေ မလုပ်နိုင်၊ စကားမပြောနိုင်၊ လူတွေနဲ့နားလည်ဆက်သွယ်မှုတွေ မလုပ်နိုင်တော့ပါဘူး။

 

အဲဒီအခြေနေမှာ သုံးလထက်ပိုကြာပြီးနေရမယ်ဆိုရင် သတိပြန်လည်လာဖို့ အခွင့်အရေးနည်းတယ်လို့ ဆိုကြပါတယ်။ အဲဒီအခြေအနေရောက်ရင် မိဘတွေ၊ အုပ်ထိန်းသူတွေ၊ ဇနီးခင်ပွန်းတွေက အဲဒီလိုပဲဆက်ထားမလား။ ဒါမှမဟုတ် အသက်ရှုအထောက်အကူပေးတဲ့စက်၊ အစာကျွေးတဲ့စက်တွေကို ဖြတ်ပစ်ပြီး သေစေမလားဆုံးဖြတ်လေ့ရှိပါတယ်။

 

အမေရိကားက Terri Schiavo အဖြစ်က သူ့ကိုအသက်ရှင်လျက်ဆက်ထားမလား။ မထားဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်မှာ ခင်ပွန်းသည်နဲ့ မိဘတွေသဘောတူညီမှုမရနိုင်လို့ တရားရုံးအဆင့်ဆင့်ရောက်ပါတယ်။ နောက်ဆုံးတော့ ခင်ပွန်းသည်အနိုင်ရတဲ့အတွက် သူ့ကိုအသက်ဆက်ထားတဲ့ စက်တွေဖြုတ်လိုက်ပါတယ်။ ဘယ်လောက်တုံ့ပြန်နိုင်ရင် အသက်ဆက်ရှင်စေသင့်တယ်ဆိုတာ ဆေးပညာရှင်တွေကြားမှာ အခုထိ အငြင်းပွားတုန်းပါ။

 

သာမန်ဆိုရင် ဘာမှတုံ့ပြန်မှုမလုပ်နိုင်သူတွေကို အခုနောက်ပိုင်းမှာ စကင်နာတွေ၊ အီးအီးဂျီတွေ သုံးပြီးဦးနှောက်ရဲ့တုံ့ပြန်မှုတွေရှာပါတယ်။ ဦးနှောက်အလုပ် မလုပ်တော့ဘူးလို့ ယူဆပြီးဆေးရုံကလေ့ကျင့်ခန်းတွေမလုပ်ပေးဘဲ ပစ်ထားသူတွေက သူတို့ကို သူတို့ရဲ့မိဘပုံတွေကို ပြတဲ့အခါ ဦးနှောက်ထဲမှာ လှူပ်ရှားမှုတွေ တိုင်းတာရရှိပါတဲ့။ တခါ နားလည်မှုကိုတိုင်းတဲ့အနေနဲ့ shell လို့ပြောတဲ့အခါ ပင်လယ်ကမ်းခြေမှာရှိတဲ့ဟာကို နားလည်တဲ့ဟာနဲ့ တခါ shell was fired from the gun လို့ပြောရင်နားလည်တဲ့ဟာ တုံ့ပြန်မှု ၂မျိုးကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။ ဦးနှောက်သေပြီလို့ပစ်ထားသူတွေဟာ နားလည်မှု တုံ့ပြန်နိုင်မှု အတိုင်းအတာတခုအထိရှိတယ်ဆိုတာကို သက်သေပြပြီး ဒီလူတွေကို ပိုကောင်းတဲ့စောင့်ရှောက်မှုတွေပေးနိုင်ဖို့ ဆေးပညာရှင်တချို့က ကြိုးပမ်းနေကြတာပါ။

 

ထွန်းကားလာတဲ့ သိပ`ံပညာနဲ့ လူတွေရဲ့ဘ၀တန်ဖိုးကို ဖြစ်နိုင်တဲ့နည်းနဲ့ တိုးတက်အောင်လုပ်ပေးနိုင်ဖို့ ကြိုးစားနေပုံတွေဖတ်ရတော့ ကိုယ့်ပြည်က လူတွေအကြောင်းတွေးမိပြီး စိတ်မကောင်းဖြစ်ရပါတယ်။ စိတ်ထဲမှာ တနုံနုံဖြစ်နေတာက မွန်ပြည်နယ်ကကမ်းခြေတခုမှာ နာဂစ်အပြီး နည်းနည်းကြာတော့ ဖောင်တွေနဲ့အလောင်းတွေလာတင်တဲ့ အဖြစ်ပါ။ ဒီလူတွေကို စောစောစီးစီးသာရှာပြီး ကယ်နိုင်မယ်သာဆိုရင်……..

 

 

Discussion

One thought on “Caring for the people in Persistent Vegetative State

  1. If the brain is failure to work, let him die.
    I think that is fair.
    BINO

    Posted by BINO | 18/11/2011, 09:17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: