//
you're reading...
Politics, Uncategorized

MPs’ Expenses Scandal

မနေ့က ပေါ်လစီ think tank တခုက ဒါရိုက်တာတယောက်နဲ့ စကားပြောရင်း လာမယ့် ရွေးကောက်ပွဲမှာ လေဘာနိုင်မလား။ ကွန်ဆားဗတစ် နိုင်မလားမေးကြည့်တော့ သူက ကွန်ဆား ဗတစ် နိုင်မယ်ထင်တယ်။ ဒါပေမယ့် ပြတ်ပြတ်သားသားနိုင်မှာ မဟုတ်ဘူး။ လူတွေက လေဘာကို မုန်းလို့ protest vote လုပ်ကြလို့သာ နိုင်မှာတဲ့။

သူကဆက်ပြီးတော့ လူတွေက ၀န်ကြီးချုပ်ဂေါ်ဒန်ဘရောင်းကို ပါလီမန်အမတ်တွေရဲ့ အသုံးစရိတ် အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီးတော့သာ အမှတ်ရကြလိမ့်မယ်။ သူကောင်းတာလုပ်ခဲ့တာကို သတိရကြမှာ မဟုတ်ဘူးလို့ ပြောပါသေးတယ်။

သူတို့အဖွဲ့က အစိုးရပေါ်လစီနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေကို လက်ရှိအာဏာရ အစိုးရထက် အတိုက်အခံပါတီ opposition ကပိုပြီး အရေးတယူလုပ်နားထောင်လို့ သူပြောတာတွေမှာ ဘက်လိုက်မှုတွေ ပါပါတယ်။ ဒါပေမယ့် ဒီနေ့အင်္ဂလန်မှာ အမတ်တွေရဲ့ သူတို့ကို သုံးခွင့်ပြုထားတဲ့ အသုံးစရိတ်တွေကို အလွဲသုံးစားလုပ်မှုကြောင့် လူတွေက သူတို့ကို တော်တော်လေး စိတ်ဆိုးနေပါတယ်။

နေ့တိုင်းနေ့တိုင်း သတင်းစာခေါင်းကြီးပိုင်းတွေမှာရော၊ တီဗီသတင်းတွေမှာရော အမတ်တွေရဲ့ အသုံးစရိတ်အကြောင်းက ပလူပျံနေပါတယ်။ ခရီးကပြန်ရောက်ရောက်ချင်း အိမ်ရှင်က ပထမဆုံးမေးတာက တို့နိုင်ငံရဲ့အရှုပ်တော်ပုံကို ကြားပြီးပြီလားတဲ့။ လူစုစုဆိုရင်လည်း ဒီအကြောင်းကိုပဲ ဦးတည်ပြီးပြောကြရဲ့။

ဒီနေ့သတင်းစာမှာလည်း အသုံးစရိတ်အရှုပ်တော်ပုံရဲ့ ၁၃ယောက်မြောက်သားကောင်ဆိုပြီး နောက်ရွေးကောက်ပွဲမှာ ၀င်မပြိုင်တော့မယ့် အမတ်အကြောင်းတွေ ရေးထားပါတယ်။ ဒီအမတ်ကတော့ မရှိတော့တဲ့ အိမ် mortgage (အိမ်ပေါင်ပေးရမယ့်ငွေ)ကို အစိုးရဆီက တောင်းတဲ့အတွက် လေဘာပါတီကသူ့ကို ပါတီက ခေတ္တထုတ်ထားပြီး ရဲကလည်း စုံစမ်းမှုတွေ လုပ်ဖို့ပြင်ဆင်နေပါသတဲ့။

ယောက်ျားအပြာကားဝယ်ကြည့်တဲ့ငွေကို အစိုးရဆီကပြန်တောင်းခံမှု၊ သမီးအတွက်အိမ်လခကို အစိုးရဆီက ပြန်တောင်းမှု၊ ထမင်းစားပန်းကန်၊ ၀ိုင်ခွက်တွေ ၀ယ်တဲ့ပိုက်ဆံကို ပြန်တောင်းမှု၊ ခြံထဲမှာ ဘဲကန်ဖော်ဖို့ ငွေတောင်းမှု၊ သစ်ပင်တွေကို ရောဂါရှိမရှိ tree surgery လုပ်ဖို့ငွေတောင်းမှု စသဖြင့် စသဖြင့် မဆုံးနိုင်တဲ့ အမှုတွေနဲ့ လေဘာပါတီရော ကွန်ဆားဗတစ်ပါတီက အမတ်တွေပါ ပြည်သူ့မေတ္တာခံယူနေရပါတယ်။

တချို့မဲဆန္ဒနယ် constituency တွေမှာဆို မျက်နှာပြောင်တိုက်ပြီး ရာထူးကမထွက်ပေးတဲ့ အမတ်တွေကို ရာထူးကနုတ်ထွက်ဖို့ လူတွေက လက်မှတ်တွေစု petition လုပ်နေကြပါတယ်။

သတင်းစာတွေကတော့ ပွဲကြီးပွဲကောင်းပေါ့။ ကွန်ဆားဗတစ်ကို ထောက်ခံတဲ့ Daily Telegraph သတင်းစာကြီးက ဒီကိစ္စကို အရင်ဆုံးဖွင့်ချတာဖြစ်ပါတယ်။ သူတို့ပါတီထဲမှာလဲ ဒီလိုလုပ်တဲ့ လူတွေ ပါပေမယ့် သူတို့နိုင်ငံရေးလောကမှာ အဆိုးဆုံး၊ အရှက်ရစရာအကောင်းဆုံးလို့ ယူဆနိုင်တဲ့ ဒီဖြစ်ရပ်တွေကို သူတို့ပါတီမျက်နှာထက် လူထုမျက်နှာထောက်ပြီး ဖွင့်ချလိုက်တာ ဖြစ်နိုင်ပါတယ်။ ၂၀၀၉ ဇူလိုင်မှာ တစိတ်တပိုင်းထုတ်ပြန်တော့မယ့် ဒီအသုံးစရိတ်တွေကို ငါတို့နည်းငါတို့ဟန်နဲ့ တစိတ်တပိုင်းတင်မဟုတ် အားလုံးရထားတယ်လို့ တခြားသတင်းစာတွေကို ကျောပြချင်လို့ break လုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ သူ့သတင်းစာရောင်းကောင်းလာတာတော့ အမှန်ပါ။ သတင်းကို နည်းနည်းချင်းစီ ထည့်ပါတယ်။ ပါလာတဲ့သတင်းပေါ်မူတည်ပြီး အမတ်တွေလည်း တယောက်ပြီး တယောက်ပြုတ်ကုန်ပါတယ်။

ဒီနေ့ဆို ၁၃ယောက်ရှိပါပြီ။ အကြီးဆုံးသားကောင်ကတော့ အရပ်သားပါလီမန် House of commons မှာ ဆွေးနွေးပွဲတွေ အချေအတင်ပွဲတွေကို ကြီးကြပ်ရတဲ့၊ စည်းမျဉ်းတွေ စည်းကမ်းတွေရေးဆွဲရတဲ့ Speaker မိုက်ကယ်မာတင်ပါ။ သူလဲ မကြာခင်ကပဲ နုတ်ထွက်သွားရပါပြီ။

ပြည်သူတွေရဲ့အခွန်အတုတ်တွေကို အလွဲသုံးစားလုပ်ထားတာကို Freedom of Information Act ကိုသုံးပြီး သတင်းစာတစောင်ကတော့ ဖော်ထုတ်လုပ်ပါပြီ။ အလွဲသုံးစားလုပ်ထားသူတွေကိုလည်း လူထုက ဒဏ်ပေးနေပါပြီ။ ဘာလွတ်လပ်မှုမှ မရှိတဲ့နိုင်ငံတွေမှာရော ဒီလိုအမှုတွေကို ဘယ်လိုဖော်ထုတ်မလဲ။ တာဝန်ရှိသူတွေကို ဘယ်လိုအပြစ်ပေးကြမလဲ။ တာဝန်ရှိသူတွေကရော တာဝန်သိသိ သိက္ခာရှိရှိ ရာထူးက နုတ်ထွက်ကြမလား။ စဉ်းစားစရာပါ။

Discussion

One thought on “MPs’ Expenses Scandal

  1. သိပ်စိတ်ဝင်စားစရာကောင်းတာပါပဲ ညီမလေးရေ။
    ဒီမိုကရေစီ ရှိတဲ့နိုင်ငံဆိုတော့ အသုံးစားရိတ် အလွဲသုံးစား လုပ်မှုကို သတင်းစာတွေမှာ ဖော်ပြကြတာ အားကျစရာ၊ အားရစရာပါပဲ။ ထမင်းစားပန်းကန် ၀ိုင်ခွက်ဝယ်တာကို ပြည်သူ့ပိုက်ဆံနဲ့ ၀ယ်ဖို့ တောင်းတာလဲ သိလိုက်တာပဲတဲ့လား။ သဘောကျလွန်းလို့ ဟုတ်မှ ဟုတ်ရဲ့လားလို့ မျက်လုံးပွတ် ဖတ်ကြည့်ရတယ်။

    ဒို့ပြည်မှာ တနေ့ ဒီလို အခွင့်အရေးရရင် သတင်းစာလဲ အမှုများလွန်းလို့ မရိုက်နိုင်တော့လို့ ရပ်ပစ်ရကိန်းပေါက်တယ်။ တရားသူကြီးလဲ တရားစွဲတဲ့ လာဒ်စားမှုတွေ များလွန်းလို့ နေ့မီး ညမီး ဆက်ရမယ်။ ဒါပေမဲ့ ကာယကံရှင်တွေကတော့ သိက္ခာရှိရှိ အလုပ်က ထွက်မယ် လို့ တယ် မထင်။🙂

    Posted by မိုးချိုသင်း | 29/05/2009, 16:45

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: