//
you're reading...
Uncategorized

media and self-censorship

တိုင်းပြည်၏စတုတ္ထမဏိုင်နှင့် Self-censorship

 

မင်းတုန်းမင်းကြီးက ငါ့မကောင်းရင်ငါ့ကိုရေးလို့ဆိုတော့ အဲဒီခေတ်က မမှန်တာလုပ်ရင် ဘုရင်ကို အရေးယူနိုင်မယ်ခုံရုံးတွေ၊ ဘက်မလိုက်စုံစမ်းမှုကော်မရှင်တွေ စသဖြင့် မရှိသေးဘူးလားလို့ မေးစရာရှိပါတယ်။

 

တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးဆိုပြီး တခုကိုတခု စောင့်ကြည့်နေရမယ့် မဏိုင်သုံးခု တိုင်းပြည်တိုင်းမှာလိုအပ်ပါတယ်။ ဒီသုံးခုက တခုနဲ့တခု အမှီအခိုကင်းပြီး သီးသန့်စီရပ်တည်နိုင်ရပါမယ်။ အုပ်ချုပ်ရေးက တရားစီရင်ရေးကို လွှမ်းမိုးလို့မရသလို၊ ဥပဒေပြုရေးကလည်း အုပ်ချုပ်ရေးကို ၀င်စွက်လို့မရပါဘူး။ တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတွေမှာ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကိုစနစ်တကျ တည်ထောင်မောင်းနှင်ဖို့ ဒီသုံးခုက အခရာကျပါတယ်။

 

မင်းတုန်းမင်းက အဲဒီလိုပြောတော့ သူတို့ခေတ်မှာ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးက အုပ်ချုပ်ရေး၊ တနည်း မင်းရဲ့သြဇာနဲ့ကင်းပြီးရပ်နိုင်ရဲ့လားလို့ မေးစရာပါ။ ကနောင်မင်းသားကြီးက ပြုပြင်ပြောင်းလဲမှုတွေလုပ်တော့ ဒီကိစတွေရောပြောင်းဖို့ စဉ်းစားသလားဆိုတာ တွေးချင်စရာပါ။

 

ဦးနုခေတ်မှာတော့ သတင်းစာနဲ့တခြားမီဒီယာတွေ လွတ်လပ်သင့်သလောက် လွတ်လပ်ပါတယ်။ အဲဒါကြောင့် ထွန်းနေ့စဉ်တို့ ဟံသာဝတီတို့ကနေ ဘ၀ရှင်မင်းတရားကြီးဆိုတဲ့ အသုံးအနှူန်းတွေ ပလူပျံအောင်ရေးနိုင်ခဲ့တာ မဟုတ်ပါလား။ ဒါပေမယ့် တရားစီရင်ရေးနဲ့ ဥပဒေပြုရေးက အုပ်ချုပ်ရေးနဲ့ ဒွေးရောယှက်တင်ဖြစ်နေလို့ သတင်းစာတွေက အဲဒီမဏိုင်၂ခုရဲ့ကိုယ်စား အစိုးရက ဝေဖန်ခဲ့တာ၊ ကန့်ကွက်ခဲ့တာတွေ လုပ်ခဲ့ရတယ်။ လူထုသတင်းစာလည်း အပါအ၀င်ပေါ့။ လူထုခေါင်းကြီးမှာ ထည့်တဲ့ ပန်းချီကားတွေဆို လယ်သမား၊ အလုပ်သမားဆင်းရဲသားတွေရဲ့ပုံတွေများတယ်။

 

အုပ်ချုပ်ရေးကို မှန်ကန်အောင်၊ တရားနည်းလမ်းကျအောင် စောင့်ကြည့်ပြီး တည့်မတ်ပြုပြင်ပေးရမယ့် ဥပဒေပြုရေးနဲ့တရားစီရင်ရေးဟာ အာဏာပိုင်လက်အောက်မှာ လက်ခုပ်ထဲကရေလို လုပ်ချင်တိုင်းအလုပ်ခံနေရတဲ့ နိုင်ငံတွေမှာတော့ မီဒီယာတွေက အဲဒီနှစ်ခုရဲ့ တာဝန်ကိုပါ အလိုလိုနေရင်း ၀င်ယူရသလိုဖြစ်နေပါတယ်။

 

ဒါပေမယ့် အဲဒီနိုင်ငံတွေမှာလည်း အတားအဆီး၊ အပိတ်အဆို့တွေကများလို့ စာနယ်ဇင်းသမားတွေရော ဘလော့ဂါတွေပါမကျန် ကိုယ်ပေးချင်တဲ့ အကြောင်းအရာကို သွယ်ဝိုက်ပြီး ပေးရလေ့ရှိပါတယ်။ နိုင်ငံခြားရောက်နေတဲ့ အဝေးကနေ ဘလော့နေရသူတွေတောင် ကိုယ်ပြည်တွင်းမှာ လုပ်နေတဲ့အလုပ်တွေ မထိခိုက်ချင်ရင် ကိုယ်နဲ့အဆက်အသွယ်ရှိသူတွေ ဒုက်ခမရောက်စေချင်ရင် ကိုယ့်အရေးအသားကို ကိုယ်ပြန်ပြီးဆင်ဆာလုပ်နေရတာ သတိထားမိပါတယ်။

 

နိုင်ငံတခုမှာ တရားဥပဒေစိုးမိုးတဲ့၊ မျှတကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ထူထောင်ဖို့ရာ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။ ဥပဒေမဲ့လုပ်ရပ်တခုကို မြင်နေရ၊ ကြားနေရပါရက်နဲ့ ငါနဲ့မဆိုင်သေး၊ ငါ့မိသားစုနဲ့အဝေးကြီးဆိုပြီး ပေလျာလကန်ပြုနေတာဟာ တနည်းအားဖြင့် မတရားမှုကိုကျူးလွန်သူတွေနဲ့ အလိုတူအလိုပါတွေ ဖြစ်ကုန်ပါတယ်။

 

ဒန်တေက ကြားနေတွေကို ဒါမှမဟုတ် ကောင်းတာလဲမလုပ်၊ ဆိုးတာလဲမလုပ်သူတွေကို ဒီလိုရေးခဲ့ပါတယ်။

 

The hottest places in hell are reserved for those who, in a time of moral crisis, remain neutral.

Discussion

One thought on “media and self-censorship

  1. ဆရာခင်ဗျား ဆရာရေးသားတဲ့စာတွေဟာ ကျွန်တော့ကိုဗဟုသုတတွေအများကြီးပေးပါတယ်။
    ဒါပေမယ့်ဆရာဆီလာလည်ပြီးစာဖတ်ရတာ အတော်ကိုခက်ခဲပါတယ်ခင်ဗျာ။
    ကျွန်တော်လို ပြည်တွင်းကစာဖတ်သူများအတွက် လွယ်လွယ်ကူကူစာဖတ်နိုင်အောင် တစ်ခုခုကြံပေးပါလားခင်ဗျာ။
    ဆရာကိုကျေးဇူးတင်လျက်…

    Posted by ကိုအောင် | 18/11/2010, 11:15

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: