//
archives

Archive for

Sweetest dream ever

  ဇီဇ၀ါတယောက် ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်မလဲဆိုတဲ့ ဟောပြောပွဲတခုကို သွားပါတယ်။ စီးလာတဲ့ နံပါတ် ၁၈၈ ဘတ်စကားက ထရက်ဖစ်မိနေလို့ ၁၀မိနစ်လောက် နောက်ကျပြီးမှ ခန်းမထဲရောက်ပါတယ်။ ရှေ့ဆုံးမှာကျန်နေတဲ့ တခုံတည်းသော ထိုင်ခုံမှာထိုင်လိုက်ရင်း ဘေးဘီကိုကြည့်မိတော့ ညာဘက်ဘေးမှာ ထိုင်နေတဲ့ Warren Buffet ကိုတွေ့တော့ အိမ်မက်များမက်နေသလားလို့တောင် ထင်မိသေးရဲ့။    စကားပြောတဲ့ Jeffrey Sachs က မေးချင်တာမေးပါလို့ပြောတော့ ဇီဇ၀ါက လက်ထောင်လိုက်တယ်။ ဗမာပြည်ရဲ့ ပြသနာကိုရော ဘယ်လိုဖြေရှင်းနိုင်မယ် ထင်သလဲလို့မေးတော့ Sachs က ခေါင်းကိုနှစ်ချက်သုံးချက် ကုတ်ပါတယ်။ ပြီးတော့ မျက်မှန်ကို ပင့်တင်ရင်း I’m sorry လို့အစချီပြီး ဗမာပြည်ရဲ့ပြသနာကို ဖြေရှင်းဖို့ တိတိပပနည်းလမ်းတခုမှမရှိပါဘူး။ သူအကြံပေးရတဲ့ ကိုဖီ့ကိုလည်း ဒီလိုပဲပြောခဲ့တယ်တဲ့။ ဇီဇ၀ါတယောက် အားကိုးတကြီးမေးမိပါတယ်။ … Continue reading

quote of the day

ဘယ်ဘလော့ဂ်မှာ တွေ့မှန်းမမှတ်မိတော့ပါ။ ကြိုက်လွန်းလို့ပြန်ဝေငှလိုက်ပါတယ်။   ဂရုဏာနှင့်မယှဉ်သော ပညာသည်ခက်ထန်၏။ ပညာမပါသော စေတနာ၊ သဒ္ဓါသည် လိုရာမရောက် လမ်းလွဲတတ်၏၊

Social integration

ကိုယ့်အစုနဲ့ကိုယ်နေကြတော့ ပင်မယဉ်ကျေးမှု ဒါမှမဟုတ် အဓိကလွှမ်းမိုးတဲ့ ယဉ်ကျေးမှုထဲ အုပ်စုငယ်လေးတွေဟာ ၀င်ပါခြင်း၊ ၀င်ပါလိုခြင်း၊ အဲဒီယဉ်ကျေးမှုကြီး စည်ပင်ဖွံ့ဖြိုးအောင် ၀ိုင်းဝန်းလုပ်ဆောင်ခြင်းများ မရှိပါဘူး။ Social integration လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းထဲ အတူတကွ ၀င်ရောက်နေထိုင်ပူးပေါင်းလုပ်ဆောင်နိုင်မှုနဲ့ အဲဒီလိုလုပ်ရတာကို နှစ်သက်ကျေနပ်မှုတွေကို ကိုယ့်အစုနဲ့ကိုယ်သီးခြားနေထိုင်သူတွေ ရယူလိုစိတ်မရှိကြပါဘူး။   ဥပမာပေးရရင် ဗြိတိန်ရောက် ပါကစ်စတန်နီ (စ ပါဒ်ဆင့်ရှာမတွေ့လို့ ဒီလိုပေါင်းလိုက်ရပါတယ်) တချို့ဟာ သူတို့ဓလေ့ သူတို့ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာ ဘာသာတရားတွေကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားလေ့ရှိပါတယ်။ ဗြိတိသျှယဉ်ကျေးမှုနဲ့ သဟဇာတမဖြစ်တဲ့အပြင် ဖီလာဆန့်ကျင်ဘက်ဖြစ်တဲ့ ဓလေ့တွေကိုလဲ ဘယ်လောက်ပဲအနေကြာကြာ သူတို့ကိုယ်တိုင်ရော၊ သားသမီးတွေကိုပါ ဆက်ကျင့်သုံးစေပါတယ်။ အဲဒီအထဲမှာ အခုတလော အစိုးရအာရုံစိုက်စရာဖြစ်လာတဲ့ ဓလေ့တခုက Honour killing လို့ခေါ်တဲ့ မိသားစုကို အရှက်ရစေတယ်ဆိုပြီး စီစဉ်ပေးထားတဲ့ လက်ထပ်မှု (arranged … Continue reading

Life in London

လန်ဒန်အတွေ့အကြုံကို အားရင်အားသလို စိတ်ကူးပေါ်ရင်ပေါ်သလို ဒီမှာရေးပါ့မယ်။ စာရင်းဇယားတွေ မရှာနိုင်လို့ ခေါင်းထဲမှာရှိတဲ့ဂဏန်းတွေကိုပဲ သုံးပါ့မယ်။ ကိန်းဂဏန်းတွေ ကိုးကားချင်ရင်တော့ ၀ီကီတို့အစိုးရဌာန၀က်ဘ်တွေမှာ ကြည့်ကြပါလို့။    ယူကေလို့ခေါ်တဲ့ အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ ဝေလနယ်နဲ့ စကော့တလန်အားလုံးပေါင်းထားတဲ့ ကျွန်းနိုင်ငံလေးမှာရှိတဲ့ နိုင်ငံခြားသားအများဆုံးဟာ လန်ဒန်မှာ နေထိုင်ပါတယ်။ အဖြူသုံးယောက်ဆို အိန္ဒိယနိုင်ငံသားတို့ ကင်ညာနိုင်ငံသားတို့ ဗမာတို့စသဖြင့် ethnic minority ၁ယောက်ရှိပါတယ်။ ၃အချိုး၁နီးနီး ရှိပါတယ်။ လန်ဒန်မှာနေတဲ့လူဦးရေရဲ့ ၃၀ရာခိုင်နှူန်းလောက်ကို ယူနိုက်တက်ကင်းဒမ်း အပြင်မှာမွေးပါတယ်။

U Kyi Mg and U Shin Gyi

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်   အဘိုးဦးကြည်မောင်ရဲ့ဇနီး ဘွားကြည်ပြောပြတဲ့ အဘိုးဦးကြည်မောင်နဲ့ဦးရှင်ကြီး အကြောင်း မိတ်ဆွေတွေဖတ်ရအောင် ပြန်ဖောက်သည်ချ လိုက်ပါတယ်။   အဘိုးဦးကြည်မောင်က အနောက်တောင်တိုင်းမှာတိုင်းမှူးဖြစ်တုန်း မိန်းမလှကျွန်းကို စစ်သင်္ဘောနဲ့သွားကြည့်ပါသတဲ့။ အဲဒီတုန်းကမော်တင်တို့လိုနေရာမျိုးကို တပ်မပါဘဲ သွားလည်လို့မရအောင် မအေးတဲ့ကာလပါတဲ့။  

p.s

သောကြာသားကို ဘဘအကြောင်းရေးထားတယ်လို့ ပြောတော့ တံမြက်စည်းလှဲတာပါသလားလို့ မေးပါတယ်။   ဇာတ်လမ်းက ဒီလိုပါ….. အိမ်မှာ ဘဘရောက်နေတုန်း အတော်ပဲဆိုပြီး ဘဘမြေးကတော့ ဒီလူနဲ့စကားများတယ်။ ဟိုလူနဲ့ရန်ဖြစ်တယ်ဆိုပြီး တိုင်တော့ ဘဘကခဏစဉ်းစားပါတယ်။ ကျွန်မစိတ်ထဲမှာ ဘဘတော့ သောကြာသားကိုဆူတော့မှာပဲဆိုပြီး ကြိတ်ဝမ်းသာနေတုန်း မင်းဒီလူတွေနဲ့ရန်မဖြစ်နဲ့ကွ။ ဒီလူတွေကို တချိန်ကျရင် သမိုင်းက တံမြက်စည်းနဲ့လှဲချသွားလိမ့်မယ်တဲ့။ ဆူမယ်လို့ထင်ပြီးမျက်နှာငယ်လေးနဲ့ နားထောင်နေတဲ့ သောကြာသားကတော့ ပြုံးဖြီးဖြီးနဲ့။

Ba Ba U Tin Moe

ဒီနေ့တော့ လူချင်းမမြင်ဖူးပေမယ့် စိတ်ထဲကခင်နေတဲ့ အမမိုးချိုသင်းနဲ့ ညီအမတွေအတွက် ဘဘဦးတင်မိုး လန်ဒန်လာသွားတုန်းက အကြောင်းလေး ဘဘအလွမ်းပြေ လက်ဆောင်ပါးလိုက်ပါတယ်။   အဲဒီတုံးက ၂၀၀၄အကုန်လား၊ ၂၀၀၅အစလား မမှတ်မိတော့ပါ။ တော်တော်လေးအေးတဲ့ အချိန်ဆိုတာပဲ မှတ်မိတော့တယ်။ ဘဘက လန်ဒန်မှာရောက်နေတယ်ဆိုတော့ ဘဘတည်းတဲ့ ဦးဝင်းနိုင်တို့အိမ်မှာ ဘဘကို သွားနှူတ်ဆက်ကြတယ်။ ဦးဝင်းနိုင်ရဲ့ဇနီးက မုန့်ဟင်းခါးတွေချက်လို့။ မာယာနဲ့စန္ဒရာက သူ့အမေနဲ့အဖေဘေးမှာဆော့လို့။ ဘဘကတော့နောက်ဖေးက ခြံထဲမှာဆေးလိပ်သောက်လို့။  စကားတွေပြောပြီးပြန်ခဲ့ကြတယ်။

Blog Stats

  • 89,877 hits