//
you're reading...
Uncategorized

A weekend with Darwin

မနေ့က ၀တုတ်ရယ်၊ သူငယ်ချင်းတယောက်ရယ်နဲ့ ဒါဝင်ရဲ့ Big Idea, Big Exhibition ကို သဘာဝသမိုင်းပြတိုက်မှာ သွားကြည့်ပါတယ်။ ကြည့်နေတုန်းပေါ်လာတဲ့ အတွေးတွေဒီမှာ ချရေးဖြစ်ပါတယ်။

 

ဒါဝင်ဟာ သူ့ရဲ့ The Origin of Species ဆိုတဲ့ကမ္ဘာကို ကိုင်လှုပ်လိုက်တဲ့ စာအုပ်ကို တော်တော်နဲ့ မထုတ်ပါဘူး။ ၁၈၃၁ခုနှစ် သူ၂၂နှစ်သား အရွယ်မှာ HMS Beagle သဘောင်္နဲ့ ၅နှစ်ကြာ အကောင်ပေါင်းများစွာ၊ အပင်ပေါင်းများစွာကို လေ့လာခဲ့တဲ့ ကမ္ဘာပတ်ခရီးကြီး ပြီးလို့ နှစ်ပေါင်း ၂၀ကျော်ကြာမှ ဒီစာအုပ်ကိုထုတ်တာပါ။ အကြိမ်ပေါင်းများစွာ ပြင်လိုက်၊ စိတ်ချယုံကြည်ရတဲ့ မိတ်ဆွေပညာရှင်တွေကို တိုင်ပင်လိုက်လုပ်ပြီးမှ နောက်ဆုံး Wallace ဆိုတဲ့ ပညာရှင်က သူ့မှာလဲ ဒါဝင့်လို Evolution သီအိုရီတခုရှိတယ်ဆိုတာ သူ့ကိုစာရေးအကြောင်းကြားတော့မှ သူအနှစ်နှစ်အလလ စဉ်းစားတွေးခေါ်ထားရတာ သူများက ဦးသွားတော့မယ်လို့ စိုးရိမ်ပြီး စာအုပ်ထုတ်လိုက်ပါတော့တယ်။

 

စာအုပ်မထုတ်ခင် သူကမိတ်ဆွေတွေကို ဒီစာအုပ်ထုတ်ရတာ လူသတ်မှုကျူးလွန်တာကို ၀န်ခံရသလိုပဲ။ သူအရင်က ထင်ထားသလိုမဟုတ်ဘဲ သတ္တ၀ါတွေ၊ အပင်တွေဟာ မပြောင်းလဲနိုင်တာ မဟုတ်ဘူး လို သူ့ရဲ့ Evolution သီအိုရီရဲ့ အခြေခံကို သူ့မိတ်ဆွေ Hooker ဆိုသူကို အခုလိုပြောပါတယ်။

 

I am almost convinced (quite contrary to opinion I started with) that species are not (it is like confessing a murder) immutable.”

 

သူဘာကြောင့် ဒီစာအုပ်ထုတ်တာနဲ့ ပတ်သက်ပြီး လူသတ်မှုကျူးလွန်တာကို ၀န်ခံရသလိုပါပဲလို့ ပြောသလဲဆိုရင် ဒါဝင်ဟာ ၁၈၃၁လေ့လာရေးခရီးမှာ သဘာဝပညာရှင် Naturalist အဖြစ်နဲ့ လိုက်သွားတဲ့အထိ ခရစ်ယာန်ဘုန်းကြီးလုပ်ဖို့ ရည်ရွယ်ချက်ရှိသူပါ။ အဖေကလဲ လုပ်စေချင်တယ်။ သူကလဲလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားသူပါ။

 

evolution

 

 

 

 

 

 

 

 

 

 (photo downloaded from http://www.nhm.ac.uk/visit-us/whats-on/darwin/more-about-darwin.html)

 

သမ္မာကျမ်းစာမှာက ဘုရားက ပထမနေ့မှာ အလင်းကိုဖန်ဆင်းတယ်။ ဆဌမမြောက်နေ့မှာ ကုန်းသတ္တ၀ါတွေကို ဖန်ဆင်းတယ်။ ယောက်ျားကို ဖန်ဆင်းတယ်။ ယောက်ျားကနေ မိန်းမကိုဖန်ဆင်းတယ်ဖို့ Genesis အခန်းမှာရေးထားတာကလား။ ဒါဝင်က အဲဒါတွေနဲ့ အတိအလင်းဆန့်ကျင်ပြီး သက်ရှိတွေဟာ သဘာဝဘေးအန္တရာယ်တွေ၊ တခြားသားရဲ တိရစ္ဆာန်၊ အပင်တွေရဲ့အန္တရာယ်တွေနဲ့ တခြားတခြားသော အန္တရာယ်တွေကနေ လွတ်မြောက်ပြီး အသက်ရှင်ဖို့ ကြိုးစားရုန်းကန်ရပါသတဲ့။ အသက်ရှင်ကျန်နေတဲ့ မျိုးစုတွေ ကသာ သူတို့ရဲ့လက္ခဏာ characteristics တွေကို သားသမီးတွေဆီ လက်ဆင့်ကမ်းနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ဒီအသက်ရှင်နေနိုင်ရေးကို အထောက်အပံ့ ပေးတဲ့ လက္ခဏာတွေ ရှင်ကျန်နေပါသတဲ့။ အသက်မရှင်တဲ့ မျိုးစုတွေရ့ လက္ခဏာတွေကတော့ ပျောက်ပျက်သွားပါသတဲ့။

 

သတ္တ၀ါတွေ အပင်တွေဟာ ဒီလိုရှင်သန်မျိုးဆက်ပွားဖို့ ပြောင်းလဲလာတဲ့ ဖြစ်စဉ်ကို Evolution theory လို့နာမည်ပေးထားပါတယ်။ အသန်ဆုံးများသာ ရှင်သန်ခြင်း (တချို့ကတော့ တော်သူနေ မတော်သူသေ သီအိုရီလို့ ဘာသာပြန်ကြပါတယ်။) Survival of the fittest သီအိုရီမှာ ဖန်ဆင်းရှင်ရဲ့ကဏ္ဌမရှိပါဘူး။ ဘုရားကို ဖန်ဆင်းရှင်အဖြစ် အစဉ်အဆက် ယုံကြည်ခဲ့ ရုံသာမက သူများကိုလည်းယုံကြည်ဖို့် ဟောပြောသွန်သင်မယ့် ဘာသာရေး ဆရာလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒါဝင်တယောက် သူ့ရ့ သီအိုရီကို ထုတ်ဖော်ရေးသားခဲ့ဖို့ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက်ပြင်ဆင်ခဲ့ရမလဲ။ သတ္တိတွေ ဘယ်လောက်မွေးခဲ့ရမလဲ ဆိုတာ တွေးကြည့်နိုင်ပါတယ်။

 ဘုရားရ  ကဏ္ဍကိုမှေးမှိန်စေတဲ့ သူ့ရ့သီအိုရီကြောင့် သူန့သူ့မိန်းမ ကတောက်ကဆ ဖြစ်ကြပြီ့း  အသိပညာတိုးတက်ဖို့ ကိုယ့်ရ့ခံယူမှုတွေ၊ ပေါင်းသင်းဆက်ဆံမှုတွေ၊ ချစ်ခင်တဲ့လူတွေရ့ ယုံကြည်မှုတွေကို စတေးခဲ့ရပါတယ်။ ဒါပေမယ့် သူစတေးရကျိုးနပ်တယ်ဆိုတာ မသေခင်သိသွားပါတယ်။ သူ့တွေ့ရှိချက်ဟာ သိပ္ပံပညာရှင်တွေ၊ အထူးသဖြင့် အခုနောက်ပိုင်း ဗီဇ gene့ ဆိုင်တဲ့ ပညာရပ်အတွက် အများကြီး အထောက်အကူပြုခဲ့၊ ပြုနေတုန်းပါပဲ။

 

လန်ဒန်မှာ နေသူများ သွားကြည့်သင့်တဲ့ ပြခန်းပါ။ အဝေးကလူများ အင်တာနက်ပေါ်မှာ ကြည့်ချင်ရင်

စိတ်ဆင်းရဲလို့ ဒါဝင်တယောက် အိမ်ထောင်ကျကတည်းက ကျန်းမာရေး မကောင်းခဲ့တာ သူ့ဘ၀တလျောက်လုံးပဲလို့ဆိုပါတယ်။ သိပ္ပံပညာမှာ အရေးအပါဆုံး တွေ့ရှိမှုထဲမှာပါတဲ့ ဒီသီအိုရီအတွက် ဒါဝင်ဟာ တော်တော်သတ္တိမွေးခဲ့ရပါတယ်။ လူ့အဖွဲ့အစည်းရ

 

http://www.nhm.ac.uk/visit-us/whats-on/darwin/index.html

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: