မှတ်ဖွယ်မှတ်ရာ သူတို့စာ “သူ့ကျွန်ဘ၀က ဦးဇော်ဝိတ်သည် ကမ္ဘာ့အလေးမပြိုင်ပွဲတွင် ပါဝင်ယှဉ်နွှဲရန် ဂျာမနီသို့ သွားခဲ့သည်။ သို့သွားစဉ်က ‘မြန်မာ’ ဆိုသည်ကို ကမ္ဘာကမသိ။ ဦးဇော်ဝိတ် ပါဝင်ယှဉ်နွှဲလိုလျှင် အိန္ဒိယသားအဖြစ်သာ ပါနိုင်မည်ဆို၍ ထိုအလေးမပြိုင်ပွဲတွင် နိုင်ငံလိုက် ချီတက်ပြကြရာ၌ ဦးဇော်ဝိတ်သည် ပန်ချာပီခေါင်းပေါင်းကို ပေါင်း၍ မြန်မာဇာတ်ကိုမြှပ်ကာ ပါဝင်ခဲ့ရသည်ဟု သူကိုယ်တိုင်ပြောပြခဲ့ဖူးသည်။” (ဗိုလ်မှုးဘရှင်၊ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ သမိုင်းစာတန်းများ ပုဂံ၊ ရန်ကုန်၊ ၁၉၆၈၊ စာ ၁၁၃)
ကျွန်မလေ ကျွန်မအကြောင်း ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်ခဲ့ဘူး။ အခုလို နှစ်သစ်ကြီးမှာ ကိုယ့်အကြောင်းကိုယ်ပြောရမှာ တမျိုးကြီးပဲ။
ရန်ကုန်နောက်ဆက်တွဲကို ဆက်ရေးဖို့ အားယူနေတုန်း အဖေ့ကို လက်ဆောင်ပေးဖူးတဲ့ ကာတွန်းလေး တင်ပေးလိုက်ပါတယ်။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ၊ ကိုဝတုတ် :o) ကာတွန်းဆရာက ငွေကြည်လို့ ထင်ပါတယ်။ ဘယ်က ဖြတ်ထားမှန်း မမှတ်ထားလိုက်မိလို့ credit မပေးနိုင်တာ ကာတွန်းဆရာခွင့်လွှတ်မယ် ထင်ပါတယ်။ စာဖတ်သူရဲ့ မှတ်ချက်- ကာတွန်းလေး ကြည့်ပြီး ပြုံးသွားတယ်။ ကာတွန်းဆရာက ရွှေမင်းသား ဖြစ်ပါတယ်။ ကျေးဇူး
မနေ့က Shawshank Redemption ကိုပြန်ကြည့်ရင်း Andy ကို ဗမာဘလော်ဂါတွေအဖြစ် မြင်ယောင်လာလို့ အဲဒီ scene လေး ဝေငှလိုက်ပါတယ်။ Red: “I have no idea to this da[te] what those two Italian ladies were singing about. Truth is, I don’t want to know. Some things are best left unsaid. I’d like to think they were singing about something so beautiful, it can’t be … Continue reading
ရန်ကုန်…ကျွန်မတို့ရဲ့ရန်ကုန် အခုမြင်နေရတဲ့ ရန်ကုန့်ရဲ့ မြို့သက်တမ်းက တိုတိုလေးပဲရှိပါသေးတယ်။ အင်္ဂလိပ်တွေ အောက်မြန်မာနိုင်ငံကို ၁၈၅၂မှာသိမ်းအပြီး တနှစ်အကြာ ၁၈၅၃မှာ ဗြိတိသျှအင်ဂျင်နီယာ ဖရေဇာ Fraser က မြို့ကို အကွက်ချပြီး ပြန်ဆောက်ပါတယ်။
ကျောင်းတွေမှာ အင်္ဂလိပ်လိုသင်မလား။ တရုတ်လိုသင်မလား အငြင်းပွားနေတဲ့ ဟောင်ကောင်နိုင်ငံရဲ့ ပညာရေးအကြောင်း သိကောင်းစရာ။ HONG KONG’S ENGLISH TEACHING CONUNDRUM http://www.hkjournal.org/archive/2009_summer/3.htm တွဲဖတ်စရာ… 1) ဗမာ့ပညာတတ်များ နှင့် စင်ဒရဲလားအတွက် ဖိနပ်တဖက် 2) ရှုထောင့်တစုံ ရဲ့ မှတ်ချက်စကား
ဗမာပြည်က စာဖတ်သူတွေ သိချင်မယ်ထင်လို့ ဒီအက်ဆေးကို ရေးပါတယ်။ မနှစ်က နှစ်လယ်ပိုင်းလောက်ကစလို့ ကမ္ဘာတလွှားစီးပွားရေးကျဆင်းမှုဒဏ်ကို တနိုင်ငံပြီးတနိုင်ငံ ခံနေရတာ အားလုံးအသိပါ။ အမေရိကားမှာနေသူတွေကအစ ကျွန်မတို့ရဲ့ ဒေးဒရဲက ကမ်းခြေရွာ ရှမ်းကန်လေးအဆုံး စီးပွားရေးဆုတ်ကပ်ရဲ့ ဒဏ်ကို ခံရပါတယ်။ အမေရိကားမှာ လူတွေအလုပ်ပြုတ်ကြတယ်။ ဘဏ်ကိုအိမ်ပေါင် (mortgage) မပေးနိုင်လို့ အိမ်တွေဆုံးကြတယ်။ အလုပ်သစ်တွေ ရှားလာလို့ ဖယ်ဒရယ် အစိုးရရဲ့ အထောက်အပံ့ပေါ် မှီခိုနေ ရတယ်။
Recent Comments