//
you're reading...
Burmese

Literary movement in Burmese blogosphere

ဘလော့စာပေလှုပ်ရှားမှု

 

ဗမာတွေကြားက ဘလော့စာပေ လှုပ်ရှားမှုကို ကြည့်ရတာ အားရစရာကြီးပါ။ ကိုယ်တိုင် တခါတလေ အားတဲ့အခါ စာလေးရေးလိုက်၊ သူများတွေရေးတာ လက်လှမ်းမီသလောက် လိုက်ဖတ်လိုက်နဲ့  ပျော်စရာကြီးပါ။ ကိုယ့်စာအခိုးခံရသူတွေအတွက်တော့ စိတ်ညစ်စရာလဲ ပါမှာပေါ့။

 

ဘလော့စာပေယဉ်ကျေးမှုထဲမှာ ဒီလိုပျော်ပျော်ကြီးကူးနေတုန်း ဘလော့ဂါတွေကို စုစည်းပံ့ပိုး ဦးဆောင်နိုင်တဲ့ အဖွဲ့တဖွဲ့  လိုနေမလားလို  စဉ်စားမိပါတယ်။ ဘလော့ဂါ society ရယ်လို  ထောင်ထားတာကြားဖူးပါတယ်။ အဖွဲဝင်တချို  ပြသနာဖြစ်ကြတာလဲ နားစွန်နားဖျား ကြားမိပါတယ်။ အခု ဘာတွေလုပ်နေသလဲဆိုတာတော့ မလေ့လာမိပါဘူး။ အဲဒီအဖွဲ့ရဲ့    ဘလော့ဂါတွေအကြား သြဇာလွှမ်းမိုးမှုကိုလဲ မစုံစမ်းကြည့်မိပါဘူး။

historyofnewspapers61

 

ဘလော့ယဉ်ကျေးမှုက ပြီးခဲ့တဲ့ စက်တင်ဘာနောက်ပိုင်းမှာ ပိုပြီးကျယ်ပြန်လာတယ် ထင်ပါတယ်။ စိန်ခလုတ်တိုလို ရဲရင့်တဲ့ ဘလော့ဂါတွေကြောင့် ပြည်တွင်းမှာဖြစ်တာတွေကို အပြင်ကလူတွေ ချက်ချင်းသိလာရတယ်။ ဘလော့ဂါတွေရဲ  အခန်းကဏ္ဍကိုလဲ လူတွေအာရုံ ပိုစိုက်လိုက်ရတယ်။

 

ဗမာတွေအတွက် ဘလော့တွေဟာ လိုအပ်တဲ့ စိတ်အဟာရတွေ ပေးတဲ့နေရာ၊ အိမ်လွမ်းတဲ့စိတ် မိသားစုတွေကို လွမ်းတဲ့စိတ်ဆိုတဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးရာ၊ တတ်သိခံစားမိသမျှ ဖလှယ်ရာနေရာ၊ တိုင်းပြည်ကိုချစ်တဲ့ တိုင်းပြည်ကိုကောင်းစားစေချင်တဲ့ စိတ်ရှိသူတွေအကြား ဆက်စပ်မှု၊ တယောက်နဲ့တယောက် နားလည်မှုတည်ဆောက်ရာ နေရာတွေပါပဲ။ ပိတ်ပင် တင်းကျပ်မှုတွေကြားမှာ ကြီးခဲ့ရသူတွေအတွက် ဘလော့တွေဟာ ပျော်ပျော်ကြီး ခိုလှူံ နားနေရာတွေလို ထင်မိပါတယ်။

 

ဒါနဲ့ဆက်စပ်ပြီး ကိုလိုနီခေတ်က စာပေလှုပ်ရှားမှုကို သတိရမိတယ်။ တတိယကျောင်းသား သပိတ်အပြီး တက္ကသိုလ်ကျောင်းသားတွေရဲ့ နိုင်ငံရေးရေချိန် အမြင့်ဆုံးအချိန်။ ကျောင်းသားဘ၀ကနေ အချိန်ပြည့်နိုင်ငံရေးသမားဘ၀ကို ကူးပြောင်းကြချိန်။ အဲဒီတ၀ိုက် ၁၉၃၇မှာ တည်ထောင်ခဲ့တဲ့ နဂါးနီစာအုပ်အသင်း။ ၁၉၃၈မှာဖြစ်လာမယ့် ၁၃၀၀ပြည့် အရေးတော်ပုံအကြို ရဲရဲတောက်စာအုပ်တွေ ထုတ်ဝေခဲ့တဲ့ စာအုပ်အသင်းလို။

 

အဲဒီမတိုင်ခင်က ဒဂုန်နဲ့ စတဲ့ စာရေးဆရာအများအပြားကို မွေးထုတ်ပေးခဲ့တဲ့ ဒဂုန်မဂ္ဂဇင်း၊ ဒဂုန်မတိုင်ခင်က ဦးဘချိုကို ဒီးဒုတ်ဦးဘချိုဖြစ်လာစေခဲ့တဲ့ ဒီးဒုတ်။ ဂျပန်ခေတ်အပြီးမှာတော့ ကြည်အေးတိုဒေါင်းနွယ်ဆွေတိုကို စင်တင်ပေးခဲ့တဲ့၊ တိုက်စိုးက စာပေသစ်ကို ဦးဆောင်သူလိုခေါ်ရတဲ့ တာရာမဂ္ဂဇင်းတိုလို။

 

လွတ်လပ်ရေး ဒီဘက်မှာတော့ မန္တလေးက ပြတ်သားတဲ့ မျက်နှာဖုံးတွေ၊ အရေးအသားတွေဲ့ ထင်ရှားတဲ့ လူထုလို

 

ဘလော့စာပေလှုပ်ရှားမှုကို ဦးဆောင်ပေးမယ့် အဖွဲတဖွဲ့ မရှိသေးရင် လိုများလိုနေသလားလိုစဉ်းစားမိပါကြောင်း။

Discussion

5 thoughts on “Literary movement in Burmese blogosphere

  1. ညီမရေ-လုပ်တော့လုပ်ကြတာပဲလေ။ တို့အမြင်ကတော့..အားလုံးကို ဆွဲစုစည်းလို့တော့..မဖြစ်နိုင်ဘူး။ ကိုယ့်စီးကြောင်းနဲ့ ကိုယ် ပျံနေကြတယ်လေ။
    လွတ်လပ်သော ဈေးကွက် တခု လိုပေါ့။ မျှောထားလိုက်.. သူ့အလိုလို တူရာလေးတွေ စုစည်းသွားကြလိမ့်မယ်။ ခုလဲ.. အားလုံး တမိုးထဲ အောက်မဟုတ်တောင်.. ရှိတော့ ရှိနေကြမှာပါ။

    ချစ်ခင်တဲ့- မကေ

    Posted by ကေ | 28/02/2009, 08:39
  2. ကျေးဇူးပါမကေ။ ကျွန်မရဲ့ ဆန္ဒကတော့ ချောင်းလေးတွေကနေ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းမယ့် မြစ်ကြီးတခုဖြစ်စေချင်တာပါပဲ။ အဲဒီအခါကျတော့ ဦးတည်ရာတခုကို တဟုန်ထိုး သွားနိုင်မယ်။ အရှိန်ပြင်းတာနဲ့ အမျှ စီးဆင်းရာတလျောက် landscape ကိုပါပြောင်းသွားစေနိုင်တာမဟုတ်လား။
    ဒါပေမယ့် ချောင်းကိုပစ်၍မြစ်ကိုရှာ ရေသာများ၍ငါးမတွေ့ ဆိုသလိုမျိုးလဲ ဖြစ်နိုင်တာပဲမဟုတ်လား။ မကေပြောသလို လောလောဆယ် တူရာစုနေကြတာက ကောင်းပါလိမ့်မယ်။

    Posted by zizawa | 01/03/2009, 13:26
  3. ဘလော့ဂါတွေကို စုစည်းပံ့ပိုး ဦးဆောင်နိုင်တဲ့ အဖွဲ့တဖွဲ့ လိုနေပြီရယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အဲလိုမျိုးအဖွဲ့တစ်ဖွဲ့ရှိမယ်ဆိုရင်လည်း ကောင်းတာပါပဲ။ စီးဆင်းရာတစ်လျှောက် Landscape တွေကိုပြောင်းလဲသွားဖို့အတွက်တော့ တိုက်စားနိုင်တဲ့စွမ်းအားရရှိဖို့… အင်းအားကောင်းကောင်း၊ အရှိန်ကောင်းကောင်း ရဖို့ရာ ကာလတစ်ခုလိုအပ်နေသေးတယ် ထင်မိတယ်။

    Posted by တေဇာ | 13/07/2009, 13:12
  4. မြန်မာ့အလင်းဦးကိုကိုကြီး (ဆောင်းဒါးကျောင်းအုပ်ကြီး)တူမက ကျနော့ ဆယ်တန်းအတန်းပိုင်။ ဦးကိုကိုလတ်အကြောင်း ဂျာနယ်ကျော်မမလေးရေးတဲ့ မန္တလေးရုက္ခစိုးဆောင်းပါးတွေရှိတယ်။ သူစုဆောင်းသမျှ ၈၄မီးမှာ ကုန်တယ်။ သူတို့က တရုတ်တန်းကြီးက မန္တလာဘုမ္မိပုံနှိပ်စက်က သားတွေ။

    Posted by Bo Bo | 13/07/2010, 13:25
  5. မရေ
    ဗမာတွေအတွက် ဘလော့တွေဟာ လိုအပ်တဲ့ စိတ်အဟာရတွေ ပေးတဲ့နေရာ၊ အိမ်လွမ်းတဲ့စိတ် မိသားစုတွေကို လွမ်းတဲ့စိတ်ဆိုတဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးရာ၊ တတ်သိခံစားမိသမျှ ဖလှယ်ရာနေရာ၊ တိုင်းပြည်ကိုချစ်တဲ့ တိုင်းပြည်ကိုကောင်းစားစေချင်တဲ့ စိတ်ရှိသူတွေအကြား ဆက်စပ်မှု၊ တယောက်နဲ့တယောက် နားလည်မှုတည်ဆောက်ရာ နေရာတွေပါပဲ။ ပိတ်ပင် တင်းကျပ်မှုတွေကြားမှာ ကြီးခဲ့ရသူတွေအတွက် ဘလော့တွေဟာ ပျော်ပျော်ကြီး ခိုလှူံ နားနေရာတွေလို့ ထင်မိပါတယ်။

    ဒီအချက်လေးသိပ်သဘောကျပါတယ်
    အမဟာ တကယ့်အချက်ကို လိုတိုရှင်း မီးမောင်းထိုးပြလိုက်သလိုပဲ

    ရေးသူတွေအတွက်ကတော့ ရည်ရွယ်ချက် ဦးတည်မှုအမျိုးမျိုး ကိုယ်စီကိုယ်စီ ကွဲပြားပေမဲ့
    ဘုံအချက်အားဖြင့်တော့ အဲသည်အချက်ဟာ တူညီနေကြတယ်။

    Posted by KNSL | 15/07/2010, 03:19

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: