//
you're reading...
Uncategorized

U Kyi Mg and U Shin Gyi

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

 

အဘိုးဦးကြည်မောင်ရဲ့ဇနီး ဘွားကြည်ပြောပြတဲ့ အဘိုးဦးကြည်မောင်နဲ့ဦးရှင်ကြီး အကြောင်း မိတ်ဆွေတွေဖတ်ရအောင် ပြန်ဖောက်သည်ချ လိုက်ပါတယ်။

 

အဘိုးဦးကြည်မောင်က အနောက်တောင်တိုင်းမှာတိုင်းမှူးဖြစ်တုန်း မိန်းမလှကျွန်းကို စစ်သင်္ဘောနဲ့သွားကြည့်ပါသတဲ့။ အဲဒီတုန်းကမော်တင်တို့လိုနေရာမျိုးကို တပ်မပါဘဲ သွားလည်လို့မရအောင် မအေးတဲ့ကာလပါတဲ့။

 

ကျွန်းပေါ်ရောက်တော့ ဦးရှင်ကြီးကို နတ်ကွန်းနဲ့ကျကျနနကိုးကွယ်ထားတာ တွေ့သတဲ့။ ရေလမ်းနဲ့သွားရတဲ့နေရာတော်တော်များများမှာ ဦးရှင်ကြီးကို ကိုးကွယ်လေ့ရှိတော့ အဲဒီကျွန်းမှာလည်း ကျကျနနပူဇော်ထားဟန်ရှိပါတယ်။

 

ဦးကြည်မောင်က အဲဒီတုန်းကတိုင်းမှူးဆိုတော့ သူကအဲဒီနယ်မှာ အကြီးဆုံးပေါ့။  သူက ဦးရှင်ကြီးကိုတွေ့တော့ မင်းကဒီနယ်မှာ လူကြီးလုပ်နေတာကိုးဆိုပြီး ဦးရှင်ကြီးခေါင်းကို တောင်ဝှေးနဲ့ ထောက်ပြီးပြောပါသတဲ့။ ပါလာတဲ့ဗိုလ်တွေ ဆာဂျင်တွေလည်း တိုင်းမှူးလုပ်ပုံကိုကြည့်ပြီး မျက်စိမျက်နှာပျက်တဲ့လူကပျက်၊ ကြောက်တဲ့လူကကြောက်ပေါ့။ တိုင်းမှူးကတော့ သူ့လိုပဲ ရာထူးကြီးကြီးရထားတဲ့ ဦးရှင်ကြီးကိုမြင်တော့ ဟာသဥာဏ်လေးပေါ်လာဟန်ရှိပါတယ်။ ငါတော့ဦးရှင်ကြီးကို နှူတ်ဆက်လိုက်ဦးမယ်ဆိုပြီး အသောကလေးဖောက်ပြီး နှူတ်ဆက်လိုက်ပုံရပါတယ်။

 

ဖြစ်ချင်တော့ သင်္ဘေကိုအပြန်မှာ နောက်စစ်သင်္ဘောတစီးက အဘိုးတို့ သင်္ဘောကိုဝင်တိုက်လို့ သင်္ဘောပျက်ပြီး အဲဒီနေရာကနေ သွားလို့မရတော့ပါဘူးတဲ့။ နောက်ထပ်သင်္ဘောတစီးထပ်မှာရပါသတဲ့။ ၀င်တိုက်တဲ့သင်္ဘောပေါ်က ဗိုလ်မှူးပီတာက ကြောက်လို့ သင်္ဘောဝမ်းဗိုက်ထဲဝင်ပုန်းနေပါသတဲ့။  အဘိုးတို့နတ်ကွန်းက ထွက်ထွက်ချင်း ကျွန်းပေါ်ကလူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ပွဲချက်ချင်းပေးပြီး တောင်းပန်ပါသတဲ့။

 

နောက်အဘိုးကို ဗိုလ်နေ၀င်းက အုန်းကျော်မြင့်တို့ကိစနဲ့ဖမ်းတော့ အဘိုးတပည့်တွေ ရောက်လာပြီး ဘွားကြည်ကို အမရေ ဒီလို ဒီလိုတော့ ဖြစ်ခဲ့တယ်။ ဦးရှင်ကြီးကို အဘွားကိုယ်တိုင်ပွဲလေးဘာလေးပေးပြီး တောင်းပန်လိုက်ပါလို့ပြောလို့ ဘွားကြည်က အရင်က နတ်ပွဲတွေဘာတွေမတင်ခဲ့သမျှ အဲဒီအချိန်ကစပြီး ဦးရှင်ကြီးတင်ရပါတော့တယ်တဲ့။

 

ဘွားကြည်က အဲဒီတုန်းက ဘုန်းကံမြင့်ချိန်မို့ ဘာမှမဖြစ်တာလို့ အဲဒီအဖြစ်အပျက်ကလေးကို ပြန်ပြောပြရင်းမသေတာကံကောင်း၊ မသေတာကံကောင်း ဆိုပြီး ရွတ်နေပါသေးတယ်။  ပြီးတော့ဧရာဝတီတိုင်းညောင်တုန်းသားဖြစ်ရက်သားနဲ့ ကိုယ့်နယ်ကနတ်ကို အဲဒီလိုလုပ်ရမလားဆိုပြီး စိတ်ဆိုးပါသတဲ့။

 

အဘိုးကိုဆူတော့ ငါဘာမှမှမဖြစ်တာလို့ ပြန်ပြောပါသတဲ့။ ဖြစ်တာပေါ့၊ အဲဒါတွေလုပ်လို့ ထောင်ထဲမှာ ၁၁နှစ်နေရတော့ပေါ့လို့ ဘွားကြည်ကပြန်ပြောပါသတဲ့။ ဘွားကြည်ကတော့ သူ့ယောက်ျားကို စကားနိုင်လုရင်း ပြန်ပြောတာဖြစ်ပါလိမ့်မယ်။ ဦးရှင်ကြီးကို နောက်နောက်မနောက်နောက် စစ်အစိုးရကတော့ ကိုယ်တိုင်ရေး ပုဒ်မ အမျိုးမျိုး၊ တရားစီရင်ပုံအမျိုးမျိုးနဲ့ လူတကာကို နံရံလေးဘက်ထဲဆွဲထည့်တတ်တာမဟုတ်လား။

 

 

 

 

 

Discussion

2 thoughts on “U Kyi Mg and U Shin Gyi

  1. စိတ်ဝင်စားစရာ..

    Posted by K | 25/02/2009, 14:06
  2. I don’t believe U Shin Gyi or other Evil.
    BINO

    Posted by BINO | 18/11/2011, 13:40

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: