//
you're reading...
Uncategorized

Burmese in England

အင်္ဂလန်ရောက်ဗမာများ-၁

 

လန်ဒန်မှာ ၅နှစ်နေခဲ့တဲ့ အတွေ့ အကြုံပေါ် အခြေခံပြီး ဒီဆောင်းပါးကို ရေးပါတယ်။

 

၁၉၆၂ခုနှစ်ဦးနေ၀င်းတက်ပြီး ၁၉၆၇တ၀ိုက်လောက်မှာ ဗမာပြည်၊ အထူးသဖြင့် မြို့ကြီး တွေက အင်ဂလိုဗမာကပြားတွေ၊ တရုတ်တွေ၊ ကုလားတွေက နိုင်ငံခြားကို အလျှိလျှိ ထွက်ကုန်ကြပါတယ်။ သူတို့ရဲ့လုပ်ငန်းတွေ၊ စီးပွားရေးတွေကို ပြည်သူပိုင် သိမ်းတာက တကြောင်း၊ လုပ်ငန်းအသစ်တွေကို  ဦးနုခေတ်ကတည်းက တိုင်းရင်းသားတွေကိုသာ လုပ်ပိုင်ခွင့်ပေးတာကတကြောင်း၊ ပညာရေးမှာလည်း ဆေးတက္ကသိုလ်တို့ စက်မှုတို့ ကို  နိုင်ငံခြားသားကတ် FRC ကိုင်ထားသူတွေရဲ့ သားသမီးတွေကို ပေးမတက်တော့တာက တကြောင်း၊ တခြားလူမှုရေးခွဲခြားဆက်ဆံခံရမှုတွေကြောင့် သူတို့တတွေ ပြည်ပကိုထွက် လာကြခြင်းပါ။

 

ဒီတော့ ၁၉၆၂နောက်ပိုင်းမှာ ဗမာတွေအနောက်နိုင်ငံတွေကို တစတစလာနေကြပါပြီ။ အိမ်နီးချင်းနိုင်ငံတွေကိုတော့ ယောင်လို့ မှမစဉ်းစားတဲ့ အချိန်ပေါ့။ အင်္ဂလန်နိုင်ငံမှာဆို ဒုတိယကမ္ဘာစစ်ပြီး ကတည်းက စခဲ့တဲ့ ဆောက်လုပ်ရေးနဲ့ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ နိုင်ငံ့စီးပွားရေးက အရှိန်ရပြီး ပြည်ပကအလုပ်သမား အမြောက်အများကို ခေါ်ကြတဲ့အချိန်ပေါ့။ စစ်ပြီးခါစကဆို ကရစ်ဘီယန်မှာ လူခေါ်တဲ့အေးဂျင့်တွေကိုတောင် သွားဖွင့်ပြီး ခေါ်ခဲ့ရသေးတာမဟုတ်လား။

 

ဗမာတွေကြားထဲမှာ ရေပန်းစားတဲ့အလုပ်က ဆရာဝန်ပါ။ နှစ် ၄၀လောက်ဒီနိုင်ငံ ရောက်နေတဲ့ လူတွေထဲမှာ အများစုက ဆရာဝန်ပါ။ ဗမာပြည်က အမ်ဘီဘီအက်စ်က ဒီနိုင်ငံရဲ့သင်ရိုးကိုအခြေခံထားတာမို့စာမေးပွဲတွေဘာတွေ ထပ်ဖြေစရာမလိုပါဘူး။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ဒီနိုင်ငံမှာ တော်ဝင်တက္ကသိုလ်က ဘွဲ့လာယူတုန်းက တော်လွန်းလို့ဗမာပြည်မှာ ပညာသင်ခဲ့တာလို့ပြောတာကို မယုံဘဲ မလျှိုပါနဲ့ လို့ ပြောကြသတဲ့။ အဲဒီတုန်းက ပညာရေးအဆင့်အတန်း ကမ္ဘာ့အဆင့်မီခဲ့ပုံက လွမ်းလောက် စရာပါ။

 

ဆရာဝန်တွေရောက်လာ၊ ဒီနိုင်ငံမှာ တခြားဗမာ၊ ဒါမှမဟုတ်အင်္ဂလိပ်တွေနဲ့အိမ်ထောင် ကျပြီး ဒုတိယမျိုးဆက်တွေ ၇၀ခုနှစ်တွေမှာ အင်္ဂလန်မှာရာနဲ့ချီပြီး ရှိနေပါပြီ။ ဒီကလေးတွေရဲ့ မိဘတွေ အထူးသဖြင့် ဗမာအဖေ သို့မဟုတ် အမေတွေက ဒွိဟတွေ တော်တော်များများနဲ့ ဒီကလေးတွေကို ပြုစုပျိုးထောင်ခဲ့ရတယ်လို့ ထင်ပါတယ်။

 

                                                                                                                                                                            

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: