//
you're reading...
Uncategorized

World Service

အရင်တုန်းက World Service ကို Empire Service လို့ခေါ်ပါတယ်။ အခုအမည်သညာ ပြောင်းသွားပေမယ့် အရင်တုန်းကအတိုင်း God Save the Queen ကို တီးနေတုန်းပါပဲ။ ဗြိတိသျှအင်ပါယာကြီးမရှိတော့ပေမယ့် ရေဒီယိုကနေ ဗြိတိသျှအစိုးရဲ့အာဘော်ကို ထင်ဟပ်ပေါ်လွင်စေချင်တယ် တူပါတယ်။ ဗီအိုအေလို အမေရိကန်အစိုးရရဲ့ သဘောထားအမြင်ကို ထင်ဟပ်ပေါ်လွင်စေတဲ့ သတင်းများလို့ ပြောင်မကြေညာတာပဲ ရှိပါတယ်။

 

နောက်တခုက ရေဒီယိုနားထောင်ပြီး နားထောင်သူတွေ Britishness ဆိုတဲ့ အိုင်ဒန်တတီ တခု အတူတူတည်ဆောက် စေချင်တယ်တူပါတယ်။ ဗြိတိသျှ အလယ်လွှာဆို ဘီဘီစီ၎ကနေ နေ့လယ်၂နာရီနဲ့ ညနေ၇နာရီမှာလာတဲ့ အာချာနားထောင်မယ်။ အချင်းချင်း Women’s hour ကို နေ့လယ်ခင်း လက်ဘက်ရည်လေးသောက်ပြီး ဆွေးနွေးကြမယ် ဆိုပြီး ထင်သာမြင်သာမဟုတ်ပေမယ့် အခိုင်အမာရှိနေတဲ့ ယဉ်ကျေးမှုကို share လုပ်နေကြတယ်လို့ထင်ပါတယ်။ သူတို့အချင်းချင်းတွေ့လိုက်ရင် ပြီးခဲ့တဲ့အာချာအကြောင်းပြန်ပြောရတာနဲ့ ပရက်ဆင်တာကင်ဆာဖြစ်တဲ့ အကြောင်းပြောရတာနဲ့ သူတို့လူတန်းစားချင်းနားလည်တဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ဖလှယ်ကြပါတယ်။  

 

သတင်းဌာနတွေဟာ silent government လို့ ဂျွန်ပေဂျာက ပြောဖူးပါတယ်။ ဘက်မလိုက်သောသတင်းဌာနဆိုတာ စာရွက်ပေါ်မှာပဲ ရှိတာများပါတယ်။ အစိုးရတခုခု အဖွဲ့အစည်းတခုခုရဲ့ အာဘော်ကို အဲဒီအစိုးရနဲ့အဖွဲ့တွေရဲ့ အထောက်အပံ့ခံနေရတဲ့ ရေဒီယိုတွေဆီကနေ သိနိုင်ပါတယ်။ ပါးနပ်ပြီး ပရော်ပဂန်တာကို ပရော်ပဂန်တာမှန်းမသိ စေတဲ့ ဌာနနဲ့ သိသိသာသာပြောတဲ့ဌာနရယ်လို့ပဲ ကွာပါတယ်။ ပြောတဲ့သူကို မမှတ်မိတော့ပါဘူး။ ဘာတဲ့…အကောင်းဆုံးဝါဒဖြန့်ချီမှုဆိုတာ ၀ါဒဖြန့်ချီခံနေရမှန်းမသိဘဲ ခံနေရတာတဲ့။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog Stats

  • 92,339 hits
%d bloggers like this: