//
archives

Archive for

A weekend with Darwin

မနေ့က ၀တုတ်ရယ်၊ သူငယ်ချင်းတယောက်ရယ်နဲ့ ဒါဝင်ရဲ့ Big Idea, Big Exhibition ကို သဘာဝသမိုင်းပြတိုက်မှာ သွားကြည့်ပါတယ်။ ကြည့်နေတုန်းပေါ်လာတဲ့ အတွေးတွေဒီမှာ ချရေးဖြစ်ပါတယ်။   ဒါဝင်ဟာ သူ့ရဲ့ The Origin of Species ဆိုတဲ့ကမ္ဘာကို ကိုင်လှုပ်လိုက်တဲ့ စာအုပ်ကို တော်တော်နဲ့ မထုတ်ပါဘူး။ ၁၈၃၁ခုနှစ် သူ၂၂နှစ်သား အရွယ်မှာ HMS Beagle သဘောင်္နဲ့ ၅နှစ်ကြာ အကောင်ပေါင်းများစွာ၊ အပင်ပေါင်းများစွာကို လေ့လာခဲ့တဲ့ ကမ္ဘာပတ်ခရီးကြီး ပြီးလို့ နှစ်ပေါင်း ၂၀ကျော်ကြာမှ ဒီစာအုပ်ကိုထုတ်တာပါ။ အကြိမ်ပေါင်းများစွာ ပြင်လိုက်၊ စိတ်ချယုံကြည်ရတဲ့ မိတ်ဆွေပညာရှင်တွေကို တိုင်ပင်လိုက်လုပ်ပြီးမှ နောက်ဆုံး Wallace ဆိုတဲ့ ပညာရှင်က သူ့မှာလဲ ဒါဝင့်လို Evolution သီအိုရီတခုရှိတယ်ဆိုတာ သူ့ကိုစာရေးအကြောင်းကြားတော့မှ … Continue reading

Burmese in England-2

အင်္ဂလန်ရောက် ဗမာများ-၂   မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူ့အဖေက ဗမာ၊ အမေက အင်္ဂလိပ်ပါ။ ၁၉၇၀တ၀ိုက်မှာ မွေးတဲ့သူ့ကို အဖေကဗမာစကားလုံးဝမသင်ပေးပါဘူး။ ဗမာပြည်အဖိုးအဖွားတွေဆီ သွားလည်မှ ဗမာစကားကြားရပါသတဲ့။ ဘာဖြစ်လို့ သူ့ကိုဗမာစကားမသင်ပေးရတာလဲလို့ အဖေကိုမေးတော့ ဘာသာစကားနှစ်ခုနဲ့ ကလေးရှုပ်ပြီး ဥာဏ်ရည်တိုးတက် သင့်သလောက် မတိုးတက်မှာစိုးလို့ ဆိုပြီးဖြေပါသတဲ့။  

Burmese in England

အင်္ဂလန်ရောက်ဗမာများ-၁   လန်ဒန်မှာ ၅နှစ်နေခဲ့တဲ့ အတွေ့ အကြုံပေါ် အခြေခံပြီး ဒီဆောင်းပါးကို ရေးပါတယ်။   ၁၉၆၂ခုနှစ်ဦးနေ၀င်းတက်ပြီး ၁၉၆၇တ၀ိုက်လောက်မှာ ဗမာပြည်၊ အထူးသဖြင့် မြို့ကြီး တွေက အင်ဂလိုဗမာကပြားတွေ၊ တရုတ်တွေ၊ ကုလားတွေက နိုင်ငံခြားကို အလျှိလျှိ ထွက်ကုန်ကြပါတယ်။ သူတို့ရဲ့လုပ်ငန်းတွေ၊ စီးပွားရေးတွေကို ပြည်သူပိုင် သိမ်းတာက တကြောင်း၊ လုပ်ငန်းအသစ်တွေကို  ဦးနုခေတ်ကတည်းက တိုင်းရင်းသားတွေကိုသာ လုပ်ပိုင်ခွင့်ပေးတာကတကြောင်း၊ ပညာရေးမှာလည်း ဆေးတက္ကသိုလ်တို့ စက်မှုတို့ ကို  နိုင်ငံခြားသားကတ် FRC ကိုင်ထားသူတွေရဲ့ သားသမီးတွေကို ပေးမတက်တော့တာက တကြောင်း၊ တခြားလူမှုရေးခွဲခြားဆက်ဆံခံရမှုတွေကြောင့် သူတို့တတွေ ပြည်ပကိုထွက် လာကြခြင်းပါ။  

Blog Stats

  • 90,038 hits