//
archives

Archive for

mince pie

ဗြိတိသျှလူမျိုးက အစွဲအလမ်းကြီးတယ်လို့ ပြောရင် အနည်းနဲ့ အများ မှန်မယ်ထင်ပါတယ်။ ကျွန်မဒီနိုင်ငံရောက်ခါစက ခရစ်စမတ်နားနီးတော့ သူငယ်ချင်းတွေက mince pie စားမလားမေးတော့ အဲဒါဘာလဲ။ မစားဖူးဘူးလို့ ပြန်ဖြေတော့ ဟာဒါခရစ်စမတ်ရာသီမှာ စားရတာ၊ ဒီရာသီမှာ ဒီအစာစားရတယ်တဲ့။ ဗမာပြည်မှာဆို သင်္ကြန်မှာ မုန့်လုံးရေပေါ် စားသလိုနေမှာပေါ့။   အဲဒီသူငယ်ချင်းကပဲ အဲဒီနှစ်ကစပြီး mince pie ပါတီလုပ်ပါတယ်။ ဒို့ တတွေ အစဉ်အလာတခုလုပ်တာပေါ့။ နှစ်တိုင်းခရစ်စမတ်မရောက်ခင် သူငယ်ချင်းတွေစုပြီး mince pie စားကြမယ်တဲ့။  

Human Rights Day

အခုတလော စဉ်းစားဖြစ်တာက ရှင်ခွင့်နဲ့ သေခွင့်ပါ။  ဒီနေ့ လည်း သတင်းစာတွေမှာ နောက်ဆုံးအဆင့်ဝေဒနာ ခံစားနေရသူများ၊ ဒါမှမဟုတ် ရောဂါကြောင့် မူလကျန်းမာရေး အခြေအနေ ပြန်မရနိုင်လို့  ခံစားမှုတွေ ချုပ်ငြိမ်းပစ်ချင်တဲ့၊ ကိုယ့်ကိုကိုယ်သေကြောင်း ကြံစည်ချင်တဲ့  လူတွေအတွက် ဆွစ်ဇာလန်က ဆေးခန်းတခုမှာ ဆရာတယောက်ကို ဘယ်လိုဘယ်ပုံ  သေစေသလဲဆိုတာနဲ့ အဲဒီဆရာက ဘယ်လိုဘယ်ပုံ သေဖို့  ပြင်ဆင် သလဲဆိုတာကို ဖော်ပြထားပါတယ်။ (အင်ဒီပန့်ဒန့်မှာ ပါတာကို ဖတ်ချင်ရင် http://www.independent.co.uk/life-style/health-and-wellbeing/health-news/mary-ewert-why-i-want-the-world-to-see-my-husband-die-1059442.html)   တိုးတက်တဲ့ နိုင်ငံတွေမှာ right to self-determination လို့ ခေါ်တဲ့ ကိုယ်တိုင်၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ဆိုတဲ့ အခွင့်အရေးကို သေတဲ့အချိန်အထိ အရယူသွားကြတဲ့ လူတွေတစထက် တစ များလာပါပြီ။ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တဲ့ ဒီဆရာမှာ … Continue reading

New curriculum for a new school

 နှလုံးသားနဲ့ ရေးတဲ့စာ   စိတ်ကူးထဲမှာ လုပ်နေတဲ့ အလုပ်တခုရှိပါတယ်။ နှစ်နဲ့ချီနေပါပြီ။ စိတ်ကူးကနေ လက်တွေ့  အကောင် အထည် ဖော်ဖို့ရာ မအားသေးတာကြောင့် မလုပ်ဖြစ်သေးပါဘူး။ ဒီနေ့ တော့ အားအား မအားအား စထားတာကောင်းတယ်ဆိုပြီး စလုပ်ဖြစ်ပါတယ်။ နှစ်သစ်ရောက်ခါနီးတိုင်း ကြုံရတဲ့ တုန်လှုပ်မှုလို့ ဆိုချင်ဆို။   အဲဒါကတော့ ကိုယ်ကျောင်းတကျောင်း ထောင်မယ်ဆိုရင် အတန်းလိုက် ဘာတွေသင်မလဲဆိုပြီး သင်ရိုးညွှန်းတမ်း ဆွဲတာပါ။ ခေါင်းတလုံးထဲလုပ်တာနဲ့ စာရင် ခေါင်းပေါင်းများစွာနဲ့ လုပ်ရင် ပိုပြီး အရာရောက်မှာမို့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်နဲ့ အကြောင်းအရာကို ရေးသားချင်ရင် zizawamhwe@gmail.com ကိုအီးမေးပို့ပြီး ကိုယ်လုပ်နိုင်မဲ့ အပိုင်းကို ပြောစေလိုပါတယ်။ ဆက်သွယ်သင့်တဲ့လူတွေကို ဆက်သွယ်နိုင်မဲ့ လိပ်စာကိုလည်း ပေးစေချင်ပါတယ်။  

Blog Stats

  • 90,038 hits