//
you're reading...
Economics
Is this the time to dump dollar and sterling?
“We have lent huge amounts of money to the United States. Of course we are concerned about the safety of our assets. To be honest, I am a little bit worried and I would like to… call on the United States to honour its word and remain a credible nation and ensure the safety of Chinese assets.”
-Wen Jiabao, the premier of PRC-
“I used to think if there was reincarnation, I’d come back as the President or the Pope. But now I want to come back as the bond market. You can intimidate everybody.”
– James Carville, a senior adviser to former US president Bill Clinton-
အိုဘားမားက အမေရိကန် စီးပွားရေး နလံပြန်ထို့ ဒေါ်လာထြီလီယံ ချီပြီးသုံးမယ်လို့ ပြောတယ်။ မကြာခင် သူဘတ်ဂျက်ကို ကွန်ဂရက်ကို တင်တဲ့အခါ ဒေါ်လာ ၁.၈ ထြီလီယံလောက်သုံိးု့ တင်ပြ လိမ့်မယ်လို့ မှန်းနေကြတယ်။ ဒီပိုက်ဆံဟာ၂၀၀၇ အမေရိကန် ဂျီဒီပီရဲ ယ်ရာခိုင်နှုန်းကျော် ရှိတယ်။
ဆိုတော့ အမေရိကန် အစိုးရဟာ ဒီလောက်များတဲ့ ပိုက်ဆံကို ဘယ်ကနေ ရမလဲဆိုတာ မေးစရာပဲ။ အရင်ကတော့ အမေရိကန်ဟာ သူလိုသလောက်ပိုက်ဆံကို တရုတ်ဆီက ချေးလိုရနေတယ်။ ဒါပေမဲ့ ခုတော့ အထက်မှာ တရုတ်ဝန်ကြီးချုပ် ပြောသလို အမေရိကန်ဟာ တရုတ်ဆီက ချေးလိုရ မရဆိုတာ ကံသေကံမ မပြောနိုင်တော့ဘူး။
ဟီလာရီကလင်တန် တရုတ်ကိုလာတော့ လူခွင့်အရေးကိစ္စတွေ ဘာတွေ ဘေးချိတ်ပြီး တရုတ်ဆီကနေ ငွေလာလှည့် တာပဲ။ တရုတ်ဘက်က တုံပြန်မှုကို တိတိကျကျမသိရပေမဲ့ ကလင်တန် ပြန်သွားပြီး သိပ်မကြာခင်ပဲ သူရဲ နိုင်ငံခြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်တဲ့ လူ့ အခွင့်အရေး နှစ်ပတ်လည်အစီရင်ခံစာမှာ တရုတ်ကို ခါတိုင်းနှစ်တွေလိုပဲ ဝေဖန် ထားပုံကို ထောက်ရင် တရုတ်ဘက်က ဘာမှ ယတိပြတ်မပြောဘဲ သောင်မတင် ရေမကျပြောထားခဲ့ပုံရတယ်။ ထားတော့။
အမေရိကန်အတွက် စိုးရိမ်စရာက တရုတ်ဆီက ချေးလို့ မရရင် သူလိုတဲ့ ပိုက်ဆံကို ဘယ်ကရမလဲ ဆိုတာပဲ။ အကယ်၍ ကလင်တန်ရဲအကြံပေးအရာရှိဟောင်းဆိုလိုသလို နိုင်ငံတနိုင်ငံဟာ သူလို ချင်တဲ့ ပိုက်ဆံကို ဈေးကွက်ထဲကနေ ချေးလိုမရဘူးဆိုရင် ခုကိစ္စမှာ အမေရိကန်အစိုးရကို ဘယ် သူကမှ ပိုက်ဆံမချေးရဲတော့ရင် ဒါမှမဟုတ် လက်ရှိဈေးကွက်မှာ ပေါက်နေတဲ့ အတိုးနှုန်းနဲ့ မချေး တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီမေးခွန်းဟာ အမေရိကန် အတွက်တင်မက တရုတ် အတွက်ရော၊ တကမ္ဘာလုံးအတွက်ပါ ခုလာမဲ့နှစ်တွေအတွင်းမှာ အင်မတန်မှ အလေး အနက်ထားရမယ့် မေးခွန်းပဲ။
ကျနော်ကတော့ တရုတ်ဟာ အမေရိကန်ကို ငွေဆက်မချေးဖိုဘက်ကပိုများတယ်လို ထင်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ လောလောဆယ်မှာ အမေရိကန်အစိုးရရဲ့ ရေရှည်ဘွန်းတွေရဲ့ (Long-dated treasuries)အတိုးနှုန်းဟာ တရာ တနှစ် သုံးကျပ်တိုး တောင် မရှိချင်ဘူး။ ရေရှည်ဘွန်း ဆိုတာ နှစ် ၂၀နဲ့ အထက်ရှိတဲ့ ဘွန်းတွေကို ပြောတာ။ အမေရိကန်နိုင်ငံဟာ ကိုယ့်ထုတ်လုပ် နိုင်တာထက် ပိုသုံးနေတာဆယ်စုနှစ် နှစ်ခုကျော် သုံးခုနီးပါးရှိသွားပြီ။ ကိုယ်ရှာနိုင်တာထက် ပိုသုံးနေတဲ့ လူတယောက်ကို ငွေချေးရင် ပြန်မရဖိုကပိုများတာကို အားလုံးသိတယ်။ စီးပွားတွက် ကောင်ကောင်း တွက်တတ်တဲ့ တရုတ်လည်း ဒါကိုသိတယ်။ တရုတ်ဝန်ကြီးချုပ် ပြောစကားမှာ ဒီအချက်ဟာ ရှင်းနေတာပဲ။ ဖြစ်နိုင်ရင် တရုတ်က သူလက်ထဲက ဒေါ်လာငွေတွေကို တခြားလက်တွေတန်ဖိုးရှိတဲ့ အရာတွေနဲ့ ပိုတောင်မှ လဲချင်သေးတယ်။ အဲ့ဒါကြောင့်ပဲ တရုတ်ဟာ ရေနံနဲ့တွင်းထွက်ပစ္စည်း သံယံဇာတတွေကို မရရတဲ့နည်းနဲ့ လိုက်စုနေတာပဲ။
မကြာသေးခင်ကပဲ ရုရှဆီကတရက် ရေနံစည်သုံးသိန်းကို နှစ်နှစ်ဆယ်တိတိဝယ်ဖိုဘောတူ စာချုပ် ချုပ်လိုက်တယ်။ ဒီသဘောတူစာချုပ်ဟာ ဒေါ်လာ ၂၅ ဘီလီယံတန်တယ်။ နောက်တခါ ကြွေးပတ်လည်ဝိုင်းနေတဲ့ တွင်းထွက်ပစ္စည်း ရှာဖွေ တူးဖော်တဲ့ ကုမ္ပဏီကြီးတွေ အထူးသဖြင့် သြစတြေးလျက တွင်းထွက်ကုမ္ပဏီတွေကို ကြိုက်ဈေးပေး လိုက်ဝယ်နေတယ်။ နောက်တခါ တရုတ်ဟာ သူတိုင်းပြည်စီးပွားရေးဖွံဖြိုးမှုနှုန်း ကျလာတာကို ထိန်းဖိုအတွက် နလံပြန်ထူရေး အစီအစဉ်တွေ (stimulus packages) လုပ်တဲ့အခါမှာ ဒေါ်လာဘီလီယံ ရာချီပြီး သုံးရဖို ရှိနေတယ်။ သူဝင်ငွေ ကျလာချိန်မှာ အမေရိကန်ကို ခါတိုင်းလို ငွေချေးဖို လွယ်မှာမဟုတ် တော့ဘူး။
ဆိုတော့ကာ အမေရိကန်ဟာ တရုတ်ဆီကလည်း ငွေချေးလို မရရင် ဘာလုပ်မလဲ။ အင်္ဂလန်မှာတော့ ငွေစက္ကူတွေကို ပုံနှိပ် စက်ကနေ စရိုက်နေပြီ။ အမေရိကန်လည်း  ဒီလမ်းကြောင်းအတိုင်း လိုက်လုပ်ရင် သိပ်မကြာခင်မှာ အမေရိကန်ဒေါ်လာဟာ ပေါင်စတာလင်နဲ့အတူ စက္ကူစုတ်ဘ၀ရောက်လာနိုင်တယ်။ ဘာနဲ့မှအပေါင်မထားထားတဲ့ ငွေကို ဘယ်သူကမှ ရေရှည် စိတ်ချလက်ချ ကိုင်ရဲမှာ မဟုတ်ဘူး။ ဒီတော့ အင်္ဂလိပ်ရော၊ အမေရိကန် အစိုးရပါ သူတို့ ပေးစရာရှိတဲ့ အကြွေး တွေကို မဆပ်နိုင်တော့တဲ့ အနေအထား ရောက်လာနိုင်တယ်။
တကယ်တော့ ဘယ်ငွေကြေးမဆို သူကို တန်ဖိုးသိုလှောင်ထားနိုင်တဲ့ အရာတခုအဖြစ် (store of value) မြင်ကြမှ စိတ်ချ လက်ချ ကိုင်ရဲကြတာ မဟုတ်လား။ မြန်မာ နိုင်ငံမှာဆိုရင် ကျပ်ငွေရဲ့ တန် ဖိုးဟာ များသောအားဖြင့် တနှစ်ထက် တနှစ်တန်ဖိုးကျတာ မြန်လွန်းတဲ့အတွက် တချိုဒေါ်လာငွေ လေးတွေ လဲထားတတ်ကြတယ်။ မြန်မာကျပ်ငွေ ဒါမှမဟုတ် ဇင်ဘာဘွေ ဒေါ်လာကို ဘယ်သူကမှ တန်ဖိုးသိုလှောင်နိုင်တဲ့ အရာအဖြစ်မမြင်ကြတဲ့အတွက် ရွေးစရာသာ ရှိရင် သူတို့ အစား တခြားငွေ တခုခုကိုပဲ ကိုင်ချင်ကြမှာ။ ဒီတော့ အမေရိကန်ဒေါ်လာပေါ် အယုံအကြည် ကင်းမဲ့လာ တဲ့အခါ ဒေါ်လာနဲ့  ငွေပေးချေမှုတွေလုပ်ပါ့အုံးမလား။ ကျနော့်အထင်တော့ သိပ်မဝေးတော့တဲ့ အချိန်တချိန်မှာ နိုင်ငံတွေ တနိုင်ငံနဲ့ တနိုင်ငံ ကုန်ရောင်းကုန်ဝယ်လုပ်ပြီး ငွေချေတဲ့အခါ ဒေါ်လာအစား တခြား တန်ဖိုး သိုလှောင် ထားတဲ့ ပစ္စည်းတခုခု (ဥပမာ ရွှေ ဒါမှ မဟုတ် ရေနံ ဒါမှမဟုတ် စိုက်ပျိုးရေးထွက်ကုန် တခုခု) နဲ့ ပေးချေတာမျိုးထိ ဖြစ်လာနိုင်တယ်။
တချို့ ကတော့ ဒါမျိုးမဖြစ်နိုင်ဘူးလိုပြောပြီး ဟားချင်ဟားကြမယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်က အမေရိကန်က ရင်းနှီးမြှပ်နှံမှုဘဏ်တွေ မကြာခင်နှစ်ပိုင်းအတွင်းပြိုလဲမယ်။ အင်္ဂလန် မှာ ဘဏ်တွေကို ပြည်သူပိုင် သိမ်းမယ်လိုပြောရင် ယုံချင်မှယုံကြမယ်။ ခုဘာဖြစ်ကုန်သလဲဆိုတာ အားလုံးအသိပဲ။ ကျနော်ကတော့ သိပ်မကြာခင်မှာ အမေရိကန်ဒေါ်လာနဲ့ ပေါင်စတာလင်ဟာ မြောင်းထဲရောက်တော့မယ်လို ယုံတယ်။
နောက်ဆက်တွဲ။
အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဘာနန်ကီး (Bernanke) က မနေကပဲ  quantitative easing ဆိုတဲ့ ဝေါဟာရ အောက်မှာ အမေရိကန်ဒေါ်လာ ၁  ထြီလီယံကျော် အသစ် ထပ်ထုတ်မယ်လို့ ကြော်ငြာလိုက်ပါတယ်။ ဒါ့ကြောင့် ဒေါ်လာရဲတန်ဖိုး ကျသထက်ကျဖို့ ပိုပြီးသေချာလာပါပြီ။
Watote has joined zizawa blog as a regular contributor.  He will write and comment on economics, international affairs and philosophy.
Discussion
2 thoughts on “Is this the time to dump dollar and sterling?
  1. Interesting.
    Posted by K | 20/03/2009, 14:01
  2. အစ်ကို ပြောခဲ့သလို ဟုတ်နေပါပေါ့လား။
    Posted by KyarP | 21/06/2010, 15:24
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: