//
you're reading...
Burma, Education

New curriculum for a new school

 နှလုံးသားနဲ့ ရေးတဲ့စာ

 

စိတ်ကူးထဲမှာ လုပ်နေတဲ့ အလုပ်တခုရှိပါတယ်။ နှစ်နဲ့ချီနေပါပြီ။ စိတ်ကူးကနေ လက်တွေ အကောင် အထည် ဖော်ဖို့ရာ မအားသေးတာကြောင့် မလုပ်ဖြစ်သေးပါဘူး။ ဒီနေ့ တော့ အားအား မအားအား စထားတာကောင်းတယ်ဆိုပြီး စလုပ်ဖြစ်ပါတယ်။ နှစ်သစ်ရောက်ခါနီးတိုင်း ကြုံရတဲ့ တုန်လှုပ်မှုလို့ ဆိုချင်ဆို။

 

အဲဒါကတော့ ကိုယ်ကျောင်းတကျောင်း ထောင်မယ်ဆိုရင် အတန်းလိုက် ဘာတွေသင်မလဲဆိုပြီး သင်ရိုးညွှန်းတမ်း ဆွဲတာပါ။ ခေါင်းတလုံးထဲလုပ်တာနဲ့ စာရင် ခေါင်းပေါင်းများစွာနဲ့ လုပ်ရင် ပိုပြီး အရာရောက်မှာမို့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်နဲ့ အကြောင်းအရာကို ရေးသားချင်ရင် zizawamhwe@gmail.com ကိုအီးမေးပို့ပြီး ကိုယ်လုပ်နိုင်မဲ့ အပိုင်းကို ပြောစေလိုပါတယ်။ ဆက်သွယ်သင့်တဲ့လူတွေကို ဆက်သွယ်နိုင်မဲ့ လိပ်စာကိုလည်း ပေးစေချင်ပါတယ်။

 

 

ဘာကြောင့် သင်ရိုးဆွဲချင်သလဲဆိုရင်

ငယ်ငယ်က သူငယ်တန်းကနေ ဆယ်တန်းအထိ ၁၁နှစ်တိတိ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထ၀ီစသဖြင့် သင်ခဲ့ရတယ်။ ဒါပေမယ့် ဒီစာတွေကို သေချာမတတ်ပါလား။ ခွဲခြမ်းစိတ်ဖြာ သုံးသပ် မေးခွန်းထုတ်နိုင်တဲ့ အရည်အချင်းတွေ မရခဲ့ပါလားဆိုတာ တိုင်းပြည်အပြင် ရောက်မှ နိုင်ငံတကာက ကျောင်းသားတွေနဲ့ ကိုယ့်ကိုကိုယ်ယှဉ်ပြီး သိလိုက်ရတော့ ကိုယ်သင်ခဲ့ရတဲ့ ပညာရေးစနစ်အပေါ် စိတ်နာပါတယ်။

 

ကကြီးကို ၃မျက်နှာ၊ သင်္ချာအပုဒ်ပေါင်း ၆၀ အိမ်စာ၊ ယုန်ရဲ့သွေးလည်ပတ်မှုစနစ်ပုံကို ပုံနှိပ်ထဲကအတိုင်း မတူတူအောင် နာရီပေါင်းများစွာ ကျင့်ခဲ့ရတာ၊ မတ်ကြီးလျာလို့ ကြားလိုက်ရင် အမတ်ကြီးအဖြစ်လျာထားခြင်းခံရသူလို့ စိတ်ထဲကနေအလိုလို ရွတ်မိတဲ့အထိ မှတ်သားခဲ့ရတာတွေဟာ ဘာအတွက်ပါလဲလို့အကျိုးမရှိတဲ့ ကိုယ့်ရဲ့  အားထုတ်ခဲ့ရမှုတွေကို နှမျောခဲ့ရပါတယ်။

 

စီးကရက်မှုတ်နေသလား။ စိတ်လဲသွားပြီလို့ ဗမာစကားကို ကပြောင်းကပြန်ပြောနေတဲ့ အခုခေတ် လူကုံထံနဲ့ အရာခံသားသမီးတွေ တက်နေတဲ့ကျောင်းတွေရဲ့ မိခင် ဘာသာစကားကို လျစ်လျူရှုထားမှုကို ခံပြင်းပါတယ်။ အဲဒီလို ကျောင်းတွေကို မသွားနိုင်တဲ့ ကလေးအများစုနဲ့ သူတို့ရဲ့ မိဘတွေအတွက် ရွေးချယ်စရာတခု ပေးချင်ပါတယ်။

 

ပညာရေးဆိုတာ အချိန်တန်ရင် မောင်မောင်ညှပ်နဲ့ ဓာတ်ပုံရိုက်ပြီး ဧည့်ခန်းမှာချိတ်ဖို့  ဓာတ်ပုံတပုံ၊ ဖိတ်စာရိုက်ရင် ကွင်းစကွင်းပိတ်နဲ့ ထည့်စရာတခုလို့  သဘောထားစရာ ဖြစ်နေတာကနေ ပညာရေးဆိုတာ နိုင်ငံသားတိုင်းအတွက် အခြေခံအခွင့်အရေး၊ လူ့ဖွံ့  ဖြိုးမှုအတွက်အခြေခံ၊ ဆင်းရဲခြင်းမှ လွတ်မြောက်ရာ၊ ပျော်စရာကောင်းတဲ့ အတွေ့အကြုံ၊ ချစ်စရာကောင်းတဲ့ အဖော်၊ လွတ်လပ်ခြင်းလမ်းစတွေကို သိနိုင်တဲ့ အသိပညာ အတတ်ပညာများ စုဝေးရာလို့ သိစေချင်ပါတယ်။

 

ဒို့ခေတ်ကိုတော့ တနေ့ရောက်ရမယ်လို့ ယုံပါတယ်။ ရောက်တဲ့အချိန်မှာ တခုခုအဆင်သင့်ဖြစ်နေအောင် လုပ်ထားချင်တာပါပါတယ်။

 

နာရီပေါင်းများစွာ၊ လပေါင်းများစွာ ပြင်ဆင်ရမဲ့ ဒီအလုပ်လုပ်နေရင်း  ယုံကြည်တာတွေ မျှော်လင့်တာတွေ ပိုပြီးနီးလာပြီလို့ ခံစားရမယ်ထင်လို့ ပါ။

 

ကဲ ခရီးရှည်ကြီး စကြတာပေါ့။ ခက်ခဲမယ်။ ကြာမယ်။ အထီးကျန်မယ်။ ဒါပေမယ့် အနာဂတ်ရဲ့ ပန်းပွင့်လေးတွေအတွက် ရင်းနှီးမြပ်နှံမှုကောင်း တခုဖြစ်မှာပါ။

 

ဘယ်နေ့ မှာ ဘယ်လောက်ခရီးရောက်နေပြီဆိုတာကို ပုံမှန်အစီရင်ခံပါ့မယ်။

 

Discussion

4 thoughts on “New curriculum for a new school

  1. Why dont you look at the IB course, or Cambridge GCE O/A level courses.

    Posted by Aung | 18/04/2009, 20:32
  2. ကောင်းလိုက်တာ။ ဒီ post ကို သိပ်ကို စိတ်ဝင်စားမိပါတယ်။ အတွေးချင်းတူနေလို့ပါ။

    Posted by Rita | 22/08/2009, 04:26
  3. စိတ်ဝင်စားတယ်ဗျ၊ idea တော့ မရှိဘူး။
    ဒါပေမယ့် ကျောင်းက ဘယ်လိုကလေးငယ်တွေကို ရည်ရွယ်တယ်၊ ကျောင်းက ဘယ်မှာဖွင့်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွင့်မှာလဲ၊ “လဲ” ပေါင်းများစွာ အရင်သိမှ နည်းနည်းရွှီးလို့ ရမယ်ထင်ပါတယ်။

    အလွယ်ဆုံးနဲ့ လက်လှမ်းအမှီနိုင်ဆုံးကတော့ ပညာရေးအထောက်အကူပြု ဗီစီဒီ၊ စာအုပ်စာတမ်းထုတ်တာတွေနဲ့ သင်တန်းအဆင့်လောက် ဖွင့်တာလေးတွေလည်း စဉ်းစားနိုင်ပါတယ်။

    နှစ်နဲ့ချီကြာပြီးတဲ့ပို့စ်ဆိုတော့ ပိုင်ရှင်တောင်မေ့နေလောက်ပြီ ထင်ပါရဲ့။

    Posted by မန်းကိုကို | 10/06/2010, 00:48

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: