//
you're reading...
Politics

UK Today

ဒီမနက် သတင်းစာဖတ်ဖတ်ချင်း၊ တီဗီဖွင့်ဖွင့်ချင်း တွေ့ရတဲ့သတင်းက House of Commons မှာ Speaker အသစ်ရွေးပြီးတဲ့သတင်းပါ။ ၉နှစ်ကြာလုပ်ခဲ့တဲ့ Speaker အဟောင်းက သုံးခွင့်ရတဲ့ငွေ အလွဲသုံးစားလုပ်မှုကြောင့် အမတ်တွေရဲ့ အယုံအကြည်မရတော့လို့ နုတ်ထွက်သွားပါတယ်။

  နောက်တကြိမ် ရွေးကောက်ပွဲမလုပ်ခင် ကြားကာလ Speaker အဖြစ် အမတ်၁၀ယောက် ၀င်အရွေးခံရာမှာ နောက်ဆုံး ကွန်ဆားဗတစ်အမတ် John Bercow ဆိုတဲ့လူ အရွေးခံရပါတယ်။ သူက ကွန်ဆားဗတစ်လို့ ဆိုပေမယ့် Centre left သာမက ဘယ်ဘက်ယိမ်းလွန်းလို့ သူ့ကို သူ့ပါတီက မထောက်ခံပါဘူး။ 

 မထောက်ခံတဲ့အပြင် နောက်ရွေးကောက်ပွဲမှာ ကွန်ဆားဗတစ်ခေါင်းဆောင် Cameron သာ အနိုင်ရခဲ့ရင် John Bercow ရဲ့ Speaker နေရာကို နောက်တကြိမ်ထပ်ရွေးဖို့ တောင်းဆိုမယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။

 Speaker ရာထူးရတဲ့လူက ဘက်မလိုက်ရပါဘူး။ ပါတီစွဲမရှိရပါဘူး။ သူ့အလုပ်က House of Commons အရပ်သားများလွှတ်တော်မှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီ စကား အချေအတင်ပြောရင် ဘယ်သူကပြောရမယ်ဆိုပြီး ဆုံးဖြတ်ပေးတဲ့အလုပ် ဖြစ်ပါတယ်။

 ဗြိတိသျှပါလီမန်မှာ အမတ်တွေစကားပြောတာ မြင်ဖူးကြမယ်ထင်ပါတယ်။ တယောက်က စကားပြောအပြီး ဟေးခနဲဝိုင်းအော်ကြ၊ ပြီးရင်မတ်တပ်ရပ်ပြကြတာကို မြင်ဖူးမယ်ထင်ပါတယ်။ မတ်တပ်ရပြတာဟာ ကိုယ်စကားပြောချင်တယ်ဆိုတာ Speaker မြင်အောင်လို့ ရပ်ပြတာပါ။

 ရပ်ပြတဲ့လူတွေထဲကမှ Speaker က ပြောစေချင်တဲ့လူကို နာမည်ခေါ်ပါတယ်။ သူနာမည်ခေါ်မှ ပြောရပါတယ်။ သိပ်ဆူလွန်းရင် Speaker က Order, Order ဆိုပြီး အော်တာကိုလဲ ကြားဖူးမယ်ထင်ပါတယ်။

တခါ လွှတ်တော်ထဲမှာ စကားပြောရင် Speaker ကို ဦးတည်ပြီးပြောရပါတယ်။ လေဘာက Gordon Brown က ကွန်ဆားဗတစ်က David Cameron ကို ပြောချင်ရင် မင်းတွေ ငါတွေ သုံးပြီးပြောလို့မရပါဘူး။ တတိယပုဂ္ဂလနာမ်စား third person pronoun ဖြစ်တဲ့ he သုံးပြီး ပြောရင်ပြော၊ ဒါမှမဟုတ် သူ့ရဲ့လွှတ်တော်ထဲက ရာထူးကိုသုံးပြီး ပြောရပါတယ်။

  ဆိုတော့ Speaker ရဲ့အလုပ်က လွှတ်တော်မှာ ဆွေးနွေးတာ၊ မဲပေးတာ အစရှိတဲ့ဟာတွေကို ချောချောမွေ့မွေ့ဖြစ်အောင် ထိန်းသိမ်းရတဲ့အလုပ်ဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာတဲ့ အမတ်တွေကိုလဲ အရေးယူရပါတယ်။

 ဘယ်သူက စကားပြောစေဆိုပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အလုပ်မို့လို့ သူဘက်လိုက်မှာ၊ ပါတီတခုခုကို ပိုပြီး ပြောရေးဆိုခွင့်ပေးမှာကို အမတ်တွေက မလိုလားပါဘူး။ ဒါကြောင့်မို့လို့ အခုSpeaker အသစ်က ကွန်ဆားဗတစ်ဖြစ်ပေမယ့် လက်ဝဲယိမ်းလွန်းလို့ သူ့ပါတီက သူ့ကို သိပ်မကြည်ပါဘူး။

 မနေ့ကလွှတ်တော်တွင်း ရွေးကောက်ပွဲမှာ အနိုင်ရတာဟာလဲ သူ့ပါတီရဲ့ရန်ဘက် လေဘာ အမတ်ငယ်တွေ မဲပေးမှုကြောင့်နိုင်တယ်လို့ တချို့ကဆိုကြပါတယ်။ ပါတီတွေအားလုံး အသုံးစရိတ် အလွဲသုံးစားလုပ်မှုကြောင့် လူထုမေတ္တာခံယူရချိန်မှာ သူ့ကို ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မယ့်လူ၊ အသစ်တခုခုကို စမ်းသပ်အသုံးချကြည့်ဖို့ဝန်မလေးသူ maverick အဖြစ်နဲ့ ကြိုဆိုကြပါတယ်။

 ဒါပေမယ့် သူကိုယ်တိုင်က နောက်ကြောင်းရှင်းသူလားဆိုတော့ မဟုတ်ပါဘူး။ အိမ်ရောင်းရတဲ့ အမြတ်ငွေ capital gain tax မပေးလို့ အခုမှ အစိုးရကိုပြန်ပေးရပါတယ်။

 အသစ်ဖြစ်လာတဲ့ Speaker ကို အာရုံစိုက်သလို သူ့မိန်းမကိုလဲ သတင်းစာတွေက အာရုံစိုက်ပါတယ်။ လက်ယာသမားသူ့ကို လက်ဝဲဘက်တိမ်းရုံမက လက်ဝဲပါတီထဲ ပြောင်းလုနီးနီး စည်းရုံးသိမ်းသွင်းသူကတော့ လေဘာပါတီရဲ့အမာခံ ပရိသတ်သူ့မိန်းမပါပဲတဲ့။

 vlcsnap-575845

(အလယ်က Speaker အသစ်၊ ထုံးတမ်းစဉ်လာအရ Speaker အသစ်ကို သူ့ထိုင်ခုံပေါ်ကို ဆွဲခေါ်ပြီး ပို့ပေးရသတဲ့။)

(photo taken from iptv using snapshot function)

Discussion

One thought on “UK Today

  1. ညီမစာလေးတွေဖတ်ရတာ ဗဟုသုတရတယ်။ ကိုယ် မသိတာလေးတွေကို စိတ်ဝင်စားအောင် ရှင်းပြ ဆွဲဆောင်တတ်တယ်။ ဖတ်ရတာ အရသာရှိတယ်။

    Posted by မိုးချိုသင်း | 24/06/2009, 18:06

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: