//
you're reading...
Economics, London

Recession and London

ဗမာပြည်က စာဖတ်သူတွေ သိချင်မယ်ထင်လို့  ဒီအက်ဆေးကို ရေးပါတယ်။

 မနှစ်က နှစ်လယ်ပိုင်းလောက်ကစလို့ ကမ္ဘာတလွှားစီးပွားရေးကျဆင်းမှုဒဏ်ကို တနိုင်ငံပြီးတနိုင်ငံ ခံနေရတာ အားလုံးအသိပါ။ အမေရိကားမှာနေသူတွေကအစ ကျွန်မတိုရဲဒေးဒရဲက ကမ်းခြေရွာ ရှမ်းကန်လေးအဆုံး စီးပွားရေးဆုတ်ကပ်ရဲဒဏ်ကို ခံရပါတယ်။

 အမေရိကားမှာ လူတွေအလုပ်ပြုတ်ကြတယ်။ ဘဏ်ကိုအိမ်ပေါင် (mortgage) မပေးနိုင်လို့ အိမ်တွေဆုံးကြတယ်။ အလုပ်သစ်တွေ ရှားလာလို့ ဖယ်ဒရယ် အစိုးရရဲအထောက်အပံ့ပေါ် မှီခိုနေ ရတယ်။

 ရှမ်းကန်နဲဒေးဒရဲတ၀ိုက်မှာ စပါးဈေးတွေကျလို့ မုန်တိုင်းပြီး ရှိစုမဲ့စုပုံအောပြီး စိုက်ထားရတဲ့ စပါးတွေ မရောင်းနိုင်ဘဲ အမြတ်မပြောနဲ၊ အရင်းတောင်မကျေလို့ လယ်သမားတွေ စိတ်ညစ် ရတယ်။ မိုးစပါးက ငွေပြန်မပေါ်လို့ တချိုနေရာတွေမှာ နွေစပါးမစိုက်နိုင်ဘူး။ တချိုဆို စိတ်ဓာတ် ကျပြီး ရိတ်ပြီးသားစပါးတွေတောင် မလှေဘဲ ပုံထားကြတယ်။ လယ်ပိုင်ရှင်တွေက လယ်မစိုက်ဖိုဆုံးဖြတ်တော့ သူရင်းငှားတွေ အလုပ်မရှိကြဘူး။

 အမေရိကား နှာစေးရင် တကမ္ဘာလုံးပါ အအေးမိကြသတဲ့။ အခုဟာက တကမ္ဘာလုံးပြိုင်ပြီး နှာစေးကြတော့ ချောင်ကြိုချောင်ကြားက ရှမ်းကန်ပါမကျန် အထိနာကြတယ်။ ဒါပေမယ့် လူတွေ ငွေကျပ်လာရင် ဇိမ်ခံပစ္စည်းတွေ မ၀ယ်ဘဲ နေမယ်။ အခြေခံစားကုန်တွေတော့ မ၀ယ်လို့မရဘူး ဆိုတဲ့ ယူဆချက်နဲစပါးဈေး ကျတာ ယာယီပဲဖြစ်မှာပဲလို့ ဖြေတွေးရတယ်။ စပါးစိုက်ဦးကြီးများကိုလဲ အားပေး ရတယ်။

 ကိုယ်အခုရောက်နေတဲ့ နေရာမှာရော စီးပွားဆုတ်ကပ်ရဲဒဏ်ကို ဘယ်လိုခံ နေရပါလဲ။  ထင်သာမြင်သာတဲ့ အချက်က လူတွေပိုပြီး စိုးရိမ်ကြောက်လန်လာကြတယ်။ သူတိုရဲစိုးရိမ်မှုတွေကို နေတိုင်းနေတိုင်း ကြားနေ၊ တွေနေရတယ်။ မနှစ်က ခင်တဲ့သူငယ်ချင်းတယောက် အလုပ်ပြုတ်သွားတယ်။ သူလုပ်နေတဲ့ အိုင်တီကုမ္ပဏီက ကန်ထရိုက်အသစ်တွေမရလို့ လူလျှော့တဲ့အထဲ ပါသွားတယ်။ ညနေပိုင်းသင်တန်းက ကျွန်မရဲကျောင်းသားတယောက်လဲ အလုပ်ပြုတ် သွားတယ်။ သူကတော့ ဂရပ်ဖစ်ဒီဇိုင်နာပေါ့။ အလုပ်ပြုတ်တော့ နောက်တဆင့် ဆက်တက်ဖို့ရာ ပိုက်ဆံမရှိလို့ စာသင်တာရပ်လိုက်ရတယ်။

 အိမ်ရှင်လဲ အလုပ်တွေပါးသွားတယ်။ သူက အင်္ဂလိပ်အသံထွက်၊ လေယူ လေသိမ်း ပြင်ပေး၊ သင်ပေးတဲ့လူ။ သူဆီလာသင်နေကျ မင်းသား၊ မင်းသမီးတွေ၊ နိုင်ငံခြားသား ပညာရှင်နဲအရပ်သားတွေ နည်းသွားတယ်။ တခါတလေ တပတ်လုံးနေ တယောက်မလာဘူး။

 အလုပ်ပြုတ်သွားတဲ့ သူငယ်ချင်းက တလလောက်နေတော့ ကျောင်း တကျောင်းမှာ အလုပ်ပြန် ရတယ်။ ကျောင်းသားကတော့ အလုပ်ပြန်မရတော့ ကိုယ်ပိုင်ကုမ္ပဏီထောင်မယ်ပြောတယ်။ 

 ဒါက ကိုယ်နဲအနီးဆုံးက အဖြစ်အပျက်တွေ။ ကျောင်းမှာတော့ တခြားပုဂ္ဂလိက အထောက် အပံ့တွေ၊ ပညာသင်ဆုတွေ၊ သုတေသနအတွက် ပံ့ပိုးပေးထား တာတွေ သိသိသာသာ နည်းသွားလို့ တချိုရာထူးတွေ ဖြုတ်ပစ်ရတယ်။ ၀ိုင်းလုပ် ပေးနေတဲ့ ဇီဝဌာယီလို့ခေါ်တဲ့ ကယ်ဆယ်ရေးနဲထောက်ပံရေး humanitarian အလုပ်တွေ အလှူငွေတွေ အရနည်းသွားတယ်။

 နာမည်ကြီးစားသောက်ဆိုင်တွေမှာ လူတွေစားတာနည်းသွားလို့ တချိုဆိုင်တွေ ပိတ်လိုက် ရတယ်လို့ကြားတယ်။ တပေါင်တန်ဆိုင်လို့ခေါ်တဲ့ ဘာဝယ်ဝယ် တပေါင်ပဲ ပေးရလေ့ရှိတဲ့ ဆိုင်တွေ စီးပွားဖြစ်ကြတယ်။ လူတွေနေလယ်ဆို ထမင်းဘူး ယူလာကြလို့ ထမင်းဘူးတွေ အရောင်းတက်တယ်။ ပြည်ပကို အားလပ်ရက်ထွက်တာမျိုးမလုပ်ဘဲ ပြည်တွင်းမှာပဲလည်ကြလို့ ပြည်တွင်းက ပန်းခြံတွေ အပန်းဖြေနေရာတွေက လုပ်ငန်းရှင်တွေ စီးပွားဖြစ်တယ်။

 အပေါင်ဆိုင်တွေမှာ လူတွေပိုစည်လာတယ်။ အိမ်နားကဆိုင်မှာ ရွှေဆိုရင် ငွေပိုပေးတယ်လို့ လွန်ခဲ့တဲ့တလလောက်က ဆိုင်းဘုတ်ကြီးကပ်လိုက်တယ်။ သူခိုးတွေလဲ ပိုပေါလာတယ်။ မိတ်ဆွေတယောက်ရဲအိမ်အဖောက်ခံရတာ အင်္ကျီတောင်မချန် ယူသွားကြတယ်။ ရဲတွေက သူခိုးတွေ၊ ခါးပိုက်နှိုက်တွေ သတိထားလို့ စာတွေပိုဝေလာတယ်။

 ကျောင်းမှာဆိုရင် အရင်က အလုပ်ခိုတတ်တဲ့လူတွေ အလုပ်ပိုလုပ်လာကြတယ်။ အလုပ်မှာ မပျော်ဘူးဆိုတဲ့ အသံတွေ သိပ်မကြားရတော့ဘူး။ အီဂျစ်ကိုပြောင်းပြီး မီးပုံးပျံစီးတဲ့လုပ်ငန်း လုပ်ကြည့်ချင်တဲ့ မိတ်ဆွေဆီကလည်း ထူးဆန်းတဲ့ စိတ်ကူးစိတ်သန်းတွေ သိပ်မကြားရတော့ဘူး။

 သတင်းစာတွေ၊ တီဗီတွေမှာ ဆုကြေးငွေအများကြီးယူတဲ့ ဘဏ်လုပ်ငန်းရှင် တွေကို လူတွေ ဒေါသထွက်တဲ့ အကြောင်း၊ တော်ဝင်စကော့တလန်ဘဏ်က အလုပ်ထွက်သွားရတဲ့ဥက္ကဌအိမ်ကို လူတစုက ဖျက်ဆီးကြတဲ့အကြောင်း နေတိုင်းလိုလို ကြားနေရတယ်။ ပိုက်ဆံချွေတာနည်း ကော်လံတွေ သတင်းစာမှာ ပလူပျံနေတယ်။ ဘဏ်လုပ်ငန်းရှင်နဲစီးပွားရေးသမားတွေရဲမိန်းမတွေက သူတို့ ယောက်ျားတွေနဲကွာဖိုလုပ်လာကြတော့ ကွာရှင်းပြတ်စဲရေးရှေ့နေတွေ အလုပ်ကောင်းကြတယ်။ တရားရုံးတွေ အလုပ်ရှုပ်ကြတယ်။

 ဒီတပတ်တော့ လန်ဒန်မှာ G20 လို့ခေါ်တဲ့ အုပ်စု ၂၀ အစည်းအဝေးလုပ်တော့ ပုံထဲမှာမြင်တဲ့ အတိုင်း ရဲတွေအများကြီး တွေရတယ်။ ကျောင်းမှာလဲ ဆန္ဒပြဖိုစာတွေဝေကြတယ်။ လိုက်စည်းရုံးကြတယ်။ ဘဏ်တွေ၊ ရင်းနှီးမြှပ်နှံမှုနဲဆိုင်တဲ့ ကုမ္ပဏီမှာလုပ်တဲ့ လူတွေကို လူတွေကမုန်းကြလို့ ဒီတပတ်မှာ အဲဒီလူတွေနဲမှားပြီး အရိုက်ခံရနိုင်လို့ ယောက်ျားတွေ သိပ်ကောင်းကောင်း မွန်မွန် မ၀တ်ကြ ပါနဲဆိုပြီး သတင်းစာတစောင်က ရေးသေးတယ်။ အခြေအနေတွေက တော်တော် ဆိုးတဲ့သဘော။

 ဒါတွေကလပိုင်းအတွင်း လန်ဒန်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေပါ။ ၂၀၀၈ခုနှစ် နှစ်ဆန်းပိုင်းလောက်က အားလုံးပျော်ပျော်ကြီး ၀ယ်ကြ၊ ချမ်းကြ၊ လည်ကြ၊ ပတ်ကြ၊ ဘဏ်သမားတွေ ဆုကြေးတထောကြီးရတာကို အားကျစိတ်ဝင်စားတဲ့ သဘောနဲပြောကြ၊ ဆိုကြရာကနေ ရုတ်တရက်ကြီး ချွေတာလာကြရ၊ ဘဏ်သမားတွေကို ဒေါသတွေထွက်လာကြတဲ့ ပတ်ဝန်းကျင်ဖြစ်လာပါတယ်။ အပူအပင်ကင်းပြီး ပျော်ပျော်နေတတ်တဲ့ ပုံစံတွေကနေ စိုးရိမ်ကြောက်ရွံမှုတွေ ဖိစီးတဲ့ မျက်နှာတွေ မြင်လာရတယ်။ ရထားပေါ်မှာ၊ ဘတ်စကားပေါ်မှာ ရန်လိုမှုတွေ ပိုများလာတယ်။ တော်ရုံတန်ရုံ သည်းမခံနိုင်ကြတော့ဘူး။

 ဒီလိုပြောင်းတာအကောင်းလား၊ အဆိုးလားဆိုတာ စာဖတ်သူပဲ ဆက်တွေးကြည့်ပါတော့။ vlcsnap-59768

 လန်ဒန်ကရဲတွေ။ (ပုံကို iptv ကနေ snapshot function သုံးပြီးရိုက်ပါတယ်။)

vlcsnap-46384    မိတ်ဆွေကြီးနှစ်ယောက် သတင်းစာရှင်းလင်းပွဲလုပ်နေပုံ။

vlcsnap-929641

 

  အင်္ဂလန်ဘဏ်ရှေ့မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီး။

  မှတ်ချက်။ April fools’ day မှာရေးလို့  ယုံရခက်ကြီးလို့ မတွေးပါနဲ။ ဖြစ်ရပ်မှန်တွေပါ။

  ဇီဇ၀ါ

Discussion

One thought on “Recession and London

  1. ကမ္ဘာကြီးက..တပတ်ပြန်လည်လာပြီ နဲ့ တူပါတယ်။
    အတိုပြီးတော့..အရှည်..
    အရှည်ပြီးတော့..အတို
    ဟိုဖက်ပြီးတော့..ဒီဖက်
    ဒီဖက်ပြီးတော့..ဟိုဖက်
း)

    Posted by k | 02/04/2009, 12:58

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: