//
you're reading...
Uncategorized

Way out?

နေရာကား ကမ်းနားမြို့လေးတမြို့။

သရုပ်ဆောင်ကား ရာဇ၀တ်အုပ် ဦးဘ။

 

ဦးဘတယောက် ကမ်းနားမြို့လေးကို ပြောင်းလာခါစ။ ကမ်းနားတလျောက် ညနေခင်းလမ်းလျှောက်ထွက်တုန်း မိန်းမရွယ်တယောက် နှုတ်ခမ်းနီနဲ့ မျက်နှာချေနဲ့ ကပ်လာပြီး အကိုကြီးတယောက်ထဲလားလို့မေး။ ဘေးဘီကြည့်လိုက်တော့ အတွဲ ၄၊ ၅ တွဲတွေ့။ မဟုတ်ပါဘူး။ လမ်းလျှောက်နေတာပါလို့ အိုးနင်းခွက်နင်းဖြေတော့ သြော်ဧည့်သည်ကိုး လို့ ဆိုပြီး ဆက်လျှောက်သွား။

 

ဦးဘတယောက် နောက်နေ့ကမ်းနားကိုပြန်လာပြီး နတ်သမီး၅ယောက်နဲ့ နတ်ထိန်း၁ယောက်ကို စခန်းကိုဖမ်းလာ။ ဒီလူတွေကို ပြစ်ဒဏ်ပေးရင် ဒဏ်ငွေက ၅ကျပ်ပဲ၊ ဘာမှမထူးဘူး။ အလုပ်အကိုင်လေးဘာလေး ရှာပေးရမယ်ဆိုပြီး ဆန်စက်က ကူလီခေါင်း ဖိုးတုတ်ကိုခေါ်ခိုင်း။

 

ဟေ့ ဖိုးတုတ်။ ဒီလူတွေကို အလုပ်ပေးလိုက်ကွာ။

ဟာ ဆရာကလဲ နောက်နေပြန်ပြီ။ ကူလီထမ်းတာ ယောက်ျားဆို ဆန်တအိတ် အသာလေးနိုင်ရတယ်။ မိန်းမဆို တတင်းလောက်ရွက်နိုင်ရတယ်။ ဆရာ့လူတွေက ယောက်ျားက ခါးစောင်းနေသေးတယ်။ မိန်းမကလည်း တတင်းမပြောနဲ့။ လေးပြည်တောင် နိုင်ပါ့မလား။

 

ဖိုးတုတ်ကပြောသေးတယ်။ ဆရာက ကျွန်တော့ ကူလီအဖွဲ့ကို ဟိုဒင်းအဖွဲ့ဖြစ်စေချင်လို့လား တဲ့။

 

ဖိုးတုတ်ပြန်သွားတော့ အမျိုးသမီးအသင်းကော်မတီအဖွဲ့ကိုခေါ်ပြီး အမျိုးသမီး၅ဦးကို ကြည့်ရှုစောင့်ရှောက်ဖို့ပြောတော့ အသင်းရံပုံငွေကလည်းမရှိ၊ ဂေဟာကလည်းမရှိဆိုတော့ ဘယ်လိုလုပ်ရမလဲတဲ့။  ခေါ်သွားပြီး ရောဂါလေးဘာလေးကုပေး၊ အလုပ်အကိုင်လေးဘာလေး ရှာပေးဖို့ပြောတော့ လိပ်စာယူသွားပြီး တခုခုစီမံပေးမယ်လို့ မသေချာမရေရာပဲဖြေ။ အလုပ်ရှင်တွေက သူတို့ကို အလုပ်မပေးချင်ကြဘူးလို့လည်း ဖြေသွား။

 

ဦးဘက ဒါဆိုဆေးလိပ်ခုံထောင်ထားတဲ့ ဖိုးမှင်ကိုခေါ်ကွာဆိုပြီး

ဖိုးမှင်ရေ ငါတော့ ကမ်းနားလမ်းလျှောက်မယ်တွေ ခေါ်ခဲ့တယ်။ ဟိုဟာပပျောက်ရေးပေါ့ကွာ။ ဒီတော့ မင့်ဆေးလိပ်ခုံမှာ အလုပ်လုပ်ခိုင်းရင်ကောင်းမယ်။

 

ဘယ်မှာလဲ ဆရာ။ ကြည့်စမ်းရအောင်။

 

ဟိုမှာလေ။ မမြင်ဘူးလား။

 

ဆရာ့ဖြင့် လုပ်ပြီ။ အဆွေးအဟောင်းတွေ ဘယ်သုံးလို့ရမလဲ။

 

ဖိုးမှင်ကလဲ ငါကမင်းကို နတ်သမီးရှာပေးတယ်များ မှတ်နေလား။

 

နို့ ဘာလုပ်မှာလဲ ဆရာ။

 

မင့်ဆေးလိပ်ခုံမှာလေ။

 

ဆရာကလဲ တယ်ရှော်တာကို။ ကျွန်တော်တို့ ဆေးလိပ်ခုံက ဒါမျိုးတွေ လက်သင့်မခံပါဘူး ကျွန်တော့်မှာ ဘယ်ကအရင်းရှိလို့ဆေးလိပ်ခုံထောင်ရမှာလဲ ဆရာရယ်။ အမျိုးသမီးအသင်းသူတွေ မရှုပ်အောင်လို့ ဥာဏ်ဆင်ပြီး ဆေးလိပ်ခုံထောင်ထားတာ။

 

ဦးဘမှာ တည့်တည့်ပြောမှ ရိပ်မိဆိုသလို အမျိုးသမီးအသင်း ဆောင်ရွက်မှုကြောင့် အဓိပတိ နတ်ထိန်းများပင် ကွမ်းယာဆိုင်ထောင် ဆေးလိပ်ခုံထောင်ဖြစ်နေကြပြီဟု ၀မ်းသာမိခဲ့သော်လည်း …..

 

 

အချိန်ကား ၁၉၅၃ခုနှစ်။

 

(1953ဒီဇင်ဘာထုတ် မြ၀တီမဂ္ဂဇင်းမှ ပြည့်တန်ဆာမှု ကိုတည်းဖြတ်ပြင်ဆင် ဖော်ပြသည်။)

 

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog Stats

  • 92,339 hits
%d bloggers like this: