//
you're reading...
Burma, Literature

A poem for all

အဘိုးအဘွာိးု့ရဲတော်လှန်ရေးစိတ်ဓာတ်၊ ပြည်သူတွေရဲအနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို အောက်မေ့ပြီး တော်လှန်ရေးနေမှာ ဆရာကြီးမင်းသုဝဏ်ရဲပျဉ်းမငုတ်တို ကဗျာလေးကို စာဖတ်သူတွေအတွက် ပြန်ဝေငှလိုက် ပါတယ်။

 

ဆရာကြီးက ဒီကဗျာလေးကို ဘာ့ကြောင့်ရေးဖြစ်သလဲဆိုတာကို အခုလို ရေးထားပါတယ်။

 

“…….ကျွန်တောို့ ညနေတိုင်း ကွင်းရှောင်သွားမိသော ကမူလေးတခုတွင် မီးလောင်ငုတ် သဖွယ် ထိုးထိုးထောင်ထောင် တည်ရပ်နေသည့် အရာတခုကိုကား ပဌမတွင် သတိမထားမိပါ။ အတော်ကြာမှ သတိပြုမိကြည့်သောအခါ ပျဉ်းမငုတ်တိုတခု ဖြစ်သည်ကို သိရပါသည်။ ငုတ်တို၏ ပင်ခြေသည် တဖက်သာသာမျှ ရှိပေမည်။ အကိုင်းလက်ပြတ်နှင့် အခက်မရှိ၊ အရွက်မရှိ။ အတွင်းလှိုက်အူချောင်းဆွေးကာ ခြစားထားပြန်သဖြင့် ဟောင်းလောင်း ဖြစ်နေသည်။ မီးလောင်ထားသောကြောင့် တခြမ်းစွေစောင်းနှင့် မဲနက်နေပါသည်။  

အဝေးက လှမ်းမြင်ရ သောအခါ င်းတငှက်အိုကြီးနားနေသည်ဟုသာ ထင်မိပါသည်။ ………..ထိုပျဉ်းမငုတ်တိုကို မြင်ရတိုင်း တရားကျမိသည်။ ဘယ်သိုသော တရားမျိုးကျမိသည် ဟူကား မပြောတတ်ပါ။ ပျဉ်းမငုတ်တို င်းတအိုကို သနားမိသလိုလို။ အိုရမည် နာရမည်ဟူသော စကားကို ကြားမိသလိုလို။ ပျဉ်းမငုတ်တိုတွင် အမိမြန်မာပြည်၏ မျက်နှာကို မြင်သလိုလို။ မြန်မာပြည်ဘွား တိုင်းရင်းသားတို့၏ ကံကြမ္မာကို ထင်မိသလိုလို။

 

သိုသော် ဆောင်းကုန်နွေကူးလေရူးကလေး ဝှေလာသောအခါ ပျဉ်းမငုတ်တို၏ အမူအရာသည် မသိမသာ ပြောင်းလဲလာသည်ကို သတိပြုမိပါသည်။ မင်းလွင်ကလေး မြူးလာပြီ။ ဥသြကလေး မြည်လာပြီ။ တောပန်းကလေးများ ဝေလာပြီ။ မြေသင်းနံကလေး ပျံလာပြီ။ ထိုခဏရှုပါလော့။ ကြည့်ပါလော့။ ပျဉ်းမငုတ်တို င်းတအို၏ အခက်ကင်းသော အကိုင်းပြတ်တွင် ပုရစ်ဖူးကလေးသည် ရွံသလိုလို၊ ရှက်သလိုလိုနှင့် ပြူးထွက်လာပါသည်။ ဟိုမှာ တဖူး၊ သည်မှာတဖူး၊ အတော်များပါကလား။ ဟော-ပုရစ်ပြေစပြုလာပြီ။ နောက်တနေတွင် ရွက်နုကလေးများ ဖြစ်လာ၏။ တရွက်၊ နှစ်ရွက်၊ သုံးရွက် အများကြီးပါပဲ။ အရွက်များစုံ၍ ဠင်းတအိုကြီးသည် မြီးဝန်း ဖြန့်ကာ ကနေသော ဥဒေါင်းပျိုနှင့် တူလာသည့်နောက် မကြာခင်ပင် ပန်းတံများထွက်၊ ပန်းဖူးများငုံပန်းပွင့်များ ဒေါင်းမြီးကွက်ပမာ ပွင့်ကြပါတော့သည်။ အော်–အာက ပျဉ်းမငုတ်တိုပါပေတကား။ ငါတို့၏မိခင် မြန်မာပြည်ကြီးသည်လည်း နည်းအတိုင်း ရွက်သစ်လဲပျော်ပွဲဝင်နိုင် ပါစေသော။ ငါတို့ အမျိုးသားတိုင်းရင်းဘွားတို့သည်လည်း ကျိုးရာမှကောင်း၊ ပင်းရာမှကြား၊ ကန်းရာမှ မြင်နိုင်ပါစေသော။ို့ဆုတောင်းပဌနာပြုကာ အာရုံစောမိသဖြင့် “ပျဉ်းမငုတ်တို”ကဗျာကို ရေးဖွဲပါသည်။”

 

(မူရင်းသတ်ပုံ၊ မူရင်း အထူးပြု (bold) ထားသည့်အတိုင်း)

‘ရှုမ၀’ မဂ္ဂဇင်း၊ ၁၉၅၉ ပြီလ။ In မင်းသုဝဏ်၊ ပျဉ်းမငုတ်တို၊ ခေတ်ဆန်း၊ ရန်ကုန်၊ ၁၉၆၈၊ စာ-၅ မှ ၁၁။

 

ပျဉ်းမငုတ်တို

 

ဖုထစ်ရွတ်တွ၊ ငှက်င်းတသို

ပျဉ်းမငုတ်တို၊ သက်ကြားအိုသည်

ကုန်းမိုထက်တွင် တပင်တည်း။

 

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း

အဖေးတက်လှာ၊ အိုင်းအမာသို

ကျယ်စွာဟက်ပက် ခြအိမ်ပျက်။

 

ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်

စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း

စစ်ရောက်စခန်း လက်ပြညွှန်း။

 

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်

ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်

လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ

လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင် ယောက်ျားကောင်းတကား။       

 

၁၁၊၁၊၄၉

image027_ 

(ပန်းချီ-အမည်မသိ)

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: