//
you're reading...
Burma

Angels

ကာတွန်းတွေက ပြောတဲ့ဗမာ့သမိုင်း

 နားနဲ့မနာ ဖ၀ါးနဲ့နာလိုအစဉ်အလာအရ ကြိုပြောပါရစေ။    

ပြည့်တန်ဆာတွေကို ၁၉၄၀အလွန်နှစ်တွေမှာ နတ်သမီးရယ်လိုလဲ ခေါ်နေပါပြီ။ ပြည့်တန်ဆာ’ ဆိုတဲ့ အခေါ်အဝေါ်လောက်တော့ မခန်ညားဘူးပေါ့။ ဒါပေမယ့် ဖာ၊ ပခြုပ်သည်၊ ဇိမ်မယ်ဆိုတဲ့ အသုံးအနှုန်းတွေထက်တော့ နားထောင်ရ အဆင် ပြေတာပေါ့။ 

 

နတ်သမီးဆိုတဲ့ အသုံးအနှုန်း တွင်ကျယ်လာပုံက စစ်ပြီးစ ဗမာပြည်မှာ အရင်းရှင်စနစ်ရှင်သန်ပြီး ကုန်ပစ္စည်းကြော်ငြာတွေ လှိုင်လှိုင်ကြီးပေါ်လာ၊ လူထု ကြားမှာလဲ ရေပန်းစားလာတာကို မီးမောင်းထိုး ပြသလိုပါပဲ။ ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည် ဆိုတဲ့ သိန်းဖေမြင့်က သူမိတ်ဆွေ မုတ္တမကုမ္ပဏီက ဗိုလ်လက်ျာကို ရေးပေးတဲ့ ငါးကြော်ငြာမျိုးကအစ ဖရီးပူးဝါးလိုခေါ်တဲ့ ပိသန္ဓေ တားဆေးမျိုးအဆုံး သတင်းစာတွေမှာ မဂ္ဂဇင်းတွေမှာ ကြော်ငြာတွေ တပုံကြီး ပါတဲ့ ခေတ်ပေါ့။

 

အဲဒီလို ကြော်ငြာခေတ်မှာ နတ်သမီးဆိုတဲ့ သစ်သားမီးခြစ်ပေါ်လာပါတယ်။ ယမ်းသားက ကောင်းလိုမီးခြစ်ဆံခြစ်လိုက်ရင် ရှဲကနဲပဲဆိုတဲ့ အကြောင်း အရာကိုအခြေခံပြီး ပြည့်တန်ဆာတွေက ရာဂမီးကို အားပေးတယ်ဆိုတဲ့ သဘောနဲ့ နတ်သမီးမီးခြစ်ပေါ်ပြီး မကြာခင်မှာ သူတိုလဲ နာမည်အသစ် ရသွားပါတယ်။

 

၁၉၅၁ခုနှစ် ဒီဇင်ဘာလ ၁၁ရက်န့ထုတ် ဟံသာဝတီမှာ ဘဂျမ်းရေးခဲ့တဲ့ ကာတွန်းကိုကြည့်ရင် နတ်သမီးဆိုတဲ့ အသုံးဟာ ဘယ်လောက် ရေပန်းစားခဲ့သလဲဆိုတာ မှန်းနိုင်ပါတယ်။

 

natthameeh111251

Discussion

5 thoughts on “Angels

  1. ဇီဇ၀ါ့ ဆီမှာ ရှေးမှတ်တမ်း ရှားရှားပါးပါးလေးတွေ ရှိပုံပဲ။ နှုတ်နဲ့ လက်ဆင့်ကမ်းခဲ့တဲ့.. ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ်လေးတွေ..စိတ်ဝင်စားတယ်..ညီမရေ-း)

    Posted by K | 05/03/2009, 07:48
  2. ဗဟုသုတရတယ် ညီမရေ။ အခုလို အထောက်အထားလေးနဲ့ ရေးပြ ပြောပြတော့ ဒီလိုရှိခဲ့၊ ဆိုခဲ့ကြပါလားလို့ သိရတာပေါ့။
    အမကတော့ ခပ်တုံးတုံးမို့ အဲဒီပချုပ်သည်ဆိုတာကို စိုင်းထီးဆိုင် သီချင်းထဲမှာ စ ကြားဖူးခဲ့တာ။ ပချုပ်ဆိုင် ပြူတင်းက ခန်းဆီးစ မ လို့ကြည့်လိုက်ရင် ဘာညာ နားထောင်ဖူးတာကိုး။ ဒါနဲ့ ထိုင်နေရင်း အသားလွတ် အဖေ့ကို “အဖေ ပချုပ်ဆိုင် ဆိုတာ ဘာလဲ” လို့ ကောက်ကာငင်ခါ ထ မေးလို့ အဖေ အတော် လန့်သွားဖူးတယ်။🙂 အဖေက သမီး ဘယ်က ကြားလာလို့လဲ ဆိုပြီး စူးစမ်းနေသေးတယ်..:D ရုတ်တရက်ဆိုတော့ အဖေလဲ လန့်ရှာမှာပေါ့…

    Posted by မိုးချိုသင်း | 08/03/2009, 23:51
  3. မှတ်သားသွားပါတယ်ခင်ဗျာ

    Posted by ဖိုးကျော် | 13/03/2009, 15:43
  4. နတ်သမီး ကြော်ငြာမှာ ရာသီသုံးပါးခံသည် လို့ ရေးထားလို့ သူတို့ကိုလဲ နတ်သမီး လို့ ခေါ်ဖြစ်သွားတယ် လို့ မှတ်သားဖူးပါတယ်။

    Posted by aungaung | 06/11/2010, 21:06
    • ဟုတ်တယ် ကိုအောင်အောင်။ လူကြီးတချို့ လည်း အဲ့သလို ပြောဖူးတယ်။

      Posted by zizawa | 07/11/2010, 09:20

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: