//
you're reading...
London

Another strike

အခုတလော သပိတ်မှောက်တာတွေ ဆန္ဒပြတာတွေနဲ့ တခုပြီးတခုကြုံနေရပါတယ်။ ဒီနေ့လဲ ကျောင်းမှာ ဆန္ဒပြကြပြန်ပါပြီ။ ဒီတခါတော့ သန့်ရှင်းရေးဝန်ထမ်းတချို့ကို လူဝင်မှုကြီးကြပ်ရေး UK Border Agency က ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းသွားပြီး နေရပ်ပြန်ပို့လိုက်တာကို ကျောင်းအုပ်ချုပ်ရေးက ဘာမှဝင်မလုပ်လို့ပါတဲ့။

 

 ဒီတခါဆန္ဒပြတာ ပွဲနည်းနည်းကြမ်းပါတယ်။ ကျောင်းလာကတည်းက ကျောင်းအဝမှာ အဝတ်စကြီးတွေ တွဲလောင်းချပြီး လူဝင်မှုကြီးကြပ်ရေး detention centre မှာ ထိန်းသိမ်းထားတဲ့ သန့်ရှင်းရေးသမားတွေကို ပြန်လွှတ်ဖို့တောင်းဆိုနေတာ တွေ့ပါတယ်။ တီဗီသမားတွေကလဲ ဘယ်အချိန်က လာရိုက်သွားလဲ မသိပါဘူး။ ည၁ဝနာရီ လန်ဒန်သတင်းမှာ ကျောင်းသတင်းပါလာတာ တွေ့ပါတယ်။

  အဖြစ်ကဒီလိုပါ။ သောကြာနေ့က ကျောင်းမဖွင့်ခင် မနက်၆နာရီလောက် ကျောင်းမှာ သန့်ရှင်းရေးဝန်ထမ်းတွေ အစည်းအဝေးလုပ်နေတုန်း လူဝင်မှုကြီးကြပ်ရေးက ရဲ၂ဝလောက် အရပ်ဝတ်နဲ့ ရောက်လာပြီး အစည်းအဝေးကလူတွေအားလုံးကို အခန်းတခုထဲထည့်ပါတယ်။ ပြီးတော့ တယောက်ချင်းစီကို အလုပ်လုပ်ခွင့်၊ တရားဝင်နေခွင့်စတဲ့ စာရွက်စာတမ်းတွေ စစ်ပါတယ်။

  စာရွက်စာတမ်းမပြနိုင်တဲ့ ဝန်ထမ်း၉ယောက်ကို ဖမ်းသွားပြီး ၅ယောက်ကို ၄၈နာရီအတွင်း သူတို့လာရာ မူလနိုင်ငံကို ပြန်ပို့လိုက်ပြီလို့ ဆိုပါတယ်။ ပြန်ပို့လိုက်တဲ့အထဲမှာ ကိုယ်ဝန်သည်တယောက်လဲ ပါပါတယ်။

  ကျောင်းသားတွေနဲ့ သမဂ္ဂထင်တာက သန့်ရှင်းရေးဝန်ထမ်းတွေ အစည်းအဝေးရှိတာကို သူတို့ရဲ့ ကုမ္ပဏီနဲ့ကျောင်းက လူဝင်မှုကြီးကြပ်ရေးကို လက်ထောက်ချလိုက်လို့ ဒီလိုလာဖမ်းတယ်လို့ ထင်ပါတယ်။ ကျောင်းမှာက canteen တို့ သန့်ရှင်းရေးတို့ လျှပ်စစ်တို့ စတဲ့ အစားအသောက်နဲ့ အထွေထွေ ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပြင်ပကကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ပေးပြီး လုပ်စေပါတယ်။

  သန့်ရှင်းရေးဝန်ထမ်းတွေကို ISS လို့ခေါ်တဲ့ ကန်ထရိုက်တာက ခန့်ပါတယ်။ ဒါပေမယ့် ကျောင်းကယူနီယံက သူတို့ကို ယူနီယံထဲပေးဝင်ပြီး သူတို့အတွက် လစာတိုးတောင်းတာတို့၊ အထုတ်ခံရတဲ့ ဝန်ထမ်းကိုပြန်ခန့်ဖို့တောင်းဆိုတာတို့ကို ဦးဆောင်ပြီးလုပ်ပေးပါတယ်။

  ယူနီယံနဲ့ပေါင်းပြီး သန့်ရှင်းရေးဝန်ထမ်းတွေ မကြာခင်ကပဲ လစာတိုးရကြပါတယ်။ ဒါပေမယ့် အထုတ်ခံရတဲ့ ဝန်ထမ်းတယောက်ကို ပြန်မခန့်သေးလို့ ကြာသပတေးနေ့မှာ ဆန္ဒပြနေတုန်း သောကြာနေ့မှာ ဝန်ထမ်းတွေ အဖမ်းခံရတာဆိုတော့ ကျောင်းသားတွေနဲ့ သမဂ္ဂက ကန်ထရိုက်တာနဲ့ ကျောင်းအုပ်ချုပ်ရေးပေါင်းပြီး ဒီဖမ်းပွဲကြီးကို ဆင်တာလို့ စွပ်စွဲကြပါတယ်။

  လူဝင်မှုကြီးကြပ်ရေးလုပ်ပုံကလဲ ကြမ်းပါတယ်။ ၄၈နာရီအတွင်း ကိုယ်ဝန်ဆောင်ပါမကျန် ပြန်ပို့တယ်ဆိုတော့ တယ်ပြီး efficient ဖြစ်ပါလားလို့တောင် ချီးကျူးရမယ့်ပုံပါ။ visa အတွက် ရက်ချိန်းယူချင်ရင် ၁လလောက်ကြိုပြီး ဖုန်းဆက်ရ၊ အမြန်ကြေးကို သာမန်ထက်၂ဆလောက်ပိုပေးပြီး လုပ်ရင်တောင်မှ မနက်၉နာရီသွားရင် ညနေ၅နာရီလောက်မှ ပြီးတဲ့ရုံးက အခုလို လူတွေမြန်မြန်ဆန်ဆန်ပြန်ပို့ပြတာ တရားမဝင်နေတဲ့လူတွေကို ခြိမ်းခြောက်ချင်လို့လား။ ကျဆင်းနေတဲ့ ယူကေစီးပွာရေးကို ငဲ့ညှာပြီး အစိုးရ မကုန်သင့်တာ မကုန်ရအောင် တာဝန်သိသိ ဝင်ဆောင်ရွက်ပေးနေတာလား။ လားပေါင်းများစွာ မေးချင်စရာပါ။

 ကျောင်းမှာတော့ တနေ့လုံးရုတ်ရုတ်ရုတ်ရုတ်နဲ့ပါ။ ကျောင်းသားတွေက ဆန္ဒပြရုံနဲ့ အားမရလို့ ဒါရိုက်တာရဲ့ ရုံးခန်းကိုလဲ ဝင်စီးကြပါတယ်။ ကျောင်းသားတွေနဲ့ ဒါရိုက်တာ အခြေအတင် စကားပြောကြတာကိုလဲ youtube ပေါ်မှာတင်လိုက်ပါသေးတယ်။

  http://www.youtube.com/watch?v=p9WoqaqLXuk

 ဒီလိုဆန္ဒပြကြတာကို ထောက်ခံတာလဲရှိ၊ မသိသလိုနေတာလဲရှိ၊ ကန့်ကွက်တာလဲ ရှိပါတယ်။ နိုင်ငံခြားက ကျောင်းလာတက်ကြတဲ့ ကျောင်းသားအများစုကတော့ ကိုယ်တွေတောင် အပင်ပန်းခံ၊ ပိုက်ဆံအကုန်ခံပြီး တရားဝင်နေခွင့်ရအောင် လုပ်ရသေးတာ၊ တရားဝင်နေခွင့်ရှိအောင် လုပ်နိုင်တဲ့နည်းတွေ ရှိပါလျက် မလုပ်ဘဲ နေနေတဲ့ လူတွေအဖမ်းခံထိတာ ကျောင်းကသမဂ္ဂက မဆီမဆိုင် ဝင်ပါတယ်ဆိုပြီး ထင်ကြပါတယ်။

  ကျောင်းမှာတော့ အုပ်ချုပ်ရေးခေါင်းမီးတောက်တဲ့ အချိန်ပေါ့။ ကျောင်းသားတွေ ဝင်စီးထားလို့ main building ထဲကို မနက်ဖြန်ကျရင် ဝန်ထမ်းမှတပါး ဘယ်သူမှ ပေးမဝင်ဘူးလို့ အီးမေးတွေ ပို့နေပါတယ်။ ဒါရိုက်တာကလဲ ဒီကိစ္စကို အတတ်နိုင်ဆုံး အမြန်ဆုံးပြီးအောင် လုပ်ပေးမယ်လို့ ဆိုနေပါတယ်။ အမှန်တော့ လူဝင်မှုကြီးကြပ်ရေးကလုပ်တာ သူဘာမှ လုပ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။

 _45927987_rally

(photo downloaded from http://news.bbc.co.uk/1/hi/england/london/8101684.stm)

Discussion

2 thoughts on “Another strike

  1. Thanks for your post.

    Posted by beebize | 19/06/2009, 20:01
  2. ကျောင်းမှာ သပိတ်မှောက်ခဲ့ရတာတွေကို လွမ်းသွားမိတယ်။

    Posted by မိုးချိုသင်း | 24/06/2009, 18:37

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: