//
you're reading...
Burma, History, Rangoon

No good thing ever dies

 ကျွန်မလေ ကျွန်မအကြောင်း ပြောမယ် ပြောမယနဲ့  မပြောဖြစ်ခဲ့ဘူး။ အခုလို နှစ်သစ်ကြီးမှာ ကိုယ့်အကြောင်းကိုယ်ပြောရမှာ တမျိုးကြီးပဲ။

 

လူတွေကတော့ ကျွန်မကို မေ့သွားလောက်ပါပြီ။ ကျွန်မရင်ခွင်အောက်မှာ ရာစုနှစ် တခုနီးပါး လက်ပွန်းတတီးနေခဲ့ကြပြီး ၂၀၀၂ခုနှစ်မှာ အားလုံးဗြုန်းစားကြီး ထွက်သွားလိုက်ကြတာ။ ကျွန်မကိုတောင် နှုတ်ဆက်မသွားကြဘူး။ အင်းလေ။ သူတိုမှာလဲ ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့ နှုတ်မဆက်နိုင်ဘူး ထင်ပါရဲ့ လေ။

 

ကျွန်မနာမည်လား။ ကျွန်မမှာ နာမည်မရှိဘူးရှင့်။ ဘာအိမ်ရာ ညာကွန်ဒိုဆိုတာ ၁၉၉၀ ဒီဘက်တွေမှာမှ ပေါ်လာတဲ့ ချာတိတ်တွေပါ။ ကျွန်မတိုကိုတော့ လွစ္စလမ်းက တိုက်ဝါကြီး ဆိုပြီးတော့ပဲ သိကြတယ်။

 

ကျွန်မတိုမှာ ၂၄၄ကနေ ၂၆၄ဆိုပြီး တအုပ်စု၊ ၂၆၄နဲ့ဟိုဘက်က တအုပ်စုဆိုပြီး အုပ်စု၂စု ကွဲနေတယ်။ ကွဲနေတာကလဲ ကြားမှာ၅ပေလောက် လမ်းကြားလေး ခြားသွားလိုသာ ကွဲသွားတာပါ။ ရန်တွေဘာတွေဖြစ်ကြတာ မဟုတ်ဘူး။

 

ကျွန်မတိုကို ၂၀ရာစုအစောပိုင်းလောက်မှာ ဆောက်တယ်လိုထင်တာပဲ။ သေချာအောင်တော့ တရက်လောက် မြို့တော်ခန်းမက မြူနီစီပယ် မှတ်တမ်းဟောင်းတွေမှာ သွားရှာရမယ်။

 

တိုက်ပြီးခါစတုန်းကဆို ကျွန်မတိုလေ ကိုယ့်ကိုကိုယ် တကြည့်ကြည့်နဲ့။ ဒီလောက် ကျယ်ပြီး မြေပေါတဲ့ ၂၀ရာစုခေတ်ဦးက ရန်ကုန်မှာ သုံးထပ်တိုက်ဆိုတာ နေရာတကာ ရှိတာမှ မဟုတ်တာ။ တထပ်တထပ်ကို ပေ၂၀လောက်မြင့်တာ။ အထဲမှာ ထပ်ခိုးပြည့်ခင်းအုံးမလား။ ၁၀ပေမြင့်တဲ့ ထပ်ခိုးလောက်တော့ ကောင်းကောင်းခင်းနိုင်တယ်။

 

မကြာခင်ကမှ ပေါ်လာတဲ့ ဟောင်ကောင်တိုက်တွေဆိုလား။ ကျွန်မတွေဖူးပါရဲ။ အထဲဝင်ကြည့်ဖို မပြောနဲ့။ အပြင်က ကြည့်ရုံနဲ့ အသက်ရှုကျပ်တယ်။ ကျွန်မတိုလို တောင့်တောင့်တင်းတင်း၊ ကျယ်ကျယ်ဝန်းဝန်းမဟုတ်ရှာဘူး။

 

ကျွန်မတိုကိုယ်ထဲမှာ သံတိုင်ကြီးတွေမြှပ်ထားတာလဲ မနည်းဘူး။ ၂၄၆မှာနေတဲ့ အင်ဂျင်နီယာ ဆိုရင်လေ မပြောင်းခင် ကျွန်မကိုကြည့်ကြည့်ပြီး ၀မ်းနည်းပက်လက် ဖြစ်နေတာ ကျွန်မလေ နှစ်သိမ့်လိုရရင် နှစ်သိမ့်ချင်ပါရ။ အေးလေ။ အဆောက်အဦတွေကို ကိုယ်တိုင်ဆောက်နေရတဲ့ လူဆိုတော့ သက်တမ်းမစေ့သေးတဲ့ ကျွန်မတိုကို ဖျက်ဖိုထားခဲ့ရမှာ ၀မ်းနည်းရှာမှာပေါ့။

 

တကယ်ဆို ကျွန်မတိုဟာ နေမယ်ဆိုနေလိုရပါသေးတယ်။ သက်တမ်း၁၀၀ဆိုတာ တိုက်သက်တမ်းနဲ့ပြောရင် တိုတိုလေးပါ။ လန်ဒန်တိုရောမတိုမှာဆို နှစ်၄၀၀၊ ၅၀၀ သက်တမ်းရှိတဲ့ အဆောက်အအုံတွေဟာ နည်းမှမနည်းတာ။

 

ကျွန်မတိုလား။ နေခွင့်ရမယ်ဆို နေချင်တာပေါ့ရှင်။ ကိုယ်နဲ့နှစ်ပေါင်းများစွာ မခွဲမခွာ နေခဲ့တဲ့သူတွေနဲ့  ဘယ်ခွဲချင်ပါ့မလဲ။

 

လူတယောက်ရဲသက်တမ်းဟာတိုတိုလေးပါ။ လူတယောက်ဟာ သူဘာလဲ ဆိုတာကို သူနဲ့  သူမိသားစုကမြင်တဲ့သူ။ ဥပမာကျွန်တော်ဟာ မောင်နီဦးစနဲ့ ဒေါ်လှသားမောင်နီ။ မိဖြူရဲအကို၊ ဦးတိုးရမြေးမောင်နီ ဆိုတဲ့ပုံရိပ်အပြင် လွစ္စလမ်းမှာနေတဲ့ မောင်နီ၊ ရန်ကုန်မြို့ ကြီးမှာ ကြီးတဲ့ မောင်နီ၊ ဗမာပြည်က မောင်နီ၊ လောလောဆယ် နယူးယောက်မှာ ကျောင်းတက်နေတဲ့မောင်နီ၊ သစ်တောတွေကို ချစ်တဲ့မောင်နီ၊ လယ်စိုက်ချင်တဲ့မောင်နီ စသဖြင့် ကိုယ့်ဘ၀တိုတို ကျဉ်းကျဉ်းလေးကိုကျော်ပြီး ကိုယ့်ပုံရိပ်ကိုကိုယ်ဖော်နိုင်တော့မှ၊ ကိုယ်ဘာလဲဆိုတာကို အဲဒီအရာတေနှဲ့ဉ်ပြီး အဖြေထုတ်ကြည့်တော့မှ အဲဒီ အရာတွေရဲမိုင်းနဲ့  ကိုယ့်သမိုင်း ဆက်စပ်ပြီး ကိုယ့်ကိုကိုယ် တန်ဖိုးထားသလို အဲဒီဟာတွေကိုလဲ တန်ဖိုးထားတတ်မှာလေ။

 

ကျွန်မပြောချင်ဇောကြီးနေလို ရှုပ်သွားပြီလား။ ကျွန်မပြောချင်တာကလေ ကျွန်မတိုကို ဖျက်စေဆိုပြီး အမိန်လာပေးတဲ့ စည်ပင်ကလူတွေက ကျွန်မတိုကို တိုက်အိုကြီးတွေလိုပဲ မြင်တာကို ကျွန်မပြောချင်တာပါ။ ကျွန်မတိုဟာ တိုက်အိုတွေ သက်သက်မဟုတ်ဘူး။

 

ကျွန်မကတော့လေ ကျွန်မကိုယ်ကို ရန်ကုန်မြို့ကြီးရဲ့ လူမှုသမိုင်းကို တစိတ်တပိုင်း ၀င်ရေးပေးခဲ့သူ။ ရန်ကုန်မြို့ကြီးနဲ့ မြိုတော်သူမြို့တော်သားတွေရဲပြာင်းလာတဲ့ အဖြစ်တွေကို သက်သေထွက် နိုင်တဲ့လူ။ ကုလားဗမာအဓိကရုဏ်း၊ တရုတ်ဗမာ အဓိကရုဏ်း၊ ကိုအောင်ဆန်းတို ကျောင်းသား သပိတ်၊ ရှစ်လေးလုံး လှုပ်ရှားမှု အားလုံးအားလုံးကို မြင်ခဲ့သူပေါ့။ ကုလားတွေနဲ့ ဗမာတွေ ရိုက်တုန်းကဆိုရင်လေ ဟိုဘက်လမ်း ၃၈လမ်းတင် ဖြစ်ခဲ့တာပေါ့။

 

ကျွန်မတိုလမ်းထဲက မဂိုကုလားတွေကိုတော့ လမ်းထဲက ဗမာတွေကပဲ ဖွက်ပေး ထားကြတယ်လေ။ လမ်းကလူညီကြပါတယ်။ ၈၈ဖြစ်တော့ ကျောင်းသားလေးတွေ ကျွန်မတိုတိုက်ရှေ့ က ဖြတ်ဖြတ်သွားတုန်း ကျွန်မတိုက တတိယ ကျောင်းသားသပိတ် ပြန်ရောက်သွားသလို၊ နှစ်၅၀ပြန်ငယ်သွားသလို ခံစားရတယ်။

 

ကျွန်မက အဲဒီလို သမိုင်းဖြစ်ရပ်တွေကို အရှိကိုအရှိအတိုင်း မြင်ခဲ့သူပေါ့။ ကျွန်မလို လူကိုမှ တိုက်အိုကြီးပါ။ အလကားပြိုတော့မှာ။ ဖြိုပြီး ၁၀ထပ်တိုက်ဆောက်ဖိုကန်ထရိုက်ပေးလိုက်တာ ကောင်းပါတယ်လိုဆုံးဖြတ်တာ သမိုင်းသက်သေ တယောက်ကို ရက်ရက်စက်စက် သတ်လိုက် တာပဲ။

 

ကျွန်မလေ မှတ်မိသေးတယ်။ ၂၄၈ဆိုတဲ့တိုက်မှာ နဂါးနီတိုက်ဆိုပြီး စာအုပ်တွေ ရိုက်တော့ အဲဒီကထွက်တဲ့ ၂၄၈ လွစ္စလမ်းဆိုပြီး ပထမစာမျက်နှာမှာပါတဲ့ ကျွန်မတိုလိပ်စာကို ကြည့်ကြည့်ပြီး ဂုဏ်ယူလိုက်ရတာ။ အဲဒီစာအုပ်လေးတွေ ကျန်သရေဒီနေရာမှာ ကျွန်မတိုရှိခဲ့တယ်ဆိုတဲ့ သက်သေကျန်မှာလေ။

 

အဲဒီ၂၄၈မှာပဲလေ။ နေရှင်နယ်ဆိုတဲ့ တေးသံသွင်းဆိုင်လေးလဲ ဖွင့်ခဲ့ကြ သေးတယ်။ နောက်တော့ ပြောင်းသွားကြတယ်။ နံရံတွေမှာတောင် အနောက်တိုင်းဂီတသင်္ကေတတွေဆွဲလို ပြန်တွေးကြည့်ရင် လွမ်းစရာလေးတွေ။

 

အဲဒီ၂၄၈မှာပဲ။ ခဲဖျက်စက်တွေ၊ ဓာတ်မီးစက်တွေပိုင်တဲ့ သူဌေးကြီးတယောက် နေသွားသေးတယ်။ အဲဒီသူဌေးရဲစက်တွေလဲ မဆလပြည်သူပိုင်သိမ်းတဲ့ထဲ ပါသွားတာ။ ဒါတွေဟာ ပြည်သူ့သမိုင်းတွေ မဟုတ်လား။ အဲဒါတွေကို ကျွန်မမျက်စနဲ့ တပ်အပ်မြင်ပြီး တိုက်ခန်းသူတိုက်ခန်းသားတွေနဲ့  အတူတူခံစားခဲ့ရတာပါ။

 

၂၅၀အပေါ်ထပ်က ကုလားတွေဆို ၁၉၆၄မှာ ပါကစ္စတန်က အမျိုးတွေဆီ ပြန်ကုန်တာ။ အောက်ထပ်က ဘိလပ်ရည်စက်ကတော့ ဒီဘက်ခေတ်တွေထိ ကြိုးစားသေးတယ်။ အမေကြီးနဲ့မောင်နှမနှစ်ယောက်ဟာ သန်းဝင်းဆိုတဲ့ မိသားစုပိုင် ဘိလပ်ရည်စက်ကလေးကို ပက်စီတို့နဲ့ အပြိုင်တိုက်ကြသေးတယ်။ လွယ်ဟိန်းလဲပေါ်လာရော။ သူတိုရဲစက်ကလေးလဲ ရပ်ရော။ နေယ်ဆို ဖန်တီခွက်တွေ ထုတဲ့အသံလေးလဲ မကြားရတော့ဘူး။

 

ဟိုဘက်အုပ်စုကလဲ ခေသူမဟုတ်နော်။ အိုးဝေညိုမြတိုလေ အိုးဝေတိုက်မှာ စုရုံးစုရုံးနဲ့  ရဲရဲတောက်စာတွေရေးကြ ကဗျာတွေ စပ်ကြတုန်းကဆိုရင်လေ အဲဒီတိုက်က ကျွန်မသူငယ်ချင်းက အဲဒီနာမည်ကြီးတွေကို ကျွန်မတိုကို ခေါ်ခေါ်ပြရတာ အမော။ တတိုင်းပြည်လုံးသိတဲ့လူတွေ သူ မျက်စိအောက်မှာ ဆိုတော့ သူလဲဂုဏ်ယူရှာမပေါ့။

 

ဒီသမိုင်းတွေကို အခုမြို့တော်သူမြိ့တော်သားတွေကို ဘယ်သူပြောမလဲ။ သမိုင်းမသိတဲ့ ရန်ကုန်သူရန်ကုန်သားတွေ၊ အတိတနဲ့လက်ရှိ မဆက်စပ်တတ်တဲ့ လူတွေ၊ အရင်တုန်းက သင်ခန်းစာတွေ ယူပြီး ပိုကောင်းတဲ့ အနာဂတ်ကို မရေးနိုင်တဲ့ လူတွေ၊ ဆရာကြီး ဒေါက်တာသန်းထွန်းစကားနဲ့ပြောရင် အ ကုန်တဲ့ လူတွေ ဖြစ်သွားမှာ ကျွန်မတော့ စိုးရိမ်တယ်။ သမိုင်းမရှိတဲ့ ရန်ကုန်မြို့ကြီးလဲ နှလုံးသားမရှိတဲ့ ရင်ဗလာနဲ့  လူလိုဖြစ်နေပါပြီရော။

 

ကျွန်မလို ဘ၀တူတွေ တဖြုတ်ဖြုတ်ကြွေနေတာ မြင်တော့ ကျွန်မရင်ထဲမှာ သိမ်းထားတာတွေကို နားထောင်တဲ့ လူတွေရှိရင် ပြောပြချင်တယ်။ ကျွန်မတို မရှိတော့ပေမယ့် ကျွန်မတိုသမိုင်းက တစုံတယောက်ရဲနားထဲကနေ ရင်ထဲကို ရောက်သွားပြီး အဲဒီတစုံတယောက်ကလဲ နောက်လူတွေကို ပြောပြခဲ့မယ်ဆိုရင် ကျွန်မလေ ကျွန်မ အကြောင်း ပြောပြရကျိုးနပ်တာပေါ့။

    

randompics-010 

 

 

 

Discussion

4 thoughts on “No good thing ever dies

  1. ဟုတ်တယ်နော်
    မဖြက်ပဲထားတာပိုကောင်းမယ်ထင်တယ်

    Posted by ရသာစုံ | 17/04/2009, 09:40
  2. ကောင်လိုက်တဲ့စာတ္ဂေပါလား
    ဆက်လက်အောင်မြင်ပါစေခင်ဗျာ
    C box လည်းမတ္ဂေ့ပါလား
    လင်းကြယ်ဇြူ

    Posted by လင်းကြယ်ဖြူ | 18/04/2009, 22:11
  3. ညီမရေ- ခရီးတူနေပါပေါ့လား။ သမိုင်းတန်ဖိုး တွေ မထိန်းသိမ်းတတ်တာ..မထိန်းသိမ်းချင်တာ.. ၀မ်းနည်းစရာပါ။

    Posted by K | 22/05/2009, 12:02
  4. မဇိဇ၀ါ .
    ကျမ K ရဲ့ Blog ကနေ လာလည်တာ.
    ကျမ က လမ်း 40 အ လယ် 173 မှာ နေ တာ ပါ .
    ယခု တော့ Londn မှာနေ ပါတယ်။
    ကျမ အိမ်နား သူတယောက်တွေ့ လို့ အရမ်း ၀မ်းသာပါတယ်။
    ကျမ က 88 မှာ ဒုတိယနှစ်ကျောင်းသူပါ.
    တရက်လောက်ဆုံပြီးစကားတွေပြောခ်ျပါတယ်။
    အမတို့ ရဲ့ တိုက်ဝါကြီးကိုမြင်တော့ အိမ်ကိုလွမ်းသွားတယ်။
    ကျမရဲ့Bolg yuuwathone.blogspot.com

    Posted by yuu wa thone | 25/06/2009, 10:03

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: