//
you're reading...
British culture

mince pie

ဗြိတိသျှလူမျိုးက အစွဲအလမ်းကြီးတယ်လို့ ပြောရင် အနည်းနဲ့ အများ မှန်မယ်ထင်ပါတယ်။ ကျွန်မဒီနိုင်ငံရောက်ခါစက ခရစ်စမတ်နားနီးတော့ သူငယ်ချင်းတွေက mince pie စားမလားမေးတော့ အဲဒါဘာလဲ။ မစားဖူးဘူးလို့ ပြန်ဖြေတော့ ဟာဒါခရစ်စမတ်ရာသီမှာ စားရတာ၊ ဒီရာသီမှာ ဒီအစာစားရတယ်တဲ့။ ဗမာပြည်မှာဆို သင်္ကြန်မှာ မုန့်လုံးရေပေါ် စားသလိုနေမှာပေါ့။

 

အဲဒီသူငယ်ချင်းကပဲ အဲဒီနှစ်ကစပြီး mince pie ပါတီလုပ်ပါတယ်။ ဒို့ တတွေ အစဉ်အလာတခုလုပ်တာပေါ့။ နှစ်တိုင်းခရစ်စမတ်မရောက်ခင် သူငယ်ချင်းတွေစုပြီး mince pie စားကြမယ်တဲ့။

 

mince pie ဆိုတာ နုတ်နုတ်စင်းထားတဲ့ အသီးမျိုးစုံနဲ့ လုပ်ထားတဲ့ အဆာသွပ်မုန့် ပါ။ နိုင်ငံခြားသားတော်တော်များများက အသားနဲ့ လုပ်တဲ့မုန့် လို့ထင်ကြတယ်။ စားကြည့်တော့ အထဲမှာချိုနေတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်ပြီး တအံ့တသြဖြစ်ကြတယ်။

 

ဒီနှစ် ပါတီကတော့ရောကျော်ပါတီပါ။ သူငယ်ချင်းလေးယောက် ဗမာတို့ ဖူးသုတ်စား၊ mulled ၀ိုင်လို့ ခေါ်တဲ့ အမွှေးအကြိုင်တွေနဲ့ လုပ်ထားတဲ့ ၀ိုင်ပူပူနဲ့ ရေနွေးကြမ်းသောက်၊ ပြီးတော့မှ mince pie စားကြပါတယ်။ သူ့ ချည်းပဲစားလို့ မကောင်းဘဲ ဘရမ်ဒီထောပတ်နဲ့  စား256px-mince_pie_pict6878aမှ ကောင်းပါတယ်။

 

ခရစ်စမတ်မှာ ဘာလုပ်ကြသလဲလို့ အချင်းချင်းမေးတော့ ဗြိတိသျှလူမျိုးနှစ်ယောက်က အမေအဖေအိမ်ပြန်မယ်တဲ့။ တောင်အာဖရိကက တယောက်နဲ့ ကျွန်မက ထုံးစံအတိုင်း လန်ဒန်မှာပဲ ရှိမယ်။

 

ခရစ်စမတ်ကို ဘာသာရေးပွဲတော်ဆိုတာထက် မိသားစုဆုံကြတဲ့ပွဲလို့ မြင်လာကြပါပြီ။ နေရာအနှံ့ ရောက်နေတဲ့ သားသမီးတွေက မိဘအိမ်ကိုပြန်လာပြီး အတူတူစားကြ သောက်ကြ၊ ပျော်ကြ ပါးကြပေါ့။

Photo from: http://en.wikipedia.org/wiki/Mince_pie 

အမေရိကားမှာတော့ ကျေးဇူးတော်အောက်မေ့ပွဲလို့ဘာသာပြန်ရင်ရမယ်ထင်တဲ့ Thanksgiving day ကိုတချို့ ကပိုပြီးနှစ်သက်ပါတယ်။ ခရစ်စမတ်က စီးပွားရေးဆန်လာ လို့ တဲ့။ ၀ယ်ကြခြမ်းကြနဲ့ လက်ဆောင်ပေးရမှာက ၀န်ထုပ်ဝန်ပိုးကြီးလို ဖြစ်နေတာကိုး။

 

ခရစ်စမတ်တခုမှာ အမေရိကန်သူငယ်ချင်းတယောက်ကို သူ့အဖေက ကင်မရာလေးတလုံး ၀ယ်ပေးပါတယ်။ ကံကောင်းတာပေါ့လို့ ကျွန်မပြောတော့ သိပ်ပျော်ပုံမရတဲ့ သူငယ်ချင်းက သူအလုပ်မအားတိုင်း၊ ငါတို့ အတွက် အချိန်မပေးနိုင်တိုင်း လက်ဆောင်တွေပေးပြီး မျက်နှာလုပ်တယ်။ ဒါတွေငါမလိုချင်ပါဘူးတဲ့။ အဲဒီတုံးကတော့ သူငယ်ချင်းကို စကားကြီး စကားကျယ် ပြောရန်ကောလို့ ထင်မိပါတယ်။ နောက်မှ အဲဒီလို မိဘတွေကို ပိုပိုတွေ့ လာမှ သူ့ ခံစားချက်ကို အဓိပ္ပာယ်ပေါက်လာတယ်။

 

စကားပြန်ကောက်ရရင် ဗြိတိသျှလူမျိုးက ဘယ်အချိန်မှာ ဘာကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အစွဲအလမ်းနဲ့ အစဉ်အလာကြီးပါတယ်။ mince pie မစားလဲ ခရစ်စမတ်ကရောက်မှာ ဆိုပေမယ့် အဲဒါလေးစားလိုက်မှ ခရစ်စမတ်ရာသီက ပိုပီပြင်သွားသလိုမျိုး။ သစ်ဂျပိုး ခေါက်နံ့ ထွက်နေတဲ့ ၀ိုင်ပူလေးသောက်လိုက်မှ ရာသီကို ပိုခံစားနိုင်တဲ့ လူစားမျိုးပါ။

 

mince pie ပါတီတက်နေကျ သူငယ်ချင်းက အိမ်ကိုလည်းပြန်ချင်တယ်။ မနှစ်ကလို ဖြစ်မှာလဲကြောက်တယ်တဲ့။ မနှစ်က သူ့အဖေနဲ့ သူ့အကိုက ခရစ်စမတ်နေ့မှာ နေ့လယ်ရောက်တော့ pub လို့ခေါ်တဲ့ အရက်ဆိုင်မှာ အေးအေးဆေးဆေး အရက်သောက်ကြသတဲ့။ ရှေးကျတဲ့အမေက ခရစ်စမတ်နေ့ ကိုဘယ်လိုဆင်နွှဲရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေအတိုင်း အတိအကျလိုက်နာတဲ့သူဖြစ်လေတော့ အဖေနဲ့ သားတွေ့တုံး  တွေ့ခိုက်ပျော်ကြတာကို အိမ်အတင်းပြန်ခိုင်းလို့ သားအဖနှစ်ယောက်က စိတ်ဆိုးကြပြီး စကားတွေများကြသတဲ့။ လွတ်လွတ်လပ်လပ်ပျော်ချင်တဲ့ သားအဖနဲ့ ထုံးစံအတိုင်း လုပ်ချင်တဲ့ အမေကြားက ပိပကတခုပါ။

 

နောက်အသိတယောက်ကလဲ ဘယ်နေ့ ဆို ပြည်ပပို့ တဲ့စာတွေ နောက်ဆုံးထည့်ရက်၊ ဘယ်နေ့ ဆို ပြည်တွင်းကို နောက်ဆုံးစာပို့ ရက်ဆိုပြီး တရွတ်ရွတ်နဲ့။ ခရစ်စမတ်ပြီးမှ ရောက်လဲ ရတဲ့လူက ကျေနပ်မှာပါပဲ။ ဒါပေမယ့် သူတို့ ကတော့ ဒီနေ့ ဆိုဒီနေ့မှ။

 

 

Discussion

2 thoughts on “mince pie

  1. Ma Zizawa,

    I like to cook leftover Christmas turkey into a Burmese style curry and then use it for Khaukswe Thot. By the way, Mr. Watote hasn’t posted any new article.

    Merry X’mas,

    Zaw Min

    Posted by Zaw Min | 17/12/2008, 10:14
    • Dear Ko Zaw Min,
      Your email doesn’t seem to be working, as I can’t send any email to that address. Mr. watote is busy preparing for his finance exam, but I’ll remind him not to disappoint his audience :o) Merry Chirstmas and happy new year to you, your family and community there. Or shall I say ‘Happy Holidays’ to be more politically correct?
      Z.
      ps. you can also mix turkey with mayo and use it as sandwich filler.

      Posted by zizawa | 19/12/2008, 18:37

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: