//
you're reading...
Uncategorized

God save the Queen

ဘီဘီစီ ရေဒီယို ၄မှာ မနက်၁နာရီတိတိမှာ God Save the Queen တီးလုံးတီးပြီး World Service ကိုပြောင်းပါတယ်။ ကမ္ဘာမကြေသီချင်းကို ဘုန်းကြီးဆွမ်းကပ်ခါနီး ကြားလိုက်ရသလို ရေကြောင်းလမ်းအတွက်မိုးလေ၀သကြေညာအပြီး အဲဒီတီးလုံးကြားလိုက်တိုင်း တခုခုမှားနေသလို လွဲနေသလို ခံစားရပါတယ်။ နိုင်ငံတော်သီချင်းဆိုတာ ဘောလုံးပွဲတွေ အားကစားပွဲတွေကျင်းပခါနီးမှ ဆိုရတဲ့သီချင်းလို့ ဒီမှာအများစုက သဘောထားမယ်ထင်ပါတယ်။ အထူးသဖြင့် လန်ဒန်လိုနေရာမှာ ဗြိတိသျှအဖြူက ၁၀ယောက်မှာ၆ယောက်ပဲရှိတာမို့ အမျိုးသားရေးစိတ်ဓာတ်ကို BNP လို့ခေါ်တဲ့ ဗြိတိသျှအမျိုးသားရေးရှေ့တန်းတင်တဲ့ ဗြိတိသျှအမျိုးသားပါတီ အားကောင်းတဲ့နေရာမှာလောက်မှာပဲ လွန်လွန်ကျူးကျူးပြလေ့ရှိပါတယ်။ အင်္ဂလန်ရဲ့ အဖြူနဲ့အနီကြက်ခြေခတ်ပါတဲ့ စိန့်ဂျော့ဂျစ်အလံကိုလဲ အဲဒီပါတီအားကောင်းတဲ့နေရာတွေနဲ့ အင်္ဂလန်အသင်းဘောလုံးကန်တဲ့နေ့ တွေလောက်မှာသာ တွေ့ရပါတယ်။ နေရာတကာမှာတွေ့ရင် ရေဒီယိုမှာ God Save the Queen တီးလုံးလာတိုင်း ကျွန်မစိတ်မသက်မသာဖြစ်ရသလို ဒီမှာရှိတဲ့နိုင်ငံခြားသားတွေရော သူတို့ရဲ့ ဝေလနယ်သားတွေရော အိုင်းရစ်လူမျိုးတွေပါ စိတ်မသက်မသာဖြစ်ကြမယ်ထင်ပါတယ်။ nationalism ဆိုတာ ဒီနေ့လို နိုင်ငံရေးအခင်းအကျင်းမှာ ခေတ်မစားတော့ပါ။

Discussion

5 thoughts on “God save the Queen

  1. မဖတ်ရသေးတဲ့ ဇီဇ၀ါ ရဲ့ စာဟောင်းလေးတွေ လှန်လှောရင်.. ဒီနေရာမှာ..လက် နဲနဲ ဆန့်ထုတ်လိုက်အုံးမယ်။း)
    မှန်းစမ်း.. ဟို စာအုပ်..
    တွေ့ပြီ.. ဒေါက်တာ အောင်ထွန်းသက် ဗျူး

    သူ ပြောတဲ့..Nationalism ပေါ့နော်..
    “ ဆင်းရဲ တဲ့ နိုင်ငံ မှာပဲ ဖြစ်ဖြစ်..ချမ်းသာတဲ့ နိုင်ငံမှာဖြစ်ဖြစ်.. တိုးတက်တဲ့ နိုင်ငံမှာ ဖြစ်ဖြစ်..မတိုးတက်တဲ့ နိုင်ငံမှာ ဖြစ်ဖြစ်.. တကယ်တော့.. Nationalism ဆိုတာမျိုးထက်.. Identity လိုတယ်။ လူတိုင်းမှာ Identity လိုတယ်..။ မြန်မာ ဆိုရင်..မြန်မာရဲ့ Identity ကို ဆုပ်ကိုင် ထားဖို့ လိုတယ်။

    စိတ်ဝင်စားဖို့ ကောင်းတာက..ချမ်းသာတယ် ဆိုတဲ့ နိုင်ငံ အင်္ဂလန်မှာ တောင်.. What is Britishness? ..လို့ မေးယူရလောက်အောင် …British Identity ဟာ ဘာလဲ ဆိုတာ ရှိတယ်။ Identity Crisis ကို နိုင်ငံတိုင်းလိုလို မှာ စဉ်းစားနေကြရတယ်။
    +++++
    National Identity ကိုတော့..နိုင်ငံတိုင်းမှာ ထိမ်းသိမ်းသင့်တယ်။ ဆရာက..Nationalism ဆိုတဲ့ စကားကို မသုံးဘူးနော်။ National Identity ပဲ။ အဲဒါ ရှိသင့်တယ်။ ကိုယ့် မြန်မာလူမျိုးဆိုရင်လည်း ကိုယ့် National Identity ရှိတယ်။ ကိုယ်ဝတ်တာ..စားတာ.. အတွေးအခေါ် စတဲ့ သူများနဲ့ မတူ တာတွေ ရှိတယ်။ ဥပမာ..လူမျိုးတိုင်းမှာ ရှာလို့ မရ တဲ့ အားနာမူ။ အားနာမူ ဆိုရင်.. ဘာသာပြန်ဖို့.. စကားလုံး တောင် ရှာလို့ မရဘူး။ +++++

    +++++

    ဆိုတာက..နိုင်ငံ ချစ်စိတ်.. ဒါ ရှိ ရမယ်။ ကိုယ့်အမျိုးကို ကိုချစ်တာ။ သူတို့လည်း သူတို့ အမျိုး ချစ်နေမှာပဲ။ အဲဒါကိုလည်း ကိုယ်က လက်ခံ ဖို့ ရှိတယ်။ အစွန်းမဖြစ်ဖို့။ ”

    —————-

    သူကတော့..အဲလို ပြောသွားတာပဲ ။ တို့ကတော့.. Nationalism ဆိုတာကို..အဓိပယ် ဖွင့်ဆိုချက် တခု ထက်.. နက်နဲတဲ့..ခံစားမူ တခု အဖြစ်နဲ့ပဲ..နားလည်လို့ ရတယ်။ လက်တွေ့ကျကျ..ပညာရပ်ပိုင်း ဆိုင်ရာ စိတ်ဝင်စားစရာ ကောင်းတာ တခုကတော့.. မျိုးဆက် ဝေးကွာ သွားမူ /သွေးနှောသွားမူ နဲ့ Nationalism ဟာလည်း ပြောင်းပြန် အချိုးကျ နေပြန်တယ် နော်။

    Posted by K | 02/07/2009, 08:52
  2. God save the Queen. That is British National Anthem. So BBC may use it. Personally, I like that song. Britain is my country. I love this country.

    Yes, the honourable Queen/ King system has become less popular among public. But we don’t bother the existence of queen. Many people, especially old people love the queen.

    Basically, house of Lord has a power to block new law. In case, house of common imposes a law to change the national anthem when people like you outnumber native Christians, the house of lord will definitely challenge the new law.

    Posted by steve | 29/07/2009, 06:49
  3. နိုင်ငံတကာဝါဒ ဟာ အားလုံးအပေါ်လွှမ်းမိုးနေပါပြီ။ အသားအရောင်ခွဲခြားမှု ကိုမုန်းတီးပြီး လူမျိုးပေါင်းစုံသွေးနှောလာတာ ကောင်းတဲ့နိမိတ်ပါ။ ဒါပေမယ့် သူ့နိုင်ငံသူချစ်တာ၊ သူ့လူမျိုးသူထိန်းတာ အမြင်မကြည်စရာမရှိပါ။ သီချင်းမကြိုက်ရင် ရေဒီယိုနားမထောင်ဖို့ပဲရှိပါတယ်။

    Posted by သာဂိ | 12/11/2009, 12:33
  4. Then why do you stay there? Never bite a hand that feeds!

    Posted by Aung | 22/09/2011, 08:21

Trackbacks/Pingbacks

  1. Pingback: နှလုံးသားယိုစီးမူ (သို့)အမျိုးသားရေး အရည်ပျော်မှတ် « K for Kay - 12/07/2009

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: