//
you're reading...
Uncategorized

Social integration

ကိုယ့်အစုနဲ့ကိုယ်နေကြတော့ ပင်မယဉ်ကျေးမှု ဒါမှမဟုတ် အဓိကလွှမ်းမိုးတဲ့ ယဉ်ကျေးမှုထဲ အုပ်စုငယ်လေးတွေဟာ ၀င်ပါခြင်း၊ ၀င်ပါလိုခြင်း၊ အဲဒီယဉ်ကျေးမှုကြီး စည်ပင်ဖွံ့ဖြိုးအောင် ၀ိုင်းဝန်းလုပ်ဆောင်ခြင်းများ မရှိပါဘူး။ Social integration လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းထဲ အတူတကွ ၀င်ရောက်နေထိုင်ပူးပေါင်းလုပ်ဆောင်နိုင်မှုနဲ့ အဲဒီလိုလုပ်ရတာကို နှစ်သက်ကျေနပ်မှုတွေကို ကိုယ့်အစုနဲ့ကိုယ်သီးခြားနေထိုင်သူတွေ ရယူလိုစိတ်မရှိကြပါဘူး။

 

ဥပမာပေးရရင် ဗြိတိန်ရောက် ပါကစ်စတန်နီ (စ ပါဒ်ဆင့်ရှာမတွေ့လို့ ဒီလိုပေါင်းလိုက်ရပါတယ်) တချို့ဟာ သူတို့ဓလေ့ သူတို့ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာ ဘာသာတရားတွေကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားလေ့ရှိပါတယ်။ ဗြိတိသျှယဉ်ကျေးမှုနဲ့ သဟဇာတမဖြစ်တဲ့အပြင် ဖီလာဆန့်ကျင်ဘက်ဖြစ်တဲ့ ဓလေ့တွေကိုလဲ ဘယ်လောက်ပဲအနေကြာကြာ သူတို့ကိုယ်တိုင်ရော၊ သားသမီးတွေကိုပါ ဆက်ကျင့်သုံးစေပါတယ်။ အဲဒီအထဲမှာ အခုတလော အစိုးရအာရုံစိုက်စရာဖြစ်လာတဲ့ ဓလေ့တခုက Honour killing လို့ခေါ်တဲ့ မိသားစုကို အရှက်ရစေတယ်ဆိုပြီး စီစဉ်ပေးထားတဲ့ လက်ထပ်မှု (arranged marriage) ကို ဖျက်ဖို့ကြိုးစားတဲ့သမီး၊ ယောက်ျားနဲ့ကွာဖို့ကြိုးစားတဲ့မိန်းမကို သတ်ပစ်တဲ့အမှုတွေပါပဲ။

 

ဒီဥပမာကတော့ မိသားစုထဲမှာ ကိုယ်ရောက်နေတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ကိုယ်လက်ခံထားတဲ့ယုံကြည်မှု

ဝိရောဓိဖြစ်ရာက မလိုလားစရာတွေ ဖြစ်လာတဲ့ဖြစ်ရပ်တွေပါ။ နောက်ထင်ရှားပြီး တဖြည်းဖြည်းပြင်လို့မရလောက်အောင် ဖြစ်လာတဲ့ အုပ်စုကွဲမှုပြသနာရဲ့ ဆိုးကျိုးက ကလေးတွေရဲ့ပညာရေးမညီမျှမှုပါ။

 

ဒီမှာက ကျောင်းတွေ၊ အဓိကအစိုးရကျောင်းတွေမှာ ကျောင်းသားတွေကို မြို့နယ်ကောင်စီက ဘယ်ကျောင်းတက်ရမလဲဆိုတာ ဆုံးဖြတ်ပေးပါတယ်။ ကျောင်းသားနဲ့မိဘတွေမှာ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ကောင်စီက ကျောင်းသားနေထိုင်တဲ့ လိပ်စာပေါ်မူတည်ပြီး တက်ရမဲ့ကျောင်းကို ချပေးပါတယ်။

 

အဲဒီတော့ အာဖရိကန်လူမျိုးတွေစုပြီး နေကြတဲ့ရပ်ကွက်မှာ အာဖရိကန်ကလေးတယောက်က တခြားအာရှတိုက်သားတွေ၊ လူဖြူတွေနေတဲ့ ရပ်ကွက်ထဲကကျောင်းမှာ တက်ရဖို့အခွင့်အရေးကမရှိသလောက်ပါပဲ။ ဒီနိုင်ငံမှာ ခွဲခြားဆက်ဆံမှုမရှိဘူးလို့ ပြောပေမယ့် အဲဒီစကားကမမှန်ဘူးဆိုတာ တော်တော်များများ လက်ခံပါတယ်။

 

အာဖရိကန်လေးတွေများတဲ့ ကျောင်းတွေမှာဆို ဆရာတွေက ကျောင်းသားတွေအပေါ်မှာ ထားတဲ့ expectation ကနိမ့်လွန်းလို့ ကလေးတွေကို ပိုပြီးကြိုးစားအောင်၊ ထူးထူးချွန်ချွန်ဖြစ်အောင် မြေတောင်မြှောက်ပေးလေ့မရှိဘူးလို့ လေ့လာသူတချို့ကဆိုပါတယ်။ ဂျာအေးသူ့အမေရိုက်သလို၊ ကလေးတွေကို သိပ်မမျှော်လင့်လို့ ဆရာတွေက အားသွန်ခွန်စိုက်မသင်ဘူး။ ဆရာတွေက ဂရုမစိုက်တော့ ကလေးတွေက မတော်ဘူး။ အဲဒီ သံသရာက တော်တော်ကြာကြာလည်နေဦးမှာပါ။ အုပ်စုတွေကွဲနေသမျှပါ။

 

ဒီလိုကလေးတွေအတွက် တသိုလ် ကောင်းကောင်းရဖို့ အခွင့်အလမ်းအင်မတန်နည်းပါတယ်။ နာမည်ကြီးတဲ့ UCL လို့ခေါ်တဲ့ University College London မှာဆို ပထမနှစ်သင်္ချာမေဂျာကျောင်းသားတွေရဲ့ ၇၀ရာခိုင်နှူန်းကျော်က အစိုးရကျောင်းတွေကမဟုတ်ဘဲ ချမ်းသာသူတွေသာထားနိုင်တဲ့ အလွတ်သင်ကျောင်း independent school, public school တွေနဲ့ အရမ်းတော်တဲ့ကလေးတွေသာ တက်ခွင့်ရတဲ့ grammar  ကျောင်းတွေကပါတဲ့။ လူ့အဖွဲ့အစည်းရဲ့ မညီမျှမှုက ဒီလိုနေရာမှာ လာပေါ်ပါတယ်။

 

တခါ နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်ပိုင်းကို ကြည့်မယ်ဆိုရင်လဲ အစိုးရခေါင်းဆောင် Gordon Brown ရော အတိုက်အခံခေါင်းဆောင် David Cameron ရော အစိုးရကျောင်းထွက်တွေမဟုတ်ပါဘူး။ Gordon Brown ကတော့ သူတို့ခေတ်က တော်တဲ့ကလေးတွေကိုချည်း သီးသန့်လေ့ကျင့်ပေးတဲ့နေရာက ထွက်ပြီး David Cameron ကတော့ နာမည်ကြီး Eton ကျောင်းကထွက်ပါတယ်။ အစိုးရကျောင်းထွက်၊ ထိပ်တန်းရောက်နေသူတွေ မရှိမဟုတ်ပါ။ ဒါပေမယ့် ရှားပါတယ်။

 

ဒီနိုင်ငံမှာ အမေရိကားကလို meritocracy လို့ခေါ်တဲ့ ထူးချွန်ကြိုးစားမှုကြောင့် ထိပ်တန်းရောက်နိုင်ခွင့်က ကိုယ့်ရဲ့ social background ကြောင့်ထိပ်တန်းရောက်နိုင်ခွင့်ထက် နည်းပါတယ်။ ကိုယ်ဘယ်လောက်တော်သလဲဆိုတာ အရေးကြီးသလို ကိုယ်ဘယ်သူ၊ ကိုယ့်မိဘဘယ်သူဆိုတာကလဲ အရေးကြီးပါတယ်။ အဲဒီလိုပြယုဂ်တွေ ဒီမှာမရှိလောက်ဘူးလို့ ထင်နေသူများကတော့ ရှော့ခ်ဖြစ်သွားမယ် ထင်ပါတယ်။

 

တခါတလေ အတန်းထဲက ဘွဲ့ရခါနီး နွမ်းပါးတဲ့ကျောင်းသားလေးတွေ ညည်းသံကြားရင် စိတ်မကောင်းပါဘူး။ သူတို့တော့ ရရာအလုပ်ဝင်လုပ်ရမှာပဲ။ အဖေအမေကလည်း ဘယ်သူနဲ့မှ မသိ၊ သူတို့ကိုယ်တိုင်လဲ ဘာအဆက်အသွယ်မှ မရှိတော့ အလုပ်ကောင်းကောင်းတော့ ရမယ်မထင်ဘူးတဲ့။

Discussion

One thought on “Social integration

  1. “”အဲဒီတော့ အာဖရိကန်လူမျိုးတွေစုပြီး နေကြတဲ့ရပ်ကွက်မှာ အာဖရိကန်ကလေးတယောက်က တခြားအာရှတိုက်သားတွေ၊ လူဖြူတွေနေတဲ့ ရပ်ကွက်ထဲကကျောင်းမှာ တက်ရဖို့အခွင့်အရေးကမရှိသလောက်ပါပဲ။ ဒီနိုင်ငံမှာ ခွဲခြားဆက်ဆံမှုမရှိဘူးလို့ ပြောပေမယ့် အဲဒီစကားကမမှန်ဘူးဆိုတာ တော်တော်များများ လက်ခံပါတယ်။””

    ဟုတ်တယ်။ ဒါကြောင့်နာမည်ကြီး ကျောင်းနဲ့သက်ဆိုင်တဲ့ နယ်မြေက အိမ်တွေပိုဈေးပိုကြီးတယ်ဆိုပြီး ဟိုတခါ ဘီဘီစီကတောင် ပြောပါသေးတယ်။ ဘာလို့လဲဆိုတော့ မိဘတွေက အဲဒီတဝိုက်မှာ သူတို့ကလေးတွေအတွက် အိမ်တွေပိုဝယ်ကြလို့ပါ။ ကျောင်းနေခွင့်ရအောင်လို့။ လူမျိုးခွဲခြားတာနဲ့ဘာမသိတ်မဆိုင်ဘူးထင်ပါတယ်။

    အခုနေတဲ့နေရာက ၉၉% က အဖြူတွေချည်းပဲ။ အလုပ်ထဲက ဂါနာ(Ghana) က လူရဲ့သား အမဲ ကလေးက အဖြူကျောင်းမှာပါဘဲ။ အေးအေးဆေးဆေး အဖြူသူငယ်ချင်းတွေနဲ့ပါဘဲ။ အိမ်နီးချင်းဆိုတော့ပိုသိရပါတယ်။

    တခြားတဖက်မှာတော့၊ လန်ဒန်အရှေ့ပိုင်းမှာ အခြေကျပြီးသားသူငယ်ချင်း မြန်မာဆရာဝန်တယောက်ကို အခုမှရောက်တဲ့ အလုပ်ကြမ်းသမား အရှေ့ ဥရောပကလူတယောက်က Racism ဆန်တဲ့စကား ကို ဈေးဝယ်ရင်းပြောလို့ ရဲကိုချက်ချင်းခေါ်လိုက်တယ်လို့ကြားရတယ်။ GP (General Practitioner )လုပ်နေတာကြာပြီဆိုတော့လဲ ဒီမှာလည်နေပြီပေါ့။

    Posted by steve | 28/07/2009, 20:42

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: