//
you're reading...
Burma

A letter to Aunty Suu

အန်တီရေ-

 အန်တီနဲ့တော့ လူချင်းမသိပါဘူး။ ဒါပေမယ့် ၁၉၈၈တုန်းက ပန်းဆိုးတန်းကျူရှင်တခုမှာ လုပ်တဲ့ အန်တီ့ရဲ့ ဟောပြောပွဲကို သွားနားထောင်ပြီးကတည်းက စိတ်ထဲမှာ ရင်နှီးနေခဲ့တာ ကြာပါပြီ။

 ကျွန်မတို့သူငယ်ချင်းတွေကတော့ အန်တီ့ကို အန်တီစုဆိုပြီးတော့ ခေါ်ကြတယ်။ ဗမာဘလော်ဂါ တော်တော်များများကတော့ အမေစုတဲ့။ အန်တီ့ရဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က ခေါ်သလိုမျိုး ခေါ်ကြတယ်။    

 အန်တီနဲ့ပတ်သက်တာလေးတွေ အန်တီလွတ်တဲ့အခါ ဖတ်ရအောင်လို့ ဒီစာကို ဒီနေ့၆၄နှစ်ပြည့် အန်တီ့မွေးနေ့မှာ ရေးလိုက်ပါတယ်။

 ဗုဒ္ဓဟူးနေ့ညက Prospect Burma ဆိုတဲ့ အဖွဲ့က အန်တီ့မွေးနေ့ကိုဂုဏ်ပြုတဲ့အထိမ်းအမှတ်နဲ့ သူတို့အဖွဲ့ရဲ့ အနှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ် နှစ်ခုပေါင်းပြီး ပွဲတခုလုပ်ကြတယ်။ လန်ဒန် oxford circus နားမှာပါ။

 ဗမာတွေရော နိုင်ငံခြားသားတွေပါ လူ၁၀၀လောက် လာမယ်ထင်တယ်။ လာတဲ့ဗမာတွေက PB ရဲ့ ပညာသင်ဆု ရတဲ့ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေ များပါတယ်။ အန်တီရဲ့ မတ် Anthony Aris လဲလာတယ်။ အန်တီ့မိသားစုဝင်အနေနဲ့ပေါ့။  အန်တီ့မိတ်ဆွေ Lady Gore-Booth ကိုတော့ မတွေ့ရဘူး။ မနှစ်ကတော့ သူ့ကိုတွေ့ပါသေးတယ်။ ကျန်းမာပုံ ရပါတယ်။

 ၇နာရီခွဲလောက်မှာ ဧည့်သည်တွေက အန်တီ့ကို သတိရတဲ့အထိမ်းအမှတ်အနေနဲ့ ၆၄စက္ကန့် ငြိမ်ငြိမ်တိတ်တိတ်လေး နေကြတယ်။ ပြီးတော့ To Suu ဆိုပြီး ၀ိုင်ခွက်တွေမြှောက်ပြီး အန်တီ့အတွက် ဆုတောင်းပေးကြတယ်။

 မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲဟာ ဘယ်လိုမှ မပြည့်စုံခဲ့ပါဘူး။ အထူးသဖြင့် မွေးနေ့ရှင်က အနှောင်အဖွဲ့နဲ့ နေနေရတာဆိုတော့ ဧည့်သည်တွေရဲ့ စိတ်ထဲမှာ စိတ်မကောင်းတာတွေ၊ အပြစ်ရှိသလိုခံစားနေရတာတွေ ဖြစ်နေမယ်လို့ ထင်ရပါတယ်။

 အဲဒီပွဲမှာ Martin Moreland တို့ Viscount Slim တို့စကားပြောကြတယ်။ နာမည်ကြီး ရုပ်ရှင်မင်းသမီး Joanna Lumley လဲလာတယ်။ သူက ပန်းချီကားတချပ်ကို လေလံဝင်ဆွဲတာ နိုင်သွားသေးတယ်။ 

 အဲဒီညက အန်တီ့ပုံပန်းချီကားတွေ၊ ဗမာပြည်က ဒေါင်းရုပ်တွေ၊ ပါလီမန်ထဲမှာ လက်ဘက်ရည် သောက်လို့ရတဲ့ လက်မှတ်တွေကို လေလံဆွဲကြတယ်။ PBလဲ ရန်ပုံငွေတော်တော်ရလိုက်တယ်။ လူတွေက ရက်ရောကြပါတယ်။ အစားအသောက်တွေပါတဲ့ ခြင်းတခုထဲကို ပေါင်၆၀၀နဲ့ လေလံဝိုင်းဆွဲကြတယ်။ 

 ဇိုယာဖန်းလဲ စကားပြောသေးတာမို့ သူစကားပြောတာကို သဘောကျပြီး သူတို့ရဲ့ပိုက်ဆံတွေကို ဇိုယာတို့လို လူငယ်လေးတွေရဲ့ ပညာရေးမှာသုံးဖို့ ရက်ရက်ရောရောလှူကြတာဖြစ်မယ်။ အိတ်ထဲမှာတပြားမှမကျန်အောင်လှူခဲ့ဖို့ဆိုတဲ့ ရုပ်ရှင်မင်းသမီးရဲ့ တိုက်တွန်းချက်ကြောင့် စိတ်ပါသွားတာလဲ ဖြစ်မယ်။

 ပွဲကတော်တော်လေး စည်ပါတယ်။ စီစဉ်သူတွေလဲ တော်ကြပါတယ်။ PB ကို ချီးကျူးစရာ ကောင်းတာက သူတို့ရဲ့ပွဲတွေ အခမ်းအနားတွေမှန်သမျှ အန်တီ့ကို ဦးထိပ်ထား တာပါပဲ။ အန်တီ့ငွေနဲ့ အန်တီဖြစ်စေချင်တာတွေကို အန်တီ့ကိုယ်စား လုပ်ပေးနေကြတယ်လို့ သဘောထားကြတယ်။ Patricia Herbert ဆိုလဲ အမြဲတက်ကြွနေတာပါပဲ။

 နောက်နှစ်အခမ်းအနားတွေမှာ အန်တီကိုယ်တိုင်ရှိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒီနှစ်မွေးနေ့ကိုတော့ မိသားစုအနားမှာမရှိ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးမယ့် လူမရှိဘဲ ထပ်ဖြတ်ရအုံးမယ်။ ပိုဆိုးတာက အိမ်မှာမဟုတ်ဘဲ ထောင်ထဲမှာ နေနေရတယ်။

 ကျွန်မတို့အတွက် လူထုအတွက် အန်တီနဲ့ အန်တီ့မိသားစု အနစ်နာခံနေရတာတွေ  အလဟသမဖြစ်စေရပါဘူးဆိုတာ ပြောချင်ပါတယ်။ ဒီစာကို လွတ်လွတ်လပ်လပ်နဲ့ အမြန်ဆုံးဖတ်နိုင်ပါစေ။

 ဇီဇ၀ါ

၁၉ ဇွန်လ ၂၀၀၉article-1193733-056204A2000005DC-281_468x399

 (photo downloaded from http://www.dailymail.co.uk/news/article-1193733/Joanna-Lumley-meet-mystery-woman-helped-launch-Gurkha-campaign.html)

Discussion

4 thoughts on “A letter to Aunty Suu

  1. long life Aunty Suu…
    May God bless You !

    Posted by K | 20/06/2009, 10:37
  2. မွေးနေ့ရှင် လွတ်လပ် အေးချမ်းစွာ ဖတ်နိုင်တဲ့တနေ့ အမြန်ရောက်စေဖို့ ဆုတောင်းပါတယ်။

    Posted by မိုးချိုသင်း | 24/06/2009, 18:19
  3. ဇီဇ၀ါ နဲ့ ထပ်တူပဲ ဆုတောင်းခဲ့ပါတယ်။
    မွေးနေ့ရှင်က အကျဉ်းထောင်ထဲမှာ ဖြစ်နေတာကို ဘယ်လိုမှ မခံစားနိုင်ဖြစ်နေတယ်။ သိပ်ပြီး ၀မ်းနည်းမိတယ်။ အန်တီအမြန်ဆုံး လွတ်လပ်တဲ့ ခေါင်းဆောင်မှုနဲ့ အမိမြန်မာပြည်ကြီးကို ကယ်တင်နိုင်ပါစေသော်ဝ်။

    Posted by ခင်မင်းဇော် | 25/06/2009, 08:21

Trackbacks/Pingbacks

  1. Pingback: အအေးပတ်ခြင်း – မြင်တွေ့ခဲ့သူများ နှင့် မွေးနေ့ ၆၄ « K for Kay - 25/06/2009

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: