နေရာကား ကမ်းနားမြို့လေးတမြို့။ သရုပ်ဆောင်ကား ရာဇ၀တ်အုပ် ဦးဘ။ ဦးဘတယောက် ကမ်းနားမြို့လေးကို ပြောင်းလာခါစ။ ကမ်းနားတလျောက် ညနေခင်းလမ်းလျှောက်ထွက်တုန်း မိန်းမရွယ်တယောက် နှုတ်ခမ်းနီနဲ့ မျက်နှာချေနဲ့ ကပ်လာပြီး အကိုကြီးတယောက်ထဲလားလို့မေး။ ဘေးဘီကြည့်လိုက်တော့ အတွဲ ၄၊ ၅ တွဲတွေ့။ မဟုတ်ပါဘူး။ လမ်းလျှောက်နေတာပါလို့ အိုးနင်းခွက်နင်းဖြေတော့ သြော်ဧည့်သည်ကိုး လို့ ဆိုပြီး ဆက်လျှောက်သွား။ ဦးဘတယောက် နောက်နေ့ကမ်းနားကိုပြန်လာပြီး နတ်သမီး၅ယောက်နဲ့ နတ်ထိန်း၁ယောက်ကို စခန်းကိုဖမ်းလာ။ ဒီလူတွေကို ပြစ်ဒဏ်ပေးရင် ဒဏ်ငွေက ၅ကျပ်ပဲ၊ ဘာမှမထူးဘူး။ အလုပ်အကိုင်လေးဘာလေး ရှာပေးရမယ်ဆိုပြီး ဆန်စက်က ကူလီခေါင်း ဖိုးတုတ်ကိုခေါ်ခိုင်း။
တိုင်းပြည်၏စတုတ္ထမဏိုင်နှင့် Self-censorship မင်းတုန်းမင်းကြီးက ငါ့မကောင်းရင်ငါ့ကိုရေးလို့ဆိုတော့ အဲဒီခေတ်က မမှန်တာလုပ်ရင် ဘုရင်ကို အရေးယူနိုင်မယ်ခုံရုံးတွေ၊ ဘက်မလိုက်စုံစမ်းမှုကော်မရှင်တွေ စသဖြင့် မရှိသေးဘူးလားလို့ မေးစရာရှိပါတယ်။ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးဆိုပြီး တခုကိုတခု စောင့်ကြည့်နေရမယ့် မဏိုင်သုံးခု တိုင်းပြည်တိုင်းမှာလိုအပ်ပါတယ်။ ဒီသုံးခုက တခုနဲ့တခု အမှီအခိုကင်းပြီး သီးသန့်စီရပ်တည်နိုင်ရပါမယ်။ အုပ်ချုပ်ရေးက တရားစီရင်ရေးကို လွှမ်းမိုးလို့မရသလို၊ ဥပဒေပြုရေးကလည်း အုပ်ချုပ်ရေးကို ၀င်စွက်လို့မရပါဘူး။ တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတွေမှာ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကိုစနစ်တကျ တည်ထောင်မောင်းနှင်ဖို့ ဒီသုံးခုက အခရာကျပါတယ်။
badly-written, poorly researched, and simply despicable. Write a comment in Guardian if you can. Comments (37) Cathy Scott-Clark & Adrian Levy guardian.co.uk, Tuesday November 11 2008 00.01 GMT The Guardian, Tuesday November 11 2008 Article history A Myanmar activist at a march in New Delhi to mark Aung San Suu Kyi’s 63rd birthday Photograph: Gurinder … Continue reading
မျိုးဆက်တခုကို အနှစ်၂၀လို့သတ်မှတ်လေ့ရှိတယ်။ လိုချင်တဲ့အနာဂတ်အတွက် မျိုးဆက်ပေါင်းဘယ်နှစ်ဆက် ပေးဆပ်မှရမှာလဲ။ ရင်နာလိုက်ပါဘိ။ ခံပြင်းလိုက်ပါဘိ။
Year 2007 2008 Chicken £1.96 £3.50 Bacon £1.48 £2.58 Sausages £1.36 £1.98 Mince £1.27 £2.02 Bread 48p 67p Lettuce 65p 67p Potatoes £1.95 £1.90 Milk £1.68 £2.12 ကုန်ဈေးနှူန်းတက်ပုံများ ကြောက်ခမန်းလိလိ…… (source: http://business.timesonline.co.uk/tol/business/economics/article5096373.ece 6 November 2008)
Recent Comments