//
you're reading...
Burma

Bogyoke’s 94th birthday

bas90fp2-1

 

 

 

 

 

 

 

 

ဓာတ်ပုံမူပိုင်ခွင့်ကို ရှာမရသဖြင့် credit မပေးနိုင်သည်ကို တောင်းပန်ပါသည်။

လုပ်ကြံမခံရခင် ၆ရက်အလို ဇူလိုင် ၁၃ရက်နေ့က မြိုတော်ခန်းမမှာ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ နောက်ဆုံးမိန်ခွန်းထဲက တချိုအပိုဒ်တွေကို ၉၄နှစ်မြောက်ဗိုလ်ချုပ်မွေးနေအမှတ်တရအဖြစ် ဖော်ပြလိုက်ပါတယ်။

 

 

တိုင်းပြုပြည်ပြုလွှတ်တော် [ဖော်ဆောင်ရတာဟာ] အိမ်ဟောင်းကို တည်ရုံ အလုပ်မဟုတ်ဘဲနဲတခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီပျက်သွားတဲ့ နေရာမှာ ထပ်ပြီး အိမ်အသစ်ဆောက်တာနဲတူပါတယ်။ ………

 

ကျွန်တော်တိုဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ကျွန်တော်တိုရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီလုံးဝလွတ်လပ်ရေးကို ကျွန်တော်တိုဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝလွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တိုဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလဲ ကျွန်တော်တိုလုပ်နေလျက်ပါပဲ။……………

 

ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက်မရှိတဲ့ အစိုးရမရှိဘူး။ သိုသော်လဲဘဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တဆင့်ထက်တဆင့် ကျွန်တော်တိုလုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား ဆိုတာခင်ဗျားတိုပြန်ကြည့်ပါ။……..နောက်အတော်လေးကြာလာယင် ကျွန်တော်တိုဟာ တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စကားမျိုးလုပ်လာနိုင်ပါဦးမယ်။ အဲဒီလို လုပ်လာတဲ့အခါမှာ ကျွန်တော်တိုဟာ လွတ်လပ်ရေးလုပ်ငန်းမယ် ဘယ်ထိအောင် တစခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကိုလဲ ခင်ဗျားတိုမြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည်ပြန်လည်ထူထောင်ရေးမယ် လုပ်တဲ့လုပ်ငန်းမှာလဲ တဆင့်တက်လာတာကိုသော်၎င်း၊ အခုလွတ်လပ်ရေးလုပ်ငန်းနဲပတ်သက်ပြီး တဆင့်တက်လာတာကိုသော်၎င် အဲဒီလိုတက်လာတာကို ခင်ဗျားတိုရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။ အဲဒီလို မြင်ရရုံမကဘူး။ ကျွန်တော်တိုဒီအစိုးရနှင့် အရင်ကရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။

 

ကျုပ်တိုဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလိုအစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲထောက်ခံမှုနဲကျုပ်တိုအစိုးရဖြစ်နေတာ တိုင်းပြည်ကမကြည်ညိုဘူးဆိုတာ ကျုပ်တိုသိတဲ့တနေမှာ ကျုပ်တိုလဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သိုသော်လဲဘဲ တနှစ်လောက် ကျုပ်တိုကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တိုဟာ ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံမဲ့ လူစားမျိုးတွေလားဆိုတာ ခင်ဗျားတိုကိုယ်တိုင်သိပါလိမ့်မယ်။……..

 

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလိုကျွန်တော်ပြောချင်တယ်။…..

 

ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲတလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲအတူတူပါဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖိုဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖိုမှာ လုပ်ချင်တယ်။….

 

ခင်ဗျားတိုဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လိုရှိယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုယင်၊ အလုပ်လုပ်ကြဖို၊ စည်းကမ်းရှိကြဖို၊ ယခုကတည်းက ခင်ဗျားတိုကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကိုပြင်ကြဖိုလိုပြီဆိုတာ ကျွန်တော် ကနေပြောခဲ့ချင်တယ်။

(စာပေဗိမာန် ပြည်သူလက်စွဲစာစဉ်ထုတ် ဗိုလ်ချုပ်အောင်ဆန်းမိန်ခွန်းများ ၁၉၄၅-၁၉၄၇  စာအုပ်မှ မူရင်းသတ်ပုံအတိုင်း ကောက်နုတ်ဖော်ပြသည်။)

 

တိုင်းပြည်လွတ်လပ်ရေးအတွက် ဘယ်နည်းနဲပဲရရ ရအောင်လုပ်မယ်လိုဆုံးဖြတ်ခဲ့၊ ရအောင်လည်းလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူနဲသူအစိုးရဟာ ရာဇ၀င်မှာ အရေးခံရမယ့်လူစားလား။ အဆဲခံရမယ့်လူစား လားဆိုတာ ကိုယ်တိုင်သိပါတယ်။ လာဘ်စားတဲ့လူတွေ ကျုပ်အစိုးရထဲမှာ မရှိဘူးလိုလဲ ရဲရဲပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကျဆုံးပြီး ဘယ်အစိုးရမှ အဲဒီလိုမပြောနိုင်ပါဘူး။

 

ဗိုလ်ချုပ်က ကိုယ့်အစိုးရကိုကိုယ်တာဝန်ယူတဲ့၊ တိုင်းသူပြည်သားတွေကို ညီညွတ်ဖို၊ တိုင်းပြည်ထူထောင်မှာ ကြိုးကြိုးစားစားဝိုင်းလုပ်ကြဖိုစတဲ့မှာကြားချက်တွေပါတဲ့ သူရဲနောက်ဆုံးမိန်ခွန်းဟာ အခုဆိုရင် ၆၂နှစ်နီးပါး ကြာပါပြီ။ ဘယ်သူပြောသလဲ။ ဘယ်နှစ်ကပြောသလဲဆိုတာတွေကို မကြည့်ဘဲ စာသားတွေပဲဖတ်မယ်ဆိုရင် တိုတတွေကိုပြောနေပါလားဆိုတာကို စာဖတ်သူတိုခံစားမိမယ်ထင်ပါတယ်။

 

ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့အချိန်ကစလို၊ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစလိုတိုင်းပြည်မှာ တိုးတက်မှုက ပထမ၁၀နှစ်လောက်မှာပဲ ထင်သာမြင်သာရှိခဲ့ပါတယ်။ ပြည်တွင်းစစ်မီးလျှံကြားမှာ၊ ဆင်းရဲမွဲတေမှု ဒဏ်ကြားမှာ၊ သဘာဝဘေးတွေကြားမှာ၊ အထူးသဖြင့် မတရားမှုနဲဖိနှိပ်မှုအောက်မှာ တိုဗမာပြည်ဟာ အခုထိရုန်းမထွက်နိုင်သေးပါဘူး။ 

 

စစ်ရေး၊ သံတမန်ရေး၊ ထောက်ပံ့ရေးနဲဒီမိုကရေစီရေးတွေနဲနိုင်ငံတွေအချင်းချင်းကူညီကြ၊ ကြားဝင်ပြီးဖြေရှင်းပေးကြ လုပ်လေ့ရှိရာမှာ ဗမာပြည်အတွက် ၁၉၈၈ကစလိုဆယ်စုနှစ်၂ခုစွန်းလာတဲ့အထိ အပြောင်းအလဲ တစုံတရာရအောင် ဘယ်နည်းကမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာမတွေရပါဘူး။ ၁၉၉၆ကလို၊ ၂၀၀၇ကလို တိုင်းပြည်ထဲမှာ တခုခုဖြစ်မှ တိုင်းသူပြည်သားတွေရဲမျှော်လင့်ချက်တွေ ပြန်ပြီးနိုးထလာတဲ့ သဘောရှိပါတယ်။

 

အဲဒီလိုဖြစ်အောင် ဦးဆောင်ပြီးလုပ်ခဲ့ကြသူတွေလည်း ပင်ပန်းလှပါပြီ။ သူတိုတွေစတေးခံနေရတာ အချည်းနှီး မဟုတ်ပါလားဆိုတာ သူတိုသိအောင် နောက်လူတွေက ဆက်လုပ်ပေးကြဖိုလိုနေပါပြီ။ ၁၉၉၀နှောင်းပိုင်း နှစ်တွေကစပြီး အခုထိ ပြည်ပထွက်ပြီးအလုပ်လုပ်ကြ၊ စာသင်ကြတဲ့ဗမာလူငယ်တွေ တကမ္ဘာလုံးမှာ သိန်းနဲချီပြီးရှိနေပါပြီ။ ဗမာပြည်ရဲပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးစတဲ့ ကဏ္ဍအသီးသီးမှာ ပြည်တွင်းကလူတွေနဲပေါင်းပြီး တယောက်ချင်းဖြစ်စေ၊ အဖွဲအစည်းနဲဖြစ်စေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖိုစဉ်းစားပြီး လုပ်သင့်ကြပါပြီ။ နိုင်ငံရေးနဲစနစ်ပြောင်းလဲရင်တော့ လုပ်ရတာပိုပြီး အရှိန်ရမှာ။ မြန်မှာမလွဲပါဘူး။

 

အဲဒီလို လုပ်နေတဲ့လူတွေ တစထက်တစများလာတာ တွေရပါတယ်။ ဒါပေမယ့် ကျန်လူတွေလဲ ဘယ်အချိန်လုပ်ရမလဲဆိုတာ စောင့်ပြီးချိန်နေတာထက် လုပ်နိုင်တာကို လုပ်နိုင်သလောက် ပညာသားပါပါ၊ ညီညီညွတ်ညွတ်လုပ်ရင်း ဗိုလ်ချုပ်ပြောတဲ့ တိုင်းပြည်ထူထောင်ရေးမှာ ခြေစုံပစ်မ၀င်နိုင်သေးတောင် ခြေတလှမ်းချထားကြရင် မကောင်းဘူးလားဆိုတဲ့ ဗိုလ်ချုပ်မွေးနေအကြိုအတွေးကို ဝေငှလိုက်ရပါကြောင်း။

 

Discussion

One thought on “Bogyoke’s 94th birthday

  1. ကျနော် ညီတိုးငြိမ်းပါ။ လူကြီးမင်းရဲ့ အတွေးအမြင်နဲ့ တိုင်းပြည်ပေါ်ထားရှိတဲ့ စေတနာကို လေးစားစွာ အသိမှတ်ပြုရင်း ၀င်ရောက်ဖတ်ရှုသွားပါတယ်။ ကျနော်တို့လည်း ပြည်တွင်းမှာ တိုင်းပြည်အတွက် လုပ်နိုင်သလောက် လုပ်ရင်း စုစည်းညီညွတ်မှုရှိသော ရိုးဖြောင့်ရဲရင့်တဲ့ လူငယ်အင်အားစုကြီးမျိုး ပေါ်ပေါက်လာအောင် ကြိုးစားနေပါတယ်။ အားလုံးကိုလည်း တိုင်းပြည်အတွက် ပူးပေါင်းပါဝင်လာနိုင်အောင် လှုံ့ဆော် စည်းရုံးနေပါတယ်

    Posted by nyitoenyein | 06/08/2009, 12:24

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: