//
you're reading...
Burma

A bug’s diary

ကျွန်တော်လား။ ကျွန်တော်က ကြမ်းပိုးတကောင်ပေါ့ဗျာ။ မူလနေရပ်ကတော့ အိန္ဒိယ အမ်ဒါဘတ်ဆိုတဲ့မြို့ပေါ့။

တနေ့။ ကျွန်တော်နေတဲ့ အမျိုးသမီးဆေးလိပ်သမများသမဂ္ဂဆိုတဲ့ နေရာကို လန်ဒန်က လူတချို့လာလည်တယ်ဗျ။  ကျွန်တော်က စပ်စုချင်တော့ ကျွန်တော်နေနေကျ ကွပ်ပျစ်ကနေခုန်ပြီး အမျိုးသမီးတယောက်ရဲ့ အိတ်ထဲကို အသာခုန်ဝင်လိုက်တယ်ဗျ။

သူတို့က အိန္ဒိယတပြည်လုံး လျှောက်သွားကြတော့ ပျော်လိုက်တာဗျာ။ ကျွန်တော်လေ ဂိုအာလဲရောက်၊ ကာလက္တားလဲရောက်၊ ဒေလီလဲရောက်ပေါ့။ ငါ့လောက် ဗဟုသုတစုံတဲ့ ကြမ်းပိုးတောင်ရှိရဲ့လားလို့ ဘ၀င်မြင့်မိတယ်။

ပြောသာပြောရတာပါ။ ကျွန်တော်က အလင်းရောင်ကြောက်တဲ့လူဆိုတော့ အသံတွေနားထောင်ပြီးတော့သာ ဘယ်နေရာရောက်နေပြီ။ ဒီနေရာကလူတွေကဘယ်သို့။ ဟိုနေရာကလူတွေက ဘယ်ပုံ ခန့်မှန်းရတာ။

ကျွန်တော်က တပတ်ဆယ်ရက်နေမှ တခါအစာစားတာဆိုတော့ အစာတော့ မငတ်ပါဘူး။ သွားနေတုန်းတခါပဲ တရက် မိုးမလင်းခင် အိတ်အပြင်ကို လှစ်ခနဲထွက်ပြီး အိတ်ပိုင်ရှင်အမျိုးသမီးရဲ့သွေးကို နည်းနည်းလေး စုပ်လိုက်တယ်။

စိတ်တော့မကောင်းပါဘူးဗျာ။ ကျွန်တော့်ကို ပြင်ပလောကနဲ့ထိတွေ့ခွင့်ပေးတဲ့ ကျေးဇူးရှင်ကို အခုလိုလုပ်ရတာ။ ဒါပေမယ့် သူကတော့ သိပုံတောင်မပေါ်ဘူး။

သူဒေလီကို ပြန်ရောက်တော့ ကျွန်တော်က သူတော့လန်ဒန်ပြန်တော့မယ်ထင်ပြီး စားသောက်ဆိုင်တဆိုင်မှာ အသာလေးဆင်းနေမလို့ လုပ်နေတုန်း၊ ရန်ကုန်ဆိုတဲ့ အသံကြားတော့ အိတ်ထဲမှာပဲ အသာလေး ဆက်နေမိတယ်။

နောက်တနေ့ကျတော့ ကျွန်တော်လည်း အိန္ဒိယကြမ်းပိုးကနေ အင်တာနေရှင်နယ်ကြမ်းပိုး ဖြစ်တော့တာပါပဲ။ လေယာဉ်လဲစီးဖူးသွားပြီ။ ရန်ကုန်ရောက်တော့ နားတွေအူနေလို့ လေဆိပ်မှာ ဘာတွေပြောကြသလဲဆိုတာ ကြားတောင်မကြားလိုက်ဘူး။

နောက်တော့ အိတ်ပိုင်ရှင်က ရန်ကုန်မှာ ဟိုတယ်ရွှေဂုံတိုင်မှာ တည်းတာ ကျွန်တော်သိလိုက်တယ်။ သူ့မိတ်ဆွေကနောက်တနေ့ ခရီးသွားဖို့ မနက်လေးနာရီ လာခေါ်မယ်လို့ ပြောလိုက်တာကိုလဲ ကြားလိုက်ရတယ်။

ကျွန်တော်လည်း ခရီးပန်းလို့ အဲဒီညက ခေါင်းချတာနဲ့ အိပ်ပျော်သွားတာ အားဆိုတဲ့ အသံကြီးကြားမှ လန့်နိုးသွားတယ်။ အိတ်ပိုင်ရှင်က ပိုးဟပ်တက်နင်းမိလို့ အော်တာပါ။ ငါတော့ ပိုးဟပ်လေးကို သတ်မိပြီ။ သတ်မိပြီဆိုပြီး အော်လိုက်တာ။

ကျွန်တော်ကတော့ ကျွန်တော့်သမဂ္ဂမှာလောက်ပဲ ပိုးဟပ်ရှိတယ်ထင်တာ။ ဟိုတယ်ဆိုတဲ့ နေရာမှာလဲ ပိုးဟပ်ဆိုတာ ရှိတတ်ပါလားလို့ အတွေ့အကြုံသစ်ရလိုက်တယ်။

ကျွန်တော်လဲ အမြန်ထ။ ကျွန်တော်နေနေကျ အိတ်ကိုယူမှယူသွားပါ့မလားလို့ စိတ်ပူပြီး မယူသွားရင် ယူသွားမယ့်အိတ်ကို ပြောင်းဖို့ အသင့်ပြင်ထားရတယ်။

နောက်တော့ အဲဒီအိတ်ကိုပဲယူသွားဖြစ်ပါတယ်။ ရန်ကုန်ကနေ ကွမ်းခြံကုန်းဆိုတဲ့မြို့ကို ၂နာရီခွဲလောက် သွားလိုက်ရတယ်။ ကားကခုန်လွန်းလို့ အိတ်ထဲမှာ ကျွန်တော် ကျွမ်းထိုးမှောက်ခုန်ဖြစ်နေတာပေါ့။ မူးလဲမူးတယ်။

ဒေးဒရဲရောက်တော့ လှေစီးရတယ်။ အဲဒီအခါမှပဲ လေလေးတဖြူးဖြူးနဲ့ ဇိမ်ကျတော့တယ်။ ဒေးဒရဲမှာ တညအိပ်ပြီးနောက်နေ့ကျွန်တော်တို့ ရန်ကုန်ပြန်ခဲ့ကြတယ်။ ပြသနာကအဲဒီမှာ စတာပဲ။

ရန်ကုန်ပြန်ရောက်တော့ အိတ်ပိုင်ရှင်က သူ့အင်္ကျီတွေလျှော်မလို့ဆိုပြီး အင်္ကျီဟောင်းတွေကို ပေးထားတဲ့ အ၀တ်ခြင်းထဲထည့်ပြီး အခန်းမှာထားခဲ့တယ်။ ပြီးတော့ မိတ်ဆွေတွေနဲ့ တွေ့ဖို့အပြင်ထွက်သွားတယ်။

ပြန်လာတော့ သူ့အ၀တ်ခြင်းကို မပြီး အ၀တ်လျှော်တဲ့အခန်းကို ယူသွားတယ်။ ကျွန်တော်နေတဲ့ အိတ်ကိုလဲယူသွားတယ်။ အ၀တ်လျှော်တဲ့အခန်းလဲရောက်ရော၊ သူ့အ၀တ်တွေကို လျှော်မလို့အမမှာ။  လားလား။

ကျွန်တော်လေ အဲဒီလောက်ကြောက်စရာကောင်းတဲ့အသံ တသက်မှာတခါ မကြားဖူးပါဘူး။ အသံက လန့်တာရော၊ ရွံတာရော၊ မမျှော်လင့်ထားတာရော အားလုံးပေါင်းပြီး ထွက်လာတဲ့ အသံ။

ဘာဖြစ်တာလဲဆိုတော့ အ၀တ်ခြင်းထဲမှာ သုံးပြီးသား ကွန်ဒမ်နှစ်ခု တွေ့လို့တဲ့ဗျ။ ကိုယ့်အ၀တ်တွေနဲ့ သူများသုံးပြီးသားကွန်ဒမ်ရောနေတယ်ဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ။

အိတ်ပိုင်ရှင်လဲ ဧည့်ကြိုကို အပြေးခေါ်။ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြတယ်။ ဒါပေမယ့် ဧည့်ကြိုက သူဒါတွေကို ရှင်းလိုက်ပါမယ်ပဲ ထပ်ခါထပ်ခါ ပြောနေတယ်။ သူ့လေသံနားထောင်ရတာ ဒါမျိုးတွေရိုးနေတဲ့ပုံပဲ။ ကွန်ဒမ်တွေကိုလဲ အိတ်ပိုင်ရှင်ရဲ့ ဟာတွေပဲ ထင်နေတော့ သူ့ခမျာ ငိုရအခက်။ ရီရအခက်။

အိတ်ပိုင်ရှင်ကိုပါ ဟိုတယ်လာနေကျ လူစားမျိုး ထင်နေပုံရှိတော့ အိတ်ပိုင်ရှင်က မန်နေဂျာကိုခေါ်ပြီး သူဒီကနေ ချက်ချင်းပဲပြောင်းတော့မယ်လို့ ပြောတော့မှ အားလုံးက နားလည်သွားတော့တယ်။

သူလဲ ဟိုတယ်ရွှေဂုံတိုင်ကနေထွက်။ ပန်းဆိုးတန်းက ပန်နိုရာမားကို ပြောင်းလာခဲ့တယ်။ သူ့မိတ်ဆွေတွေကို ပြောပြတော့ တယောက်က ဟိုတယ်ရွှေဂုံတိုင်က lovers’ hotel ဆိုပြီး နာမည်ကြီးတဲ့အကြောင်း ပြောပြမှ သူ့ရွေးချယ်မှုမှားမှန်းသိတော့တယ်။ အဲဒီဟိုတယ်ကို ထောက်ခံပေးမိတဲ့ သူ့မိတ်ဆွေလဲ တော်တော်မျက်နှာပူသွားတယ်။ ကိုယ့်ဒေသအကြောင်း မသိရကောင်းလား။ အဲဒီလောက် အ ရကောင်းလားဆိုပြီး သူ့ကိုယ်ကို အပြစ်တင်လို့ အိတ်ပိုင်ရှင်က ပြန်ပြီးနှစ်သိမ့်ရတယ်။

ကျွန်တော် တွေ့ခဲ့ကြုံခဲ့တဲ့ အဖြစ်တွေထဲမှာ အဲဒီအဖြစ်က အရီရဆုံးပဲ။ ကာယကံရှင်တွေကတော့ ဘယ်လိုနေမှန်းမသိဘူး။ ကျွန်တော်ကတော့ ဟိုတယ်ထင်ပြီး သွားတည်းတာ တခြားဟာ ဖြစ်နေတာကို အရီချင်ဆုံးပဲ။

Discussion

3 thoughts on “A bug’s diary

  1. I do feel for the person who encountered this mishap. This highlights the problem of people using the protection but not taking the individual responsibiltiy of discarding it properly to avoid putting others (cleaners at the hotel, to the least) at risk. Who is overall accountable for that? I don’t know.

    Obviously, I am not an expert in this area but have read around a little bit. According to USAID report (2008), sexual transmission accounts for the majority (67%) of HIV infection and approximately 1 in 3 sex workers are infected with the HIV. At the same, if not more, alarming rate, 1 in 2 IV drug users are infected with the virus. The percentage of those infected receiving the ART (Anti-Retroviral Therapy) is still far (only 7%) from what it should be.

    Sadly, total adult literacy rate of 90% (UNICEF, 2000-2007) and the level of education do not seem to be directly proportionate!

    Posted by Nu Thwe | 07/06/2009, 09:15
  2. ဒါမျိုးလေးတွေ မြင်ရကြားရဖန်များပါပြီ။ နေးတစ်လူတွေကိုသာ သေချာမေးရမှာပါ။ သူတို့က ပိုသိတာပေါ့…။
    ရယ်ရတယ်။

    Posted by Boyz | 10/07/2009, 07:20

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: