//
you're reading...
Burma

International Women’s Day

ပထမဆုံးဗမာ့အမျိုးသမီးတပ်က အမျိုးသမီးစစ်သားတွေကို ဒီဆောင်းပါးနဲ ဂုဏ်ပြုပါတယ်။

 

ဒီနေဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေဖြစ်ပါတယ်။ မတ်လ၈ရက် ရောက်တိုင်း နိုင်ငံ တကာမှာ ဒီနေကိုကျင်းပရင်း အမျိုးသမီးတွေရဲ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာသလား။ ဆုတ်ယုတ်သွားသလား။ အမျိုး သမီးတွေရဲ အခြေခံအခွင့်အရေးတွေကိုရော အစိုးရနဲ အဖွဲအစည်းတွေက ကာ ကွယ်ရဲလား။ မြှင့်တင်ရဲလားဆိုတာ ဆွေးနွေး လေ့ရှိပါတယ်။

 

 

ကျွန်မတို နိုင်ငံမှာလဲ ဒီလိုမျိုးဆွေးနွေးပွဲတွေကျင်းပရင်း ဗမာအမျိုးသမီးတွေ ဘာလဲ။ ဘယ်လဲ ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ရင် အင်မတန်အကျိုးရှိမှာပါ။ ကျွန်မလေ့လာရ သလောက် ဗမာအမျိုးသမီးတွေရဲ အခြေအနေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၆၅နှစ်လောက်ကစပြီး အခုထိ သိသိသာသာမပြောင်းသေးပါဘူး။

 

အစိုးရရော မီဒီယာရော သာမန်ယောက်ျားတွေပါ သူတိုရဲ အတွေးအခေါ်မှာ မိန်းမ တွေကို အထင် အမြင်သေးတဲ့ စိတ်တွေရှိပါတယ်။ ၆၅နှစ်စာ ဗမာသတင်းစာတွေ မဂ္ဂဇင်းတွေ ဖတ်ပြီးဒီစကားကို ပြောတာပါ။ အခုလည်း ရှိနေဆဲပါပဲ။ ၀မ်းနည်း စရာကောင်းတာက ဗမာအမျိုးသမီး၊ အထူးသဖြင့် ခေတ်ပညာတတ်တွေက ဒါတွေကို သိလျက်နဲ ခံနေကြ၊ ခံနေရတာပါ။

 

ဥပမာတခုပေးရရင် နိုင်ငံရေးလုပ်တဲ့ မိန်းမတွေကို ကြက်မတွန်လို မိုးမလင်း၊ မိန်းမ ဖျက်ရင် ပြည်ဖျက်။ မိန်းမတန်မဲ့ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ စကားလုံးတွေနဲ ကန်ကွက်တဲ့ အရေးအသားတွေကို ဗမာ့ခေတ်တို မြန်မာ့အလင်းတိုမှာ အများကြီး တွေရပါတယ်။ သဘာဝက ပေးတဲ့ တာဝန်ဖြစ်တဲ့ အိမ်ထောင်သားမွေး အလုပ်ကိုသာ လုပ်ကြဖို တိုက်တွန်းတာတွေကိုလဲ ထွန်းနေစဉ်တို ရန်ကုန်နေစဉ် တိုမှာ တွေနိုင် ပါတယ်။

 

မ‘နိုင်’နိုင်တဲ့ စစ်ကို မတိုက်ဘဲနေရင် ပညာရှိလို ပြောကြပါတယ်။ မိန်းမတွေ ဒီလို ခံနေတာဟာ အဲဒါကို သိလိုဆိုတဲ့ အကြောင်းအချက်အပြင် တိုက်လိုရမယ့် အခြေအနေကို စောင့်နေတာလဲ ပါပါလိမ့်မယ်။ အဲဒီလို တွက်ကြည့်ရင်တော့ မျှော်လင့်စရာ ရှိတာပေါ့။

 

လွတ်လပ်ရေးတိုက်ပွဲမှာ ယောက်ျားတွေနဲအတူ ရှေ့တန်းကပါခဲ့တဲ့ အမျိုးသမီးတွေ အကြောင်းကိုလဲ နောင်လာနောက်သားတွေ မေ့သလောက်ရှိနေပါပြီ။ သူတိုအကြောင်းကို အခုအနည်းငယ် ပြန်ဝေငှရင်း ဗမာပြည်လွတ်လပ်ရေးအတွက် သူတိုပေးဆပ်ခဲ့ရတာတွေကို ကျေးဇူးတင်ကြောင်း ဒီကနေပြောပါရစေ။

 

ဗမာနိုင်ငံရဲ ပထမဆုံး အမျိုးသမီးတပ်ကို ၁၉၄၅ခုနှစ် ဖေဖော်ဝါရီလ၇ရက်နေမှာ ဖွဲပါတယ်။ ၁၉၄၄ခုနှစ် ဒီဇင်ဘာလောက်မှာ သတင်းစာတွေမှာ ကြော်ငြာခေါ်တော့ လာလျှောက်သူ အမျိုးသမီးက ၁၀၀ကျော်တယ်။ အဲဒီခေတ်က ဗလငါးတန်ဖွံဖြိုးရေး အကြောင်းပြပြီး ဂျပန်တော်လှန်ရေးအတွက် လျိုဝှက် လှုပ်ရှားနေတဲ့ အာရှလူငယ်အစည်းအရုံးက အစည်းအရုံး ၀င်တွေ များပါတယ်။ နောက်ပြီး ရန်ကုန်နဲစာရင် နယ်ကအမျိုးသမီးတွေ ပိုများပါတယ်။

 

ရောက်လာတဲ့ အမျိုးသမီးတွေအတွက် နေစရာတန်းလျား၊ ၀တ်စရာ ယူနီဖောင်းတွေ စီစဉ်ပေးဖို ဘာမှအဆင်သင့် မဖြစ်ခဲ့ပါဘူး။

 

အဲဒီ၁၀၀ကျော်ထဲကမှ ၇ယောက်ကိုပဲ အခုအင်းလျားလှေလှော်ရွက်တိုက်အသင်း ဖွင့်ထားတဲ့နေရာမှာ အိမ်ကြီးတလုံးနဲထားပြီး စစ်ရုံးမှာ ဘာသာပြန်အလုပ်တွေ၊ တခြားအလုပ်တွေ လုပ်ခိုင်းရင်းနဲ နိုင်ငံရေးသင်တန်း၊ သေနတ်ပစ်သင်တန်းတွေ ပေးပါတယ်။

 

အဲဒီ ၇ယောက်ထဲမှာ ဗိုလ်အဆင့်ရသူက ဒေါ်စောမြ၊ ဒုဗိုလ် ဒေါ်ခင်ကြည်ကြည်နဲ တပ်သားအဆင့်ရသူတွေက ဒေါ်လှခင်၊ ဒေါ်ခင်ကြည်၊ ဒေါ်ထားထား၊ ဒေါ်ခင်အုန်းရင်နဲ့ ဒေါ်နှင်းဆီတိုဖြစ်ပါတယ်။ ဒေါ်ထားထားက အရာခံဗိုလ်ဖြစ်လာပြီး ကျန်သူများ ရာထူးအဆင့်အတန်းပေးအပ်ခံရခြင်းမရှိလိုဒေါ်ထားထားရဲမှတ်တမ်းများအရ သိရပါတယ်။ မတ်လ၂၇ရက်နေ တပ်တွေ မထွက်ခင် ဒီ၇ယောက်ကို စစ်တိုင်း ၃တိုင်းကို ပိုထားပါတယ်။ နောက်မှ နယ်မှာစည်းရုံးရေးဆင်းနေတဲ့ ဒေါ်ကြည်ညွန်ခေါ် ဒေါ်မြင့်သိန်းနဲ ဒေါ်ခင်ရီတိုက စစ်တိုင်းတွေကို လိုက်သွားလို ၉ယောက်ဖြစ်သွားပါတယ်။

 

ဒီတော့ ဗမာ့အမျိုးသမီးတပ်မတော်ကို ၇ယောက်နဲ စတယ်ပြောလဲ မှန်ပါတယ်။ ၉ယောက်ဆိုရင်လဲ မမှားပါဘူး။ ဒီ၉ယောက်ထဲမှာ ဒေါ်ခင်ကြည်ကြည်ရယ်၊ ဒေါ် ထားထားရယ်က ညီအမ၊ ဒေါ်လှခင်နဲ ဒေါ်ခင်အုန်းရင်က ညီအမ၊ ပေါင်း ညီအမနှစ်စုံပါပါတယ်။ အခုအသက်ရှင်လျက်ရှိနေတာကလဲ ဒီညီအမ လေးယောက်ပါပဲ။ လေးယောက်စလုံး ဖျာပုံကပါ။

 

ကြက်ကျွန်းက အိမ်ကြီးမှာနေရင်း ဒီအမျိုးသမီးတွေက မနက်ဆို စက်ဘီးကိုယ်စီနဲ ရုံးတက်ပါတယ်။ အားတဲ့အချိန်မှာ တော်လှန်ရေးစာပေတွေ ဖတ်ကြ၊ ဆွေးနွေးကြပါတယ်။ ပြီးတော့ တောထဲရာက်ရင် ဒူပေဒါပေခံနိုင်အောင် ကန်စွန်းရွက်ချည်းပဲ စားကြည့်တာတို့ ဘာတို လုပ်ကြပါသတဲ့။ အတော်အတန် ချမ်းသာတဲ့ ခေတ်ပညာတတ် အသိုင်းအ၀န်းကလာသူတွေမို တပ်ထွက်တဲ့အခါ ခံနိုင်ရည်ရှိအောင် ကိုယ့်ကိုကိုယ် ပြင်ဆင်ကြတာပါ။

 

မတ်လ၂၇ရက်နေ တော်လှန်ရေးနေနားနီးလာတော့ သူတိုကို တပ်ထွက်ဖို ဗမာ့အမျိုးသမီးတပ်ကို ကိုင်တဲ့ ဒုသေနာပတိ ဗိုလ်လက်ျာကခေါ်ပြောပါတယ်။ တပ်ထွက်ရမယ်ပဲပြောတယ်။ ဘယ်သွားရမလဲ ဆိုတာ မသိကြပါဘူး။ လျိုဝှက်တဲ့ ကိစ္စမို တပ်ထွက်မယ်ဆိုတာ အိမ်ကိုလဲ မပြောနိုင်ကြပါဘူး။

 

ရန်ကုန်က အရင်သံပုံချိုင့်၊ အခုတော်လှန်ရေးပန်းခြံနေရာမှာ ဗိုလ်ချုပ်က အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြဆိုတဲ့ သမိုင်းဝင်မိန်ခွန်းပြောပြီး တမြိုလုံး အုံးအုံးထပြီး နှုတ်ဆက်ကြ၊ အောင်သပြေကမ်းကြတဲ့ တပ်ထွက်အခမ်းအနားမှာ ဒီအမျိုးသမီးတွေ မပါပါဘူး။

 

တပ်တွေရောက်လာရင် ဒေသခံတွေက ရန်မမူအောင်၊ အစားအသောက် ပေးချင်အောင်၊ အထူးသဖြင့် ဂျပန်တွေကို သတင်းမပေးအောင် စည်းရုံးဖို့ သူတိုက စစ်တိုင်းမှုးတွေနဲ ကြိုပြီး ထွက်သွားပါပြီ။ ဒေါ်ခင်ရီနဲ ဒေါ်ခင်အုံးရင်က ဗိုလ် ကျော်ဇောတိုင်း တိုင်း၎၊ ဒေါ်ခင်ကြည်ကြည်နဲ ကျန်တဲ့လူတွေက ဗိုလ်မှုးအောင်ရဲ သရက် ခရိုင် တိုင်းနဲ့ ဒေါ်ခင်ကြည်က ဗိုလ်ရဲထ်ွရဲတိုင်း၆ ကို သွားရပါတယ်။

 

အမျိုးသမီးတွေ အဓိကလုပ်ရတာကတော့ စည်းရုံးရေးပါ။ ဒေါ်ခင်ကြည်ကြည်တိုဆို သရက်ခရိုင်မှာ ရွာပေါင်း၄၄ရွာကို တရွာဝင်တရွာထွက်သွား။ ဗမာ့တပ်မတော်က ဘာဖြစ်လို ဂျပန်ကိုတိုက် နေကြလဲ ဆိုတာရှင်းပြ။ ရိက္ခာတွေရှာပေး။ ညဆိုရင် တော်လှန်ရေးစာတွေကို အင်္ဂလိပ်ကနေ ဗမာလိုပြန်ပေး၊ ကြေးနန်းတွေကို ဘာသာပြန် စတာတွေ လုပ်ရပါတယ်။

 

ပဲခူးဘက်က တိုင်း၎မှာတော့ ဒေါ်ခင်အုန်းရင်တိုက နောက်ဗိုလ်မှုးဖြစ်လာတဲ့ ဗိုလ်မှုးဘရှင်နဲ စည်းရုံးရေးဆင်းရပါတယ်။ ဗမာစစ်တပ်တွေ ရွာတွေကို မရောက်ခင် ကြိုပြီးသွား၊ စည်းရုံးရေးတွေလုပ်ရပါတယ်။ ၁၉နှစ်၊ ၂၀၊ ၂၀ကျော် ခေတ်ပညာတတ် အမျိုးသမီးလေးတွေ ပစ္စတိုဆောင်ပြီး ယောက်ျားတွေနဲ ရင်ပေါင်တန်းလုပ်နိုင်တဲ့ အစွမ်းကို တောသူတောင်သားတွေက အင်မတန် အဲ့သြကြပါသတဲ့။  တချိုမိန်းမငယ်လေးတွေဆို တပ်ထဲဝင်ချင်တဲ့အထိ ဖြစ်ပါ သတဲ့။

 

တိုင်းတွေထဲမှာ တိုင်းက တော်လှန်ရေးကာလနောက်ပိုင်းမှာ နည်းနည်းအန္တရာယ် ပိုများတယ်လို ဒေါ်ခင်အုန်းရင်ကပြောပါတယ်။ မဟာမိတ်တွေနဲ ဗမာ့တပ်မတော်က အပေါ်ကနေဖိပြီးတိုက်တော့ ဂျပန်တပ်တွေက စစ်တောင်းမြစ်တလျောက်ကနေ ယိုးဒယားဘက် ဖောက်ထွက်ဖို လုပ်ရတော့ ကြားထဲက ပဲခူးခရိုင်ကို ဖြတ်ရ ပါတယ်။  ဒါ့ကြောင့် ပဲခူးခရိုင်က နောက်ပိုင်း အခုအခေါ် ပွဲကြမ်းပါတယ်။

 

တခါရွာထဲမှာ နားနေတုန်း ဂျပန်တွေရောက်လာလို အိမ်ပေါ်ကနေ ဘေးက စပါးကျီထဲခုန်ချပြီး ထွက်ပြေးရပါသတဲ့။ တခါလဲ တောင်ပေါ်မှာ ရောက်နေတုန်း အောက်က ဂျပန်တပ်တွေ ၀ိုင်းထားလို တပ်ကလာပြီး ကယ်ရသေးတယ်လို အဘွားဒေါ်ခင်အုန်းရင်က ပြန်ပြောပြပါတယ်။

 

ဂျပန်တွေနဲ တိုက်ပွဲပြီးရင် ရွှေတွေ၊ ကျောက်တွေ ကလော်ထုတ်ထားတဲ့ လက်ဝတ် ရတနာ တွေကိုလဲ ရတတ်ပါတယ်။ အဲဒါတွေကို ရဲဘော်တွေက ညညကျရင် ထုတ်ဝတ်ပြီး ကကြ၊ ခုန်ကြ လုပ်ကြတာကိုလဲ အဘွားကပြန်အမှတ်ရပါတယ်။ သူတိုတွေ အဲဒါတွေကို ပဲခူးနားက တောင်ကုန်းတခုပေါ်မှာ မြှပ်ထားခဲ့တယ်လို ပြောပါတယ်။ နောက်ပိုင်း အဲဒီ အကြောင်းဘာမှ မကြားရဘူးတဲ့။

 

တော်လှန်ရေးပြီးခါနီးတော့ အမျိုးသမီးတွေ အကုန်လုံး တိုင်း၊ သရက်ခရိုင်မှာ ပြန်စုကြပါတယ်။ ဒေါ်ခင်ကြည်ကြည်ကလွဲပြီး အကုန်လုံး ဖျားကြလို ဒေါ်ခင်ကြည် ကြည်က ပြုစုရပါတယ်။ တော်လှန်ရေးပြီးတော့ တပ်တွေရန်ကုန်မပြန်ခင် သူတိုကို ပြန်ကြတော့ဆိုပြီး ပြောတဲ့အချိန်ကစလို သူတိုရဲ ရဲဘော်မအခေါ်ခံရတဲ့ ဘ၀နိဂုံးချုပ်သွားပါတယ်။

 

စစ်ထွက်တုန်းကလဲ ခပ်ကုပ်ကုပ်၊ စစ်ကပြန်တော့လဲ ခပ်ကုပ်ကုပ်ပါပဲ။ တတိုင်းပြည်လုံးက ဗိုလ်ချုပ်အောင်ဆန်းနဲ ဗမာ့တပ်မတော်ကို အာရုံစိုက် နေကြချိန်မှာ နိုင်ငံ့လွတ်လပ်ရေးအတွက် ကျရာအခန်းကနေ စွန်စွန်စားစား ထမ်းဆောင်ခဲ့တဲ့ ဒီအမျိုးသမီး ၉ယောက်အကြောင်း တိုင်းပြည်က သတိတောင် မထားလိုက်မိပါဘူး။

 

သူတိုကလည်း ကျော်ကြားခြင်းကို အလျဉ်းအလိုမရှိပါဘူး။ တိုတိုင်းပြည်အတွက် တိုတတ်နိုင်တာ လုပ်ကြမယ်ဆိုပြီး စွန်စွန်စားစားလုပ်ကြမယ့် ခံယူချက်ပဲရှိပါတယ်။ တပ်က အထုတ်ခံ လိုက်ရပေမယ့် ၁၉၄၆ လုပ်သားပေါင်းစုံသပိတ်တွေမှာ၊ ၁၉၄ ကော်မြူနစ်ပါတီတောခိုတော့ တောထဲလိုက်ပြီး နိုင်ငံရေးလုပ်တာတွေ ရှိပါတယ်။ အဲဒီအကြောင်းတွေကိုတော့ နောက်အချိန်ရမှ ဆက်ရေးပါ့မယ်။

 

သမိုင်းကိုပြန်ပြောပြတဲ့ အဘွားဒေါ်ခင်ကြည်ကြည်၊ ဒေါ်ထားထား၊ ဒေါ်ခင်ကြည်၊ ဒေါ်လှခင်နဲဒေါ်ခင်အုန်းရင်တိုကို ဒီနေရာကနေ ဂါရ၀ပြုပါတယ်။ ၂၀၀၈ဒီဇင်ဘာကမှ ဆုံးသွားတဲ့ အဘွားဒေါ်ခင်ကြည် ကောင်းရာသုဂတိလားပါစေ။ အဘွားတိုကို မျိုးဆက်သစ်တွေက မေ့မှာမဟုတ်ပါဘူး။

 

women_fighters_ylmembers_at_annual_gathering

 

နှစ်တိုင်းတော်လှန်ရေးနေ ရောက်ရင် လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါခဲ့ကြတဲ့ အမျိုးသမီးတွေ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာစုပြီး ဗိုလ်ချုပ်ကို ဂါရ၀ပြုကြပါတယ်။

(ဓာတ်ပုံကို အဘွားဒေါ်ခင်ကြည်ကြည့်ဆီက ရပါတယ်။)

 

phwa_hla_khin

 

 

တပ်မှာနေတုန်းက ၀တ်ခဲ့တဲ့ ဘောင်းဘီနဲ အဘွားဒေါ်လှခင်

 

ဒေါ်ခင်ကြည်ကြည်က နောက်တော့ သိန်းဖေမြင့်နဲ လက်ထပ်ပါတယ်။ ဒေါ်ခင် ကြည်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထ်ွနဲ လက်ထပ်ပါတယ်။

Discussion

10 thoughts on “International Women’s Day

  1. တန်ဖိုးရှိလိုက်တဲ့ စာလေးပါလား ညီမရေ။
    ကျရာတာဝန်ကို ကျေကျေပွန်ပွန် တထောင့်တနေရာက ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသမီးစစ်သည်တော်တွေကို ဒီနေရာကနေ ကျေးဇူးတင် ဂုဏ်ပြုမိပါတယ်။
    တပ်ထဲမှာ ၀တ်ခဲ့တဲ့ ဘောင်းဘီလေးကို ခုထိ တရိုတသေ သိမ်းထားတာကို ကြည့်ပြီး သူတို့ ဘယ်လောက် အလေးအနက် တန်ဖိုးထားခဲ့သလဲ ဆိုတာ သိသာပါတယ်။ အဖွားမျက်နှာလေးကလဲ ကြည်စင်နေတာပဲ။
    တောထဲလိုက် နိုင်ငံရေးလုပ်တဲ့အကြောင်းလေးလဲ အချိန်ရရင် ဆက်ပါအုံးနော်

    Posted by မိုးချိုသင်း | 08/03/2009, 23:44
  2. မဇီဇ၀ါရေ.. ဒီစာအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျနော် တခုလောက် ပြင်ပေးပါရစေ၊ ဆရာလုပ်တာမဟုတ်ပါနော်။ ဂျပန်တော်လှန်ရေးတုန်းက ဒေါ်ခင်ကြည်က ဗိုလ်ရဲထွဋ်ရဲ့ တိုင်း ၆ မှာ တာဝန်ကျပါတယ်။ အဲဒီတုန်းက တွေ့ခဲ့ကြလို့ လက်ထပ်ဖြစ်ကျတာတော့ မဟုတ်ပါဘူး။ ဗိုလ်ရဲထွဋ်နဲ့ ဒေါ်ခင်ကြည်ဟာ ကျနော့် အဖိုးနဲ့ အဖွားပါပဲ။ အဲဒီတုန်းက တော်လှန်ရေးမှာ ပါဝင်ခဲ့လို့ ဗမာ့တပ်မတော် သေနာပတိအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းက အဖွားကို ပေးတဲ့ ဂုဏ်ပြုလက်မှတ်၊ အဖိုးက တိုင်းမှူးတယောက်အနေနဲ့ အဖွားကို ပေးတဲ့ ဂုဏ်ပြုလက်မှတ် ၂ ခုလုံး ကျနော့်ဆီမှာ မိတ္တူရှိနေပါသေးတယ်။ ဘယ်လိုဖြစ်ဖြစ် တကယ့်ကို တန်ဖိုးရှိတဲ့ ပိုစ့်ပါပဲ။ အဖွားအတွက် ဆုတောင်းအတွက်လည်း ကျနော် ဒီကနေပဲ ကျေးဇူးတင်ပါတယ်။ အဖိုး ၀မ်းသာအောင်လည်း ကျနော် ဒီပိုစ့်လေးအကြောင်း ပြောပြလိုက်ပါဦးမယ်။

    Posted by ရာဇာကျော် | 11/03/2009, 16:43
  3. ပြင်ပေးတာ ကျေးဇူးပါ ကိုရာဇာရေ။ ဒေါ်ခင်ရီနဲ့ ဒေါ်ခင်ကြည်မှားသွားပါတယ်။ ဘွားကြည်ကိုတော့ ပျဉ်းမနားက ဗိုလ်သောင်းကြည်တပ်ကို လွှတ်တယ်လို့  ဒေါ်ခင်ကြည်ကြည်က ပြောပါတယ်။ ပျဉ်းမနား၊ မိတ္ထီလာ၊ တောင်ငူနဲ့ တောင်ပိုင်းရှမ်းက တိုင်း၆အောက်မှာမို့ ဗိုလ်သောင်းကြည်တပ်က ဗိုလ်ရဲထွဋ်အောက်က တပ်ခွဲလို့ ယူဆလို့  ရမယ် ထင်ပါတယ်။

    Posted by zizawa | 11/03/2009, 16:57
  4. ဟေး ညီမလေး။ မင်း အရေးကောင်းပဲ။ ဆက်လုပ်။ သမိုင်းဆိုတာ လူတွေလိမ်လို့မရတဲ့အရာတစ်ခုပဲ။ လူကြီးသူမတွေ သက်ရှိထင်ရှားရှိနေတုန်း၊ နှောင်းလူတွေ အငြင်းပွားဖွယ်ဖြစ်မယ့် သမိုင်းမှာ မှတ်တမ်းတင်ထားစရာတွေ အများကြီးကျန်နေသေးတယ်။ ဒို့ဘိုးဘွားတွေဆီက မေးစရာ၊ မြန်းစရာ၊ သက်သေပြုစရာတွေ စုဖို့၊ ဆောင်းဖို့ အချိန်သိပ်မလိုတော့ဘူး။ လုပ်စရာရှိတာတွေ မြန်မြန်လုပ်ပါ။ စေတနာ့ဝန်ထမ်း သုတေသီလက်ထောက် လုပ်ပေးဖို့လိုရင်လည်း ပြောပါ။ ကျောင်းက ဘွဲ့ပေးမှ၊ အဖွဲ့အစည်းတစ်ခုခုက ထောက်ပံ့မှ သုတေသနလုပ်မယ့်လူတွေပဲ ဒို့နိုင်ငံမှာ အများသားရယ်။ စာကြည့်တိုက်စားပွဲမှာထိုင်၊ သူများရေးထားတဲ့စာတမ်းတွေထဲက စု၊ တု၊ ပြုပြီး ဒေါက်တာဘွဲ့ ပေးလား ပေးရဲ့။ တကယ့်ကွင်းဆင်းတဲ့ လူက အရှားသား။ ကိုယ့်ညီမကရော ဘယ်ထဲပါသတုန်း။ စကားမစပ် သမိုင်းသုတေသီဆိုတာ ဘက်မလိုက်ရဘူးနော်။ ရာထူး၊ အခွင့်အရေးလက်လွတ်မှာစိုးလို့ သူ့သမိုင်းငါရေး၊ ငါ့သမိုင်းသူရေးတဲ့ မင်းတိုင်ပင် ညာသမိုင်း သုတေသီမျိုးတော့ အမည်းစက်မထင်ပါစေနဲ့။
    တော်သေးပြီ။
    လူနိုင်

    Posted by လူနိုင် | 12/03/2009, 12:46
  5. လူနိုင်ဆိုတဲ့အတိုင်း တကယ်နိုင်ပါလား ။ မှတ်သားလိုက်ပါ၏ ကိုလူနိုင်…..

    Posted by zizawa | 12/03/2009, 13:04
  6. မြုပ်နေတဲ့ သမိုင်းတစ်ကွက်ကို ဖြည့်ပေးတဲ့ ဆောင်းပါးကောင်းတစ်ပုဒ်ပါ။

    လွန်စွာဝမ်းမြောက်လှပါတယ်။

    အဲဒီအကြောင်းကို လူကြီးတွေပြောတာပဲ နည်းနည်းပါးပါးနားထောင်ခဲ့ဖူးပါတယ်။ အခုမှပဲ ပုံတွေပါတွေ့လိုက်ရတာ ကြည်နူးမိပါတယ်။

    မြန်မာအမျိုးသမီးများအားလုံးကိုယ်စားဂုဏ်ယူပါတယ်။

    ကျေးဇူးတင်ပါတယ်။

    Posted by botchan | 12/03/2009, 23:39
  7. Ama,
    I wish you could continue posting on ‘Bo-gyi Ma Mas’ after independence (eg. Bohmu Daw Khin Hla Thi, sis-in-law of Cartoonist U Pe Thein).

    Thx.

    Posted by bobolansin | 16/03/2009, 01:30
  8. Cool site, love the info.

    Posted by Bill Bartmann | 03/09/2009, 21:22
  9. Ama,

    Nice ad touching article! Please write more about them.

    Posted by Su Su | 25/04/2010, 07:51
  10. ကောင်းလိုက်တဲ့ ဆောင်းပါးလေးဗျာ။ ဒီလိုမျိုးဆောင်းပါးလေးတွေ ထပ်ရေးပါအုံးနော်။

    Posted by အေးနှင်းညို | 25/04/2010, 08:47

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: